Part 132
ရှုဝေက မုန်းလွန်းလို့ အံကြိတ်လိုက်ပေမယ့် သူမလည်းအခြားဘာမှမစဉ်းစားတတ်တော့ပေ။
သူမက ဆတ်ဆတ်တုန်သွားပြီး အလျင်အမြန်ပင်ပြောလိုက်တော့သည်
‘‘ဟုတ်တယ်ကျင်စန်း ကျွန်မတို့ဝမ်ယွီဆီကို သွားရအောင်၊ ဝမ်မိသားစုကြုံနေရတဲ့ ကပ်ဘေးကိုကိုင်တွယ်ပေးဖို့ တောင်းဆိုကြည့်ကြမယ်လေ ။သူ့မှာပိုက်ဆံတွေ အများကြီးရှိတာ သေချာပေါက်ကိုဖြေရှင်းပေးနိုင်မှာဘဲ၊ သူ့ရဲ့မျိုးရိုးနာမည်က ဝမ် ဖြစ်နေမှတော့ ဝမ်မိသားစုကို ကူညီဖို့နည်းလမ်းရှာသင့်တယ်’’
‘‘ငါက အဲ့ဒီတိရစ္ဆာန်ကောင်နဲ့ သားအဖဆက်ဆံရေးကို ဖြတ်တောက်ထားပြီးသား၊ သူက မကောင်းဆိုးရွားဘဲ ငါသူ့ကို လည်ပင်းညစ်သတ်ပစ်ဖို့ မစောင့်နိုင်တော့ဘူး ၊သူကငါတို့ကို ကူညီမယ်လို့များ မင်းထင်နေတာလား ’’
ဝမ်ကျင်စန်းက ဒေါသတကြီးပြောလိုက်တော့သည်။
‘‘ကျင်စန်း ရှင့်အတွက်ကို မစဉ်းစားရင်တောင် ရိရန်အတွက်စဉ်းစားပေးပါအုံး၊ သူကလုပ်နိုင်စွမ်းရှိပြီး ငယ်ရွယ်နေသေးတယ် ကျွန်မတို့ဝမ်မိသားစုကို ရှင့်လက်ထဲမှာ ပျက်စီးသွားစေမလို့လား ’’
ရှုဝေက သူ့ကိုပြန်ငြင်းဆန်လိုက်ကာ သူမဖုန်းကိုထုတ်လိုက်တော့သည်
‘‘ကျွန်မသူ့ကိုဖုန်းခေါ်လိုက်ပြီး သူ့ကိုတောင်းပန်လိုက်မယ် ’’
ဝမ်ကျင်စန်းက သူ့ပါးစပ်ကိုဖွင့်လိုက်ပေမယ့် အဆုံးမှာတော့တားမနေတော့ပေ။
မကြာခင်မှာဘဲ ဖုန်းဝင်သွားလေသည်။
ဝမ်ယွီကလည်း ဖုန်းကိုင်လာခဲ့ပေသည်။
‘‘ဘာဖြစ်လို့လဲ၊ အခုချိန်မှာ အရာအားလုံးက ပျော်စရာကောင်းမနေဘူးလား ’’
သူ့အသံက ပျက်ရယ်ပြုမှုအနည်းငယ်နှင့် စိတ်မပါသလိုဖြစ်နေပေသည်။
ဝမ်ကျင်စန်းက ငယ်ထိပ်အထိ ဒေါသစောင့်တက်လာတဲ့ အချိန်မှာဘဲ ရှုဝေကအရင်ဆုံး စကားပြောလာတော့သည်
‘‘ဝမ်ယွီ နင့်မျိုးရိုးနာမည်ကလည်း ဝမ် ဘဲနော်၊ ဝမ်မိသားစုရဲ့ အခက်အခဲတွေကို နင်လျစ်လျူရှူနေလို့မရဘူး။အရင်တုန်းက ငါနင့်အပေါ်မှားယွင်းခဲ့တယ်လို့ တွေးနေရင် ငါတောင်းပန်ပါတယ် ကျင်စန်းနဲ့ ရိရန်ကလည်း နင့်ရဲ့သွေးရင်းအဖေနဲ့ ညီအကိုတွေဘဲလေ ’’
ဝမ်ယွီက နှာခေါင်းရှူံ့လိုက်တော့သည်။
‘‘ ခင်ဗျားတောင်းပန်တာကို မလိုပါဘူး၊ ဝမ်မိသားစုရဲ့ ပြသနာက ကျွန်တော်နဲ့ဘာမှမဆိုင်တော့ဘူး။
ခင်ဗျားအခုဖြစ်နေတာက ကျွန်တော်စီစဉ်ခဲ့တာတွေလေ၊ဘာလဲ ထပ်ပြီးတော့ ကျွန်တော့်ကိုစီစဉ်စေချင်တာလား’’
‘‘မင်းး。。。’’
