Part 137
မူလဇာတ်ကြောင်းတွင် ဝမ်စီစီသည် ထိုလူအိုကြီးနှင့်လက်ထပ်ခဲ့ရပြီး ထိုလူ၏အိမ်တွင်းအကြမ်းဖက်မှုများကြောင့် သူမ၏ဘဝမှာ သေသည်ထက်ပို၍ဆိုးဝါးခဲ့ရလေသည်။
ဝမ်မိသားစု၏အကျိုးအတွက်လက်ထပ်ပေးလိုက်ရခြင်းသည် သူမဘဝအဖြစ်ဆိုး၏အစဟူ၍ ဆိုနိုင်ပေသည်။
ချီကျန်းကျန်း သက်ပြင်းချလိုက်ကာ လက်ကိုဆန့်၍ ဝိုင်တစ်ခွက်ထည့်လိုက်လေသည်။ သူမမော့ချလိုက်ပြီးနောက် ခွက်အားချအာ နူးညံ့စွာပြောလာခဲ့သည်
" စီစီ အဲ့ဒါကအကျိုးမရှိဘူး…ဝမ်မိသားစုကဒီလိုဖြစ်နေတဲ့အခြေအနေက တစ်ယောက်ယောက်က တကယ်ကူညီနိုင်မယ်လို့ နင်ထင်နေတာလား…နင့်ကိုအဲ့လူကိုဝမ်မိသားစုအနာဂတ်ရဲ့အလဲအလှယ်အနေနဲ့ လက်ထပ်ပေးလိုက်တယ်ဆိုတာ ဝမ်ကျင်စန်းစိတ်ကူးယဉ်နေတဲ့ကိစ္စပဲ…"
ဝမ်ယွီသည် ဝမ်မိသားစုအား မည်ကဲ့သို့ ပြန်ထလာနိုင်အောင်ထားမည်နည်း…
မည်သူကများ ဝမ်မိသားစုထံမှ မည်သည့်အရာမှမတောင်းဆိုပဲနှင့် ကူညီပေးနိုင်မည်နည်း…
ထို့အတူ မူရင်းဇာတ်ကြောင်းတွင်လည်း ဝမ်စီစီလက်ထပ်ပြီးနောက် ဝမ်မိသားစုတွင် မည်သည့်အရာမှဖြစ်မလာခဲ့ပါ။ ဝမ်မိသားစုသည် နိမ့်ကျနေဆဲဖြစ်ပြီး သူမဘဝအဆုံးသတ်သွားရသည်သာ အဖတ်တင်ခဲ့သည်။
မည်သည့်အရာမှမရှိတော့သော ဝမ်စီစီသည် ထိုကဲ့သို့အင်အားကြီးသောလူအား မည်ကဲ့သို့ပြန်လည်တိုက်ခိုက်နိုင်ပါမည်နည်း။ သူမထွက်သွားချင်ခဲ့လျှင်ပင် သူမမလုပ်နိုင်ခဲ့ပေ။
ဝမ်စီစီခဏတာ ရပ်တန့်သွားပြီး ကြက်သေသေကာ စားပွဲပေါ်ရှိဝိုင်ခွက်အားကြည့်နေလေသည်။
ထိုအချိန်တွင် မနီးမဝေးမှ သူမတို့နှစ်ဦးအား စောင့်ကြည့်နေသော လူတစ်ချို့ရောက်လာခဲ့သည်။
" ချီကျန်းကျန်း…" တစုံတယောက်၏အသံမှာ သတိနှင့်မေးမြန်းနေခဲ့ပုံပေါ်နေ၏။
ချီကျန်းကျန်း သူမ၏ခေါင်းအားမော့ကာကြည့်လိုက်လေသည်။
ထိုလူသည် ချက်ချင်းဆိုသလို ရောက်ချလာပြီး ပြုံးလိုက်ကာ " အိုးး တကယ်ပဲ အမကျန်းကျန်းပဲ ကျွန်တော်က လိရန်ရန်လေ မှတ်မိရဲ့လား… ကျွန်တော်တို့ အရင်ကအကြိမ်တော်တော်များများဆုံခဲ့ဖူးကြသေးတယ် နောက်ဆုံးတစ်ခေါက်က ကျန်းယဲ့ရဲ့ကြိုဆိုပွဲမှာလေ…"
ချီကျန်းကျန်းသည် မပြုံးပြမိခင် အချိန်အတန်ကြာ ကြောင်အသွားကာ " အိုး ကျွန်မမှတ်မိပြီ…"
ငါ့ဖင်ကြီးကိုပဲမှတ်မိ…..
