အပိုင်း ၁၃၅
Viewers 38k

Part 135


အန်းချင်ယုက ဝမ်ရိရန်နောက်မှ လိုက်လာကာဝမ်အိမ်ဆီသို့ ပြန်လာခဲ့သည်။လမ်းတလျှောက်တွင် ဝမ်ရိရန်က ဘာမှပြောမလာဘဲ သူ့မျက်နှာကလည်း အမူအရာမဲ့နေလေသည်။


သူမက အနည်းငယ်ကြောက်ရွံ့လာသည်၊ ဝမ်ရိရန်ကိုဒီလိုပုံစံမျိုးနဲ့ သူမတခါမှမတွေ့ဖူးပေ။သူက ပျော်တာဘဲဖြစ်ဖြစ် ဝမ်းနည်းတာဘဲဖြစ်ဖြစ် ထုတ်ပြလာ‌လိမ့်မည်။သေချာပေါက်ကို အခုလိုမျိုး လျစ်လျူရှုနေသော ပုံစံမျိုးမဟုတ်ပေ။


- ဒါက သူမကို ကြောက်လန့်လာစေသည်။


‘‘ရိရန် ငါ。。ငါက ဒီအတိုင်း ’’

အန်းချင်ယုက သူမပါးစပ်ကိုဖွင့်လိုက်လေသည်

‘‘ငါက သူတို့ကို ဝမ်မိသားစုကို ကူညီပေးဖို့ မေးချင်လို့ပါ ’’


ဝမ်ရိရန်က ဘာမှပြန်မပြောလာဘဲ ဝမ်အိမ်ကိုပြန်တဲ့ လမ်းတလျှောက်လုံး တိတ်တဆိတ်ပင် ကားမောင်းလာတော့သည်။


သူက အန်းချင်ယုလိုက်လာတာ ၊မလာတာကို ဂရုမစိုက်ဘဲ အိမ်ထဲကိုအရင်ဝင်လိုက်လေသည်။အန်းချင်ယုက အံ့ကြိတ်လိုက်ကာ သူ့နောက်က လိုက်ဝင်လာသည် ။


အထဲ၌ ...


 ဆိုဖာပေါ်တွင်ထိုင်နေသော ရှုဝေက  အန်းချင်ယုဝင်လာတာကို တွေ့တာနဲ့ ချက်ချင်းဘဲထရပ်လိုက်ပြီး အော်ကြီးဟစ်ကျယ် ကျိန်ဆဲလာတော့သည်။


‘‘ခွေးမ နင်ထွက်သွားချင်နေတာမလား ၊ငါနင့်ကိုပြောလိုက်မယ်နော် ဒါလုံးဝမဖြစ်နိုင်ဘူး ။ဝမ်မိသားစုထဲကို လက်ထပ်ဝင်လိုက်ပြီဆိုမှတော့ ပြန်ထွက်သွားဖို့ကို စဉ်းစားမနေနဲ့တော့ ။ဘယ်လိုဖြစ်လို့ ချီမိသားစုဆီ ခိုးကြောင်ခိုးဝှက်ပြေးသွားရဲရတာလဲ။အရှက်မရှိတဲ့ အပျက်မ၊ ဂြိုဟ်ဆိုးမ  ဘယ်လိုဖြစ်လို့ နင့်လိုလူမျိုးကို ငါတို့ဝမ်မိသားစုထဲကိုဝင်ခွင့်ပေးလိုက်မိတာပါလိမ့် ။ငါနင့်ကိုပြောလိုက်မယ် အခုချိန်မှာ ဝမ်မိသားစုက。。。’’


သူမ‌က တတွတ်တွတ်ပြောနေကာ ဝမ်မိသားစုရဲ့အစေခံအားလုံးက တဖြည်းဖြည်း ထွက်သွားကြတော့သည်။လူတိုင်းက ဝမ်မိသားစုရဲ့ လက်ရှိအခြေအနေက သူတို့ကို လခပေးဖို့မတတ်နိုင်တော့တာကို သိနေကြပေသည်။ဘယ်လိုလူကများ ဝမ်မိသားစုအတွက် အလကားအလုပ်လုပ်ပေးချင်မှာလဲ။


ဒါ့အပြင်ကို ဝမ်မိသားစုရဲ့လူတွေက စိတ်ထားကောင်းသူများမဟုတ်ပေ။အရင်တုန်းက သူတို့တွေဆီက ဆိုးဆိုးရွားရွား ဆက်ဆံခံခဲ့ရတာကြောင့် သဘာဝကျစွာဘဲ သူတို့က နေရာအသီးသီးသို့ ပြန်သွားကြတော့သည်။


