အပိုင်း ၁၃၁
Viewers 26k

Part 131


ဝမ်ကျင်စန်း ဆေးရုံမှဆင်းလာပြီ။


သူတို့က အရင်အိမ်ကြီးမှာဘဲ နေနေဆဲဖြစ်သည်။ဝမ်ကျင်စန်းက အိပ်ရာပေါ်တွင်ဘဲ လှဲနေနိုင်ကာ သူ့စိတ်ကိုလျှော့နေတာက လွဲပြီးဘာမှမလုပ်နိုင်တော့ပေ။


ရှုဝေကတော့ ငိုနေရုံဘဲတတ်နိုင်ကာ အန်းချင်ယုကတော့ ကလေးရှိနေတဲ့၀မ်းဗိုက်ကို ကြည့်ကာ တွေဝေနေတော့သည်။


‘‘အဖေ。。。တရားရုံးက မကြာခင်မှာ ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့လုပ်လာကြပြီ ’’

ဝမ်ရိရန်အသံက အက်ရှနေလေသည်။


သူ့တကိုယ်လုံးက ပိန်ပါးနေကာ ပုံစံပျက်နေလေသည်။မရိတ်ရသေးတဲ့ ထူပြစ်နေ‌တဲ့ မုတ်ဆိတ်မွှေးများနဲ့ သူ့မျက်နှာက ‌ဖြူဖျော့နေပေသည်။


သိသာစွာပင် ဒီအချိန်တွေအတွင်း သူကအခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပေသည်။


‘‘ငါမင်းကိုအိမ်ရောင်းလိုက်ပြီး ကုမ္ပဏီကနေ ပိုက်ဆံထုတ်လာဖို့ မပြောလိုက်ဘူးလား၊ ဘာလို့ဒီတိုင်းနေနေတာလဲ ’’


ဝမ်ကျင်စန်းက သူ့ရှေ့ကပန်းကန်ကို ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ကာ ဒေါသတကြီးပြောလာတော့သည်


‘‘မင်းအဲ့ဒီပိုက်ဆံတွေကိုယူပြီး ဝမ်မိသားစုကနေထွက်သွားမှ ပြန်ပြီးအင်အားထူထောင်နိုင်မှာ ဘာလို့မထွက်သွားရတာလဲ ’’


ဝမ်ရိရန်မျက်လုံးက နီရဲလာကာ သူ့အသံကအက်ကွဲနေလေသည်


‘‘အိမ်ကိုရောင်းလို့မရသလို ကျွန်တော်လည်းထွက်သွားလို့မရဘူး၊လူတိုင်းကစောင့်ကြည့်နေကြတာ。。’’


ပြီးတော့သူကလည်း မထွက်သွားချင်ပေ။


အန်းချင်ယုမျက်လုံးများကတောက်ပလာကာ သူ့မျက်လုံးထဲက မှုန်မှိုင်းနေမှုများပျောက်ကွယ်သွားတော့သည်။သူမက ရှေ့သို့တိုးလာကာ သူမအသံက အလျင်လိုနေလေသည်။


‘‘အဖေ၊တကယ်လို့ ရိရန်ထွက်သွားလို့မရရင်တောင် သမီးထွက်သွားလို့ရတယ်လေ။သမီးတို့ရဲ့ပိုင်ဆိုင်မှုတွေကို တရားရုံးက ပိတ်သိမ်းလာတော့မှာ၊ အဆုံးရှူံးခံလိုက်မယ့်အစား အားတွေကိုထိန်းသိမ်းထားလိုက်ရင် အနာဂတ်မှာ တကြော့ပြန်ထူ‌ထောင်လာဖို့ လုပ်နိုင်လိမ့်မယ် ’’


ဝမ်ကျင်စန်းနဲ့ ဝမ်ရိရန်‌နှစ်ယောက်လုံးက သူမကိုကြည့်လိုက်ကြလေသည်၊ သူမမျက်လုံးထဲက စိတ်အားထက်သန်မှုများက သိသာနေပေသည်။


သူတို့နှစ်ယောက်လုံး ဘာမှမပြောလိုက်ကြပေ။


‘‘အဖေ၊ရိရန် သမီးကအခုဝမ်မိသားစုရဲ့ကလေးကို လွယ်ထားရတာပါ၊ ရိရန်နဲ့ကလေးအတွက် ထွက်ပေါက်တခုရှာပေးဖို့တော့လိုတယ်။အခုတတ်နိုင်သမျှ မြန်မြန်လေးရွှေ့ပြောင်းထားသင့်တယ် ’’