ထိုအရာမှာ ရင်းနှီးနေသော မျက်နှာဖြစ်သောလည်း မည်သည်အတိအကျဖြစ်သည်အား သူမမမှတ်မိနိုင်သေးချေ။
သူမအား ပွဲအချို့တွင်ဆုံတွေ့ခဲ့သော်လည်း သူမသေချာပေါက်ပင်မမှတ်မိနိုင်ခဲ့ပေ။ အနည်းဆုံးတော့ ထိုအချိန်၌ ထိုလူသည် သူမအားအထင်သေးခဲ့ကြသောကြောင့် သူမလည်း သူတို့နှင့်အဆက်အဆံမလုပ်ခဲ့ချေ။
လိရန်ရန်စကားပြောနေခြင်းအား မြင်ကြပြီးနောက် လူအချို့ ထပ်မံရောက်ရှိလာကာ ဝိုင်ခွက်များအား ကိုင်၍…
" မမလေးချီ ကျွန်တော်က ဝမ်ကောင်းမင်ပါ အရင်ကဆုံခဲ့ဖူးတယ်လေ… မင်းလဲဒီမှာလာသောက်တာလား… အာ လာပါအတူတူပျော်ကြရအောင်…"
" ဟုတ်တယ် ဒီနေ့က ကျွန်တော်ရှင်းမှာလေ… ကျန်းကျန်း လာခဲ့နော်…"
" မမလေးချီ ကျွန်တော်က ချီကျီပါ မင်းကျွန်တော့်ကိုတော့ သိသေးတယ်မလားဟင်…"
ချီကျန်းကျန်းသည် အပြုံးမပျက်ရှိနေခဲ့သော်လည်း သူမ၏မျက်ခုံးများတွန့်ကွေးကာ သူမအသံမှာ အနည်းငယ်စိမ်းသက်နေခဲ့သည် " မင်းတို့ရဲ့ ဧည့်ဝတ်ကျေမှူကို ကျေးဇူးတင်ပါတယ်နော်… ဒါပေမယ့် ကျွန်မနဲ့စီစီတို့က ပြောစရာလေးနည်းနည်းရှိနေလို့ မလာတော့ပါဘူး…"
လူများသည် ဝမ်စီစီအား ကြည့်လိုက်ကာ မထီမဲ့မြင်မှုများက သူတို့၏မျက်လုံးတွင်ပေါ်လာပြီး ထွက်လာခဲ့ကြတော့သည်။
" ကောင်းပါပြီ အဲ့ဒါဆိုလဲ နောက်တစ်ခေါက်ပေါ့…"
" အမကျန်းကျန်း ကျွန်တော်တို့အချင်းချင်းဆက်သွယ်ဖို့တောင်မရှိသေးဘူး ဒါကကျွန်တော့်
ရဲ့ဖုန်းနံပါတ်ပါ…"
" ကျန်းကျန်း ဒါကကျွန်တော့ဖုန်းနံပါတ်ပါ နောက်ကျအဆက်အသွယ်လုပ်ကြတာပေါ့ "
" မင်းတို့တွေကြိုက်သလောက်သာသောက်ကြနော်…ကျွန်တော်ရှင်းမယ်ပြောပြီးသားပဲ အဲ့ဒါကိုကျွန်တော့် အကောင့်ထဲပြောင်းထည့်လိုက်…"
ချီကျန်းကျန်းသည် ယဉ်ကျေးစွာဆက်ဆံနေခဲ့သော်လည်း သူမ၏မျက်လုံးမှာအေးစက်နေလေသည်။ အနီးသို့ကပ်ကြည့်မည်ဆိုလျှင် သူမမျက်လုံးထဲ၌ စိတ်မရှည်မှုများအားတွေ့နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူအုပ်ကြီးမှာ ပြုံးကာ လူစုခွဲလိုက်ကြလေသည်။ သူတို့သည် အလွန်ပါးနပ်ကြ၏။