ဝမ်ကျင်စန်းက အိပ်ရာပေါ်တွင်သာ လှဲကာသူ့စိတ်ကိုလျှော့ထားဖို့သာ လုပ်နိုင်လေသည်။ရှုဝေက ဘယ်လိုလုပ်ပြီး သူနဲ့ဝမ်ရိရန်ကို သွားပြောရဲမှာလဲ။


အဲ့အတွက်ကြောင့် သူမရဲ့ဒေါသတွေ အကုန်လုံးက အန်းချင်ယုဆီကိုဘဲ ပြန်ဦးတည်လာတော့သည်။


ဒီစကားလုံးတွေကို ကြားလိုက်ရပြီးနောက် အန်းချင်ယုခေါင်းထဲတွင် တဝီဝီမြည်လာကာ မတတ်နိုင်ဘဲပြောလိုက်တော့သည်

‘‘ကျွန်မကရော အခုချိန်မှာ ဝမ်မိသားစုထဲမှာ နေချင်သေးတယ်လို့များ ထင်နေတာလား၊ ရှင်တို့သာ သတ္တိရှိရင် ကျွန်မကိုမောင်းထုတ်လိုက်လေ ။တကယ်လို့ရှင်တို့သာ ဝမ်ယွီအပေါ်ကိုမမှားယွင်းခဲ့ဘူးဆိုရင် သူကဘယ်လိုလုပ်ပြီး ဝမ်မိသားစုပေါ်ကို လက်တုံ့ပြန်လာမှာလဲ ’’


‘‘နင်ဘာတွေ လာပြောနေတာလဲ ဂြိုဟ်ဆိုးမ၊ ယုံချင်ယုံ၊ မယုံချင်နေ ငါနင့်ကိုသတ်ပစ်မှာနော် ’’


‘‘လာလေ ထပ်ရိုက်လိုက်လေ ၊ ရှင်သာထပ်ရိုက်လာလို့ကတော့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တရားစွဲပစ်မယ် အချိန်ကိုက်ဘဲ ကွာရှင်းလို့ရသွားတာပေါ့’’

အန်းချင်ယုက မသိစိတ်နဲ့ ဝိုးတဝါးပြောလာတော့သည် ။


ရှုဝေက ‌ဒေါသတကြီးပြောလာလေသည်

‘‘သေချာပေါက်ကို နင်က ကွာရှင်းချင်နေတာဘဲ အိပ်မက်မက်နေ

လိုက် ’’


ဒီနှစ်ယောက်က စကားထပ်များတော့မှာကို မြင်လိုက်ရပြီးနောက် ဝမ်ရိရန်က ပေါ့ပေါ့ပါးပါးပင် ဖြတ်ပြောလာလေသည်

‘‘အမေ သွားပြီးတော့ အဖေ့ကိုကြည့်ကြည့်ပါအုံး၊ သူ့ကိုအဲဒီမှာ တယောက်တည်းထားခဲ့လို့မဖြစ်ဘူးလေ’’


သူပြောတာကို ကြားလိုက်ရပြီးနောက် ရှုဝေက ချက်ချင်းဘဲ သူမပြောနေတာကို ရပ်လိုက်သည် ။

ဝမ်ရိရန်က အန်းချင်ယုနဲ့ စကားပြောချင်နေပုံရတာကြောင့် သူမကတည်ငြိမ်စွာဘဲထရပ်လိုက်ကာ အပေါ်ထပ်သို့တက်သွားတော့သည်။


ဧည့်ခန်းထဲတွင် ဝမ်ရိရန်နဲ့ အန်းချင်ယုတို့သာ ကျန်နေခဲ့လေသည်။


‌ခုနလေးကတင် ရှိနေခဲ့တဲ့ ဒေါသတွေနဲ့ ယုံကြည်ချက်တွေက ရုတ်တရက်ပင် ပျောက်ကွယ်‌ထားတော့သည်

အန်းချင်ယုက သူမပါးစပ်ကိုဖွင့်လိုက်ပေမယ့် ဘာပြောရမှန်း မသိတော့ပေ။ဘာကြောင့်မှန်းတော့ မသိပေ ၊ သူမက ရှုဝေနဲ့တော့ ရန်ဖြစ်ရဲပေမယ့် ဝမ်ရိရန်နဲ့‌ဆိုရင် ရှင်းမပြနိုင်အောင် မရင်ဆိုင်ရဲဖြစ်ရပေသည်။


