Chapter 27+28
Viewers 2k

👨‍❤️‍👨Chapter 27

 â€“ စျေးကွက် တုံ့ပြန်မှု




ဖုန်ရန်က ပိုက်ဆံလိုသည့်သူ မဟုတ်၍ အွန်လိုင်းကနေ skincareတစ်ပုလင်းကို ချက်ချင်း ဝယ်လိုက်သည်။ သူမက ဝယ်ပြီးသွားသည့်အချိန် အော်ဒါမှာထားသည့် ပုံကို ဝေ့ပေါ်တွင် တင်ခဲ့သည်။ ထုတ်ကုန်ရောက်လာသောအခါ သူမက ယင်း၏ အကျိုးသက်ရောက်မှုကို liveလွှင့်ပြီး ပြမည်ဖြစ်သည်။


ဤအချက်နှင့်တင် သူမက အပြောနှင့်သာ လုပ်နေသူမဟုတ်မှန်း သက်သေပြလိုက်သလိုပင်။ ထို့အတွက်ကြောင့် ဖုန်ရန်က အချိန်အနည်းငယ်အတွင်း ဖန်ပေါင်း တစ်သောင်းခန့် တိုးလာခဲ့လေသည်။


နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ပရိုမိုးရှင်းမှ ပြောထားသည်က တစ်ပတ်အတွင်း သိသာလာမည် ဟုပင်။ သူမသာ တစ်ပတ်လောက် liveလွှင့်ပြလိုက်ပါက သေချာပေါက် ဖန်တော်တော်များများကို ဆွဲဆောင်နိုင်လိမ့်မည်။ ဖန်များက traffic တစ်ခုလို ဖြစ်နေ၍ ဖန်များလျှင် ငွေဝင်နိုင်သည်။


သို့သော်လည်း သူမက ဝေ့ပေါ်တွင် ပို့စ်တင်လိုက်ပြီးကတည်းက ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ အကယ်၍ ဘေးထွက်ဆိုးကျိုး ရှိနေရင် သူမရဲ့ မျက်နှာအတွက် စွန့်စားသလိုများ ဖြစ်နေမလား။


သူမက ဤအချက်ကြောင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေစဥ် ဝမ်းကွဲအစ်မ ရွှီရှောင်ချင်က ဝီချတ်ကနေ ဖုန်းခေါ်လာခဲ့သည်။ ဖုန်ရန်က အမြန် ဖုန်းကိုင်လိုက်သည်။ နှစ်ယောက်သား တစ်ခဏမျှ စကားပြောနေလိုက်ကြသည်။ ဖုန်ရန်က သူမအစ်မ၏ မျက်နှာကို သေသေချာချာ စိုက်ကြည့်လိုက်ရင်း မေးလိုက်မိသည် " အစ်မ...မိတ်ကပ်လိမ်းထားတာလား...."


ရွှီရှောင်ချင်က စိတ်ပါလက်ပါ ပြုံးပြလာသည် " မလိမ်းထားပါဘူး...ဒါပေမယ့် ဒါမျိုးပြောတာ ညီမလေး တစ်ယောက်တည်း မဟုတ်ဘူး....အစ်မ skincareတစ်ခု ညွှန်းပေးချင်တယ်...နွေဦးဆောင်းဦးခန်းမက ထုတ်တာ...နွေဦးပန်းနံပါတ်၁လို့ ခေါ်တယ်...."


ဖုန်ရန် ".....အစ်မ....အဲ့ဒီဟာမှာ ဘေးထွက်ဆိုးကျိုး ရှိတယ်ဆိုပြီး ပို့စ်တစ်ခု တွေ့လိုက်တာပါ...."


