Chapter 33,34
Viewers 3k

👨‍❤️‍👨Chapter 33

 â€“ ကိုယ့်ဆီ ပြောင်းလာခဲ့ပါ



မူရင်းစာအုပ်ထဲတွင် ဖိန်ရော့ဝိန်း ကိုယ်ဝန်ရှိနေမှန်း သိသွားချိန် သခင်လေးသွမ့်က သူ၏ လျှို့ဝှက်အိမ်တော်ဆီ ခေါ်သွားပြီး သူမနှင့် တစ်ချိန်လုံး နေပေးခဲ့သည်။


ထိုအချိန်က လိရှောင်း၏ အမေက ဖိန်ရော့ဝိန်း၏ တည်ရှိမှုကို သိသွားချိန်ဖြစ်သည်။ လိမိသားစုနှင့် လင်မိသားစုကြားက သဘောတူထားသည့် လက်ထပ်ပွဲကြောင့် လိသခင်မကြီးက ဖိန်ရော့ဝိန်းကို လိရှောင်းဆီမှ ထွက်သွားရန် တွန်းအားပေးခဲ့သည်။


ဖိန်ရော့ဝိန်းမှာ ဘာမှပြန်ပြောနိုင်စွမ်းမရှိပေ။ သူမအနေနှင့် ဝမ်းနည်းပြီး ကိုယ့်ကိုယ်ကို စိတ်အားငယ်နေရုံသာ တတ်နိုင်လေသည်။


ထိုအခြေအနေမျိုးတွင် ဇာတ်ပို့တစ်ယောက်ဖြစ်သည့် သခင်လေးသွမ့်က သေချာပေါက် သူ့တန်ဖိုးကို ထုတ်ပြရတော့သည်ပင်။


သို့သော် ယခုလက်ရှိတွင် ဒုတိယဇာတ်လိုက်က ပြိုင်ပွဲကနေ နှုတ်ထွက်သွားပြီဖြစ်ပြီး အဓိကဇာတ်လိုက်ကလည်း အားကိုးရသည့်သူမဟုတ်၍ ရှီသွမ်းတစ်ယောက်တည်းသာ အသင့်တော်ဆုံး ပြိုင်ပွဲဝင်အဖြစ် ကျန်ခဲ့လေသည်။


ဖိန်ရော့ဝိန်း ကိုယ်ဝန်ရှိနေစဥ်အတွင်း ရှီသွမ်းက သူမကို တိတ်တိတ်လေး ထောက်ပံ့ပေးကာ သူ၏ ကျန်ရှိသည့် ဘဝတစ်လျှောက်လုံးလည်း သူမအတွက်သာ တည်ရှိပေးခဲ့သည်။ သွမ့်ရှူးထုံက ဤအကြောင်း ဖတ်ခဲ့ရသည့်အချိန် အော်ငိုမိသည်ထိ ရင်ထဲထိသွားခဲ့ရသည်။


ရှီသွမ်း ဆေးရုံတက်ခဲ့စဥ်က လက်လျှော့တော့မယ်လို့ ပြောခဲ့သည့်အကြောင်းမှာလည်း သွမ့်ရှူးထုံကို မိတ်ဆွေအဖြစ် သတ်မှတ်၍ သူနှင့်ပြိုင်ပြီး မိန်းကလေးတစ်ယောက်နောက် မလိုက်ချင်၍ ဖြစ်နိုင်သည်။


“ မင်းက အနှောင့်အယှက်ကင်းတာ လိုချင်ရင်တော့ လုံခြုံရေးကောင်းတဲ့ ပတ်ဝန်းကျင်မျိုးရှာတာ ပိုကောင်းလိမ့်မယ်...." သွမ့်ရှူးထုံ စဥ်းစားခန်းဝင်နေတုန်း ရှီသွမ်း၏ စကားသံက ဖြတ်ဝင်လာသည်။


ရှီသွမ်းက မီးဖိုချောင် ပစ္စည်းထားသည့် နေရာကို မသိ၍ သွမ့်ရှူးထုံကပဲ လျှော်ထားသည့် စားပွဲခင်းကို ဖယ်ထုတ်ပေးလိုက်ကာ ရှီသွမ်းကို ဧည့်ခန်းထဲ ခေါ်သွားလိုက်သည်။


" လုံခြုံရေးကောင်းတဲ့ ပတ်ဝန်းကျင်မျိုးလား....ကျွန်တော်ကတော့ ဒီနေရာမှာဆို ကျွန်တော်တို့နေရာကိုပဲ စဥ်းစားမိတယ်...."  