ဝမ်ရိရန်က ဆေးလိပ်မီးညှိလိုက်ကာ တချက်ရှိုက်လိုက်တော့သည်။သူက အခုတလော စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပင်ဖြစ်နေလေသည်။ဒီလိုမျိုး ဆေးလိပ်သောက်နေတာကို တွေ့လိုက်ရတဲ့အခါ ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ အများကြီးရှိနေသေးတယ်လို့ ထင်ရပေသည်။


သူကပြောလာလေသည်။


’‘ဝမ်မိသားစုက ဒီအခြေအနေထိကျဆင်းလာပြီဆိုမှတော့ အခုချိန်မှာ ဒီကိစ္စကိုငါမဖြေရှင်းချင်သေးဘူး၊ အမှန်တကယ်တော့ ငါမင်းကို ဝမ်မိသားစုထဲမှာမထားချင်တော့ဘူး ’’


အန်းချင်ယု ထိတ်လန့်သွားသည်။


‘‘အဲ့ဒီအချိန်တုန်းက မင်းကငါ့အပေါ်ကြင်နာတယ်လို့ အမြဲတမ်းတွေးနေခဲ့တာ ပြီးတော့မင်းဗိုက်ထဲမှာ ငါ့ကလေးကိုလည်း လွယ်ထားရတယ်လေ၊ သေချာပေါက်မင်းကိုပါ ငါနဲ့အတူအပျက်စီးခံမှာ မဟုတ်ဘူး ၊ဒါက အဲ့ဒီအချိန်တုန်းက တွေးခဲ့တာပါ။

တကယ်တော့ ငါမင်းကိုလက်မထပ်ချင်ဘူး ၊ဒါပေမယ့် ငါတို့ရဲ့အရင်တုန်းကဆက်ဆံရေးကိုကြည့်ပြီးတော့ မင်းကလည်း နူးညံ့နေပြီး သနားစရာကောင်းနေတာကိုမြင်လိုက်ရလို့ ငါမင်းကိုလက်ထပ်ပြီးတော့ ဝမ်မိသားစုထဲကို ပေးဝင်စေချင်ခဲ့တာ ’’

ဝမ်ရိရန်အသံက နူးညံ့နေလေသည်။


‘‘ရိရန်。。。’’


‘‘ဒါပေမယ့် မင်းဘာလုပ်ခဲ့လဲ၊ မင်းဒီကနေထွက်သွားချင်တယ်၊ လွတ်မြောက်ချင်နေတယ်လေ။ရုတ်တရက်လိုဘဲ မင်းကိုယ်ဝန်ရှိနေပြီလို့ပြောလာတုန်းက ဘယ်လို‌ပျော်နေပြီး မျှော်လင့်နေခဲ့တာတွေကို အကုန်မေ့သွားတော့တာဘဲ။အန်းချင်ယု。。。မင်းရဲ့အခုလုပ်ရပ်တွေက မင်းမှာကလေးရှိနေတယ်ဆိုတာကော သတိရသေးရဲ့လား ၊ မင်းမျှော်လင့်နေခဲ့တဲ့ ကလေးလေ ’’


ဝမ်ရိရန်က အသက်ပြင်းပြင်းရှူလိုက်လေသည်

‘‘ငါမင်းကို တခုလောက်မေးချင်တယ်။ငါနဲ့ချီကျန်းကျန်း လက်ထပ်ဖို့ကတိရှိနေခဲ့တုန်းက မင်းတမင်တကာဘဲ ငါ့ကိုမြူဆွယ်ခဲ့တာလား ။မင်းက ဝမ်မိသားစုထဲဝင်ချင်လို့ ငါ့ကိုလက်ထပ်ဖို့လုပ်ခဲ့တာလား ငါ့ကိုကြိုက်လို့မဟုတ်ဘဲနဲ့လေ ’’


‘‘မဟုတ်ပါဘူး ရိရန် ငါတကယ်ကို。。。’’


‘‘မင်းကရိုးသားတယ်လို့ မင်းပြောလို့ရပါတယ်။တကယ်လို့မင်းသာ ရိုးသားရင် ငါနဲ့အတူတူအကြွေးတွေကို ခေါင်းခံပြီး ဝမ်ယွီဖိနှိပ်ထားတဲ့ အောက်မှာ ငါနဲအတူနေပေးလေ ’’

