အပိုင်း ၁၃၉
Viewers 26k

Part 139


ခပ်လှမ်းလှမ်းနေရာ၌ မိန်းမနှစ်ယောက်ရပ်နေကာ ထိုသူတို့မှာ ကိုယ်အလေးချိန်အတော်လေးကျဆင်းသွားသည့်ပုံပေါ်နေလေသည်။


 ရှူဝေနှင့် အန်းချင်ယု…


ချီကျန်းကျန်း ခဏတာတုန့်ဆိုင်းသွားပြီး သူမ၏မျက်လုံးထဲတွင် အံ့ဩနေခြင်းများရှိနေခဲ့သည်။


သူတို့နှစ်ဦးသည် အရှေ့သို့လျောက်လာခဲ့ပြီးဖြစ်ပြီး အနည်းငယ်အလျှင်လိုနေသည့်ပုံပင်။


သူတို့နှစ်ဦးချဉ်းကပ်လာချိန်၌ ချီကျန်းကျန်း၏မျက်လုံးထဲတွင် လမ်း၏မီးရောင်ဖြင့် သူတို့နှစ်ဦးအားရှင်းလင်းစွာမြင်နေခဲ့သည်။ သူမခဏတာစဉ်းစားလိုက်ပြီး ဝမ်ယွီထားပေးထားသည့် သက်တော်စောင့်များလည်း အနီးမဝေးတွင်ရှိနေသည့်အတွက် ထိုသူနှစ်ဦးလုပ်ဆောင်နိုင်သည့်အရာများအား သူမကြောက်ရွံမနေတော့ပေ။


"  ကျန်းကျန်း…" ရှူဝေအပြုံးတစ်ခုညှစ်ထုတ်လိုက်၏။


သူမကိုယ်သူမကောင်းကောင်းဂရုစိုက်ခဲ့သည့်အတွက် သူမ၏မျက်နှာတွင် မည်သည့်အရာမျှရှိမနေခဲ့ပေ။ သို့သော် ယခုအချိန်တွင်မူ သူမရုတ်တရက်ဆိုသလို ဆယ်နှစ်ခန့်ပို၍အိုမင်းသွားသည့်ပုံပေါက်နေလေသည်။ သူမ၏မျက်နှာတွင် အရေးအကြောင်းများ ပြည့်နေခဲ့သည် သူမ၏မျက်ခွံများမှာလည်း တွဲကျနေကာ သူမပုံစံမှာပိုထက်မြလာပြီး ကြင်နာမှုကင်းမဲ့သည့်ပုံပေါက်နေလေသည်။


" အစ်မကျန်းကျန်း…"  အန်းချင်ယုသည်လည်း အပြုံးတစ်ပွင့်ညှစ်ထုတ်လိုက်ရပြီး သိသိသာသာပင် သူမမပြုံးနိုင်နေခဲ့ပါ။


ရှူဝေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အန်းချင်ယုသည် ပို၍ပြောင်းလဲသွားခဲ့သည်။ သူမ၏ဗိုက်မှာ ပိုဖောင်းလာခဲ့သည်။ သူမတစ်ကိုယ်လုံးတွင် ကိုယ်အလေးချိန် အများကြီးကျသွားခဲ့ပြီး သူမ၏ဗိုက်တစ်ခုထဲကသာ သိသာထင်ရှားနေခဲ့သည်။ သူမသည်ဖျော့တော့နေပြီး အင်အားမရှိပုံပေါ်ကာ အချိန်အကြာကြီးကောင်းကောင်းမအိပ်စက်ခဲ့ရသည်မှာ သိသာနေခဲ့သည်။


ထိုသူနှစ်ဦး၏ သူမမှတ်မိနေသည့်ပုံစံနှင့် အပြောင်းအလဲများမှာ အလွန်ကွာခြားနေခဲ့သည့်အတွက် ချီကျန်းကျန်းသည် အလွန်အံ့အားသင့်နေခဲ့ရလေသည်။


