Part 134
အန်းချင်ယု ကြောင်အသွားမိသည်။
‘‘အဲ့ဒါကြောင့်ထွက်သွားလိုက်တော့၊ နင်နဲ့ထိုက်တန်တာနင်ရတာဘဲ ၊ဝမ်ရိရန်နဲ့လက်ထပ်ဖို့အတွက် ကိုယ့်ဝမ်းကွဲအမဆီက သတို့သားလောင်းကိုတောင် ခိုးယူခဲ့တာ အခုမှလာပြီး သနားပါလုပ်မနေနဲ့။ နင့်ကိုပြသနာမရှာဘဲ လွှတ်ပေးထားပြီးသား ’’
ချီကျိုးချန်က တံခါးကိုကျယ်ကျယ်ဖွင့်လိုက်ကာ ထွက်သွားဖို့ အမူအရာပြလိုက်၏။
‘‘အနာဂတ်မှာ ဘယ်တော့မှ ပြန်မလာခဲ့နဲ့ ၊အခုချိန်မှာ ငါ့ရဲ့ချီမိသားစုက ကိုယ့်ကိုကိုယ်တောင်ဂရုစိုက်နိုင်သေးတာ မဟုတ်ဘူး ’’
အန်းချင်ယုက တင်းရိကျွင်းကိုဘဲ ဆက်ကြည့်နေလေသည်။
တင်းရိကျွင်းက ကျန်းကျန်းကိုတွေးလိုက်ပြီး သူတို့မိသားစုအခုဖြစ်နေတာတွေကလည်း ဝမ်မိသားစုကဒီလိုဖြစ်အောင် လုပ်ခဲ့တာဟု သူမတွေးလိုက်ပေသည်။
ချီယန်နဲ့ ချီကျိုးချန်သာ စောစောစီးစီး သတိထားခဲ့မိပြီးတော့ ဝမ်ယွီကလည်း သူတို့အပေါ်ကိုအကြင်နာတရားထားပေးခဲ့လို့သာ မဟုတ်ရင် ဝမ်မိသားစုအခုကြုံနေရသလိုမျိုး သူတို့လည်းကံဆိုးမိုးမှောင်ကျနေပေလိမ့်မည်။
သူတို့သာ အချိန်မှီသတိမထားမိခဲ့ရင် အခုချိန်ဆို သူတို့မိသားစု ဘယ်လိုတောင်ရုန်းကန်နေရမလဲဆိုတာ မသိနိုင်ပေ။
ဒီကိစ္စတွေ အကုန်လုံးက ဝမ်မိသားစုကြောင့်ဘဲ
တင်းရိကျွင်းက သူမလက်ကနေရုန်းထွက်လိုက်ပြီး သက်ပြင်းရှည်ကြီးချလာတော့သည်။
‘‘ချင်းယု ၊သမီးက ရိရန်ကိုတကယ်ချစ်မှတော့ သူသေလုနီးပါးအခက်အခဲ ကြုံနေတာကို မစွန့်ပစ်သွားနဲ့လေ။ဝမ်မိသားစုက ဒေဝါလီခံလိုက်ရပြီဆိုပေမယ့် သမီးကငယ်သေးတာဘဲ နည်းလမ်းတခုခုတော့ရှိမှာပါ 。。。’’
သူမကိုအချစ်ဆုံးဖြစ်တဲ့ အန်တီကပါ မကူညီတော့တာကို တွေ့လိုက်ရပြီးနောက် အန်းချင်ယု မျှော်လင့်ချက်မရှိတော့တာကို သိလိုက်တော့သည်၊သူမကထရပ်လာပြီး တကိုယ်လုံးကတုန်ရီနေပေ သည် ။
သူမက ချီမိသားစုကိုကြည့်လိုက်ကာ ရုတ်တရက်ရီလာတော့သည်။
‘‘ဟားဟားဟား ဒါတွေအကုန် ရှင်တို့ကြောင့်ဘဲ၊ဝမ်မိသားစုက ကံဆိုးတော့မှာကို ရှင်တို့သိနေခဲ့ကြတယ်မလား ဒါပေမယ့် ကျွန်မကိုဘာမှမပြောပြဘဲ ဝမ်မိသားစုကို လက်ထပ်စေလိုက်တယ်လေ ’’
