Part 136
ဝမ်မိသားစုက ဒေဝါလီခံလိုက်ရမှတော့ ဝမ်စီစီရဲ့အဖေလည်း အတူတူပင်ဖြစ်လေသည်။
အဆုံးမှာတော့ သူတို့က ဝမ်မိသားစုထက် အနည်းငယ်ပိုသက်သာပေသည်။အနည်းဆုံးတော့ သူတို့တွေက အကြွေးနွံထဲမနစ်ဘဲ မြို့ထဲမှာဆက်နေနိုင်သေးပေသည်။ဒါပေမယ့် နောက်တကြိမ်ထပ်ပြီး ကြီးပွားတိုးတက်လာဖို့က ခက်ခဲလိမ့်ပေမည်။
ဝမ်စီစီရဲ့ နေ့ရက်တွေက ရေငုပ်နေသလိုပင်ဖြစ်ပေသည်။
ချီကျန်းကျန်းက ဝမ်စီစီကိုဘယ်တော့မှ မဆက်သွယ်ခဲ့သလို တဖက်လူကလည်း မဆက်သွယ်လာခဲ့ချေ။
ဝမ်ယွီရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးအပြစ်ရှိတယ်လို့ တခါမှမခံစားခဲ့ဖူးပေမယ့် ဝမ်စီစီက အခြေအနေဆိုးထဲတွင်ရှိနေလေသည်။သူမကသွားပြီးတော့ ငါတို့ကသူငယ်ချင်းကောင်းတွေလေ၊ လက်တွဲပြီး ရင်ဆိုင်ကြစို့လို့ ပြောလို့လည်းမရပေ။
လူကြီးတွေရဲ့ စကားလုံးတွေက ကလေးတွေလောက်မရိုးရှင်းပေ။တကယ်လို့သူမသာ ဝမ်ယွီဘက်မှာနေမယ်ဆိုရင် ဝမ်စီစီနဲ့အရင်တုန်းက နေ့ရက်တွေကို ပြန်သွားလို့မရနိုင်တော့ပေ။
ဒါပေမယ့် ချီကျန်းကျန်းက ဖုန်းကိုင်လိုက်ဆဲဖြစ်ကာ သူမအသံက အမြဲတမ်းလိုပင် နူးညံ့နေလေသည်
‘‘စီစီ ’’
‘‘ငါနင်နဲ့ ခနလောက်တွေ့ချင်လို့ ရမလား ’’
ဖုန်းရဲ့တဖက်တွင် ဝမ်စီစီရဲ့အသံက အက်ရှနေလေသည်။
‘‘ကောင်းပြီလေ ’’
ချီကျန်းကျန်းက ဘာမှမတွေဝေနေဘဲ သဘောတူ လိုက်လေသည်။
သူမလည်း တကယ်ပင် ဝမ်စီစီကိုတကြိမ်လောက်ထပ်တွေ့ချင်နေတာဖြစ်သည်။
သူတို့နှစ်ယောက်က နိုက်ကလပ်မှာတွေ့ဖို့ ချိန်းလိုက်ကြလေသည်
‘‘မင်းတကယ်သွားတွေ့မလို့လား ၊ကိုယ်စိတ်မချသလိုခံစားနေရတယ် ’’
ဝမ်ယွီက ပြောလာလေသည်။
ချီကျန်းကျန်းက ပြုံးပြလိုက်လေသည်
‘‘စိတ်မပူပါနဲ့ ကျွန်မဝမ်စီစီကိုသိတယ်။ သူက ကျွန်မထိခိုက်အောင်လုပ်မှာမဟုတ်ဘူး သူနဲ့ကျွန်မက သူငယ်ချင်းတွေဆိုတော့ တွေ့ဖို့လိုတယ်လေ ’’
ဝမ်ယွီက တိတ်ဆိတ်နေလေသည်။ချီကျန်းကျန်းက ဝမ်စီစီကို စိတ်ချနေပေမယ့် သူကတော့စိတ်မချပေ။
အဲ့အကြောင်းကို တွေးလိုက်ပြီးနောက် သူက ပြောလိုက်တော့သည်
‘‘ကိုယ်မင်းကို လူနှစ်ယောက်ထည့်ပေးလိုက်မယ် ’’
‘‘ဟုတ်ပါပြီ ’’ ချီကျန်းကျန်းက ရီလိုက်ပေမယ့် သူပြောတာကိုနားထောင်လိုက်လေသည်။
ဝမ်ယွီက သူမကို ဝမ်စီစီနဲ့သွားမတွေ့စေချင်ဘူးဆိုတာ သူမသိပေသည်။ဒါပေမယ့် သူမသွားမှဖြစ်မယ်ဆိုတာ သူသိသောကြောင့် မတားလာခဲ့ပေ။သူမ မထိခိုက်အောင်လို့ ဘော်ဒီဂတ်နှစ်ယောက်ခေါ်သွားဖို့သာ ပြောလာလေသည်။