ချက်ချင်းဆိုသလို သူမတည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်လေသည် " ဘာကိစ္စရှိလို့လဲ…"


သူမသည် ထိုသူနှစ်ယောက်အား ခေါင်းမှခြေထောက်အထိ အပြန်ပြန်အလှန်လှန်ကြည့်နေခဲ့မိပြီး သူတို့သည်လည်း သူမအားကြည့်နေခဲ့ကြသည်။


အထူးသဖြင့် အန်းချင်ယုပင်…


သူတို့သည် ဝမ်စီစီ၏နောက်သို့လိုက်ခဲ့ပြီးနောက် ချီကျန်းကျန်းအား နိုက်ကလပ်သို့မဝင်သွားခင် မြင်လိုက်ရလေ၏။ သို့သော်လည်း သက်တော်စောင့်များကြောင့် အနီးကပ်မသွားနိုင်ခဲ့သဖြင့် သူတို့နောက်မှလိုက်နေခြင်းဖြစ်သည်။ သူတို့သည် နိုက်ကလပ်ထဲသို့ လိုက်ဝင်ချင်ခဲ့သော်လည်း ဝင်ခွင့်မရခဲ့ပေ။


နိုက်ကလပ်မှာ ပုလဲဘားဟုခေါ်ပြီး အဆင့်အတန်းမြင့်ဘားတစ်ခုဖြစ်သည်။ အထဲဝင်ဖို့ရန်မှာ အဖွဲ့ဝင်ကဒ်ပြားလိုအပ်ပြီး ဝမ်မိသားစုဒေဝါလီခံသွားရပြီးထဲက သူတို့၏ကဒ်မှာရုတ်သိမ်းခံလိုက်ရသည်။ ထို့ကြောင့် သူတို့တံခါးနားသို့ပင် မကပ်နိုင်ခဲ့ချေ။


ထိုအချိန်တွင် ချီကျန်းကျန်းသည် ဝမ်စီစီအားလိုက်ပို့ခဲ့သဖြင့် သူတို့သူမနားကပ်ခွင့်ရသွားတော့သည်။


ချီကျန်းကျန်းသည် သူမအားနောက်ဆုံးတစ်ခေါက်မြင်ခဲ့ရသည့်အချိန်ကကဲ့သို့ပင် မပြောင်းလဲခဲ့ပေ။ သူမသည်အရင်အတိုင်းလှပနေမြဲဖြစ်ပြီး စိတ်အားထက်သန်ကာ ယုံကြည်မှုရှိသော သူမ၏ရောင်ဝါကို ပေါ်လွင်စေခဲ့သည်။ သူမ၏ လှုပ်ရှားမှုတိုင်းမှာ ပေါ့ပေါ့ပါးပါးနှင့် လွတ်လပ်နေသော ခံစားချက်များကို သယ်ဆောင်နေခဲ့သည်။


ဝတ်စုံမှာမူ အလွန်ရိုးရှင်းနေသော်လည်း အလွန်ကောင်းမွန်သောဒီဇိုင်းဖြစ်၏။ သူမ၏ချီးမြောက်ခြင်းခံထားရသောကိုယ်ဟန်နှင့်တွဲဖက်လိုက်သောအခါတွင် လမ်းမပေါ်၌ရပ်နေစေကာမူ လူအများကလျစ်လျူမရှုနိုင်၊ ဖြတ်ကျော်မသွားနိုင်ဖြစ်နေရတော့သည်။


အန်းချင်ယုသည် မနာလိုရလွန်းသောကြောင့် ရူးသွပ်လုနီးနီးဖြစ်ခဲ့ရလေသည်။


သူမ၏ဘေးတွင် ရှူဝေးသည် ပြုံးကာရှက်နေသည့်ပုံစံဖြင့် " ကျန်းကျန်း မတွေ့တာကြာပြီ အဆင်ပြေတယ်မလား…"


