Part 133
ချီကျန်းကျန်းက အများအားဖြင့် အခါအားလျော်ပြီး အကူအညီမဲ့နေသော ဘဝမျိုးတွင် နေထိုင်နေရပေသည်။သို့သော်လည်း သူမဒီလိုနေရတာပျော်နေတုန်းဖြစ်ကာ တချို့တွေက ကြောက်မက်ဖွယ်ကောင်းစွာ နေထိုင်နေရပေသည်။
ဝမ်ယွီက ဖုန်းချသွားပြီးနောက် ဝမ်ကျင်စန်းက အရမ်းကို ဝုန်းဒိုင်းကြဲ ဒေါသထွက်လာတော့သည် ။
‘‘ခွေးကောင်၊ အဲ့ဒီတိရစ္ဆာန်ကောင်ကို ငါလည်ပင်းညစ်ပြီး သေတဲ့အထိသတ်ခဲ့ရမှာ ’’
ဝမ်ကျင်စန်းက လက်တစ်ဘက်ဘဲလှုပ်လို့ရတော့တာကြောင့် ပစ္စည်းများကိုရိုက်ခွဲရန် အဲ့လက်ကိုသာသုံးနိုင်လေသည်၊ အခြားပစ္စည်းတွေကို သူရိုက်ခွဲဖို့ မမှီတာကြောင့် ဖုန်းတို့၊ ခေါင်းအုံးနဲ့ စောင်တွေကိုသာ ပစ်ချလာတော့သည်။
သိသာစွာပင် သူကအရမ်းကိုဒေါသထွက်နေပေသည်။။
ဝမ်ရိရန်လည်းဘဲ ဒေါသထွက်နေပေမယ့် သူ့ဒေါသကို ပြန်ထိန်းလိုက်ကာ ရှေ့သို့တိုးလာကာ အက်ရှနေသောအသံဖြင့် နှစ်သိမ့်လာတော့သည်
‘‘အဖေ စိတ်မဆိုးပါနဲ့၊ အဖေ့ခန္ဓာကိုယ်က ဒေါသထွက်လို့မရဘူးလေ သည်းခံလိုက်ပါ ’’
ဝမ်မိသားစုက ဒီလိုအခြေအနေထိဆိုးရွာနေပြီးဆိုမှတော့ ဝမ်ကျင်စန်းက နောက်ထပ်ကံမကောင်းတာမျိုး ဖြစ်သွားလို့မရပေ။မိသားစုက ဒီလိုကံဆိုးမှုတွေကို ထပ်ခံနိုင်တော့မှာမဟုတ်ပေ။
ဝမ်ကျင်စန်းက ဝမ်ရိရန်ကိုဆုပ်ကိုင်လိုက်ကာ
‘‘သူကဘာလို့ဒီလောက်တောင် အင်အားကြီးနေရတာလဲ၊ တကယ့်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်နေခဲ့တာ ’’
ဝမ်ရိရန်က ခါးသီးစွာပြုံးလာတော့သည်။အဲ့ဒါအမှန်ပင်ဖြစ်သည်၊ ဝမ်ယွီက တကယ့်ကိုကြောက်ဖို့ကောင်းပေသည်။သူကယွီတင်းရဲ့ဘော့စ်ဆိုတာကို သူတို့အားလုံးဘာမှမသိခဲ့ကြချေ။ဒါကအရမ်းစိတ်ကြီးဝင်နေခဲ့တဲ့ သူတို့အပြစ်ပင်ဖြစ်လေသည်။
ချီမိသားစုက အမှန်တရားကိုရှာတွေ့နိုင်ခဲ့ပေသည်၊ တကယ်လို့သူတို့သာ ဝမ်ယွီကိုအထင်မသေးဘဲ အာရုံစိုက်ခဲ့ရင် သူတို့လည်းဘဲရှာတွေ့နိုင်မှာ。。。
ဒါပေမယ့် သူတို့တွေက ဘဝင်မြင့်နေခဲ့ကြပြီး ကိုယ့်ကိုကိုယ် အထင်ကြီးနေခဲ့ကြတာကြောင့် ဝမ်ယွီကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ကြပေ။
ဝမ်ကျင်စန်းက ဒေါသတကြီးကျိန်ဆဲနေသော်လည်း
မတတ်နိုင်ဘဲ သူ့ရင်ထဲမှာနောင်တတရားတွေ မြင့်တက်လာခဲ့တော့သည်
ဝမ်ယွီက တကယ်ကို。。。စီးပွားရေးဘက်တွင် ပင်ကိုယ်ပါရမီ ပါပေသည်။
