Chapter 29+30
Viewers 2k

👨‍❤️‍👨Chapter 29

 â€“ ရောင်းချမှုနှုန်း တိုးမြင့်လာခြင်း




ထုတ်ကုန်သစ် စျေးကွက်ထဲ ရောက်သည့် ဒုတိယမြောက်နေ့တွင် ကျိုင်ကျွင့်က ရောင်းအားကို ကြည့်ကြည့်လိုက်သည်။ သူ့မျက်ခုံးတွေက အငြိမ်မနေတော့ပေ။


သို့သော်လည်း နည်းနည်းလေး ကျေနပ်စရာကောင်းသည့် အရာတစ်ခုကို တွေ့လိုက်ရသည်။ အပြင်ဘက်ရောင်းအားက နည်းနေသော်လည်း အွန်လိုင်းမှာယူမှုနှုန်းက တော်တော်လေး ကောင်းနေသည်။


သူတို့က trafficကံနဲ့ တိုးမိတာပဲ ဖြစ်ရမယ်။


“ မူရင်းပို့စ်တင်တဲ့သူက ဘယ်သူလဲ သိရပြီလား...." သွမ့်ရှူးထုံက မေးလိုက်သည်။


ထိုပို့စ်ကို ရီဗျူးပေးထားကြသည့် အရေအတွက်က အထင်ကြီးလောက်စရာပင်။ ထိုပို့စ်က နွေဦးဆောင်းဦးခန်းမ၏ နာမည်ကို ရှုံ့ချထားပြီး ဆိုးဆိုးရွားရွား ပြောထားလေသည်။ သေချာပေါက် နွေဦးဆောင်းဦးခန်းမက အားအားယားယား ဘဲငန်းတွေလိုမျိုး သူတို့လက်ပေါ် ထိုင်ခွင့်မပေးနိုင်ပေ။


ကောလဟာလက ပမာဏတစ်ခုထိ ရောက်နေပြီဖြစ်၍ ရဲတိုင်လို့ရလေသည်။


ရဲက သူတို့ဘက်တွင် ရှိနေ၍ မူရင်းပို့စ်တင်သည့်သူ၏ ဇစ်မြစ်ကို ဖော်ထုတ်ရန်က အလွယ်လေးပင်။


ကျိုင်ကျွင့်က ခေါင်းညိမ့်ပြလာသည် " ကျွန်တော်လည်း ဒီအကြောင်းကို ပြောတော့မလို့ပဲ....ပို့စ်တင်တဲ့သူက ယွမ်ဖန်လို့ ခေါ်တယ်....အရင်က သုတေသနဌာနမှာ လုပ်ခဲ့တာ....ရန်ညှိုးထားပြီး ကျွန်တော်တို့ကို နာမည်ပျက်ဖို့ အွန်လိုင်းမှာ တင်တာဖြစ်နိုင်တယ်...."


“ဒါဆို...အဲ့ဒီလိုပေါ့....ဟမ့်..." 


သွမ့်ရှူးထုံက နောက်ပိုင်းအကြောင်းအရာကို ဆက်မမေးတော့ပေ။ သူက ယွမ်ဖန်ဆိုသည့်သူက ဘာပုံစံရှိမှန်းပင် မသိချေ။


သွမ့်ရှူးထုံက သူ့အရင်ဘဝတွင် ပြိုင်ဘက်များဆီမှ နည်းလမ်းအမြောက်အမြားကို မြင်ခဲ့ဖူးသည်။ ယွမ်ဖန်၏ နည်းလမ်းက သိပ်ပြီး မများသေးပေ။ ထိုပြိုင်ဘက်များရှေ့ရောက်လျှင် ယွမ်ဖန်က ထိုသူတို့ကို အဘေးခေါ်ရမည်ပင်။


ပြောပြဖို့တောင် မတန်ဘူး။


ယခုတွင် သူက နွေဦးပန်းနံပါတ်၁က အစပိုင်းအောင်မြင်မှုကို ထိုးဖောက်နိုင်မည့်အရေးကို ပိုပြီးစိတ်ဝင်စားလာသည်။