" ကျွန်မကိုဘာအတွက်ရှာတာလဲ…" ချီကျန်းကျန်းမျက်မှောက်ကြုတ်လိုက်ကာ တိုက်ရိုက်သာမေးလိုက်တော့သည်။ 


" ငါမင်းနဲ့စကားပြောချင်လို့…"


" အိုးး အဲ့ဒါဆိုရင်တော့ ကျွန်မမှာ ပြောစရာစကားမရှိဘူး " ချီကျန်းကျန်း ထွက်သွားရန် ပြင်လိုက်သည်။


ရှူဝေအလျှင်အမြန်ပြောလိုက်ရတော့သည် " ကျန်းကျန်း မင်းကဝမ်ယွီရဲ့သတို့သမီးလောင်းပါ ပြီးတော့ ငါတို့မိသားစုတွေကြားက သဘောတူညီချက်ကြောင့်သာ မင်းတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုက ဖြစ်မြောက်ခဲ့တာလေ… အခုမင်းနဲ့ဝမ်ယွီအဆင်ပြေနေတယ်ဆိုတော့ ငါတို့တွဲဖက်ပေးခဲ့တာမှန်ကန်တယ်လို့ ဆိုလိုတာပဲ… အဆုံးမှာတော့ ဝမ်ယွီက ဝမ်မိသားစုရဲ့သခင်လေးလေ မင်းကလဲ အနာဂတ်သခင်မပဲဟာ…"


သူမပြောပြီးသည့်နောက် ချီကျန်းကျန်း၏လက်အားဆွဲကာ အလွန်ချစ်ခင်ပြနေသောမျက်နှာဖြင့် " ငါကသူ့ရဲ့မိထွေးပါ အဲ့တော့ အခုလိုပြောဖို့အဆင့်မမှီပေမယ့် ကျင်စန်းက ဝမ်ယွီရဲ့အဖေရင်းလေ… ဘာပဲဖြစ်ဖြစ် သူတို့ကသွေးနဲ့ဆက်နွယ်နေသေးတာပဲ မင်းကကောင်းတဲ့ကလေးဆိုတာ ငါတို့သိပါတယ် ပြီးတော့ငါတို့မင်းကိုချွေးမအဖြစ်လဲ အသိအမှတ်ပြုပါတယ်… အဲ့‌ဒီတော့ ငါတို့ကိုကူညီပြီး ဝမ်ယွီကိုစကားပြောပေးဖို့ တောင်းဆိုပါတယ်နော်…ကျင်စန်းကလည်း အခုအကြောသေသွားပြီးတော့ နောင်တရနေပါပြီ… အဆုံးမှာတော့ သူတို့ကအဖေနဲ့သားပဲလေ…"


ရှူဝေ၏မျက်နှာမှာ ချစ်ခြင်းအပြည့်နှင့်တောင်းပန်နေခဲ့ပြီး သူမ၏လက်အားတင်းကြပ်စွာဆုပ်ကိုင်ကာ သူမ၏မျက်လုံးများမှာ နီရဲနေပြီး အလွန်သနားစဖွယ်ဖြစ်နေလေ၏။


ချီကျန်းကျန်းသည် မနှစ်မြို့သောအမူအယာပြလိုက်ပြီး သူမ၏လက်အားလွှတ်ချကာ အနောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်လေသည်


 " ရှင်တို့ကကျွန်မကိုတုံးအတယ် ဒါမှမဟုတ် အရူးလုပ်ရလွယ်တယ်လို့ထင်နေကြတာလား… ကျွန်မနဲ့ဝမ်ယွီတို့ရဲ့လက်ထပ်စာချုပ်က အစပိုင်းတုန်းကဘယ်လိုဖြစ်ခဲ့တာမလို့လဲ ရှင့်စိတ်ထဲမှာသေချာမသိလို့လား… ရှင်ပဲအစတုန်းက ကျွန်မကဝမ်ရိရန်အတွက်မသင့်တော်ဘူးလို့ဆုံးဖြတ်ခဲ့တာလေ… ရှင်ပဲဝမ်ယွီကိုအထင်သေးပြီး ကျွန်မတို့ကိုအတူရှိစေခဲ့တာမဟုတ်ဘူးလား…"