ယခုနေရာက လူချမ်းသာများနေသည့် ဗီလာဖြစ်၍ အပြင်လူများ အလွယ်တကူ ဝင်လို့မရချေ။


ရှီသွမ်းက လက်ကြားထဲက ရေများကို တစ်သျှူးနှင့် ဖြေးဖြေးချင် သုတ်ပစ်လိုက်ရင်း အရောင်ဖျော့နေသည့် မျက်နှာနှင့် မေးလာသည် 


" မင်းက သူမကို မင်းနဲ့အတူတူ နေစေချင်တာလား...."


သူက ရက်စက်စွာ ခေါင်းပေါ် သံရိုက်ချလိုက်သည်။


သွမ့်ရှူးထုံက အခြားသူများ၏ စိတ်အခြေအနေကို အာရုံခံနိုင်ပါသေးသည်။ ရှီသွမ်း၏ စိတ်က သိပ်မဟန်သည်ကို မြင်သောအခါ အကြံတစ်ခုပေါ်လာ၍ အပြုံးလေးနှင့် အမြန်ရှင်းပြလိုက်သည် 


" သေချာပေါက် မဟုတ်ဘူးပေါ့....ကျွန်တော့်နေရာမှာ နေတာထက်စာရင် ဦးလေးရှီဆီမှာ နေတာ ပိုကောင်းတာပေါ့...."


ရှီသွမ်းမှာ သွမ့်ရှူးထုံက ဖိန်ရော့ဝိန်း၏ အချစ်ကို ရဖို့ ရသမျှ အခွင့်အရေးတိုင်းကို ဖမ်းဆုပ်လိမ့်မည်ဟု တွေးထားခဲ့လေသည်။


သူက အခွင့်အရေးကို မရယူခဲ့ပေ။


သဝန်တိုစိတ်ကြောင့် ဥက္ကဌရှီက ခေါင်းမော့ပြီး စက္ကန့်အနည်းငယ်ခန့် ကြည့်လာရင်း စကားဆိုလာသည်


 " အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အတူတူနေတာ မသင့်တော်ပါဘူး...."


သွမ့်ရှူးထုံ " ချန်ကောရော လျိုကောရော ရှိတယ်မို့လား...."


ရှီသွမ်းက တစ်သျှူးကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ရင်း မတ်မတ်ရပ်ကာ မသင့်တော်သလို ပြောလာသည်


 " အဲ့ဒါက ပိုလို့တောင် မသင့်တော်သေးတယ်...." 


" သူမရဲ့ သိက္ခာထိခိုက်မှာ စိုးရိမ်လို့လား...." သွမ့်ရှူးထုံက ခေါင်းမော့ပြီး မပြောချင်၍ နောက်နည်းနည်းဆုတ်ပြီး ရှီသွမ်းကို တည့်တည့်ကြည့်လိုက်သည်။


လူငယ်လေး၏ အကြည့်တို့က ရှုပ်ထွေးနေပြီး ဖိန်ရော့ဝိန်းအတွက် ခံစားချက်ဟောင်းများ ကျန်နေသေးပုံမရပေ။ ရှီသွမ်းက ဤသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း သူ့ရင်ထဲက ရှင်းပြ၍မရနိုင်သော ခံစားချက်များကြောင့် တွေဝေနေမိသည်ကိုလည်း မြင်နေရသည်။


“ မင်းက သူမကို လက်လျော့လိုက်ဖို့ ဆုံးဖြတ်ပြီးပြီမို့လား....ဘာလို့ သူမရဲ့ ကိစ္စတွေကို စိတ်ဝင်စားနေသေးတာလဲ...."


 á€›á€žá€Žá€žá€˝á€™á€şá€¸á€€ ဤအချက်က သူနားမလည်နိုင်သည့်အရာ ဖြစ်နိုင်သည်ဟု ခံစားမိသည်။


သွမ့်ရှူးထုံက တည်တည်ငြိမ်ငြိမ် ရှင်းပြလာသည်


 " ဘာလို့လဲဆိုတော့ သူမက အရည်အချင်းရှိပြီးတော့ ပင်ကိုယ်စွမ်းရည်ကလည်း အရမ်းကောင်းတယ်....ဒီတစ်ခေါက်မှာ သူမက ကျွန်တော့်ရဲ့ ထုတ်ကုန်သစ်ကို အများကြီး ကူညီပေးခဲ့တာ....ကျွန်တော် သူမကို ငှားချင်လို့ပါ....."