သွမ့်ရှူးထုံက နွေဦးပန်းနံပါတ်၁မှာ တစ်ပတ်နေမှ အစပျိုးလာမည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ပဲ ဖုန်ရန်၏liveက လေးရက်မပြည့်ခင် ဝက်ဝက်ကွဲသွားလေသည်။


liveလွှင့်သည့်အခန်းမှ ပရိသတ်များတင်မကပဲ ဖုန်ရန်ကိုယ်တိုင်ကပင် နွေဦးပန်းနံပါတ်၁၏ အစက်အပြောက် လျော့ပါးစေသည့်အစွမ်းက တကယ် အံ့သြစရာကောင်းကြောင်း ဝန်ခံရတော့သည်။


ကြည့်ရှုသူအားလုံးက သူမ၏liveကို နေ့တိုင်းကြည့်နေဖို့ အချိန်မရှိချေ။


ဖုန်ရန့်liveကို နေ့တိုင်းကြည့်ခဲ့သည့်သူများက သူမပြောင်းလဲသွားသည့်အပေါ် သိပ်ပြီး ထူးထူးဆန်းဆန်းမဖြစ်မိကြသော်လည်း ရက်နည်းနည်းလောက် လွတ်သွားပြီး မကြည့်လိုက်ရသည့်သူများက ပြန်ရောက်လာသည့်အချိန် သူမ၏ ပြောင်းလဲသွားမှုများကို အတိအကျ သတိထားမိခဲ့လေသည်။


ဖုန်ရန်၏ သစ္စာရှိဖန်တစ်ယောက်က သူမliveလွှင့်သည့် ပထမဆုံးရက်က စောင့်ကြည့်ခဲ့လေသည်။ ထို့နောက် သူမက နှစ်ရက်လောက် အချိန်ပို ညဆိုင်းဆင်းခဲ့ရ၍ liveကြည့်ချိန်မရပဲ နှစ်ရက်လွတ်သွားခဲ့သည်။


လေးရက်မြောက်နေ့တွင် သူမက အိမ်ပြန်ရောက်ပြီး liveကို သွားကြည့်ရာ ကင်မရာပေါ်ရှိ ဖုန်ရန်၏ မျက်နှာကြောင့် အံ့သြသွားရသည်။


သံသယတစ်ဝက်နှင့် သူမက ကျည်ဆန်မျက်နှာပြင်ထက် မေးလိုက်မိသည်


[ " ရန်ပေါင်ပေါင်းက beauty filter သုံးထားတာလား...." ]


ဖုန်ရန်က ပြန်မဖြေခင် ပရိတ်သတ်ထဲက ကျန်သည့်သူများက ဝိုင်းပြီး တိုက်ခိုက်ကြတော့သည်။


["ဘာ beauty filter လဲ....ရန်ပေါင်ပေါင်းက ဘယ်တော့မှ အဲ့ဒါကို မသုံးတာ မသိဘူးလား...."]


[" ဘယ်ကနေ ဒီစိတ်ပျက်စရာ ဝေဖန်ရေးသမားက ရောက်လာရတာလဲ..."]


[" နောက်ထပ် haterတော့ မဟုတ်ဘူးမို့လား...."]


ဖုန်ရန်က အနည်းငယ် ရယ်လိုက်ရင်း ကိုယ့်ကိုယ်ကို လှောင်ချင်စိတ်တစ်ဝက်နှင့် ပြောလိုက်သည်


[ " ကျွန်မ beauty filter မသုံးထားပါဘူး....ကျွန်မအသားအရေကိုက သူ့ဘာသူ ဝင်းလက်နေတာကြောင့် များလား....ဟားဟား..." ]


ဤသည်ကို ဟာသတစ်ခုဟု မှတ်ယူလို့ ရသော်လည်း ပြောလာသည့်သူက ဘာမှမရှင်းပြလာ၍ နားဆင်သူများကလည်း အတည်မှတ်ယူလိုက်ကြတော့သည်။


ကျည်ဆန်မျက်နှာပြင်က စက္ကန့်အနည်းငယ်ခန့် တောင့်ခဲသွားသည့်ပုံပင်။


စခရင်မျက်နှာပြင်ထက် ကောမန့်ပုံကြီး ပျောက်သွား၍ ဖုန်ရန်၏ မျက်နှာက ကင်မရာအပြည့် ပေါ်လာသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည့် တင်းတိပ်များပင် ယခုဆို တော်တော်လေး ပျောက်သွားခဲ့လေသည်။