ချီယန်နဲ့ တင်းရိကျွင်းတို့က အံ့ဩသွားကြလေသည်။ချီကျိုးချန်ကတောင် မျက်မှောင်ကြုတ်သွားကာ ငေါက်လာတော့သည်။
‘‘ဘာတွေအရူးထနေတာလဲ၊ ငါတို့က ဘာလို့နင့်ကိုပြောပြရမှာလဲ ။ဝမ်ရိရန်နဲ့ နင်လက်ထပ်တာကို သဘောမတူဘဲဆန့်ကျင်ခဲ့တာက ငါတို့နင့်ကိုနောက်ဆုံးအနေနဲ့ မျက်နှာသာပေးထားတာဘဲ ’’
‘‘ဒါတွေအကုန် ရှင်တို့အပြစ်တွေဘဲ ၊ အရာအားလုံးကို သိနေရဲ့သားနဲ့ ဘာမှမပြောလာခဲ့ဘူး။ပြီးတော့ အဲ့ဒီခွေးမ ချီကျန်းကျန်းက ဝမ်ယွီက အင်အားကြီးတယ်ဆိုတာသိပြီးတော့ ဝမ်ရိရန်ကိုထားခဲ့ပြီး ဝမ်ယွီနောက်လိုက်သွားတာလေ ’’
‘‘နင်တော့ ရူးသွားပြီဘဲ၊နင်ကအဓိပ္ပါယ်မရှိတာတွေကို ကမူးကရူးလာပြောနေတာဘဲ’’
ချီကျိုးချန်က သူမကိုဆွဲလိုက်ကာ အပြင်ကိုမောင်းထုတ်ဖို့လုပ်လာတော့သည်။
အန်းချင်ယုက သူ့လက်ကနေခါထွက်လိုက်ကာ ဆက်ပြောလာလေသည်။
‘‘ဒါပေမယ့် ချီကျန်းကျန်း အဲ့ခွေးမက ရှင်တို့ကိုမလိုချင်တော့ဘူးလေ။သူက အခုဝမ်ယွီနောက်ကိုလိုက်နေပြီး အရမ်းပျော်နေမှာ၊ရှင်တို့က ဘယ်လိုဘဝမှာ နေနေရလဲဆိုတာ သူဂရုစိုက်တော့မှာ မဟုတ်ဘူး။ကျွန်မကိုမပြောပြတာက ချီကျန်းကျန်းနဲ့ဝမ်ယွီ သ ဘောကျလာအောင်လုပ်ချင်နေတာမလား၊ ကျွန်မဒီလိုမျိုးအဆုံးသတ်သွားတာကို မြင်ချင်နေတာမလား ’’
‘‘အန်းချင်ယု နင်ကတော့တကယ်ကိုစိတ်လွတ်သွားပြီဘဲ ငါရဲခေါ်လိုက်တော့မှာ ’’
ချီကျိုးချန်က အရမ်းသန်မာတာကြောင့် သူက အန်းချင်ယုကိုဆွဲထုတ်လိုက်ကာ တံခါးပိတ်ဖို့လုပ်လိုက်တော့သည်။
အဲ့ဒီအချိန်မှာဘဲ ဓာတ်လှေကားပွင့်လာကာ လူတယောက်ထွက်လာခဲ့လေသည်။
-အဲ့ဒါက ဝမ်ရိရန်ဖြစ်သည်။
သူ့မျက်နှာက အမူအရာကင်းမဲ့နေကာ သူ့တကိုယ်လုံးက ချုံးချုံးကျနေတာကြောင့် ချီကျိုးချန်တောင် သူ့ကိုမမှတ်မိနိုင်ဖြစ်သွားရလေသည်။
ဝမ်ရိရန်က ရှေ့ကိုလျှောက်လာပြီး အန်းချင်ယုလက်ကိုဆွဲလိုက်လေသည်။ထို့နောက် သူကချီကျိုးချန်အား ကြည့်လိုက်ကာ အက်ရှရှပြောလာတော့သည်။
‘‘ဆောရီးပါ၊ ငါသူ့ကိုပြန်ခေါ်သွားလိုက်မယ် ’’
သူရောက်လာတာနဲ့ အန်းချင်ယုက တောင့်တင်းသွားကာ ဘာပြသနာမှမရှာရဲတော့ပေ။
ချီကျိုးချန်က ဘာမှပြန်မပြောနေဘဲ တံခါးပိတ်ဖို့သာ လုပ်လိုက်တော့သည်။