လူများထွက်သွားပြီးနောက် ဝမ်စီစီရုတ်တရက်နှာခေါင်းရှုံလိုက်ကာ " လိရန်ရန်က အရင်တုန်းက ငါ့ကိုကျေနပ်အောင်လုပ်ပေးဖို့ လေးပုလင်းတောင်သောက်ပြီး ငါ့အိတ်ပါသယ်ပေးခဲ့တာ..ချီကျီကတော့ နင်သူ့ကိုမြင်ဖူးလိမ့်မယ် သူကငါ့မွေးနေ့တုန်းကလာတယ်လေ အန်းချင်ယုနဲ့အတူတူရှိနေတဲ့တယောက်.. သူကနင့်မကောင်းကြောင်းတွေအများကြီးပြောခဲ့သေးတာ…အဲ့နေ့တုန်းကတော့ သူတို့တွေက ငါ့ကိုရယ်မောပြီး ချီးမွမ်းနေကြတာ ဒီနေ့ကြ သူတို့က နင့်ကို တပုံစံထဲတူတဲ့အပြောတွေနဲ့ ချီးမွမ်းနေကြတော့တာပဲ…"
အချိန်သည် ပြောင်းလဲသွားခဲ့၏။ ထိုအချိန်တုန်းကတော့ သူမသည် အလွန်မောက်မာခဲ့ကာ သူတို့သည် သူမအားချော့မော့ကာ အလိုလိုက်ခဲ့ကြသည်။
ထိုလူများက သူမအား အထင်သေးကာ လှောင်ပြောင်ကြရန် အချိန်အကြာကြီးမယူလိုက်ကြချေ။
ချီကျန်းကျန်းခေါင်းငြိမ့်လိုက်ပြီး " သူတို့တွေက လေတိုက်တဲ့နေရာကိုပဲလိုက်တဲ့လူတွေဆိုတာ ငါသိပါတယ်…အခုငါကနင်နဲ့ဆန့်ကျင်ဘက်မှာထိုင်နေတာလေ သူတို့နဲ့မဟုတ်ပဲ…"
ထိုအချိန်၌ သူမသာ ထိုလူများနှင့် အတူကစားခဲ့လျှင် သူတို့သည် သူမအား ဝမ်စီစီကိုဆက်ဆံသည့်ပုံစံဖြင့် ဆက်ဆံကြမည်သာဖြစ်သည်။သူတို့သည် သူမအနီးတွင်ကြယ်များကဲ့သို့စုဝေးနေကြမည်ဖြစ်သည်။
(t:n / all the stars cup themselves around the moon - ကြယ်များသည် လ၏အနီးတွင်ဝန်းရံနေကြသည်ဆိုသည်မှာ idiom တစ်ခုဖြစ်ပြီး ခေါင်းဆောင်သို့မဟုတ် လူအများချစ်ခင်ရသည့်လူတစ်ယောက်၏ဘေး၌ လူများစွာဝန်းရံနေသည်ကိုဆိုလိုခြင်းဖြစ်သည်)
ဝမ်စီစီသည် အံ့ဩသွားခဲ့ပြီး ချီကျန်းကျန်းအား မျက်ရည်စများနှင့်ကြည့်လာခဲ့လေသည်။
တစ်ဖက်လူမှာလည်း သူမအားကြည့်နေခဲ့ပြီး သူမ၏မျက်ဝန်းများထဲတွင် ဖြူစင်ပြီးကြည်လင်ပြတ်သားမှုများအပြည့်ဖြစ်နေ၏။
" ဝမ်ယွီနင့်ကိုကြိုက်တာ အံ့ဩဖို့မကောင်းတော့ပါဘူး…" ဝမ်စီစီရေရွတ်ခဲ့သည်။