ဝမ်ရိရန်က ကြားဖြတ်ပြောလိုက်ကာ သူ့မျက်လုံးတွေက သူမကို တိုက်ရိုက်ကြည့်လာလေသည်။


အန်းချင်ယုက ရုတ်တရက်ပင် စကားပြောတာကိုရပ်လိုက်ကာ သူမနှုတ်ခမ်းတွေကို ဖိစေ့လိုက်တော့သည်။


ခနလောက်‌ရပ်သွားပြီးနောက် သူမကအော်ငိုလာကာ ပြောလာတော့သည်

‘‘ရိရန် ကျွန်မရှင့်ကိုတကယ်ချစ်တာပါ  ကျွန်မကြောက်တယ်၊ ကျွန်မကြောက်တာက ဝမ်ယွီက အနာဂတ်မှာ ကျွန်မတို့ကို ဖိနှိပ်လာမှာကိုဘဲ။ကျွန်မ‌ဗိုက်ထဲမှာ ကလေးတစ်ယောက်ကို လွယ်ထားရတုန်းဘဲလေ ။ကျွန်မက အမြဲတမ်းကျွန်မ‌တို့ကလေးအတွက်ဘဲ စဉ်းစားနေတာပါ ရိရန်。。。’’


ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူမကကွာရှင်းပြီးတော့ ဝမ်မိသားစုကနေ ထွက်သွားချင်ပေသည်။


ဝမ်ရိရန်က ရုတ်တရက်ပင်ရီလိုက်တော့သည်

‘‘ဟားဟားဟား ငါကတကယ့်ကိုအရူးဘဲ၊ အရင်တုန်းက မင်းငါ့အပေါ်ကို ကြင်နာခဲ့တယ်လို့ ဘယ်လိုများတွေးခဲ့မိတာလဲ။ဟားဟားဟားး အန်းချင်ယု ငါကမင်းအတွက်နဲ့ ချီကျန်းကျန်းကို သစ္စာဖောက်ခဲ့တာ’’


‘‘ချီကျန်းကျန်းဘဲလား ဝမ်ရိရန် ရှင်ကတကယ်ဘဲ ချီကျန်းကျန်းကို သဘောကျနေတာဘဲ ။အိပ်မက်မက်နေလိုက် သူ့မှာက ဝမ်ယွီရှိနေပြီ ဘယ်လိုလုပ်ပြီးရှင့်ကို ပြန်ကြည့်လာမှာလဲ ’’

အန်းချင်ယုမျက်နှာက မျက်ရည်တွေနဲ့ ပြည့်လာပြီး အံကြိတ်ကာပြောလာတော့သည်။


ဝမ်ရိရန်က မပီမပြင်ပြောလာလေသည်

‘‘ဟုတ်တယ် သူ့မှာဝမ်ယွီရှိပြီးသား 。。。’’


သူက ရုတ်တရက်အန်းချင်ယုကို ကြည့်လာကာ သူ့မျက်လုံးတွေက ရေခဲလိုအေးစက်နေလေသည်

‘‘မင်းဘက်ကစပြီး ငါ့ကိုမြူဆွယ်ခဲ့တာ၊ အခုငါ သေလုနီးပါး အခက်အခဲကိုကြုံနေရတဲ့အချိန်မှ မင်းကငါ့ကိုစွန့်ပစ်သွားမလို့လား။ငါမင်းကို လက်လွှတ်ပေးဖို့ ဆန္ဒရှိခဲ့ပေမယ့် အခုတော့ ငါစိတ်ပြောင်းသွားပြီ ငါသေချာပေါက် မင်းကိုကွာရှင်းပေးမှာ မဟုတ်ဘူး’’


‘‘ဝမ်ရိရန် ’’ အန်းချင်ယုက အော်ဟစ်လာတော့သည်။


ဝမ်ရိရန်မျက်နှာက အမူအရာကင်းမဲ့နေကာ သူမကိုစိတ်မဝင်စားတဲ့ ပုံစံဖြင့်ကြည့်လာတော့သည်။


အန်းချင်ယုက ရုတ်တရက်ဘဲတုန်ရီသွားကာ သူမလက်မောင်းတွေကို ပွတ်သပ်လိုက်တော့သည်။


အခုချိန်မှာမှ သူမ မှားယွင်းနေတာတွေအများကြီး လုပ်ခဲ့မိတယ်ဆိုတာကို ရုတ်တရက်သတိရသွားတော့သည် ။သူမက ဝမ်မိသားစုဒေဝါလီခံလိုက်ရတာကို ရုတ်တရက်ကြုံလိုက်ရတာကြောင့် ကိုယ့်ကိုကိုယ်မထိန်းနိုင်တော့ဘဲ စိတ်လွတ်သွားကာ အမှားတွေအများကြီးကို လုပ်မိသွားလေသည် ။