သို့သော်လည်း ချီယန်ကထွက်လာပြီး ဝမ်ရိရန်ကိုကြည့်ကာ သက်ပြင်းချလိုက်လေသည်။
‘‘ရိရန်၊ငါလည်း မင်းကြီးပြင်းလာတာကို ကြည့်နေခဲ့တာပါ ငါတို့မိသားစုနှစ်ခုလုံးက နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိနေခဲ့ကြတာ ၊ ငါမင်းကိုတကယ်သဘောကျပြီး ငါ့သမက်လောင်းဖြစ်စေချင်ပေမယ့် နောက်ပိုင်းမှာ ငါတို့မိသားစုတွေရဲ့ ဆက်ဆံရေးက ပြတ်တောက်သွားပြီလေ ’’
ခနလောက်ရပ်လိုက်ပြီးနောက် သူကထပ်ပြောလာလေသည်။
‘‘ကျိုးချန်နဲ့ မင်းပူးပေါင်းတာကိုဖျက်သိမ်းလိုက်တုန်းက ချီမိသားစုပိုက်ဆံတွေအများကြီး ဆုံးရှူံးနိုင်တာကို မင်းသိနေခဲ့တယ်၊ ဒါပေမယ့်သိနေရဲ့သားနဲ့ မင်းတို့ရဲ့အရင်တုန်းကရင်းနှီးခဲ့တာကို ထောက်ထားပြီးတော့ သူ့ကိုမတားလာဘဲ ချက်ချင်းကို ကျန်းယဲ့နဲ့ပူးပေါင်းလိုက်တာလေ၊ အဲ့ဒီအချိန်မှာ ငါတို့မိသားစုတွေရဲ့ ဆက်ဆံရေးက တကယ်ကိုပြတ်တောက်သွားပြီ။မင်းဆီကို ဒီလိုမျိုးတစုံတခုဖြစ်လာခဲ့ရင်တောင် ငါတို့မကူညီနိုင်သလို ကူညီမှာလည်းမဟုတ်ဘူး။မင်းဘဲဖြစ်ဖြစ် အန်းချင်ယုဘဲဖြစ်ဖြစ် အနာဂတ်မှာ ငါတို့နဲ့ဘာမှမသက်ဆိုင်တော့ဘူး ’’
‘‘ကောင်းပါပြီ၊ ကျွန်တော်နားလည်ပါတယ် ’’
ဝမ်ရိရန်အသံက အက်ရှနေလေသည်။
ပြီးခဲ့တဲ့တလအတွင်းမှာ သူက လူတွေရဲ့ပြောင်းလဲလွယ်သော သဘောသဘာဝကို တွေ့လိုက်ရပေသည်။
သူအဲ့ဒါမျိုးကို ဘယ်နှစ်ခါလောက်ကြုံနေရတာလည်း မသိတော့ပေ။ဝမ်မိသားစုက အရင်တုန်းက ဘယ်လောက်စိတ်ကြီးဝင်နေခဲ့တာတွေ ၊ဘယ်လိုတောင်အင်အား ကြီးနေခဲ့ပြီး လူတွေဘယ်နှစ်ယောက် လောက်ကို ထိခိုက်စေခဲ့လည်းဆိုတာ မရေတွက်နိုင်တော့ပေ။
ချီယန်ကမှန်ပေသည်။ချီမိသားစုက ဝမ်မိသားစုပေါ်ကိုအမှားမလုပ်ခဲ့ပေ။
‘‘ကိုယ့်ကိုကိုယ် ဂရုစိုက်ကြပါ ’’
ဒီစကားက ဝမ်ရိရန်အတွက်သာမက အန်းချင်ယုအတွက်လည်းဖြစ်ပေသည်။
ဒီလိုပြောလာပြီးနောက် ချီမိသားစုရဲ့ တံခါးကပိတ်သွားတော့သည်။
ဝမ်ရိရန်က ဘာမှမပြောလာပေ။သူ့မျက်နှာက အမူအရာကင်းမဲ့နေတုန်းပင်ဖြစ်သည်။
အန်းချင်ယုက ရင်ထဲတွင် တင်းကြပ်လာကာ အနည်းငယ်ကြောက်ရွံ့လာတော့သည်။သူမတကိုယ်လုံးက အနည်းငယ်တုန်ရီနေလေသည်။
.....