" နင်ဘာပြောလိုက်တာလဲ…" ချီကျန်းကျန်းမှာ သေချာမကြားလိုက်ရချေ။
ဝမ်စီစီ: " ဘာမှမဟုတ်ဘူး ငါကဆွေးနေတာ…"
" ဘာမှ ပူဆွေးမနေနဲ့…သူတို့တွေက နင့်ကိုဝမ်မိသားစုကြောင့်ချော့မော့နေခဲ့ကြတာ အခုလည်း ငါ့ကိုဝမ်ယွီကြောင့်ချော့မော့နေကြပြန်ပြီ ငါတို့ကိုယ်တိုင်ကြောင့်မဟုတ်ဘူး အဲ့မှာ သူတို့အတွက်ဆွေးနေစရာကိုမလိုတာ…" ချီကျန်းကျန်းနောက်ထပ်ဝိုင်တစ်ငုံမော့လိုက်ကာ ပေါ့ပေါ့ပါးပါးပြောလာခဲ့သည်။
" ဒါပေမယ့် အဲ့ဒါကအကျိုးတော့ရှိတယ်လေ အနည်းဆုံးတော့ သူတို့ငါတို့ကိုသောက်စရာဝယ်တိုက်နိုင်တာကို.. ဟုတ်တယ်မလား…ငါကအခုလူတွေကိုမကျွေးမွေးနိုင်တော့ဘူး နင်ငါ့ကိုမခြိမ်းခြောက်ခင် အခုငါအရင်နင့်ကိုခြိမ်းခြောက်ထားရမယ်… နင်ကအရမ်းကပ်စေးနည်းတယ်လေ သူတို့ဝယ်တိုက်ရင် ငါတို့ငွေတချို့ချွေတာလို့ရတာပေါ့…" ဝမ်စီစီမထိန်းထားနိုင်တော့ပဲ သူမ၏နှုတ်ခမ်းထောင့်များ မြင့်တက်သွားတော့သည်။ ထိုအရာမှာ ယနေ့ညတွင် သူမ၏ပထမဆုံးအပြုံးပင်ဖြစ်၏။
ချီကျန်းကျန်းသည် တုံ့ဆိုင်းနေသည့်အမူအယာဖြင့် သူမ၏ခေါင်းအားခါရမ်းလိုက်တော့သည် " ငါသူတို့ကို ငါ့ကိုမဖိတ်စေချင်တာ…ငါတို့ကို သောက်စရာနည်းနည်းလေးဝယ်တိုက်ပြီးတာနဲ့ သူတို့အကြီးတွေက ဝမ်ယွီ့ဆီပြေးပြီး ငါနဲ့ဆက်ဆံရေးကောင်းပါတယ်ဆိုပြီး လုပ်တာမျိုးကိုမဖြစ်စေချင်ဘူး… ကျစ်…"
" ချီကျန်းကျန်း နင့်အတွက်နင်ပဲပေးချင်လား… ငါ့မှာတော့ပိုက်ဆံမရှိဘူးနော် " ဝမ်စီစီသူမအားကြည့်နေခဲ့သည်။
ချီကျန်းကျန်းသွားများပေါ်သည်အထိပြုံးလိုက်ပြီး " ငါတို့ဒီကိုလာမယ်ဆိုတာ ဝမ်ယွီသိတယ်လေ… သူက သူတို့ကိုလိုရမယ်ရပြောထားခဲ့တော့ အကုန်လုံးက ဝမ်ယွီရဲ့အကောင့်ထဲဝင်သွားလိမ့်မယ်.."
သေချာပေါက်ကိုပဲ ဝမ်ယွီ၏ထိုသူများနှင့်တွေ့ဆုံထားခြင်းသည် ချီကျန်းကျန်း၏လုံခြုံရေးအတွက်သာဖြစ်လေသည်။ယခင်အချိန်တုန်းက သူမသည် ဤနေရာသို့ နှစ်ကြိမ်လာခဲ့ပြီး နှစ်ကြိမ်စလုံးတွင် ပြဿနာများ ဖြစ်ပွားရခဲ့သည်။
ဝမ်စီစီ : " ...."