ဒါကြောင့် ချီကျန်းကျန်းအပြင်ထွက်လာသည့်အခါသူမနောက်မှ ဘော်ဒီဂတ်နှစ်ယောက်ပါလာခဲ့လေသည်။
ရင်းနှီးနေတဲ့ နိုက်ကလပ်ဆီကို သူမရောက်လာတဲ့အခါမှာတော့ ဝမ်စီစီကရောက်နေပြီဖြစ်ကာ ထောင့်တွင်ထိုင်ပြီး အရက်သောက်ကာ သူမရဲ့ဝမ်းနည်းမှုတွေကိုမျောချနေတော့သည်။
စားပွဲပေါ်မှ အရက်ပုလင်းခွံတွေကိုကြည့်လိုက်ရုံနဲ့တင် သူမက အတော်လေးသောက်ထားတယ်ဆိုတာကို ပြောနိုင်ပေသည် ။
ချီကျန်းကျန်းက သက်ပြင်းချလိုက်ပြီး လျှောက်လာကာ သူမနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်တော့သည်
‘‘ငါကသိပ်မသောက်နိုင်ဘူးနော် ၊တပုလင်းလောက်ဘဲ ထည့်ပေး ဒါပေမယ့်နင့်ကို ငါအဖော်ပြုပြီးမသောက်နိုင်တော့ နင်လည်း လျှော့သောက်သင့်
တယ် ’’
ဝမ်စီစီက သူမကိုမော့ကြည့်လိုက်ပြီး ချီကျန်းကျန်းခေါ်လာခဲ့တဲ့ ဘော်ဒီဂတ်တွေက တံခါးနားမှာရပ်နေကြတာကို တွေ့လိုက်ရလေသည်။သူတို့က တချိန်လုံး သူမတို့ကို အာရုံစိုက်နေကာ အရမ်းကိုတာဝန်ကျေပွန်နေကြပေသည်။
သူမကိုယ်သူမ ရယ်လိုက်မိတော့သည်
‘‘နင့်ကိုယ်နင် ငါနဲ့ဆိုစိတ်မချဘူးလား။ ငါကနင့်ကိုထိခိုက်အောင်လုပ်လာမှာကို ကြောက်နေတာလား ဒါမှမဟုတ် ပြန်ပေးဆွဲမှာကြောက်နေလို့လား ’’
ချီကျန်းကျန်းက ခေါင်းခါလိုက်ကာ အလေးအနက်ပြောလာတော့သည်
‘‘နင်ကငါ့ကို ထိခိုက်အောင် မလုပ်ဘူးဆိုတာငါသိပြီးသားပါ၊သူတို့တွေက ဝမ်ယွီစိတ်ချလက်ချနေနိုင်အောင်လို့ပါ ။ဝမ်မိသားစုက ဒီလိုအခြေအနေကို ရောက်လာမှတော့ သူတို့ကိုသူတို့ လက်မခံနိုင်ဘဲ ငါ့ကိုပါအတူဆွဲချသွားရင် ဘယ်လိုလုပ်မလဲ ’’
‘‘နင်ကတော့လေ တကယ်ပါဘဲ’’
ဝမ်စီစီက နှာခေါင်းရှုံ့လိုက်တော့သည်။
‘‘ငါက အမြဲတမ်းဒီလိုဘဲမဟုတ်ဘူးလား ’’
ချီကျန်းကျန်းက ပြုံးကာပြောလာတော့သည်။
ဝမ်စီစီက သောက်နေရင်းနဲ့ပြောလာလေသည်
‘‘ဟုတ်ပါတယ်၊ နင်ကအမြဲတမ်းဒီလိုမျိုးပါဘဲ ဘယ်တော့မှမပြောင်းလဲသွားဘူး 。。。မဟုတ်ဘူး ငါပြောချင်တာက နင်အက်စီးဒန့်ဖြစ်သွားပြီးကတည်းက ဘယ်တော့မှမပြောင်းလဲလာတော့ဘူး။
ချီကျန်းကျန်း。。。အာ တခါတလေကျတော့လည်း နင့်ကိုမနာလိုဖြစ်မိတယ် ။နင်ကချီမိသားစုကို စွန့်ပစ်နိုင်တယ်လို့တောင်ပြောလို့ရတယ်၊ ကျိုးကြောင်းမစဉ်းစားဘူး ၊ပူပန်ကြောင့်ကြကင်းတယ် ’’