သူမရဲ့ လုပ်ဆောင်မှုတွေက ဝမ်မိသားစုကနေ ထွက်ခွာရအောင် လုပ်လိုက်ရုံသာမက ဝမ်ရိရန်ကလည်း သူမရဲ့ပုံစံအစစ်အမှန်ကို တွေ့သွားလေသည်။သူက သူမအတွက် ဘာခံစားချက်မှ ရှိမနေတော့ဘဲ ပိုပြီးတောင် မုန်းတီးလာတာကြောင့် သူမကိုထွက်သွားခွင့် မပေးလာတော့ပေ။


အန်းချင်ယုက ပိုပိုပြီးတောင် တုန်လှုပ်လာတော့သည်။


တရားရုံးက မကြာခင်မှာဘဲ ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းလာတော့မည်ဖြစ်သည်။ကုမ္ပဏီက ဒေဝါလီခံလိုက်ရပြီးနောက် သူတို့က အကြွေးတွေကိုဖြေရှင်းဖို့မဖြစ်နိုင်ပေ။ဝမ်မိသားစုက သယ်ပိုးထားရသည့် အကြွေးတွေက အများကြီးဖြစ်သည်


သူတို့တွေက ကျန်းယဲ့ပေါ်တွင် အကြွေးကြီးကြီးမားမားတင်နေကာ အခြားလူများပေါ်တွင်လည်း အကြွေးတင်နေသေးပေသည်။


ဒီလူတွေက နေ့တိုင်းလိုလိုပင် ပြသနာရှာဖို့ ဝမ်အိမ်ကိုရောက်လာခဲ့ကြကာ အိမ်က ပိတ်သိမ်းခံလိုက်ရပြီဖြစ်သည်။ဝမ်ရိရန်က အံကြိတ်ကာ အားတင်းရင်းနဲ့ဘဲ သူ့မိသားစုကို အိမ်အသေးလေးဆီသို့ ပြောင်းလာတော့သည်။ဒါပေမယ့် အကြွေးရှင်တွေက သူတို့ကိုအလွတ်မပေးလာတာကြောင့် နေ့ရက်တွေက အခုထိမတည်ငြိမ်သေးပေ။


ဝမ်ကျင်စန်းက သူမသန်မစွမ်းဖြစ်သွားတာကိုရော ဝမ်မိသားစုဒေဝါလီခံလိုက်ရတာကိုပါ လက်မခံနိုင်ပေ။ဒါကြောင့် သူကနေ့တိုင်းလိုလိုပင် ဆူပူညည်းညူနေပေမယ့် သူကပြန်ထူထောင်လာဖို့ကို လက်လျော့လိုက်ဖို့မဖြစ်နိုင်ပေ။


‌‌‌ဒါပေမယ့်သူက မတ်တပ်တောင်မရပ်နိုင်တာ ဘာများလုပ်နိုင်ပါ့မလဲ


ချီကျန်းကျန်းက တမင်တကာကို ဝမ်မိသားစုရဲ့အကြောင်းတွေကို မရှာဖွေခဲ့ပေမယ့်လည်းသတင်းချန်နယ်အမျိုးမျိုးကနေတော့ သတင်းတွေကိုကြားနေရလေသည်။


-သူမကိုစကားလာပြောချင်နေတဲ့သူတွေရော၊ သူမကိုမျက်နှာချိုသွေးချင်နေတဲ့လူတွေကလည်း အများအပြားပင်ရှိနေလေသည်။


သူမက ရီဘဲရီချင်နေတာက ဝမ်ယွီရဲ့သရုပ်မှန်ပေါ်လာတာကြောင့်ဖြစ်သည်။ဝမ်ယွီကို မျက်နှာချိုသွေးလို့မရနိုင်လို့ သူမကို မျက်နှာချိုသွေးလာကြပေသည် ။


ဖုန်းမြည်လာသောကြောင့်..သူမဖုန်းကိုယူလိုက်ပြီး တချက်ကြည့်လိုက်တဲ့အခါ နည်းနည်းအံ့ဩသွားလေသည်။


အံ့အားသင့်စရာကောင်းလောက်အောင်ကို ဖုန်းခေါ်လာတာက ဝမ်စီစီဖြစ်နေလေသည်။