သူက ဝမ်မိသားစုအတွက် ဝမ်ရိရန်နဲ့ ယှဉ်ပြိုင်နေစရာတောင်မလိုဘူး
သူတို့သာဝမ်ယွီကို ကောင်းကောင်းဆက်ဆံခဲ့မယ်ဆိုရင် ဝမ်ယွီက ဝမ်မိသားစုကိုမုန်းမှာမဟုတ်လောက်ဘူး။ပြီးတော့ သူတို့ကိုလက်တုံ့ပြန်လာမှာလဲ မဟုတ်ဘူး၊ သူကသူတို့ကို အောင်မြင်မှုထိပ်ဆုံးဆီကို ခေါ်သွားနိုင်လောက်မှာ。。。。
သူက အမြဲတမ်းချီးမြှောက်ခံနေရသော ယွီတင်းရဲ့ဘော့စ်ဖြစ်ပေသည်။စီးပွားရေးလောကထဲက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သည် ။
သူက စီးပွားရေးစွမ်းရည်တွေကို ဝမ်မိသားစုကို ဖြေရှင်းဖို့မသုံးဘဲ ကူညီဖို့သုံးလာမယ်ဆိုတဲ့ အတွေးက。。。
ဝမ်ကျင်စန်းက သူ့ရင်ထဲရှိ အမုန်းတရားများနှင့် နောင်တများကြောင့် တခနလောက် အသက်ရှူရပ်သွားတော့မလိုပင် ဖြစ်သွားတော့သည်
သို့သော်လည်း ရှုဝေကတော့ မုန်းဘဲမုန်းနေလေသည်
‘‘ဝမ်ယွီ ဒီတိရစ္ဆာန်ကောင် ငါသူ့ကိုအရင်ကတည်း ကရုဏာမသက်ခဲ့ရမှာ၊ အဲ့ဒီအစား ငါကသူ့ကိုကြီးပြင်းလာပြီး ဒီလိုကပ်ဘေးကိုယူလာဖို့ အခွင့်အရေးပေးလိုက်မိတယ် ’’
‘‘ပါးစပ်ပိတ်စမ်း ’’
ဝမ်ကျင်စန်းက သူမကိုကြားဖြတ်လိုက်ကာ ပြင်းထန်စွာကြည့်လာတော့သည် ။
သူမကြောင့်သာမဟုတ်ရင် ဘယ်လိုလုပ်ပြီး ဝမ်ယွီကဝမ်မိသားစုကို အရမ်းမုန်းသွားမှာလဲ
ရှုဝေက ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ကာ ဘာမှထပ်မပြောရဲတော့ပေ။
အတိတ်မှာတုန်းက သူမ ဝမ်ယွီကိုသဘောမကျပေမယ့် ဟန်ဆောင်နေခဲ့သေးတယ်၊ အခုတော့ အမုန်းတရားတွေကြောင့် သူမ ဟန်မဆောင်နိုင်တော့ပေ။သူမပြောသမျှတွေက ရက်စက်ယုတ်မာသောစကားလုံးတွေသာ ဖြစ်နေပေသည်။
ဒါကလည်း ဝမ်ကျင်စန်းအား သူမကိုထပြီး လည်ပင်းညစ်သတ်ချင်လာအောင် လုပ်နေတော့သည်။
အန်းချင်ယုက စိတ်ပျက်နေသောအမူအရာဖြင့် ကြမ်းပြင်ပေါ်မှာ ဒူးထောက်နေတုန်းဖြစ်သည်။
ဝမ်ယွီက ဝမ်မိသားစုကို ကူညီဖို့ ဆန္ဒမရှိပေ။သိသာစွာပင် ဝမ်မိသားစုက ပြန်ထူထောင်နိုင်မယ့် အခွင့်အရေးရလာတာနဲ့ သူကသေချာပေါက်ကို ဖိနှိပ်လာမှာဖြစ်သည်။ ဝမ်မိသားစုက ဒီလိုကြီးကြီးမားမကျရှူံးနေတာ အနာဂတ်မှာ ဘယ်လိုလုပ်ပြီး သူများတွေမပြောဘဲနေမှာလဲ
ဝမ်မိသားစုက ဒေဝါလီခံလိုက်ရကာ တရားရုံးက သူတို့ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းလာတော့မှာဖြစ်ကာ အခုမှလက်ထပ်ဝင်လာသော သူမအပါအဝင် ဖြစ်ပေသည်။