ထိုမျှမက သူမ၏ အသေားအရေကလည်း ရေဓါတ်ပြည့်နေပြီး ယခင်ကထက် ပိုပြီး နုနယ်သွားသလိုပင်။


ဖုန်ရန်၏ မျက်နှာအစိတ်အပိုင်းများက နူးညံ့ပြီး လှပကာ အသားအရေ တော်တော်ကောင်းသော်လည်း အပြစ်အနာအဆာကင်းနေသည်တော့ မဟုတ်ပေ။ ပရိတ်သတ်များက မျက်ကန်းများမဟုတ်ကြ။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့် နှင့်ယှဥ်လျှင် ဖုန်ရန်၏ အသားအရေက အတိအကျ ပိုမိုကောင်းမွန်လာလေသည်။


ပရိတ်သတ်များက ကျည်ဆန်မျက်နှာပြင်ပေါ် အငမ်းမရ ကောမန့်ရေးလာကြတော့သည်။


[“အားးးးးးးးးး ရန်ပေါင်ပေါင်း....အမြန်လာရှင်းပါဦး....တစ်ခြားထုတ်ကုန်တွေကိုများ မသိအောင် တိတ်တိတ်လေး သုံးနေတာလားလို့...."]


[" အဲ့ဒါ မဟုတ်လောက်ပါဘူးနော်....ငါ မယုံဘူး....ဘူး ဟူး ဟူး...."]


[“ အပေါ်ထပ်ကလူ....တကယ် မယုံချင်ဘူးမို့လား....ငါကတော့ အဲ့ဒါ အမှန်ဖြစ်ဖို့ မျှော်လင့်တယ်..]


.."

အဲ့ဒါ အမှန်ပဲ။နူးညံ့လှပတဲ့ အသားအရေမျိုး ရရှိအောင် လုပ်ပေးနိုင်တဲ့ ထုတ်ကုန်မျိုးကို ဘယ်သူက မရချင်ပဲနေမှာလဲ။


ဖုန်ရန်က တလိမ့်လိမ့်တက်လာသည့် ကောမန့်အုပ်ကြီးကို ကြည့်လိုက်ရင်း သူမ တကယ်ပဲ ပြောင်းလဲသွားသည်ဟု နောက်မှ နားလည်သွားရသည်။


သူမက မျက်နှာတည်တည်ငြိမ်ငြိမ်နှင့် ဖုန်းယူပြီး ဓါတ်ပုံရိုက်လိုက်သည်။ ထို့နောက် လွန်ခဲ့သော လေးရက်က ရိုက်ခဲ့သည့်ပုံကို ထုတ်ပြီး ပုံနှစ်ပုံကို နှိုင်းယှဥ်ကြည့်ရာ အမှန်ပင် ကွာခြားသွားကြောင်း သိလိုက်ရလေသည်။ 


သို့သော်လည်း လွန်ခဲ့သည့် လေးရက်အတွင်း ယခင်လုပ်နေကျ အခြေခံအစိုဓါတ်ထိန်းသိမ်းရေးအား ပြုလုပ်ခြင်းမှလွဲ၍ နွေဦးပန်းနံပါတ်၁ တစ်ခုတည်းကိုသာ သုံးစွဲခဲ့လေသည်။


အဲ့ဒီအဖြေကလွဲလို့ ဘာအဖြေရှိဦးမှာတဲ့လဲ။




👨‍❤️‍👨



👨‍❤️‍👨Chapter 30

 â€“ ရောင်းချမှုနှုန်း တိုးမြင့်လာခြင်း




ထိုအချိန် ကျည်ဆန်မျက်နှာပြင်ပေါ် လူတစ်ယောက်က မေးလာသည် 


[" ဟိုပို့စ်က ထောင်ချောက်လို့ ပြောထားတယ်မို့လား....အခုဟာက အသုံးဝင်နေတယ်ဆိုပေမယ့် အကျိုးဆက်တော့ ရှိလာမှာနော်...."]