ဝမ်ကျင်စန်းက ဒေါသထွက်လွန်းလို့ အိပ်ရာပေါ်မှခုန်ထွက်လာမလိုတောင် ဖြစ်သွားတော့သည်။
ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတဲ့ အန်းချင်ယုကထလာပြီး နူးနူးညံ့ညံ့ပြောလာလေသည်။
‘‘ဝမ်ယွီ၊ ဝမ်မိသားစုအခုလိုဖြစ်သွားရတာကို ကျေနပ်သွားပြီမလား ၊ရှင်လက်တချက်မြှောက်လိုက်ရုံနဲ့တင် ဝမ်မိသားစုကို ကယ်ပေးနိုင်တယ်မလား ၊ ဒီလိုမှမဟုတ်ရင်လည်း ပြန်လာခဲ့လေ၊ရှင်က ဝမ်မိသားစုရဲ့ သခင်လေးဖြစ်နေတုန်းပါဘဲ ။မဟုတ်ဘူး၊မဟုတ်ဘူး ရှင်က ဝမ်မိသားစုရဲ့ ဆက်ခံသူဖြစ်နိုင်ပါတယ် ရိရန်ကရှင့်အတွက် လမ်းဖယ်ပေးလိမ့်မယ် ’’
ဝမ်မိသားစုကို ဝမ်ယွီလက်ထဲထည့်ပေးလိုက်ရရင်တောင်မှ ဝမ်မိသားစုတည်ရှိနေသရွေ့ သူမနဲ့ရိရန်က စိတ်ဆင်းရဲစရာဘဝမျိုးမှာ နေရမှာမဟုတ်တော့ပေ။
ဝမ်ရိရန်က အရမ်းရှင်းလင်းစွာ အန်းချင်ယုရဲ့ ပုံစံမှန်ကို သိထားပြီးသားဆိုရင်တောင်မှ ဒါကိုကြားလိုက်ရတဲ့အခါမှာတော့ မတတ်နိုင်ဘဲ သူ့ကိုယ်သူရီလိုက်မိတော့သည်။
ကြည့်လိုက်ပါအုံး၊ ဒီမိန်းမက သူအတည်တကျဖြစ်ခဲ့တဲ့ မိန်းကလေးဖြစ်သည် ။သူ ချီကျန်းကျန်းကိုတောင် စွန့်ပစ်ပြီး လက်ထပ်ဖို့လုပ်ခဲ့တဲ့ မိန်းမက ဒီလူပင်ဖြစ်သည်。。。。
ဝမ်ယွီက ဘာမှမပြောလာပေ။
ဝမ်ကျင်စန်းက အသက်ပြင်းပြင်း ရှူလိုက်ကာ တုန်ရီနေသောအသံဖြင့် ပြောလာတော့သည်။
‘‘ဝမ်ယွီ。。。ဝမ်မိသားစုကို လွှတ်ပေးပါ၊ မင်းကလည်း ဝမ်မိသားစုရဲ့လူဘဲလေ ဘာလို့များ。。。’’
‘‘လွန်ခဲ့တဲ့ အနှစ်20တုန်းက ခင်ဗျားကျွန်တော့်ကိုနှိပ်စက်ခဲ့တုန်းကရော မိသားစုအဖြစ် သတ်မှတ်ခဲ့လို့လား’’
ဝမ်ယွီက ပေါ့ပါးစွာပင် ပြောလာတော့သည်။
‘‘ဝမ်မိသားစုကို အရမ်းမြင့်မြင့်မားမား တွေးမနေပါနဲ့၊ ခင်ဗျားက လုံလောက်အောင်ကောင်းမနေဘူးလေ’’
ဝမ်မိသားစုကို ချမ်းသာပေးရမယ်တဲ့လား
အိပ်မက်မက်နေလိုက်
‘‘ဝမ်ယွီ ၊တကယ်လို့ နင့်ကိုမပျော်မရွှင်ဖြစ်စေရင် ငါတောင်းပန်ပါတယ်။အကုန်လုံးက ငါ့အမှားပါ၊ငါ့ကို နင်လုပ်ချင်သလိုလုပ်လို့ရပါတယ် ဒါပေမယ့် ဝမ်မိသားစုကိုတော့ ကူညီပေးပါနော် ’’
ရှုဝေက ဖုန်းထဲကနေ အသနားခံလာတော့သည်။
အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ သူမတွေးလိုက်မိရုံနဲ့တင် ဘယ်လောက်ဘဲဒေါသထွက်ထွက် သည်းခံနိုင်ပေသည်။