ရွှီရှောင်ချင်က မျက်လုံးပင့်မိသွားသည် " အစ်မ အဲ့ဒါကို စျေးကွက်ထဲ မရောက်ခင်ကတည်းက သုံးနေတာ အခုဆို လဝက်လောက်ထိ ရှိနေပြီရော.....ဒါပေမယ့် ဘာဆိုးကျိုးမှ မတွေ့မိပါဘူး....အဲ့ဒါ ဘာပို့စ်လဲ....အစ်မကို ပို့လိုက်....ကြည့်ကြည့်လိုက်မယ်...."


ဖုန်ရန်က ပြန်ပြီး မျှဝေပေးလိုက်သည်။ သူမဝမ်းကွဲ၏ မျက်နှာကို မြင်ရပြီးနောက် နွေဦးဆောင်းဦးခန်းမကို နည်းနည်း ယုံကြည်မှု ရှိလာသည်။ ထို့ပြင် အစိုးရထောက်ခံချက်ပါ ရရှိထားခြင်း ဖြစ်၍ အတုအပတော့ မဖြစ်နိုင်ပေ။


ခေတ္တမျှကြာပြီးနောက် ရွှီရှောင်ချင်က ရယ်မောလာသည် " မင်းရဲ့ ခဲအိုဆီကနေ ပြောသံကြားနေတာ....လွန်ခဲ့တဲ့ နှစ်ရက်လောက်က နွေဦးဆောင်းဦးခန်းမက အလေလိုက်နေတဲ့ ဝန်ထမ်းတွေကို ထုတ်ပစ်ခဲ့တယ်ဆိုလား....မူရင်းပို့စ်ပိုင်ရှင်က အတွင်းလူလို့ အတိအကျပြောထားပေမယ့် အစ်မကတော့ အထုတ်ခံရလို့ မခံမရပ်နိုင်ဖြစ်ပြီး တင်တယ်လို့ တွေးမိတယ်....ပြီးတော့လေ ထုတ်ကုန်အသစ်က လူနှစ်ယောက်တည်းကနေ ထုတ်ထားတာဆိုတော့ သူက အပြင်လူပဲ....ဒါကြောင့် ဘေးထွက်ဆိုးကျိုးရှိမရှိကို သူ ဘယ်လိုသိမှာလဲ...."


ဖုန်ရန်က အံ့သြသွားရသည်။ " တကယ်လား...." ဒီလိုသာဆို liveလွှင့်ဖို့ မကြောက်တော့ဘူးပဲ။


အွန်လိုင်းပေါ်က ဆွေးနွေးချက်များက အရှိန်ပြင်းလာပြီး အချို့က နွေဦးဆောင်းဦးခန်းမ၏ "မတန်မရာ" စျေးနှုန်းကြောင့် boycotttမည်ဟုပင် အခိုင်အမာပြောနေကြသည်။ ဒီလိုအမှိုက်ဘရန်းမျိုးက ၆၆၆ယွမ်နဲ့ တန်လို့လား။


ကြော်ငြာဌာနက ဒါရိုက်တာက အင်တာနက်က တွေးနွေးချက်များကို ကြည့်နေရင်း ချွေးတပြိုက်ပြိုက်ကျနေပြီ ဖြစ်သော်လည်း မန်နေဂျာကျိုင်နှင့် ဒါရိုက်တာသွမ့်တို့က အေးအေးလူလူမျက်နှာနှင့် ဘေးတွင်ရပ်နေကြသည်။


ကျိုင်ကျွင့်က မေးစေ့ကို ပွတ်လိုက်ပြီး သက်ပြင်းချမိသည် " နွေဦးဆောင်းဦးခန်းမက ငါတို့တွေက အသိတရား ရှင်းရှင်းလင်းလင်း ရှိပါတယ်ကွာ...." 