အန်းချင်ယုက အလောတကြီးပြောလာတော့သည်။


သူမက အခုတလောအတွင်းမှာ ဝမ်ရိရန် နေရာတိုင်းကို အပြေးအလွှားလုပ်နေခဲ့ရတာကို သိ​ေသလေည်း .သူမရင်ထဲတွင် မျှော်လင့်ချက်အနည်းငယ်ရှိနေသေးသည်။


 -အခြေအနေက အရမ်းမဆိုးနေတာများ ဖြစ်နိုင်မလား


ဝမ်မိသားစုက အရမ်းကြီးပြီး ဝမ်ရိရန်ကလည်း အင်အားကြီးနေတာ၊ သူမက ဝမ်မိသားစုရဲ့မြင့်မားပြီး ဂုဏ်ရှိတဲ့ဇနီးအဖြစ်ကို ဆက်နေ‌နိုင်လောက်တယ်မလား


ဒီမျှော်လင့်ချက်နဲ့အတူ ဒီနေ့အထိ တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းလာခဲ့တာ နောက်ဆုံးတော့ ဝမ်မိသားစုကကူညီလို့မရနိုင်လောက်အောင် ဖြစ်နေတာကိုသိလိုက်ရပေသည် ။သူမရင်ထဲတွင် စိတ်ပျက်မှုများသာ ကျန်နေတော့သည်။


ဒါပေမယ့် ဝမ်ကျင်စန်းရဲ့ စကားများက သူမအတွက်မျှော်လင့်ချက်ရှိသေးတယ်ဆိုတာကို သတိပေးလာလေသည်။ဝမ်မိသားစုကသူမကို သူတို့လွှဲပေးနိုင်သမျှ ပိုင်ဆိုင်မှုအားလုံးကိုပေးလာပြီး နိုင်ငံခြားကိုယူသွားဖို့ ခွင့်ပြုလိုက်ရင် သူမအနေဖြင့် စိတ်သောကရောက်စရာအဆုံးသတ်ကို ရင်‌ဆိုင်စရာမလိုတော့ချေ။


ဝမ်ရိရန်က အက်ရှနေသောအသံဖြင့် မေးလိုက်လေသည်

‘‘မင်းက အဲ့ဒါတွေကို နိုင်ငံခြားကိုဘယ်လိုယူထုတ်သွားမှာလဲ ’’


‘‘ကွာရှင်းတာလေ၊ ကွာရှင်းလိုက်တာနဲ့ အဲ့ဒါတွေက တရားဝင်ယူထုတ်လို့ရသွားပြီ ’’


ဒါကိုပြောပြီးနောက် အန်းချင်ယုက အလျင်အမြန်ပင်ထပ်ပြောလိုက်သေးသည်။


‘‘ဒါပေါ့၊ အဲ့ဒါက ကွာရှင်းချင်ယောင်ဆောင်တာပါ။ရိရန် ရှင့်အတွက် ကျွန်မရဲ့ခံစားချက်တွေကို သိမှာပါ၊ကျွန်မဗိုက်ထဲမှာ ရှင့်ကလေးကိုလည်း လွယ်ထားရသေးတယ် ၊အနာဂတ်မှာ ရှင်က အဲ့ဒီပိုင်ဆိုင်မှုတွေကို သုံးပြီးတော့ ပြန်ပြီးထူထောင်လာနိုင်မှာ。。。’’


‘‘တိတ်စမ်း၊ ဂြိုဟ်ဆိုးမ အခုလိုအချိန်မှာတောင် နင်ကပိုက်ဆံတွေကို လိမ်သွားချင်နေတာလား ’’

ရှုဝေက ရှေ့ကိုထွက်လာပြီး အန်းချင်ယုကို ပြင်းထန်စွာ ပါးရိုက်လိုက်တော့သည်။


သူမကအခုချိန်တွင် အန်းချင်ယုကို မနှစ်မြို့ဖွယ်ကောင်းတယ်လို့ မှတ်ယူထားကာ အခွင့်အရေးရတိုင်း ဆူပူနေတော့သည်။


‘‘ကျွန်မအဲ့လိုလုပ်မှာမဟုတ်ဘူး၊ ကျွန်မကဝမ်မိသားစုအတွက် မျှော်လင့်ချက်တခုလောက်ချန်ထားချင်တာ၊တကယ်လို့ ပိုင်ဆိုင်မှုတွေကိုသာ မလွှဲပြောင်းခဲ့ဘူးဆိုရင် ဝမ်မိသားစုအတွက် ဘာမှကျန်ခဲ့မှာမဟုတ်ဘူး ’’