သူက သံသယများကို ရှောင်ရမည့်အကြောင်း မစဥ်းစားမိ၍ မဟုတ်ပဲ အလုပ်ကိစ္စနှင့်ယှဥ်လျှင် ထိုကိစ္စက အရေးမကြီးဟု တွေးမိ၍ပင်။


ထို့ပြင် သူကလည်း ဖိန်ရော့ဝိန်းနှင့် နေ့စဥ်နေ့တိုင်း ပတ်သက်ဆက်ဆံနေလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အများဆုံးမှ ဝီချတ်တွင် အလုပ်အကြောင်း ပြောရုံလောက်သာ။


သူ့ဘက်က ပြတ်သားနေမှတော့ ဘာကြောင့်များ သံသယအဝင်မခံရအောင် ရှောင်နေတော့မှာလဲ။


လူငယ်လေး၏ ကြည်လင်ပြတ်သားသော အကြည့်က ရှီသွမ်းရင်ထဲက ရှင်းမပြနိုင်သော ခံစားချက်များကို လွင့်ပျယ်သွားစေပြီး မနေနိုင်ပဲ ဘောင်းဘီစကို လက်ချောင်းများနှင့် အကြိမ်အနည်းငယ်ခန့် ပုတ်လိုက်မိသွားလေသည်။


“ တကယ်တော့ နှစ်ဖက်လုံး အကောင်းဆုံး ဖြစ်စေမယ့် နည်းလမ်းတစ်ခုတော့ ရှိတယ်...."


သွမ့်ရှူးထုံ၏ မျက်လုံးအစုံက အနည်းငယ် ပြူးကျယ်သွားလေသည် " ဘယ်လိုမျိုးလဲ...."


သူ့တွင် တစ်ဖက်သတ်ဆန်သည့် စိတ်ကူးမရှိသလို ဥက္ကဌရှီက အေးအေးဆေးဆေး ပြောလာသည် " မင်း ကိုယ့်နေရာကို ပြောင်းလာခဲ့လေ...."


သွမ့်ရှူးထုံ : ??? ဟမ်....


ရှီသွမ်းက ထိုစကားလုံးများ ထုတ်ပြောလိုက်မှ စိတ်ထဲက လေးလံနေသည့် ဝန်ထုပ်ဝန်ပိုးကြီးက လျော့ကျသွားသလို ခံစားလိုက်ရသည်။ ရှီသွမ်းက သွမ့်ရှူးထုံ၏ အံ့သြတကြီး အကြည့်များနှင့် ဆုံသွားသည့်အချိန် တွန့်ဆုတ်မှုမရှိပဲ ပြန်ဖြေလာသည်


 " သူက ကိုယ်တို့နှစ်ယောက်ထဲက ဘယ်သူနဲ့နေနေ မသင့်တော်ဘူးလေ....သူမကို မင်းရဲ့နေရာကို ပြောင်းလာခိုင်းလိုက်....ပြီးရင် မင်းက ကိုယ်နဲ့အတူလာနေ....ဒါဆိုရင် ပြီးပြီပေါ့..."


ကြည့်ရတာတော့ အဓိပ္ပါယ်ရှိသလိုပဲ။


သွမ့်ရှူးထုံက တစ်စက္ကန့်မျှ စဥ်းစားကြည့်ပြီးနောက် ခေါင်းညိမ့်ပြလာသည် " ဒါဆိုလည်း ဖြေရှင်းပြီးသွားတာပေါ့...."


လိပ်တင်ထားသော အင်္ကျီစကို ပြန်ချလိုက်ရင်း ရှီသွမ်းက ပထမဆုံးအကြိမ် ပြုံးပြလာလေသည် 


" အခု နောက်ကျနေပြီဆိုတော့ ကိုယ် အရင်ပြန်တော့မယ်....ညစာကျွေးတဲ့အတွက် ကျေးဇူးပါ....မင်း ပြောင်းလာမယ့် အချိန်ကို စဥ်းစားပြီးရင် ကိုယ့်ကို အသိပေး.."