သွမ့်ရှူးထုံက ပြုံးလိုက်ရင်း စကားတော့ မဆိုလိုက်ပေ။ သူ့ယခင်ဘဝတွင်လည်း haterများကြောင့် အကြိမ်ကြိမ် ရှုတ်ချခံခဲ့ရသော်လည်း အကြိမ်တိုင်း သူတို့ပါးစပ်ပိတ်သွားအောင် လုပ်နိုင်ခဲ့သည်။


ဖုန်းက ရုတ်တရက် မြည်လာသည်။ သွမ့်ရှူးထုံက ရှီသွမ်းဆီက ဖြစ်နေမှန်း တွေ့လိုက်ရသည်။ သူက ကျိုင်ကျွင့်ကို နှုတ်ဆက်လိုက်ပြီးနောက် ကြော်ငြာဌာနမှ ထွက်လာခဲ့သည်။


နောက်ဆုံးတစ်ခေါက် ရှီသွမ်း ဆေးရုံတက်ပြီးချိန်မှစ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက တစ်စတစ်စ ပိုပိုရင်းနှီးလာခဲ့သည်။


" ဦးလေးရှီ....ကိစ္စတစ်ခုခု ရှိလို့လား..." သူက စင်္ကြံအဆုံးထိ လျှောက်သွားလိုက်ပြီးနောက် ရပ်လိုက်သည်။


သြဇာညောင်းပြီး တိုးလျသည့် အသံတစ်ခုက သူ့နားထဲ ဝင်ရောက်လာသည်။ " ကိုယ် နာမည်ကြီးနေတဲ့ ခေါင်းစဥ်တစ်ခု တွေ့လိုက်လို့...."


သွမ့်ရှူးထုံက ရယ်လိုက်မိသည်။ ဥက္ကဌရှီက နေ့တိုင်း အလုပ်အရမ်းများတာကို ဘယ်လိုလုပ် အင်တာနက်ပေါ်က ကိစ္စတွေကို အချိန်ပေးပြီး အာရုံစိုက်နိုင်မှာလဲ။ သူ့ကို ချန်နင်က ပြောပြလိုက်တာ ဖြစ်မယ်။


" အင်း....နွေဦးဆောင်းဦးခန်းမက နောက်ဆုံး အောင်မြင်မယ့်အရာတစ်ချို့ လုပ်နိုင်ခဲ့တာလေ...." 


စိုးရိမ်သံမပါသည့် အသံကြည်ကြည်လေးကို ကြားလိုက်ရသည့်အခါ ရှီသွမ်းက စိတ်အေးသွားရသည် " အဲ့ဒီမှတ်ချက်တွေကို စိတ်ထဲထားနေဖို့ မလိုအပ်ပါဘူး...."


သွမ့်ရှူးထုံက တစ်ခါပြန်ပြီး ရယ်လိုက်မိသည် " ကျွန်တော် သိပါတယ်ဗျာ..


.."


" တစ်ခုခုဆိုရင် မင်းကိုယ့်ဆီ ဖုန်းဆက်လိုက်လို့ရတယ်...."


“ဟုတ်ပါပြီဗျာ....ကျွန်တော် အဲ့ဒီအချိန်ရောက်ရင် ဆက်လိုက်ပါ့မယ်...."


ဖုန်းလိုင်းတစ်ဖက်တွင် ရှီသွမ်း၏ မူလ မည်းမှောင်နေသည့် မျက်နှာက တဖြေးဖြေး အရောင်ဖျော့လာသည်။ သူက သွမ့်ရှူးထုံ၏ အသံကြည်ကြည်တောက်တောက်လေးကို နားထောင်ရပြီးနောက် ဖုန်းချလိုက်သည်။ သူ၏ ပုံမှန်လိုဖြစ်နေသည့် ခံစားချက်မရှိ မျက်နှာအမူအရာက ချက်ချင်းပြန်ပေါ်လာလေသည်။


ချန်နင်က ချီတုံချတုံ မေးလာသည် " သခင်လေးသွမ့်က ဘယ်လိုပါတဲ့လဲ...."


ရှီသွမ်း " တော်တော်လေး အဆင်ပြေနေပါတယ်..."