အန်းချင်ယုက သူမကိုယ်သူမ ကာကွယ်ရင်းနှင့်အော်ဟစ်လိုက်တော့သည်။


ရှူဝေက သူမကိုခါးသီးစွာ စိုက်ကြည့်လိုက်ကာ

‘‘နင်ကပိုက်ဆံရပြီးတာနဲ့ ငါတို့ဝမ်မိသားစုကို စွန့်ပစ်သွားမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ ။တကယ်လို့ တယောက်ယောက်သာ ထွက်သွားရမယ်ဆိုရင် အဲ့ဒါကငါဘဲဖြစ်လိမ့်မယ်။ရိရန်က ငါ့သား၊ သူ့ဘဝကို ဒီလိုမျိုးပျက်စီးသွားတာမျိုး ငါခွင့်ပြုမှာမဟုတ်ဘူး ’’


‘‘အမေက ဝမ်ယွီကိုထိခိုက်အောင်လုပ်ခဲ့တာလေ၊ အတိတ်တုန်းက အမေသူ့ကိုအရမ်း နာကျင်‌ခံစားစေခဲ့တာ သူကအမေ့ကိုဘယ်တော့မှ နိုင်ငံခြားထွက်ခွင့် ပြုမှာမဟုတ်ဘူး။ပြီးတော့ အမေသာအဖေနဲ့ ကွာရှင်းလိုက်ရင် အရမ်းသိသာသွားမှာ ၊အခြားလူတွေက တချက်ကြည့်လိုက်ရုံနဲ့ သိသွားရင် ပိုင်ဆိုင်မှုတွေက ပြန်ရလာမှာတဲ့လား ’’


အန်းချင်ယုကဘယ်လိုလုပ်ပြီး သဘောတူနိုင်ပါ့မလဲ ၊သူမကချက်ချင်းပင် ငြင်းဆန်လာတော့သည် ။


ရှုဝေက ဆူဆဲလာတော့သည်

‘‘ခွေးမ၊နင်ကဒီအတိုင်း ငါတို့ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်နေတာ၊ အခုငါတို့မိသားစုက ဒုက္ခ

ရောက်လာတော့ နင်ကထွက်ပြေးချင်နေတယ်။နင်သာပိုက်ဆံတွေနဲ့ ထွက်ပြေးသွားရင် ငါတို့ဝမ်မိသားစုကို ဂရုစိုက်မယ်တဲ့လား ။ဟက်。。。နင်ဘာအကွက်တွေရွှေ့နေတယ်ဆိုတာ ဘယ်သူကမသိဘဲနေပါ့မလဲ။နင်ကနှစ်ထောင်ချီမြေခွေးမဘဲ၊ သူတော်ကောင်းယောင်ဆောင်မနေနဲ့ ’’


‘‘မဟုတ်ဘူး၊ အမေ သမီးက ဝမ်မိသားစုနဲ့ တကယ်ကိုတူတူနေချင်တာပါ。。 ’’


‘‘တော်သင့်ပြီ ’’ ဝမ်ရိရန်က အော်ဟစ်လာတော့သည်။


ရှုဝေနဲ့ အန်းချင်ယုတို့က ချက်ချင်းဘဲ ပါးစပ်ပိတ်လိုက်ကာ သူ့ကိုကြည့်လိုက်ကြလေသည်။


ဝမ်ရိရန်က ရှုဝေကိုကြည့်လိုက်ပြီးနောက် အန်းချင်ယုကိုကြည့်လိုက်ကာ စိတ်မကြည်မလင်ဖြစ်သွားတော့သည်။


ရှုဝေက သူ့ကိုဂရုစိုက်ကာ တကယ်ဘဲ သူ့အတွက် ပိုင်ဆိုင်မှုတချို့ကို သိမ်းပေးချင်ပေမယ့် သူမအတွက်လည်းပါပေသည်။သူမက ဝမ်မိသားစုနဲ့အတူ ဆင်းရဲဒုက္ခမခံစားချင်ပေ။