ပြောပြီးသည်နှင့် သူက တံခါးဖွင့်ပြီး ထွက်သွားတော့သည်။



👨‍❤️‍👨



👨‍❤️‍👨Chapter 34



သွမ့်ရှူးထုံက နေရာမှာတင် အေးခဲသွားပြီး စက္ကန့်အနည်းငယ်ကြာမှ အသိပြန်ဝင်လာသည်။ မူရင်းဝတ္ထု၏ စာရေးဆရာက ဇာတ်ကောင်များ၏ စွမ်းရည်ကို မြုပ်ထားသလို ခံစားမိသည်။ ရှီသွမ်းလိုလူတစ်ယောက်က တတိယဇာတ်လိုက်နေရာသာ ရှိလေသည်။


သူ၏ရုပ်ရည် မိသားစုနောက်ခံ အရည်အချင်း အစွမ်းအစများက လိရှောင်းထက် အပုံကြီးသာလေသည်။ သို့သော်လည်း နောက်ဆုံးတွင် သူက ဇာတ်လိုက်မကို မရယူနိုင်ခဲ့ပေ။


သွမ့်ရှူးထုံက ရှီသွမ်းကို သနားပြီးရင်းသနားနေမိတော့သည်။


သနားခံနေရသည့် ဥက္ကဌရှီက သူ့အိမ်သို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ ချန်နင်နှင့် လျိုကျစ်ဖေးတို့က အသင့်စားခေါက်ဆွဲဗူးထဲမှ ခေါက်ဆွဲပြုတ်ရည်များကို စုပ်သောက်နေကြပြီး ချဥ်ဖတ်ရွက် အရသာလေးပင် ရလိုက်သလိုပင်။


သူတို့က ရှီသွမ်း ဝင်လာသည်ကို မြင်သောအခါ ထရပ်ပြီး ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လာသည်။


ရှီသွမ်းက မျက်နှာတည်တည်နှင့်ပင် ခေါင်းညိမ့်ပြလိုက်သည်။ သူက အိမ်စီးဖိနပ်ကို ပြောင်းဝတ်လိုက်ရင်း လှေကားပေါက်ဝဆီ ဖြေးဖြေးချင်း လျှောက်သွားလိုက်သည်။ သူက လှေကားထိပ်ဆုံးသို့ ရောက်သွားသည့်အခါ ရုတ်တရက် လှည့်ကြည့်လာပြီး ချန်နင်ကို ပြောလာသည်။


 " မင်းရဲ့ ပစ္စည်းတွေကို အောက်ထပ်ဆီ ရွှေ့ထားလိုက်ဦး...." 


အိမ်က နှစ်ထပ်အိမ် ဖြစ်သည်။ ရှီသွမ်းက အမြဲတမ်း ဒုတိယထပ်တွင် နေသည်။ သူ့လက်ထောက် ချန်နင်က အလုပ်ကြောင့် ရောက်လာသည်နှင့် သူ့ဘေးခန်းကို ပြောင်းလာခဲ့သည်။ လျိုကျစ်ဖေးက ပထမထပ်တွင် အိပ်လေသည်။


ချန်နင်က အံ့သြသွားသည့်ပုံပင်။ သူက ခံတွင်းထဲမှ ချဥ်စပ် စွပ်ပြုတ်ရည်ကို မြိုချလိုက်ရင်း မေးလိုက်မိသည်


 " ဥက္ကဌရှီ....ကျွန်တော် ညရောက်ရင် ဟောက်မိလို့များ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့တာလား...."


ထိုသို့ ပြောရအောင်ကလည်း ဤအိမ်က အသံလုံသည့်အိမ်ဖြစ်နေသည်။ 


ရှီသွမ်းက ခံစားချက်မပါသော မျက်နှာနှင့် ပြန်ဖြေလာသည်


 " မဟုတ်ဘူး....မိတ်ဆွေတစ်ယောက် ဒီမှာ လာနေမလို့...."


ချန်နင် : ?


ဘယ်အချိန်ကစပြီး ရှီသွမ်းက တစ်ယောက်ယောက်နဲ့ မိတ်ဆွေဖြစ်သွားခဲ့တာလဲ။ ပြောရရင် သူ့အိမ်ကိုခေါ်ပြီး လာနေခိုင်းရလောက်တဲ့ သူမျိုး ရှိနေတာလား။


ချန်နင်က မေးလည်းမမေးရဲပေ။ သူက ဟုတ်ကဲ့ဟုသာ ပြန်ဖြေပေးနိုင်သည်။


လျိုကျစ်ဖေးက ရယ်လိုက်ရင်း သူ့ပုခုံးကို ပုတ်လာသည် " အခုကစပြီး အောက်ထပ်မှာ အတူတူနေကြတာပေါ့...."