ကြည့်ရှုသူများ၏ ရင်ထဲက မီးတောက်များ တစ်ဖန်ပြန်လည် ငြိမ်းသတ်သွားလေသည်။


လူတိုင်းက စိုးရိမ်စိတ်ဝင်လာကြစဥ် ကျည်ဆန်မျက်နှာပြင်ပေါ်သို့ ကောမန့်တစ်ခုက အခိုင်အမာပြောလာသည်


[ " အိုးမိုင်ဂေါ့....အဲ့ဒီပို့စ်ကြီး ဖြုတ်ချခံလိုက်ရပြီဟေ့...."]


[" ဘာအခြေအနေကြီးလဲ...."]


[" မြန်မြန်....နွေဦးဆောင်းဦးခန်းမရဲ့ တရားဝင်ဘလော့ဆီ သွားကြည့်ကြ...."]


ဖုန်ရန်က ဝေ့ပေါ် ဖွင့်ကြည့်လိုက်သည်။ သူမရင်ထဲ နွေဦးဆောင်းဦးခန်းမက ဝန်ထမ်းများက အရမ်းနောက်ကျလွန်းသည်ထိ အလုပ်ကြိုးစားရသည့်အကြောင်းကို စဥ်းစားနေမိသည်။ တကယ် လေးစားစရာပဲ။


သူမက နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့မှ တင်ထားသည့် အကြောင်းအရာကို မြင်သွားသောအခါ အံ့သြသွားပြီးနောက် အပြစ်တင်စိတ်နှင့် ရှက်စိတ်ဝင်လာမိသည်။


နွေဦးဆောင်းဦးခန်းမက ရှန်းချွမ်ကောင်တီ၏ ရဲဌာန တရားဝင်ဘလော့မှ ပို့စ်ကို ပြန်တင်ပေးထားလေသည်။ ဆိုထားသည်က ယွမ်မျိုးရိုးနှင့်လူက ကုမ္ပဏီက အထုတ်ခံရခြင်းကို မကျေနပ်၍ နွေဦးဆောင်းဦးခန်းမကို အသရေဖျက်ရန် မကောင်းသတင်းများ ဖြန့်ဝေပြီး ဂုဏ်သတင်းကျဆင်းအောင် ပြုလုပ်ခဲ့သည်။ ရဲဌာနမှ ဥပဒေအတိုင်း ဆောင်ရွက်ထားပြီးပြီ ဖြစ်ပါကြောင်း ကြေညာထားလေသည်။


ဖုန်ရန် : ....


liveလွှင့်နေသည့် အခန်းထဲမှ လူများ : ..... 


တော်တော်လေးကြာမှ တစ်ယောက်ယောက်က ကျည်ဆန်မျက်နှာပြင်ပေါ် ပို့စ်ပြန်တင်လာခဲ့သည်။


[" ဒါဆို ငါတို့က အလိမ်ခံလိုက်ရတာပေါ့...."]


[" အခုလောလောဆယ် ငါဂရုစိုက်တာက နွေဦးပန်းနံပါတ်၁က ထိရောက်မှု တကယ်ရှိမရှိဆိုတာပဲ...."]


[" အဲ့ဒါသာ အမှန်ဆိုရင် ငါ့လက်တွေကို ခုတ်ချပစ်ချင်တယ်...." ]


[“မြန်မြန်....သွားဝယ်ကြ....ငါတို့ အခု မလှုပ်ရှားရင် ဝယ်လို့မရနိုင်မှာ စိုးမိတယ်...."]


[" အပေါ်ထပ်ကလူ....ဘာလို့ အဲ့ဒီလိုစကားတွေနဲ့ လာခြောက်နေတာလဲ.....အဲ့လောက်ထိ ဖြစ်နိုင်ပါ့မလား...."]


[" ကြည့်ရတာ အမှန်ပဲထင်တယ်....တရားဝင်ဘလော့ဆီ သွားခဲ့တာ....ရောင်းကုန်သွားပြီတဲ့...."]


......