သူမက နှစ်တွေအများကြီး အငယ်အနှောင်းဖြစ်ခဲ့ရကာ၊ အစကတည်းက ဒီလိုခက်ခဲတဲ့ဘဝမျိုးမရှိခဲ့တာမျိုး မဟုတ်ပေ။
‘‘ဟင့်အင်း၊ကျွန်တော် ခင်ဗျားတောင်းပန်တာကို မလိုအပ်ဘူး ၊ အဲ့ဒါက အသုံးမဝင်ဆုံးအရာဘဲ။ အခုခင်ဗျားတို့ပြိုလဲကျနေတာက ကျွန်တော်စီစဉ်ထားတဲ့ အဆုံးသတ်ဘဲ ’’
ဝမ်ယွီက ချောင်းဟန့်လိုက်ကာ သူ့ရဲ့ ဆွဲငင်အားကောင်းတဲ့အသံက အေးစက်နေပေသည်။
‘‘ဝမ်ယွီ၊ ခွေးကောင်၊ မကောင်းတဲ့ကောင် ’’
ဝမ်ကျင်စန်းက ကျယ်လောင်စွာကျိန်ဆဲလာတော့သည်။
ဝမ်ယွီက သူတို့ကိုကူညီဖို့မဖြစ်နိုင်ဘူးဆိုတာ သူရောဝမ်ရိရန်ပါ သိကြပေသည်။သူက ဒီလောက်နှစ်တွေအများကြီး သူ့သရုပ်မှန်ကိုဖုံးကွယ်လာခဲ့တာ၊ အဲ့ဒါကသွားရှုပ်လို့မရနိုင်ပေ။ ဒီလိုလူမျိုးက ဘယ်လိုဖြစ်ပြီး စိတ်နှလုံးနူးညံ့နေမှာလဲ
အန်းချင်ယုက လက်မလျှော့လိုက်ဘဲ ထပ်ပြောလိုက်ပြန်သည်
‘‘ဝမ်ယွီ ရှင်ကဝမ်မိသားစုနဲ့ ဆွေမျိုးဖြတ်လိုက်ပြီလို ဘယ်လိုဘဲပြောပြော ဥပဒေက အသိအမှတ်ပြုမှာမဟုတ်ဘူး ၊ရှင့်ရဲ့ သွေးရင်းအဖေက ဝမ်မိသားစုမှာ ရှိနေသေးတယ်၊ အဲ့ဒါကို မသိချင်ယောင်ဆောင်နေလို့မရဘူး ’’
-သူမကအမြဲတမ်း မှန်ကန်သောအချက်များကို အသုံးချတတ်ပေသည်။
ဝမ်ကျင်စန်းက ဖုန်းကိုစိတ်ပျက်နေသောမျက်လုံးတွေနဲ့ ကြည့်လိုက်ပေမယ့် ဝမ်ယွီဘာပြောလာမလဲ ဆိုတာကိုလည်း သိချင်နေပေသည်။
သူမပြောတာကို ကြားလိုက်ရပြီးနောက် ဝမ်ယွီကပေါ့ပါးစွာချောင်းဟန့်လိုက်လေသည်။
‘‘ဟုတ်တယ်၊ ဝမ်ကျင်စန်းက ငါ့ရဲ့အဖေဖြစ်နေတုန်းဘဲ၊ ငါသူ့ကိုဒီအတိုင်းထားလိုက်လို့မရဘူး。。。’’
အန်းချင်ယုနဲ့ ရှုဝေတို့ရဲ့မျက်လုံးတွေက တောက်ပလာကာ သူတို့ရင်ထဲတွင် မျှော်လင့်ချက်များ မြင့်တက်လာတော့သည်။
ဝမ်ယွီက ချီကျန်းကျန်း ဘီစကစ်မုန့်လုပ်နေသော မီးဖိုချောင်ဘက်ကိုကြည့်လိုက်လေသည်။သူမကဒီတစ်ကြိမ်တွင် လုပ်သည့်ပုံစံကိုပြောင်းလိုက်ကာ အစားအစာနေရာမှာ အစားထိုးပြီး စားလို့ရနိုင်သည့် အစေ့အဆံအပြည့်ပါသောဘီစကစ်မုန့် လုပ်ချင်ပေသည်။
ဘာလို့လဲဆိုတော့ ဒီနေ့သူမ ကိုယ်အလေးချိန်တိုင်းလိုက်သည့်အခါ ဝိတ်တက်လာတာကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်။
သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတခုဖြစ်ပေါ်လာတော့သည်။
ဒါပေမယ့် သူပြောလိုက်တာကတော့ စိတ်မဝင်စားသည့်ပုံစံနှင့်ပင်ဖြစ်သည်။