ချီကျန်းကျန်းက ဘာမှမပြောလိုက်ပေ။
သူမနဲ့ ချီမိသားစုကြားက ဆက်ဆံရေး ဝမ်စီစီနဲ့ဝမ်မိသားစုရဲ့ဆက်ဆံရေးလိုမဟုတ်ပေ။
အဆုံးမှာတော့ သူမက မူလကိုယ်ပိုင်ရှင်မဟုတ်တော့ဘူးလေ၊ သူမမှာ ချီမိသားစုအတွက် ခံစားချက်နက်နက်ရှိုင်းရှိုင်းမရှိပေ။သူမက စိတ်ဒဏ်ရာရသွားပြီး မနေချင်တော့တာကြောင့် သဘာဝကျကျဘဲ ယုံကြည်ချက်ရှိရှိ ထွက်လာခဲ့တာဖြစ်သည်။
ဝမ်စီစီက ဆက်သောက်နေကာ လှောင်ပြောလာတော့သည်
‘‘ဝမ်ယွီနဲ့ငါက ဘာရန်ငြိုးမှမရှိခဲ့ဘူး။ဒါပေမယ့် သူကဝမ်မိသားစုကို ဖျက်စီးလာတော့ ဝမ်မိသားစုရဲ့ရန်သူဖြစ်သွားပြီ။အခုငါတို့ကြားမှာ ရန်ငြိုးရှိသွားပြီ။ပြီးတော့ နင်က သိသိသာသာကို ဝမ်ယွီဘက်မှာရှိနေတာဘဲ၊ အဲ့လိုမှမဟုတ်ရင် ဘာသတင်းမှထွက်လာမှာမဟုတ်ဘဲ ချီမိသားစုတောင် ပါဝင်ပတ်သက်သွားနိုင်တယ် ’’
‘‘ဟုတ်တယ်၊ ဝမ်ယွီက ငါ့အပေါ်သစ္စာမဖောက်သရွေ့ ငါကအမြဲတမ်းသူ့ဘက်မှာရှိနေမှာ ’’
ချီကျန်းကျန်းက တည်တည်ငြိမ်ငြိမ်ဘဲပြောလိုက်လေသည်။
‘‘ဒါဆိုရင် ငါတို့ကသူငယ်ချင်းတွေ ဆက်မဖြစ်နိုင်တော့ဘူး。。。。’’
ဝမ်စီစီက စကားသံတိုးတိုးနှင့် ပြောလာတော့သည်။
ချီကျန်းကျန်းက သက်ပြင်းချလိုက်လေသည်
‘‘စီစီ နင်ငါ့ကိုကူညီဖို့ လက်တဖက်ကမ်းလာခဲ့ကတည်းကအခုထိ နင်ကိုငါ့သူငယ်ချင်းအဖြစ် ငါမှတ်ယူထားတုန်းပါဘဲ၊ တကယ်လို့နင်သာ အကူအညီလိုရင် ငါနင့်ကိုကူညီနိုင်တယ် ’’
‘‘နင်ကငါ့ကို ကူညီဖို့လား၊ မလိုပါဘူး ’’
ဝမ်စီစီက လက်ရမ်းလိုက်တော့သည်။
ချီကျန်းကျန်း :‘‘နင့်ဆီမှာ ကိစ္စတခုခုဖြစ်လာလို့လား၊အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ်ပြီးနင်က ဒီလိုပုံစံဖြစ်နေမှာလဲ ’’
သူမက ဝမ်စီစီအကြောင်းကိုသိပေသည်။ဒီနေ့မှာ သူမရဲ့အပြုအမူတွေက သူမမှာ ပြသနာတခုခုရှိနေတယ်ပဆိုတာကို ဖော်ပြနေလေသည်။
ဝမ်စီစီက ပြောတာရပ်သွားလေသည်၊ သူမအရက်သောက်နေတာတောင် ရပ်သွားတော့သည်။
‘‘စီစီ ဝမ်မိသားစုက နင့်ကိုတခုခုလုပ်ဖို့ ပြောလာလို့လား ၊ဒါမှမဟုတ်သူတို့က ဝမ်မိသားစုရဲ့ကျေးဇူးကို အခြားနည်းလမ်းတခုခုနဲ့ ပြန်ဆပ်လာဖို့ ပြောနေလို့လား ’’
ချီကျန်းကျန်းက မေးလာလေသည်။
ဝမ်စီစီက ဘာမှပြန်မပြောလာပေ။
အချိန်အကြာကြီး ကြာသွားပြီးနောက်မှသာ သူမကချီကျန်းကျန်းကို မော့ကြည့်လာတော့သည်။