ချန်နင်က သေချာစဥ်းစားကြည့်ပြီးမှ ဤသို့ စီစဥ်လိုက်သည်ကလည်း သူ့ကို ပိုပြီး လွယ်ကူသွားစေနိုင်မှန်း ခံစားလိုက်ရသည်။


ရှီသွမ်းက နှစ်လှမ်းစာလောက် သွားပြီးနောက် တစ်ခုခု အမှတ်ရသွား၍ ပြန်လှည့်ကြည့်လာပြီး မေးလာသည်


 " အရင်တုန်းက ဝယ်ယူစုဆောင်းရေးဌာနကို သွားပြောခိုင်းတာက အခြေအနေ ဘယ်လိုလဲ...."


ချန်နင် ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည်


 " သူတို့ကို ပေးခဲ့ပြီးပါပြီ....လူတိုင်းက ဝမ်းသာနေကြတယ်....ကျွန်တော်တို့ ကုမ္ပဏီက အရမ်း ကြင်နာတာပဲဆိုပြီးတော့တောင် သူတို့က တိတ်တိတ်လေး ပြောနေကြတာ....တစ်ခြားကုမ္ပဏီရဲ့ အမျိုးသမီးဝန်ထမ်းတွေကလည်း အရမ်းအားကျနေကြတယ်...." 


သူပြောလိုက်သည်ထဲတွင် ချဲ့ကားပြောဆိုထားခြင်းမျိုး မပါချေ။


နွေဦးပန်းနံပါတ်၁က မအောင်မြင်ခင်က ဝယ်ယူစုဆောင်းရေးဌာနက ဝန်ထမ်းများမှာ ဘော့စ်၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ခဲ့ကြပေ။ သို့သော်လည်း ထိုထုတ်ကုန်က အင်တာနက်တွင် နာမည်ကြီးသွားသောအခါ ဝယ်ယူစုဆောင်းရေးဌာန ဝန်ထမ်းများက ဘော့စ်၏ အနာဂတ်အမြင်ကို လေးစားသွားခဲ့ရသည်။ 


ကုမ္ပဏီ၏ ကြေညာစာကို ရရှိပြီးနောက် ကြေငြာချက်နှင့် ကိုက်ညီသော အမျိုးသမီးဝန်ထမ်းများက ဝမ်းသာလုံးဆို့ခဲ့ရသည်။


မကြုံကြိုက်ခဲ့သည့် သူများကလည်း မနာလိုအားကျခဲ့ရသော်လည်း ပိုပြီး အလုပ်ကြိုးစားလာခဲ့ကြသည်။


အမှန်တကယ်လည်း ဘော့စ်က လုပ်သက်ရင့်သော အမျိုးသမီးဝန်ထမ်းများကို လက်ဆောင်ပေးခဲ့သည်ပင်။ ဤသည်က ဘော့စ်က ထိုဝန်ထမ်းများအပေါ် ဆုချပေးခြင်းမျိုးပင်။


သူတို့သာ ဆက်ပြီး အလုပ်ကြိုးစားမယ်ဆိုရင် အနာဂတ်မှာ ပိုကောင်းတဲ့ လက်ဆောင်မျိုး ရနိုင်တာပေါ့။


အမျိုးသားဝန်ထမ်းများက skincareထုတ်ကုန်ဖြစ်၍ စိတ်မဝင်စားကြသော်လည်း ၆၆၆ယွမ်ဆိုသော စျေးနှုန်းကို ကြားသောအခါ မိန်းကလေးအဖြစ် မွေးဖွားမလာခဲ့ရ၍ ဝမ်းနည်းပြီး သက်ပြင်းချမိကြသည်။


သေချာပေါက် ယင်းက ဟာသသက်သက်သာ ဖြစ်သည်။ အမှန်တွင် ၆၆၆ယွမ်က အလွန်စျေးကြီးလှသည်မျိုး မဟုတ်ပေ။


[T/N အဲ့ဒီအချိန်တုန်းက ဘာသာပြန်မှာ ၆၆၆ယွမ်က အမေရိကန်ဒေါ်လာ ၁၀၃.၀၉ဒေါ်လာနဲ့ ၈၇.၃၄ယူရိုနဲ့ လဲလို့ရတယ်လို့ ဆိုခဲ့ပါတယ်]


နွေဦးပန်းနံပါတ်၁ ရောင်းနေသည့်အချိန်အတွင်း ရှီလုပ်ငန်းစုမှ အမျိုးသမီးဝန်ထမ်းများကလည်း သူတို့ကုမ္ပဏီက လက်ဆောင်များ ပေးကြောင်း အင်တာနက်တွင် ပို့စ်တင်ကြ၍ မနာလိုအားကျကြသော တုန့်ပြန်မှုများ ရခဲ့လေသည်။


[“ရှီလုပ်ငန်းစုက အရမ်းကောင်းတာပဲ...."]