" အို့....ဒါဆို ကောင်းတာပေါ့ဗျာ...." ချန်နင်က အလုပ်ဆီ ပြန်သွားလိုက်သည်။


အချိန်ခဏကြာပြီးနောက် ဘော့စ်က ရုတ်တရက် စကားစလာသည် " ဝယ်ယူစုဆောင်းရေးဌာနကို နွေဦးပန်းနံပါတ်၁ တစ်သုတ်ကို ဝယ်ဖို့ သတိပေးလိုက်ပါ...." 


ချန်နင် : ?


“ ဥက္ကဌရှီ....အဲ့ဒီတစ်သုတ်ကို ဘယ်လိုတွက်မှာလဲဗျာ...."


ရှီသွမ်းက ခံစားချက်မရှိသော မျက်နှာနှင့် ပြန်ဖြေလာသည် " လုပ်သက်သုံးနှစ်ကျော်ရှိတဲ့ အမျိုးသမီးဝန်ထမ်းတွေကို ရေကြည့်လိုက်ပါ...."


ချန်နင်က ချက်ချင်း နားလည်သွားလေသည်။ သူတို့ရဲ့ ဥက္ကဌရှီက သခင်လေးသွမ့်ကို သူ့ကိုယ်ပိုင်နည်းလမ်းနဲ့ မြှင့်တင်ပေးချင်နေတာပဲ။ ဒီလို ရင်ထိစရာ ညီအစ်ကို ဆက်ဆံရေးမျိုးက...မဟုတ်သေးဘူး....တူဝရီးက...


ဒီလိုသာဆို သူတို့လည်း ကုမ္ပဏီက ဝန်ထမ်းအမျိုးသမီးတွေကို အကျိုးရှိမယ့်အရာတွေ ပေးနိုင်လိမ့်မယ်....


သေချာပေါက် နွေဦးပန်းနံပါတ်၁က အကျိုးရှိတယ်လို့ ပြောဖို့တော့ ခက်တာပေါ့။


များမကြာမီ ချန်နင်က ရှီသွမ်း၏အမိန့်ကို ဝယ်ယူစုဆောင်းရေးဌာနဆီ သွားပြောပြလိုက်ရာ ဌာနခေါင်းဆောင်ဆီမှ မေးခွန်းထုတ်သလို အကြည့်များကို ရရှိခဲ့သည်။


ချန်နင် : မမေးပါနဲ့....တစ်ယောက်ယောက် မေးခွန်းထုတ်လာရင်လည်း အရောင်းအဝယ် လျှို့ဝှက်ချက်လို့သာ ပြောလိုက်ပါ....


ဝယ်ယူစုဆောင်းရေးဌာန၏ ဒါရိုက်တာက နှုတ်ခမ်းတင်းတင်းစေ့ပြီး အမိန့်ကို လက်ခံရုံသာ တတ်နိုင်လေတော့သည်။



👨‍❤️‍👨




👨‍❤️‍👨Chapter 28– 

စျေးကွက် တုန့်ပြန်မှု



သန့်စင်ခန်းသွားနေသည့်အချိန်တွင်း ချန်နင်က ဟယ်ယွင့်ကို ဖုန်းခေါ်လိုက်သည်။


" စီနီယာ....စီနီယာ့ကုမ္ပဏီက hot searchထဲ ရောက်နေတာကို တွေ့လိုက်လို့...."


" အင်း....ကိစ္စ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး...."


သူ၏ တည်ငြိမ်အေးဆေးနေသော အသံကို နားထောင်ရချိန် ချန်နင်က တကယ်ပင် ကိစ္စမကြီးမှန်း ယုံကြည်သွား၍ တည့်တည့်မေးလိုက်တော့သည် " စီနီယာရဲ့ ထုတ်ကုန်အသစ်က ကြော်ငြာထားတဲ့အတိုင်း တကယ်ပဲလားဗျ...."