ချီကျန်းကျန်းတစ်ယောက် အိပ်ရာနိုးလာသည့်အချိန်က နေ့လယ်ဖြစ်နေပေပြီ။ သူမ ဒေါသတကြီးဖြင့် အခန်းပြင် လျှောက်လာလိုက်သည်။
‘‘နိုးလာပြီလား ဒီကိုလာပြီး တခုခုစားလိုက်လေ ’’
ဝမ်ယွီက လှမ်းကြည့်လိုက်လေသည်၊ သူ့မျက်နှာတွင် အပြုံးရိပ်များထင်နေကာ မျက်လုံးများက နူးညံ့နေလေသည်။
ချီကျန်းကျန်း :‘‘。。。’’
သူမက အသက်ပြင်းပြင်းရှူလိုက်ကာ ဒေါသထွက်လာတော့သည်
‘‘ကျွန်မက နေ့တိုင်းနေ့တိုင်း အိပ်လိုက်စားလိုက်လုပ်နေမှတော့ 2ကတ်တီလောက် ဝိတ်တက်လာတာ မအံ့ဩတော့ပါဘူး၊ အဲ့ဒါတွေအကုန် ရှင့်ကြောင့်ဘဲ ’’
(T/n: 1ကတ်တီ=0.5kgနီးပါး)
ဝမ်ယွီ : ‘‘ဒါဆိုရင်လည်း ဘာလို့ညဘက်မှာ လေ့ကျင့်ခန်း မလုပ်တာလဲ’’
ချီကျန်းကျန်းက စိတ်ရှုပ်သွားလေသည်
‘‘ရှင်က ညဘက်မှာ ဘယ်လိုလေ့ကျင့်ခန်း လုပ်လို့လဲ’’
သူ့ရဲ့ ဒွိဟဖြစ်စေသောအကြည့်ကို ရင်ဆိုင်လိုက်ရပြီးနောက် ချီကျန်းကျန်းက ချက်ချင်းပင်နားလည်သွားတော့သည်။သူမရုတ်တရက်ပင် သူမရင်ဘတ်ကိုကိုင်လိုက်ကာ ပြင်းပြင်ထန်ထန်ပြောလိုက်တော့သည်
‘‘ရှင်လုပ်ရဲလား ၊ဒီညကျွန်မတို့အခန်းခွဲအိပ်မယ် ကျွန်မရှင်နဲ့ ခွဲပြီးအိပ်မှာ ’’
ဝမ်ယွီက သနားစရာကောင်းသော အမူအရာကိုထုတ်ပြလာလေသည်
‘‘ကိုယ်မှားသွားပါတယ် ၊ဒီနေ့ည ကိုယ်တို့လေ့ကျင့်ခန်းမလုပ်တော့ဘူးလေ ’’
‘‘တကယ်လား ’’
‘‘တကယ်ပါ ကိုယ်ကတိပေးတယ် ’’
သူကလေးနက်စွာ ကျိန်ဆိုပြလာလေသည်။
ချီကျန်းကျန်းက နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားကာ ကျေကျေနပ်နပ် သက်ပြင်းချလိုက်သည်။
သူမက မီးဖိုချောင်ထဲသို့ဝင်ကာ တချက်ကြည့်လိုက်ပေသည်။ဘာမှမရှိနေဘဲ စားဖိုမှူးပြင်ထားပေးတဲ့ အစားအစာတွေသာ ရှိနေပေသည်။
ကောင်းပြီလေ တကယ်တော့သူမ သိပြီးသားဖြစ်သည်- ကွတ်ကီးတွေကို သူမ စားရမှာမဟုတ်ဘူးဆိုတာကိုပေါ့
အိုင်းးး ဝမ်ယွီက တကယ့်ကိုတွယ်ကပ်နေတတ်တဲ့ ကောင်လေးဘဲ
ညဘက်သို့ရောက်သောအခါ နေ့လယ်ကတရေးအိပ်ထားတာကြောင့် ချီကျန်းကျန်းက အိပ်မပျော်ဖြစ်နေကာ အိပ်ရာထဲတွင် လူးလှိမ့်နေတော့သည်။
ဝမ်ယွီက သူမကိုဖက်လာပေမယ့် သူမက ကန်ထုတ်လိုက်လေသည်။
ခနလောက်ကြာပြီးနောက် ချီကျန်းကျန်းက နောက်ဆုံးတွင် အိပ်ပျော်လုနီးပါးဖြစ်လာတော့သည်။
အဲ့ဒီအချိန်တွင်
သူမက ပွေ့ဖက်ခံလိုက်ရကာ ပူပြင်းနေသောအနမ်းတခုက သူမပေါ်ကို ရိုက်နှိပ်လာတော့သည်။
သူမက အရမ်းဒေါသထွက်သွားပြီး ဖြတ်ရိုက်လိုက်ကာ အော်လိုက်တော့သည်
‘‘ဝမ်ယွီ ရှင်ကတိပေးထားတယ် မဟုတ်ဘူးလား ’’
အမှောင်ထဲတွင် ဝမ်ယွီက စိတ်အားထက်သန်လာလေသည်
‘‘ဘယ်သူကများ မင်းလေးကို လျှောက်လှုပ်နေခိုင်းလို့လဲ 。。。12နာရီထိုးဖို့ ကိုယ်မနည်းသည်းခံထားရတာ ’’
ချီကျန်းကျန်း : ...
‘‘ကိုယ်မင်းကို မနေ့ညက ကတိပေးခဲ့တာလေ အခု12ကျော်သွားပြီ ’’
ချီကျန်းကျန်း : ‘‘ဝမ်ယွီ ကျွန်မရှင်နဲ့ ခွဲပြီးနေတော့မယ် ’’
xxxxxxx