" သူဒီကိုကြိုပြီးမပြောထားဘူးဆိုရင် ငါ့ကိုလာခွင့်ပေးမှာမဟုတ်ဘူးရယ်…"
ဝမ်စီစီ : " .... "
" ကျွတ် ကျွတ် သူကနည်းနည်းစည်းကမ်းကြီးတယ်လို့ငါထင်မိပေမယ့် သူ့တွေးခေါ်တတ်ပုံက ငါ့ကိုပျော်ရွှင်စေတယ်လေ…"
ဝမ်စီစီသက်ပြင်းကြီးကြီးတစ်ချက်သာ ချလိုက်မိတော့သည် " တော်ပြီ နင်အခုငါ့အခြေအနေကိုမမြင်ဘူးလား အဲ့ဒါတောင်ငါ့ရှေ့မှာ နင့်အချစ်တွေကိုပြရဲသေးတယ်ပေါ့… နင့်ရဲ့ဝမ်ယွီအပေါ် ပွင့်လန်းပြီး ချစ်ခြင်းမေတ္တာတွေပြည့်နေတဲ့ပုံစံကြောင့် ငါမနာလိုပြီး နင့်ကိုရိုက်သတ်လိုက်မှာမကြောက်ဘူးလား…"
ချီကျန်းကျန်းသွားဖြီးလိုက်ကာ " နင်ငါ့ကိုမနိုင်ပါဘူး…"
ဝမ်စီစီ : "...." တစ်ခါတရံတွင် သူမ၏ဤသူငယ်ချင်းမသည် တစ်ချက်ရိုက်ရုံဖြင့်ပင် မလုံလောက်ပေ။
သူမ ချီကျန်းကျန်းအားရုပ်တည်ကြီးနှင့်ကြည့်ကာ " ငါကစိတ်ဆင်းရဲလို့သေတော့မှာကို နင့်မှာရယ်နိုင်သေးတယ်…"
" နင်ဆုံးဖြတ်ချက်ချပြီးပြီမဟုတ်ဘူးလား…" ချီကျန်းကျန်းရုတ်တရက်ကြည့်ကာမေးလိုက်ပြီး သူမ၏ပုံစံမှာအလေးအနက်ထားနေပုံပေါ်နေ၏။
ဝမ်စီစီမှာ အံ့ဩသွားခဲ့ရသည်။ ခဏအကြာတွင် သူမဖွဖွလေးပြုံးလိုက်ပြီး ဝိုင်နောက်တစ်ခွက်အားမော့ချကာ အက်ရှနေသည့်အသံဖြင့် " အင်း တကယ်တော့ ငါဆုံးဖြတ်ချက်ချပြီးပြီ…ဒါပေမယ့် နည်းနည်းတော့အပြစ်ရှိသလိုခံစားရသေးတယ်…"
ဖြစ်နိုင်သည်မှာ အစပိုင်းတွင်တော့သူမသည် တကယ့်ကိုတစစီကွဲကြေနေခဲ့သည်။ သို့သော် သူမ၏နှလုံးသားအနက်ထဲတွက် အသံတစ်ခုရှိနေခဲ့ပြီးဖြစ်ကာ ချီကျန်းကျန်း၏ ဝမ်မိသားစုသည်ကယ်တင်၍မရနိုင်တော့ပေ ဟူသောစကားမှာလဲ သူမဆုံးဖြတ်ချက်ချရာတွင် ကူညီခဲ့ပေသည်။
သူမလက်ထပ်ရန်မှာ လုံးဝကို မဖြစ်နိုင်တော့ပေ…