သူက လက်ဆောင်ရရှိသည့် ဝန်ထမ်းအမျိုးသမီးများက ဥက္ကဌရှီ၏ အကြိုက်ကို အထင်သေးမှာစိုး၍ မေးရခြင်းဖြစ်သည်။


ဟယ်ယွင့် " ဒါရိုက်တာသွမ့်က ဒီပရောဂျက်ကို သူ့ဘာသူ လုပ်ထားတာဆိုတော့ အသေးစိတ်အချက်အလက်ကို သိပ်မသိဘူး...." သူက စကားစရပ်လိုက်ရင်း ဆက်ပြောလာသည် " ဒါပေမယ့် ဘေးထွက်ဆိုးကျိုးမရှိတာတော့ သေချာပါတယ်...."


ထုတ်ကုန်ကို စျေးကွက်ထဲ မတင်ပို့ခင် အကြိမ်ကြိမ်စစ်ဆေးမှုများ ပြုလုပ်ရ၍ ပို့စ်တွင် ပြောထားသည့် အကျိုးဆက်မျိုး မရှိနိုင်ပေ။


ချန်နင်က ယခုမှ အလုံးကြီးကျသွားရသည်။ တော်သေးတာပေါ့။


သူက skincareထုတ်ကုန်ပိုင်းကို သိပ်နားမလည်ချေ။ သူ့အမြင်အရ မျက်နှာတွင်လိမ်းသည့် အရာတိုင်းက အကုန်အတူတူပဲဟုသာ။ စျေးထဲက skincareထုတ်ကုန်များကလည်း ဘာမှမကွာခြားဟု ထင်မိသည်။


ထို့ပြင် ထုတ်ကုန်များ ထုတ်လုတ်ရန်က အချိန်လိုအပ်ပေသည်။ ကုမ္ပဏီအကျိုးစီးပွားအနေနှင့် ထုတ်ကုန်များပေးဖို့ အကြောင်းပြချက်တစ်ခု စဥ်းစားရန်ကလည်း အချိန်လိုအပ်သည်။ ယခုအချိန်အတွင်းတွင် သူက ဖုန်ရန်၏ liveကနေ မျက်နှာလိမ်းခရင်၏ အကျိုးသက်ရောက်မှုကို လေ့လာရမည်ပင်။


ဖုန်ရန်၏ liveက ည၁၁နာရီတိုင်း ရှိလေသည်။


သူမ အမှာပို့ထားပြီး နောက်ရက်တွင် ကုန်ပစ္စည်းက ရောက်လာခဲ့သည်။ သူမက မျက်နှာသစ်ထားပြီး ည၁၁နာရီတွင် liveဖွင့်တော့သည်။ 


ထောင်သောင်းမကသော ဖန်များက တစ်ပြိုင်နက်တည်း ရောဝင်လာကြပြီးနောက် ကျည်ဆန်မျက်နှာပြင်ကလည်း မတုံ့ပြန်နိုင်လောက်အောင် ထပ်ကာထပ်ကာ အသုံးပြုခံနေရသည်။


[T/N : ကျည်ဆန်မျက်နှာပြင်ဆိုတာက ကြည့်ရှုသူတွေကို videoတွေ movieတွေနဲ့ ကောမန့်ရေးခွင့်ပေးထားတဲ့ functionတစ်ခု ဖြစ်ပါတယ်။]


liveလွှင့်နေစဥ် ဖန်အရေအတွက် များလာသည်ကို မြင်လိုက်၍ ဖုန်ရန်က အနည်းငယ် စိတ်လှုပ်ရှားလာမိသည်။ သူမက ပရိတ်သတ်ရှေ့တွင်ပင် ပါဆယ်ထုတ်ကို ဖောက်လိုက်သည်။ စစချင်းပင် ကြည့်ရှုသူပရိသတ်များက ဗူးခွံလှလှလေးကြောင့် မှင်သက်သွားကြရသည်။


သို့သော်လည်း လူတော်တော်များများက အပြစ်ပြောနေကြဆဲပင်။


" ဗူးခွံအတွက် ပိုက်ဆံပေးထားရတာပဲ....တကယ့်ကို အမြစ်နဲ့ အကိုင်းကို ပြောင်းပြန်လှန်ထားတာ..."  