ဖုန်ရန်က မယုံနိုင်ပေ။ သူမက အွန်လိုင်းရှော့ပင်း ဝဘ်ဆိုက်ထဲ ဝင်ကြည့်လိုက်ရာ ပင်မစာမျက်နှာတွင် ရောင်းကုန်သွားပါပြီ ဆိုသည့် စာတန်းကို တွေ့လိုက်ရသည်။ သူမ အရမ်း ရှော့ရသွားရသည်။


ဘယ်လိုလုပ် အဲ့ဒီလောက်ထိ အရမ်းမြန်သွားခဲ့တာလဲ။ ဘာလို့ ဒီကမ္ဘာကြီးက ပုံရိပ်ယောင်ဖြစ်နေသလို ခံစားနေရတာလဲ။


ဖုန်ရန်က ဤအတွက် အပြစ်မတင်နိုင်ပေ။


သူမက လေးရက်သာ liveလွှင့်ရသေးသော်လည်း ဘာမှမမြင်ပဲ လူအုပ်ကြီးနောက် လိုက်နေသည့် လူတော်တော်များများလေသည်။ liveလွှင့်စဥ်ကလည်း ကြည့်ရှူသူများခဲ့၍ အမြင်ရှိသည့်သူကလည်း တော်တော်များပေလိမ့်မည်။


နွေဦးပန်းနံပါတ်၁၏ စွမ်းရည်များက မဆိုးလှပေ။


liveလွှင့်သည့် ဖုန်ရန်ကိုယ်တိုင်မှာလည်း မျက်နှာတွင် အစက်အပြောက်များ သိသိသာသာရှိခဲ့ပေမယ့် ဒုတိယမြောက်နေ့နှင့် တတိယမြောက်နေ့တွင် သူမအသားအရေက သိသိသာသာ ပြောင်းလဲခဲ့လေသည်။ ပို့စ်ပိုင်ရှင်က ဘေးထွက်ဆိုးကျိုးများ ရှိနေသည်ဟု ပြောခဲ့သော်လည်း ဘယ်လိုဆိုးကျိုးမျိုးဟု သေချာမပြောခဲ့ပေ။


ကြည့်ရှုသူပရိတ်သတ်များက တစ်ချက်တည်းကိုသာ မြင်ကြလေသည်။ ယင်းက ဤထုတ်ကုန်က တကယ် အကျိုးသက်ရောက်မှုရှိနေသည်ကိုပင်။


ပလတ်စတစ်ဆာဂျရီတွေတောင် ဘေးထွက်ဆိုးကျိုးတွေ ရှိသေးတာပဲ မဟုတ်ဘူးလား။ skincareပစ္စည်းက ဆာဂျရီတွေထက်ပိုပြီး ဘေးထွက်ဆိုးကျိုး ပိုများနိုင်တယ်လို့ ပြောနေတာလား။


နွေဦးဆောင်းဦးခန်းမက နာမည်သိပ်မကြီးပေမယ့် စံနှုန်းအသင့်အတင့်ရှိတဲ့ ဘရန်းတစ်ခုပဲ။ အရင်တုန်းက ထုတ်ခဲ့တဲ့ ထုတ်ကုန်တွေမှာလည်း ပြသနာမဖြစ်ခဲ့ဖူးတာကို ဒီတစ်ခေါက်ကျမှ ဘာလို့ ပြဿနာရှိနိုင်ရမှာလဲ။


ဒါကြောင့် ထုတ်ကုန်အသစ်ထွက်ပြီး သုံးလေးရက်လောက်နေတော့ ရောင်းအားက ဂဏန်းတော်တော်များများထိ တိုးသွားတာကိုး။


ဤရက်အတွင်း ရောင်းအားတိုးမြင့်လာမှုကြောင့် အရောင်းဝန်ထမ်းများမှာ လေထဲ လမ်းလျှောက်နေရသလို ခံစားရလာသည်။


သူတို့ အရင်တုန်းက တစ်ခါမှ အင်တိုက်အားတိုက် ရောင်းရသည်မျိုး မရှိခဲ့ဖူးပေ။


ရိုးရိုးသားသားပြောရလျှင် နွေဦးပန်းနံပါတ်၁၏ ကုန်စျေးနှုန်းက မြင့်သည်မဆိုသော်လည်း သွမ်ရှူးထုံ၏ စွမ်းရည်က မြင့်မားလေသည်။ 


ဒီလိုအကျိုးသက်ရောက်မှုနှုန်းနဲ့ဆိုမှတော့ စျေးနှုန်းက ၆၆၆၆ယွမ်ဆိုရင်တောင် အလုအယက်ဝယ်နေကြဦးမှာပဲ။