" အရင်တုန်းက ဝမ်မိသားစုက နင့်ကိုအဲ့လောက်မကောင်းကြဘူးလို့ထင်မိတဲ့အကြောင်း နင်ငါ့ကိုပြောပြခဲ့တယ်…တကယ်လို့လဲ သူတို့က နင့်ကိုအကြောင်းရှိလို့သာ ကောင်းပေးနေခဲ့တာ… ငါနင့်ကိုဒီတစ်ကြိမ်ထပ်ပြောမယ် နင့်ရဲ့အနာဂတ်ကိုဝမ်မိသားစုအတွက်စတေးခံပေးဖို့ လုံးဝမလိုအပ်ဘူး…ဝမ်စီစီ နင်ကငယ်ပါသေးတယ် နင့်အတွက် နောက်ထပ်ကမ္ဘာတစ်ခုထိုက်တန်ပြီးသားပါ ဝမ်မိသားစုနဲ့လုံးဝမသက်ဆိုင်တဲ့ကမ္ဘာတစ်ခုပေါ့…အဲ့ဒါက ဝမ်ရိရန်နဲ့လည်း မသက်ဆိုင်ဘူး… ဝမ်ယွီနဲ့လည်းမသက်ဆိုင်ဘူး…" ချီကျန်းကျန်း၏မျက်လုံးမှာသူမအားကြည့်နေခဲ့ပြီး အလွန်လေးနက်နေခဲ့သည်။
ဝမ်စီစီသူမအားပြန်ကြည့်လိုက်ပြီးနောက် နေရာတွင်ပင်တောင့်ခဲသွား၏။
ခဏအကြာတွင် သူမပါးပြင်များနီမြန်းလာကာ ခေါင်းငြိမ့်ပြခဲ့သည် " အင်းးး…"
နောက်ထပ်ဘဝတစ်ခု၊ နောက်ထပ်ကမ္ဘာတစ်ခု ဝမ်မိသားစုနှင့်မသက်ဆိုင်ပဲ သူမဝမ်စီစီ၏ကိုယ်ပိုင်ကမ္ဘာတစ်ခု…
" ချီကျန်းကျန်း ကျေးဇူးတင်ပါတယ်…" သူမလေးနက်စွာပြောခဲ့လေသည်။
ငါ့အပေါ်သူငယ်ချင်းအဖြစ် ဆက်ဆံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်…
ငါ့ကိုစဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်အောင် ကူညီပေးခဲ့လို့လဲ ကျေးဇူးတင်ပါတယ်…
ဝမ်ရိရန်သည် လတ်တလောတွင် လူ့သဘာဝ၏ဖောက်လွဲဖောက်ပြန်မှုကြီးအား ကြုံတွေ့လိုက်ရပြီး ဝမ်စီစီသည်လည်း ထပ်တူပင်ဖြစ်၏။ ဝမ်ကျင်စန်းသည် သူမအား ဝမ်မိသားစုအတွက်လက်ထပ်ပေးရန်စေခိုင်းခဲ့ပြီး မဖြစ်နိုင်တော့သည် မျှော်လင့်ချက်အားရှာဖွေနေခဲ့လေသည်။ သို့သော် ချီကျန်းကျန်းသည်သာ သူမအား အခြားကမ္ဘာတစ်ခုအားရှာဖွေရန်တိုက်တွန်းပေးခဲ့သည်။
ထိုအရာသည် သူမအဖျားကြီးနေစဉ်အခါကအချိန်အား ပြန်လည်တွေးမိသွားစေခဲ့သည်။ ထိုစဉ်က ဝမ်ရိရန်သည် မေးခွန်းများမေးကာအလုပ်ရှုပ်နေခဲ့သော်လည်း ချီကျန်းကျန်းမှာတော့ သူမအားဆေးရုံပို့ပေးရန်ကိုသာ စဉ်းစားခဲ့လေသည်။
ဤသည်မှာ ချီကျန်းကျန်းအပေါ် သူမ၏နှလုံးသားအားပြောင်းရွှေ့မိခြင်းနှင့်သူမတို့သူငယ်ချင်းဆက်ဆံရေး၏အစပင်ဖြစ်လေသည်။
ချီကျန်းကျန်းသည် ရုတ်တရက်အပြုံးတစ်ပွင့်ထုတ်ဖော်လာကာ " နင်ငါ့ကိုကျေးဇူးမတင်ခင် စောင့်လို့ရပါသေးတယ်…"
" ဟမ်…" ဝမ်စီစီသည် ထိတ်လန့်သွားရတော့သည်။
xxxxxx