[*T/N: အမြစ်နဲ့အကိုင်းကို ပြောင်းပြန်လှန်တယ်ဆိုတာက အကြောင်းနဲ့အကျိုးကို ရောနှောထားတာမျိုး၊ အဓိကကျတဲ့အရာအပေါ်မှာ အသေးအမွှားလေးကို ဖိသိပ်ထားတာမျိုး၊ မြင်းရဲ့အရှေ့မှာ လှည်းကိုထားတာ စတာတွေကို ပြောပါတယ်]


" စိတ်ယုတ်စိတ်ပုတ်တွေရှိတဲ့ ကုန်သည်တွေက ဗူးခွံလေးလှတာနဲ့ အဆင်ပြေပြီလို့ ထင်နေကြတာ....skincareတွေ ဆိုတာက အပြင်ပန်းနဲ့ မဆိုင်ဘူး....အရည်အသွေးကိုပဲ ကြည့်တာ....သူတို့ဦးနှောက်တွေက ခွေးစားခံထားရတာနဲ့တူတယ်...."


ဖုန်ရန်က ကျည်ဆန်မျက်နှာပြင်ကို ကြည့်လိုက်ရင်း မှတ်ချက်မပေးမိချေ။   


ထို့နောက် သူမက ဗူးလေးကို ဖွင့်ပြီး နွေဦးပန်းနံပါတ်၁ကို ထုတ်လိုက်ကာ ပရိတ်သတ်များ အပြည့်အဝမြင်ကြစေဖို့ သူမမျက်နှာအနီး မြောက်ပြလိုက်သည်။


" ငါပြောရဦးမယ်....ပုလင်းလေးက အရမ်း စိတ်ကူးယဥ်ဆန်တာပဲ...."


" ရိုးရိုးသားသားပြောရရင် အဲ့ဒီပုလင်းလေး ဝယ်ပြီး စုထားချင်မိတယ်...."


" ပုလင်းလှတာက ဘာသုံးစားလို့ရမှာလဲ....ငါ တစ်ခုတည်းကိုပဲ ပြောလာတာနော်....အကျိုးသက်ရောက်မှုကသာ အရေးကြီးဆုံးလို့....နင်တို့ ပုလင်းလှတယ် ထင်နေရင် ထွက်သွားလိုက်ကြ....ပြီးတော့ နာမည်ပေးထားတာကလည်း တကယ် တစ်ခုခုပဲ...." 


ဖုန်ရန်က သူမစိတ်ထဲ ပုလင်းလေးကို သဘောကျနေပြီဖြစ်သော်လည်း မှတ်ချက် ဝင်မရေးသေးပေ။


ဤပုလင်းလေးက အမှန်ပင် မိန်းကလေးတစ်ယောက်၏ နှလုံးသားနှင့်အတူ ဒီဇိုင်းဆွဲထားလေသည်။


ပုလင်းအဖုံးကို ဖွင့်လိုက်ပြီး ချယ်ရီပန်းပွင့်ရောင် ခရင်ထဲ လက်ထည့်ကာ လိုအပ်သည့် ပမာဏထိ နှိုက်ယူလိုက်ရင်း လက်ဖဝါးပေါ် တင်လိုက်သည်။


တစ်ချိန်တည်းမှာပင် သူမက မျက်နှာကို ကင်မရာအနီးထိ တိုးသွားလိုက်ရင်း သူမမျက်လုံးနားနှင့် နှာခေါင်းဘေးပတ်လည်က တင်းတိပ်များကို ညွှန်ပြလာပြီး ကိုယ့်ကိုယ်ကို ရယ်မောလိုက်သည် 


" အရင်တုန်းက ကျွန်မ အရမ်းကြီး အနားမကပ်ရဲဘူး...ဒီတစ်ခေါက်ကတော့ အဲ့ဒါကို ချိုးဖောက်လိုက်တော့မယ်....ရုပ်ဆိုးတယ်ဆိုပြီး အထင်မသေးလိုက်ကြပါနဲ့ဦး...."