[" အရမ်း ကြင်နာတတ်တာပဲ....ငါတို့ဘော့စ်လည်း အဲ့လိုသာဆို ကောင်းမှာ...."]


[" ငါ နှုတ်ထွက်ပြီး ရှီလုပ်ငန်းစုဆီ လာခဲ့ရင်ရော ဘယ်လိုလဲ....ဟဟ..."]


ထိုသို့ ရေးသားချက်များကို နေရာတိုင်း တွေ့နေရသည်။ အများစုက အပြောင်အပြက် ရေးထားခြင်းဖြစ်သော်လည်း ရှီသွမ်း၏ ဆုံးဖြတ်ချက်က ရှီလုပ်ငန်းစုအတွက် ပရိတ်သတ်တော်တော်များများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း မြင်တွေ့နိုင်ပေသည်။


ဝန်ထမ်းအများစုက သူတို့ အရှက်ရနေပြီဖြစ်ကြောင်း ပြလာကြသည်။ ယခင်က သူတို့မှာ ရှီသွမ်းကို စက်ရုပ်ဆန်လွန်း၍ အတင်းတုပ်ခဲ့ကြသော်လည်း စက်ရုပ်က တကယ်တမ်း စဥ်းစားတွေးတော တတ်ပါ့မလား။


သေချာပေါက် မဟုတ်ဘူးပေါ့။


ချန်နင်၏ အဖြေကို ရရှိသွားချိန် ရှီသွမ်းက အလွန် စိတ်ကျေနပ်သွားခဲ့သော်လည်း မျက်နှာအမူအရာက ယခင်အတိုင်း မပြောင်းမလဲပဲ ဆက်ရှိနေသေးသည်။ သူက ခေါင်းအသာညိမ့်ပြလိုက်ပြီးနောက် အလုပ်ဆက်လုပ်ရန် အပေါ်ထပ် တက်သွားလိုက်သည်။


သူတို့က အွန်လိုင်းပေါ်တွင် နွေဦးပန်းနံပါတ်၁နှင့် ပတ်သက်သည့် သဘောထားများ တဖန်ပြောင်းလဲသွားကြသည်ကို မသိလိုက်ကြပေ။


တစ်ယောက်ယောက်က သွမ့်ရှူးထုံ၏ ယခင်က မူးပြီးကားမောင်းမိသည့် ကိစ္စကို ပြန်တူးဖော်လာရင်း စတင်၍ လှောင်ပြောင်ပြောဆိုလာသည်


[ " ဒါရိုက်တာသွမ့်က ကောင်းကင်ဘုံကနေ နွေဦးဆောင်းဦးခန်းမဆီကို ကျလာတာလေ....ပြီးတော့ တစ်လလေးအတွင်းမှာ သူက သုတေသနလုပ်ပြီး ထုတ်ကုန်အသစ်ကို ထုတ်နိုင်ခဲ့တယ်ပေါ့....ဒါက အရမ်း လိမ်လွန်းမနေဘူးလား...." ]


အင်တာနက်သုံးစွဲသူများ၏ ပထမဆုံး တုန့်ပြန်ချက် 

[: ဒါဆို နွေဦးပန်းနံပါတ်၁ကို တီထွင်ခဲ့တဲ့ ရွှေဦးနှောက်ပိုင်ရှင်ရဲ့ မျိုးရိုးနာမည်က သွမ့်ပေါ့....]


ဒုတိယတုံ့ပြန်ချက် : 

[ဖာ့ခ်...ဘာလို့ ဒီရွှေဦးနှောက်ပိုင်ရှင်က သောက်ရမ်းချောနေရတာလဲ...]


တတိယတုံ့ပြန်ချက် :

[ မူးပြီးကားမောင်းတာက မကောင်းပေမယ့်လည်း နွေဦးပန်းနံပါတ်၁က တကယ်ကောင်းတယ်လေ....]




👨‍❤️‍👨