အန်းချင်ယုကတော့ ပြောနေစရာကိုမလိုပေ 。。。အကုန်လုံးက သူမအတွက်ချည်းသာဖြစ်သည်။


အခုအချိန်တွင်ဝမ်ရိရန်က သူတို့ကိုမကျေမနပ်လည်း မပြောနိုင်သလို စိတ်ပျက်နေလို့လည်း မရနိုင်တော့ပေ။ သူကအက်ရှစွာ ပြောလိုက်တော့သည်

‘‘လွတ်မြောက်ဖို့လား၊ဘယ်လိုလုပ်ပြီးထွက်သွားလို့ရမှာလဲ မင်းတို့လိုချင်တာတွေကို ငါမသိဘူးလို့များ တွေးနေကြတာလား ၊ ထွက်သွားဖို့အတွက် ဘာပိုက်ဆံမှမရှိဘူး。。。 ’’


အိမ်ကရောင်းလို့မရပေ။ အခုချိန်‌တွင် အခြားသူတွေက အိမ်ရောင်းဖို့ခွင့်ပြုလာမှာမဟုတ်ပေ။ အိမ်ရောင်းဖို့လည်း မရသလို ပိုင်ဆိုင်မှုလွှဲပြောင်းဖို့လည်း အချိန်မရှိပေ။


သူတို့အားလုံးမှာ လက်ထပ်စာချုပ်ကိုယ်စီရှိပြီးသားဖြစ်ကာ သူတို့ပိုင်ဆိုင်မှုတွေကို တကယ်လွှဲပြောင်းချင်တယ်ဆိုရင်တောင်မှ ကျန်းယဲ့နဲ့ အခြားသူတွေက လုပ်ခွင့်ပြုလာမှာမဟုတ်ပေ။


အရင်တုန်းက ပရောဂျက်မဖြန့်ဖြူးခင်မှာ ဝမ်မိသားစုက အရာအားလုံးကို ပရောဂျက်ထဲတွင် ရင်းနှီးမြုပ်နှံလိုက်ပေသည်။လက်ထဲတွင် ဘယ်ငွေမှလက်ဆုပ်

လက်ကိုင်ရှိမနေတော့ပေ။အဲ့ဒီအချိန်တုန်းက လက်ထပ်ပွဲက ရိုးရှင်းနေခဲ့တာက အန်းချင်ယုအပေါ် သူတို့ရဲ့သဘောထားကြောင့်တင်မကဘဲ 。。。ဝမ်မိသားစုက ပိုက်ဆံအလုံအလောက်ရှိမနေသောကြောင့်လည်း ပါပေသည်။


အခုတော့ ဝမ်မိသားစုက ပြသနာကြုံလာကာ ရှယ်ယာဈေးတွေက ထိုးကျပျက်စီးသွားလေသည်။သူတို့ပိုင်တဲ့ အိမ်ရာတွေနဲ့ အခြားသော ပိုင်ဆိုင်မှုတွေကလည်း တန်ဖိုးမရှိတော့တာကြောင့် ဘယ်သူမှယူချင်စိတ်မရှိကြပေ။


အန်းချင်ယုက ထိတ်လန့်ကာ ကြမ်းပြင်ပေါ်သို့လဲကျသွားပြီး ရှုဝေကလည်း ကြောက်လန့်သွားကာ သူမခေါင်းထဲတွင် တဝီဝီမြည်နေတော့သည်။


တကယ်ဘဲလွတ်မြောက်နိုင်ဖို့ ဘာနည်းမှမရှိတော့ဘူးလား


အန်းချင်ယုရဲ့အမူအရာက စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နေတော့သည်။တကယ်လို့သူမသာ ဝမ်ရိရန်နဲ့ လက်မှတ်မထိုးခဲ့ရင်၊ ဝမ်ရိရန်နဲ့ လက်မထပ်ခဲ့ရင် ဝမ်မိသားစုမှာ ဒီလိုအဖြစ်အပျက်မျိုးကြုံလာရင်တောင် 

သူမကတချို့အရာတွေကို ချီမိသားစုဖြစ်ဖြစ်၊တင်းမိသားစုကိုဖြစ်ဖြစ်ယူသွားပြီးတော့ ဖြေရှင်းနိုင်လောက်မှာ ’’


ဒါပေမယ့် သူတို့တွေမှာ လက်ထပ်စာချုပ်ရှိသွားပြီလေ。。。တရားရုံးကသာ ဒါတွေကိုထိန်းသိမ်းလာရင် 