" လုံးဝ ရုပ်မဆိုးဘူး....မင်းမျက်နှာက မိတ်ကပ်မပါပဲနဲ့တောင် အရမ်း ကြည့်ကောင်းနေပြီ...."


“ မင်း ဒါကို ရုပ်ဆိုးတယ်လို့ ခေါ်ရင် ငါကတော့ တစ်ကမ္ဘာလုံးမှာ အကျည်းတန်ဆုံးသူပဲ...." 


" တင်းတိပ်တွေက အရမ်း ဆွဲဆောင်မှုရှိပါတယ်....ရန်ပေါင်ပေါင်းရဲ့....ကိုယ့်ကိုယ်ကို တန်ဖိုးနိမ့်မနေပါနဲ့...."


သူမ လိုချင်သည့် အဖြေပြန်ရသောအခါ ဖုန်ရန်က မျက်နှာပေါ် ခရင်လိမ်းလိုက်ရင်း နည်းနည်းချင်းစီ ပွတ်သပ်လိုက်သည်။ သူမက လိမ်းနေရင်း သူမ၏ ထင်မြင်ချက်ကို ပြောပြလာသည် 


" တော်တော်လေး လန်းဆန်းစေတယ်....အရမ်းကြီး အဆီပြန်မနေဘူး....အစိုဓါတ်များတယ်...အေးအေးလေးနဲ့ မွှေးမွှေးလေး....မဆိုးပါဘူး...." 


ဤအချက်က skincareအများစုတွင် ရှိတတ်၍ သာမန်ပင်။


အဆုံးသတ်လိမ်းပြီးသွားသည့်အချိန် သူမက စကားဆိုလာသည် " ကျွန်မ ဒါကို တစ်ပတ်တိတိ liveလွှင့်ပါမယ်....ဒါကို မလိမ်းခင် ကျွန်မ selfieရိုက်ထားခဲ့ပါတယ်....ဒါကြောင့် တစ်ပတ်ကြာပြီးတဲ့အချိန်မှာ ကျွန်မ ရလဒ်ကို ပြန်ပြဖို့ နောက်ထပ် selfieပုံ ရိုက်ထားမှာပါ...."


ဖန်များကို နှုတ်ဆက်ပြီးနောက် ဖုန်ရန်က ဖုန်းပိတ်ပြီး အိပ်ယာဝင်ရန်ပြင်သည်။ 


ပုံမှန်ဆိုလျှင် သူမက အိပ်မပျော်ရောဂါ ရှိလေသည်။ ယနေ့ညလည်း ထိုအတိုင်းဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ခရင်နံ့သင်းသင်းလေးက နှာခေါင်းနား ကျီစယ်နေ၍ နည်းနည်းအိပ်ချင်လာသလိုပင်။


အင်း....ဒီနေ့ တော်တော်လေး ပင်ပန်းခဲ့လို့ ဖြစ်မှာပါ။


နောက်တစ်နေ့ မနက်စောစောတွင် ဖုန်ရန်က မျက်နှာသစ်ရန် အိပ်ယာထလိုက်သည့်အချိန် မှန်ထဲက မြင်လိုက်ရသည့် သူမမျက်နှာကြောင့် အံ့သြသွားရသည်။


သူမအသားအရေက ညတွင်းချင်း ပိုပြီး စိုစိုပြေပြေလေး ဖြစ်လာသလိုပဲ။


မနေ့ညက ကောင်းကောင်းအိပ်ခဲ့ရလို့ ဖြစ်မယ်။ အင်း အဲ့ဒီလိုပဲ ဖြစ်မှာပါ။



👨‍❤️‍👨