ကျိုင်ကျွင့်က အနည်းငယ် နောင်တရချင်နေသည်။ ဘာလို့ စျေးနှုန်းကို ပိုမတိုးခဲ့ရတာပါလိမ့်ကွာ။


သွမ့်ရှူးထုံက ရောင်းအားကို အာရုံမစိုက်တော့ချေ။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ကုမ္ပဏီဝန်ထမ်းများ၏ ပုံစံကနေ နွေဦးပန်းနံပါတ်၁က မည်မျှရောင်းကောင်းမှန်း မြင်နေရသည်ပင်။


ဖိန်ရော့ဝိန်း၏ အကူအညီကို စဥ်းစားလိုက်ချိန် သူမကို ကောင်းကောင်းကျေးဇူးတင်မိသည်။


ဖိန်ရော့ဝိန်း၏ နေရာက နွေဦးဆောင်းဦးခန်းမနှင့် သိပ်မဝေးလှပေ။ သွမ့်ရှူးထုံက အလုပ်ဆင်းသောအခါ သူမနေရာသို့ စက်ဘီးစီးပြီး သွားလိုက်သည်။ သူမကိုလည်း ညနေစာ ကောင်းကောင်းကျွေးမည်ဟု စီစဥ်ထားလေသည်။


ဂျူလိုင်လကား နေ့တာရှည်ပြီး ညတာတိုလေသည်။ သွမ့်ရှူးထုံက အလုပ်ဆင်းသည့်အချိန်တွင်ပင် နေမင်းကြီးက အနောက်ဘက်ကောင်းကင်တွင် ရှိနေသေး၍ မြေကြီးပေါ်ကနေ အပူရှိန်တဖျင်းဖျင်း ထနေသည်။ ချွေးထုတ်ခန်းတစ်ခုနှင့်ပင် တူသည်။


သွမ့်ရှူးထုံက ရပ်ကွက်ထဲစက်ဘီးစီးသွားလိုက်သည်။ သူက ဖိန်ရော့ဝိန်း၏ အိမ်တံခါးနား မရောက်ခင် ပန်းခင်းနား ရပ်ထားသည့် ရင်းနှီးနေသော ကားတစ်စီးကို မြင်လိုက်ရလေသည်။


လိရှောင်းက ပြန်ရောက်လာတာလား။


သူက စက်ဘီးအမြန်ရပ်လိုက်ပြီး အပေါ်ထပ်သို့ ပြေးတက်သွားလိုက်သည်။


ကားထဲတွင် ထိုင်နေသည့် ဒရိုင်ဘာက သွမ့်ရှူးထုံ၏ အရပ်ရှည်ရှည်နောက်ကျောပြင်ကို မြင်သွားချိန် လိရှောင်းဆီ ဖုန်းခေါ်လိုက်လေသည်။


လိရှောင်းက ဖုန်းမဖြေအားပေ။ သူက ဖိန်ရောဝိန်း မပြေးနိုင်အောင် လက်မောင်းရင်းကနေ ဆွဲကိုင်ထားနေရသည်။


ဖိန်ရော့ဝိန်းကလည်း သူမ ဒီနေ့ ကံတော်တော်ဆိုးသည်ဟု ခံစားရသည်။ သူမက စားစရာဝယ်ရန် အပြင်ထွက်သွားပြီး ပြန်ရောက်လာသည့်အချိန် လိရှောင်းက သူမအိမ်တံခါးကို ပိတ်ရပ်ထားလေသည်။


သူတို့ တွဲခဲ့ကြချိန်တုန်းက သူ့ကို နှင်းဆီရောင်သန်းနေသည့် အမြင်ဖြင့် ကြည့်ခဲ့၍ လိရှောင်းနှင့် ပတ်သတ်သမျှ အရာတိုင်း ကောင်းသည်ဟု ခံစားခဲ့ရသည်။


 á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ ယခုတွင်ဖြင့်။ သူမ စဥ်းစားနေသည်က....


ဒီ မာတောင့်တောင့် တုတ်ချောင်းကောင်က ဘယ်ကနေ ရောက်လာခဲ့တာပါလိမ့်။



👨‍❤️‍👨