အန်းချင်ယုက ဆတ်ခနဲထရပ်လိုက်ကာ ကြောက်လန့်တကြီးနှင့် အပြင်ဘက်ကိုပြေးထွက်သွားတော့သည် ။
ဝမ်ရိရန်က သူမနောက်ကျောကို ကြည့်လိုက်ကာ သူက အံ့အားသင့်စရာကောင်းလောက်အောင် တည်ငြိမ်နေပေသည်။
အန်းချင်ယုက ချီမိသားစုဆီသို့ အပြေးလာခဲ့တော့သည်။သူမက ချီမိသားစုဘယ်မှာနေလဲဆိုတာကို သိပေသည်။အနည်းဆုံးတော့ သူတို့ကဆွေမျိုးတွေဖြစ်တာကြောင့် လွန်ခဲ့တဲ့ရက်အနည်းငယ်က သူတို့ဘယ်မှာနေတာလဲဆိုတာကို သူမသိခဲ့ရပေသည်။
အဲ့ဒီအချိန်တုန်းက သူတို့ကို ဒီလိုအခြေအနေနဲ့ ထိုက်တန်လို့ဆိုပြီး သူမ လှောင်ရီနေလိုက်သေးတယ်
ဒါပေမယ့် အခုတော့ သူမက သူတို့ထက်အခြေအနေဆိုးနေကာ ချီမိသားစုအိမ်တံခါးဆီသို့ အပြေးလာရုံသာတတ်နိုင်တော့သည်။
တံခါးလာဖွင့်တဲ့သူက ချီကျိုးချန်ဖြစ်သည် ။
‘‘ကျိုးချန် ’’
ချီကျိုးချန်က ချက်ချင်းပင် မျက်မှောင်ကြုတ်လာတော့သည်
‘‘နင်က ဘာလို့ရောက်လာတာလဲ ’’
‘‘အန်တီနဲ့ အန်ကယ် ဒီမှာရှိလား ’’
သူမကမေးလိုက်ပေမယ့် အိမ်ထဲကိုတိုက်ရိုက်ဝင်လာခဲ့လေသည်။တကယ်ကိုပင် ချီယန်နဲ့ တင်းရိကျွင်းတို့ ကအထဲမှာရှိနေပေသည်။
အိမ်ကအရမ်းမကြီးဘဲ တစ်ထပ်အိမ်ဖြစ်ကာ အန်းချင်ယုက ဧည့်ခန်းထဲမှာထိုင်နေတဲ့ချီယန်နဲ့ အသီးနွှာနေတဲ့ တင်းရိကျွင်းတို့ကို တွေ့လိုက်ရလေသည်။
‘‘ချင်ယုလား ’’ တင်းရိကျွင်းက ထိတ်လန့်သွားတော့သည်။
အန်းချင်ယုက ဒုတ်ခနဲပင်ဒူးထောက်လိုက်ပြီး အော်ငိုလာတော့သည်
‘‘အန်တီနဲ့ အန်ကယ် ကျေးဇူးပြုပြီး သမီးကိုကယ်ပေးပါအုံး ’’
‘‘ဘာဖြစ်နေလို့လဲ ’’ တင်းရိကျွင်းက သူမနှုတ်ခမ်းကိုစေ့လိုက်ကာ အနည်းငယ်တွေဝေသွားတော့သည်။
‘‘သမီးအခုမှ ဝမ်မိသားစုကိုလက်ထပ်လိုက်ရုံဘဲရှိသေးတာ ဒီလိုမျိုးဖြစ်သွားတာ ။အန်တီနဲ့ အန်ကယ် သမီးကို ကယ်ပါအုံး သမီးဝမ်မိသားစုကနေ ထွက်ချင်တယ် ’’
အန်းချင်ယုက ခါးခါးသီးသီး ငိုကြွေးလာတော့သည်။
အခုချိန်တွေအတွင်းမှာ သူမက ကိုယ်အလေးချိန်အတော်လေးကျသွားပြီး ဆံပင်တွေက ရှုပ်ပွနေကာ သနားစရာကောင်းနေပေသည်။
အဆုံးမှာတော့ သူတို့တွေက သူမကြီးပြင်းလာတာကို ကြည့်နေခဲ့တာဖြစ်ပေသည်။တင်းရိကျွင်းက အနည်းငယ်တွေဝေသွားကာ စိတ်သောကရောက်သွားပေမယ့် ဘာမှမပြောလာပေ။
ချီယန်က အမူအရာကင်းမဲ့နေပြီး အေးစက်စွာပြောလာတော့သည်