သူမနာမည်နဲ့ပါ ထိန်းသိမ်းခံလိုက်ရတော့မှာ。。。


ဘယ်လိုဖြစ်လို့ ဝမ်မိသားစုထဲကို လက်ထပ်ဝင်မိသွားရတာလဲ


သူမကဘာလို့ ဒီလောက်တောင်ကံမကောင်းရတာလဲ။


ချီကျန်းကျန်းက ဘာလို့အရမ်းကံကောင်းနေတာလဲ၊ဘာလို့ သူ့သတို့သားလောင်းက ယွီတင်းရဲ့ဘော့စ်ဖြစ်နေရတာလဲ၊ ဘာကြောင့်。。。。


ခနလေး。。。


အန်းချင်ယုက ချက်ချင်းဘဲခေါင်းထောင်လာပြီး ဝမ်ကျင်စန်းကိုကြည့်လိုက်သည်


 ‘‘အဖေ ဒါကိုဖြေရှင်းဖို့အခြားနည်းတခုရှိသေးတယ် ’’


ဝမ်ကျင်စန်းက သူမကိုကြည့်လာကာ သူ့မျက်လုံးထဲတွင် စိတ်ပျက်မှုနှင့် အထင်သေးနေမှုများရှိနေပေသည်။သိသာစွာပင် ရှုဝေနဲ့သူမရဲ့ စကားများမှုက သူ့ကိုစိတ်ပျက်သွားစေလေသည်။အန်းချင်ယု ‌ဒူးထောက်ရင်းဖြင့် ရှေ့ကိုတိုးလာကာ သူ့ကိုနီးကပ်စွာကြည့်လိုက်လေသည်။


‘‘အဖေ ဝမ်ယွီကိုတောင်းပန်လိုက်လေ၊ဝမ်မိသားစုကိုကယ်တင်ဖို့ သူ့မှာနည်းလမ်းရှိလိမ့်မယ် ။သူကယွီတင်းရဲ့ဘောစ့်ဘဲ၊ သူက ဝမ်မိသားစုကို ဒီအခြေအနေထိရောက်အောင် လုပ်နိုင်မှတော့ ကယ်လည်းကယ်နိုင်မှာပေါ့၊သူ့ကိုတောင်းပန်ရအောင် ’’


‘ဖြန်း ’ ဝမ်ကျင်စန်းက လှုပ်လို့ရနေသော တခုတည်းသောလက်ဖြင့်သာ အန်းချင်ယုကိုပါးရိုက်လိုက်တော့သည်။


‘‘အဲ့တိရစ္ဆာန်ကောင်ကို ငါတောင်းပန်မှာမဟုတ်ဘူး’’

ဝမ်ကျင်စန်းက ဒေါသတကြီးပြောလိုက်ကာ အသက်ပြင်းပြင်းရှူလိုက်တာကြောင့် သူ့ရင်ဘတ်က ပြင်းပြင်းထန်ထန်ပင် နိမ့်လိုက်မြင့်လိုက်ဖြစ်နေတော့သည်။


‘‘ငါတို့ကို ဒီအခြေအနေထိ‌ဖြစ်အောင် သူဘဲလုပ်ခဲ့တာကို ပြန်ကယ်ပေးမယ်တဲ့လား ’’ 

ဝမ်ရိရန်က စိတ်ပျက်နေသောအမူအရာဖြင့် နှာခေါင်းရှုံ့လိုက်တော့သည်။


‘‘ဒါပေမယ့် သူကဘဲ ငါတို့ကိုကယ်နိုင်တာမဟုတ်ဘူးလားလို့၊ တကယ်ဘဲကျန်တဲ့ ဘဝတလျှောက်လုံးကို အကြွေးတွေနဲ့ နေသွားချင်တာလား ဘာမှမရှိဘဲနဲ့နေသွားမလို့လား ’’

အန်းချင်ယုက ကျယ်လောင်စွာ အော်ဟစ်လာတော့သည်။


ဘာကိုနူးညံ့သိမ်မွေ့ပြီး ကျေးဇူးသိတတ်တာတွေလည်း ၊ အခုချိန်မှာတော့ အန်းချင်ယုက အဲ့ဒါတွေအကုန်လုံးကို လွင့်ပစ်လိုက်ကာ ရက်စက်ပြီးကြင်နာမှု ကင်းမဲ့သော သူမ၏ တကယ့်သရုပ်မှန်ကို ပြလာတော့သည် ။


တကယ်တော့ သူမက အကြံအစည်ရှိနေလို့သာ ဒီလိုမျိုးဟန်ဆောင်နေခဲ့တာဖြစ်ပေသည်။


 xxxxxxx