အခြားတဖက်တွင်တော့ ချီကျန်းကျန်းက အရင်အတိုင်းပင်ဖြစ်သည်။ရွှေရောင်တလက်လက်တောက်ပနေတဲ့ စက္ကူတွေကြားက နိုက်ကလပ်ထဲမှာဆိုရင်တောင် ၊ ရောင်စုံမီးလုံးတွေကြားထဲမှာတောင် သူမကစိတ်မဝင်စားဟန်ပြနေကာ ကြည်လင်နေလေသည်။အခြားသူများကို ဂရုမစိုက်နေဘဲ ဖုန်မှုန့်များစွန်းထင်းမနေသလိုပင်ဖြစ်ပေသည်။
(T/n:'ရွှေရောင်တလက်လက်တောက်ပနေတဲ့ စက္ကူ' ဆိုတာက စည်းစိမ်ဥစ္စာတွေကို ဇိမ်ခံပျော်မွေ့နေတာမျိုးကို ရည်ညွှန်းတဲ့ စကားပုံပါ
'ဖုန်မှုန့်များ မစွန်းထင်သလိုပင်' ဆိုတာက တကိုယ်ကောင်းမဆန်ဘဲ ဘယ်လိုမှ မဖျက်ဆီးနိုင်တာမျိုးကို ပြောချင်တဲ့စကားပုံပါ )
ချီကျန်းကျန်းက အမြဲတမ်းတူညီတဲ့ ချီကျန်းကျန်းဘဲဖြစ်နေမှာဖြစ်သည်။
ဝမ်စီစီ ရုတ်တရက်ငိုလာကာ ငိုရင်းနဲ့ပြောပြလာတော့သည်။
‘‘ဟုတ်တယ်၊ငါ့ဦးလေးက လူတယောက်နဲ့လက်ထပ်ဖို့ပြောလာတယ်၊ သူက ဝမ်မိသားစုကိုကူညီပေးဖို့ ဆန္ဒရှိတယ်လို့ပြောတယ်တဲ့။အဲ့ဒီလူက အရမ်းအသက်ကြီးနေပြီ၊ သူ့မိသားစုက ကလေးတွေတောင် ငါ့ထက်အသက်ကြီးနေသေးတယ်။ငါ့အဖေကလည်း အန်ကယ်ကူညီတာကိုလက်ခံထားရတော့ ဘာမှမပြောလာဘူး ငါကိုဝမ်မိသားစုကပြုစုပျိုးထောင်လာခဲ့လို့ နှစ်တွေအကြာကြီး ငါ့ဘဝကဖြောင့်ဖြူးနေခဲ့တာ။အခုဟာက ဝမ်မိသားစုရဲ့နောက်ဆုံးမျှော်လင့်ချက်ဘဲ。。。’’
သူမအဖေက သူ့အကိုဝမ်ကျင်စန်း စိတ်အားငယ်နေတာကြောင့် နာကျင်နေတာကို သူမမြင်နေရပေသည်။ဒါက ဝမ်မိသားစုအတွက် နောက်ဆုံးသော မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်နေလိမ့်မည်။သူက သူ့သမီးအရင်းကို အသုံးချပြီး ဝမ်မိသားစုကိုဒီအခြေအနေကနေ ဆွဲထုတ်လိုက်အောင်လုပ်လိုက်သင့်လား。。。
ဒါ့အပြင် အဲ့ဒီမိသားစုက ချမ်းသာသောမိသားစုတစ်ခုဖြစ်သည်။ဖြစ်နိုင်တာက ဒီကိစ္စတွေအားလုံးပြီးသွားခဲ့ရင်တောင် သူမကကောင်းကောင်းမွန်မွန်ဆက်နေနိုင်အုံးမှာပါ。。。
အဖက်ဖက်မှ စဉ်းစားလိုက်ပြီးနောက် အဆုံးမှာတော့ ဒုတိယဝမ်မိသားစုက ဘာမှမပြောလာဘဲ မကန့်ကွက်လာတော့ပေ။
သူမပြောတာကိုနားထောင်လိုက်ရပြီးနောက် အသက်ပြင်းပြင်းရှူလိုက်မိတော့သည်။သေချာပေါက်ပင် ကံတရားက မူလလမ်းကြောင်းအတိုင်းရှိနေတုန်းပင်ဖြစ်သည်။
သူမရဲ့ရောက်ရှိလာမှုကြောင့် ဒီကမ္ဘာပေါ်က အရာအများစုက မမှတ်မိနိုင်ဖြစ်သွားခဲ့ပေမယ့် တချို့အရာတွေကတော့ မူလလမ်းကြောင်းအတိုင်းရှိနေသေးပေသည်။
ပြောရမယ်ဆိုရင်。。。
အခြေခံဦးတည်ချက်က မပြောင်းလဲသွားပေ။
xxxxxx