‘‘ဝမ်မိသားစုထဲကို လက်ထပ်ဝင်ချင်နေခဲ့တာ မင်းဘဲလေ ၊အဲ့ဒီအချိန်တုန်းက ငါတို့သဘောမတူခဲ့ဘူး၊နင်ဘာများပြောခဲ့လို့လဲ ၊ နင်ကဘာမှမပြောလာဘဲ နင့်တက်လမ်းကို ပိတ်တယ်ဆိုပြီး ငါတို့ကိုတောင်အပြစ်တင်လိုက်သေးတယ် ။ဝမ်မိသားစုကို လက်ထပ်ဝင်နိုင်ရင် ကောင်းမယ်လို့ နင်ထင်နေခဲ့တာလေ။နင်ကိုယ်တိုင်ဘဲ ဒါကိုစီစဉ်ခဲ့တာ ’’
အဲ့ဒီအချိန်တုန်းက သူတို့တကယ်ဘဲ သူမကိုတားချင်ခဲ့ကြတာဖြစ်သည်။တကယ်လို့ သူမသာလက်မထပ်လိုက်ရင် ဝမ်မိသားစုက ဒေါသထွက်လာပြီး ပွဲကြည့်ပွဲကောင်း ဖြစ်လာမှာဖြစ်သည်။
ဒါပေမယ့် အန်းချင်ယုက ဝမ်မိသားစုကို လက်ထပ်ဖို့အရမ်းကို ဆုံးဖြတ်ချက်ပြတ်သားနေကာ သူတို့သဘောမတူတာကို ဂရုမစိုက်ခဲ့ပေ။အဲ့ဒီအစား သူမက အငြိုးထားကာ သူတို့နဲ့ပတ်သက်ပြီး မရေမတွက်နိုင်သော မကောင်းသတင်းတွေကို လိုက်ပြောခဲ့လေသည်။
‘‘မင်းဘယ်လိုဘဲ သနားဖို့တောင်းပန်နေလည်း ငါတို့မင်းကိုမကယ်နိုင်ဘူး ’’
ချီယန်က တည်ငြိမ်စွာပြောလာကာ လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး တငုံလောက်သောက်လိုက်လေသည်။
‘‘အန်ကယ် သမီးမှားသွားပါတယ်၊ သမီးနောင်တရနေပါပြီ ။အဲ့အချိန်တုန်းက ဝမ်မိသားစုက ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ပြီးတော့ ဝမ်ယွီက ဒီလောက်ထိလုပ်နိုင်လိမ့်မယ်လို့ မတွေးထားခဲ့ဘူး ၊သမီးတကယ်မှားသွားပါတယ် ’’
အန်းချင်ယုက ငိုယိုရင်း ရှေ့ကိုတွားသွားလာကာ တင်းရိကျွင်းအင်္ကျီစကို ဆွဲလိုက်ရင်း ခါးခါးသီးသီး တောင်းပန်လာတော့သည်။
‘‘တောင်းပန်မနေနဲ့၊ ငါတို့မင်းကိုမကူညီနိုင်ဘူး ပြီးတော့ ကူညီမှာလည်းမဟုတ်ဘူး ထွက်သွားတော့ ’’
ချီယန်က သူ့လက်ဖက်ရည်ခွက်ကို ချလိုက်တော့သည်။
‘‘အန်တီ၊အန်တီ သမီးကိုကူညီပါအုံး ကျေးဇူးပြုပြီးသမီးကို ကယ်ပါ ’’
သူမက ချက်ချင်းဘဲ စိတ်ထားနူးညံ့သော တင်းရိ
ကျွင်းဘက်ကိုလှည့်ကာ တောင်းပန်လာတော့သည်။
ချီကျိုးချန်က အေးစက်စွာပြောလာတော့သည်
‘‘အန်းချင်ယု ငါတို့မိသားစုက နင်နဲ့ဘာမှမဆိုင်တော့ဘူး၊ နင်ငါ့အမကိုထိခိုက်အောင်လုပ်လိုက်ကတည်းက
နင့်ကို မကြိုဆိုတော့ဘူး။နင်ဘာသာအဆင်ပြေပြေနေနိုင်ရင်တောင်မှ ငါတို့က ကြိုဆိုမှာမဟုတ်တာ အခုနင်သေရေးရှင်းရေး ဖြစ်နေရင်ရော ငါတို့ဂရုစိုက်မယ်ထင်နေတာလား ’’
xxxxxxx