‘‘ကျွန်တော်က ဝမ်မိသားရဲ့ ကုမ္ပဏီကိစ္စတွေကို ဝင်ပါမှာမဟုတ်ဘူး၊ ခင်ဗျားတို့ရဲ့အကြွေး ကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလေ။ဒါပေမယ့်တရားဥပဒေအရ ဝမ်ကျင်စန်းကို လစဉ်ထောက်ပံ့ပေးမှာပါ ’’
ခနရပ်လိုက်ပြီးနောက် သူကထပ်ပြောလာလေသည်။
‘‘တကယ်တော့ ထောက်ပံ့ကြေးက သိပ်များမှာမဟုတ်ဘူး၊ အခုဝမ်ကျင်စန်းက လေဖြန်းပြီး မသန်မစွမ်းဖြစ်သွားပြီဆိုမှတော့ ထောက်ပံ့ကြေးက ဆေးဖိုးဝါးခတွေအတွက် လောက်မှာ မဟုတ်ဘူး။ဒါပေမယ့် ကျွန်တော်က သူ့ရဲ့ သားအရင်းဖြစ်နေမှတော့ ဆေးဖိုးတွေကိုပါ ကျွန်တော်ကပေးလိုက်ပါ့မယ်၊ ဒီလိုမှဘဲ သူကကောင်းကောင်းနေနိုင်ပြီးတော့ ဝမ်မိသားစုရဲ့ ကျရှူံးခန်းကိုကြည့်ပြီး ပျော်နိုင်ဖို့လေ၊ပြီးတော့ ကျွန်တော် ဘယ်လောက်ထိမြင့်မြင့်သွားနိုင်မလဲ ဆိုတာကိုရောပေါ့ ’’
ဒီလိုမှသာ ကျန်တဲ့သူ့ဘဝတစ်လျှောက်လုံး နောင်တတွေနဲ့ နာနာကျင်ကျင် နေသွားရလိမ့်မယ်。。。
ထိုသို့ပြောပြီးနောက် သူ ဖုန်းချလိုက်တော့သည်။
သူက ဖုန်းနံပါတ်ကို ဘလော့လိုက်ပြီး ထရပ်လိုက်ကာ ချီကျန်းကျန်းတယောက် ပျော်ပျော်ရွှင်ရွှင် မုန့်ဖုတ်နေသော မီးဖိုချောင်ဆီသို့ လျှောက်သွားတော့သည်။
ဝမ်ယွီက သူမနောက်မှ ညင်သာစွာပွေ့ဖက်လိုက်လေသည်
‘‘အားးးး’’ ချီကျန်းကျန်းက ပထမဆုံး သတိမမူမိဘဲ အံ့အားသင့်ကာအော်လိုက်တော့သည်။
သူမက ရင်းနှီးနေသောအနံ့ကို ရလိုက်မှသာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး အပြုံးတခုနဲ့ ဆူလာလေသည်
‘‘ ရှင်က ကျွန်မကိုလန့်သေအောင် လုပ်နေတာဘဲ ’’
‘‘ကျန်းကျန်း ၊ကိုယ်လိုချင်တယ်。。。’’
‘‘ဟမ် ခနစောင့်ပါဦး တခုလောက် ပေးမြည်းမယ်လေ အရင်တခါတုန်းကတော့ မကြိုက်ဘူးလားလို့。。’’
ဝမ်ယွီက သူ့မေးစေ့ကို သူမခေါင်းပေါ်တွင် ပွတ်လိုက်ကာ သူ့အသံကရီချင်စိတ်တို့ကို ထိန်းထားကာ သူမကို ကြားဖြတ်ပြောလာတော့သည်။
‘‘ကိုယ်က ကွတ်ကီးမလိုချင်ပါဘူး ၊ကိုယ်လိုချင်တာက 。。。မင်းကို ’’
ချီကျန်းကျန်း :‘‘。。’’
သူမ ကြောင်အနေတဲ့အချိန်မှာ အခန်းထဲသို့ သယ်သွားခံလိုက်ရတော့သည်။
‘‘ဟေးး ဝမ်ယွီ ကျွန်မကိုချပေး ၊ ကျွန်မရဲ့ကွတ်ကီးတွေက မရသေးဘူးလေ ကွတ်ကီးဖုတ်ရအုံးမယ်လို့’’
‘‘ကိုယ်တို့ နောက်မှဘဲ မုန့်ဆက်လုပ်ရအောင် ’’
‘‘。。。’’
ဒါက အထူးပွဲတော် အချိန်သမယများ ဖြစ်နေလို့လား...
xxxxxx