" အဲ့ဒါအကုန်အန်တီ့အပြစ်တွေပါ… အန်တီကရှုပ်ထွေးသွားခဲ့လို့ပါ ဒါပေမယ့်အဲ့ဒီအမှားက ဝမ်ယွီနဲ့မင်းကိုအတူရှိစေခဲ့တယ်လေ… ဝမ်ယွီကရိရန်ထက်အများကြီးပိုကောင်းပါတယ်…" ရှူဝေမှာ အလွန်အမင်းတောင်းပန်နေခဲ့ပြီး ချီကျန်းကျန်း၏လက်အားဆွဲကိုင်ရန်ထပ်မံကြိုးစားလိုက်လေသည်။


သူမသည် ချီကျန်းကျန်းထံမှအကူအညီရနိုင်ရန်အတွက် ဝမ်ရိရန်ကိုပင် ဝမ်ယွီလောက်မတော်ဟု ဝန်ခံခဲ့လေသည်။


ချီကျန်းကျန်းရှောင်တိမ်းလိုက်ပြီး သူမ၏လက်အားထိခွင့်မပေးခဲ့ပေ၊ သူမအေးစက်စွာပြောလိုက်လေသည် " ကျွန်မဆီလာပြီးကူညီပေးဖို့မပြောပါနဲ့… ရှင်တို့အကုန်လုံးကိုသတ်လိုက်ဖို့ ဝမ်ယွီကိုမတောင်းဆိုလိုက်ဘူးဆိုတာက ရှင်တို့အတွက်ကျွန်မရဲ့ချမ်းသာပေးထားခြင်းပဲ…မမေ့ပါနဲ့ ကျွန်မတို့မှာ အရင်က အာဃာတအဟောင်းတွေလည်းကျန်သေးတယ်ဆိုတာ…"


ရှူဝေက သူမကိုအရူးလုပ်ရတာလွယ်တယ်လို့တွေးနေတာလား…


သူတို့အဆက်အဆံမရှိသည်အား မပြောနဲ့ဦး ရှုဝေနဲ့ဝမ်မိသားစုက ဝမ်ယွီအားပေးလာတဲ့ရန်ပြုမှုတွေနဲ့တင် သူတို့ရဲ့အဆုံးသတ်ကိုကြိုတင်သတ်မှတ်ပေးလို့ရနေပြီ…


အရင် သူမကူးပြောင်းလာကာစအချိန်တုန်းက ချီကျန်းကျန်းဇာတ်ကြောင်းတစ်ခုကိုဖတ်လိုက်ပြီး သူမခံစားမိသည်မှာ ဝမ်ယွီ၏လက်စားချေမှုသည်  သူ၏ဒေါသများအားပြေပျောက်စေနိုင်ရန်ဖြစ်‌သည်ကိုပင်။


ယခုအချိန်တွင် သူမသည်ဝမ်ယွီအားချစ်မိနေခဲ့ပြီး ဝမ်ယွီအား ဝမ်မိသားစုကိုခွင့်လွှတ်ပေးနိုင်ရန်လုပ်ဆောင်နိုင်မည်လား…


မဖြစ်နိုင်ပါ…


သူမထွက်ခွာသွားတော့မည်အား မြင်ပြီးနောက် ရှူဝေသည် အန်းချင်ယုအားဆွဲကာ အော်လိုက်လေသည် "  ကျန်းကျန်း မင်းကအခုထိငါတို့ကိုအာဃာတထားနေတုန်းပဲလား…အဲ့ဒါတွေအကုန်လုံးကအန်းချင်ယုကြောင့်ပဲလေ…သူမကသာ ရိရန်ကိုမြူဆွယ်ခဲ့တဲ့လူပဲ … သူမကပဲဝမ်မိသားစုထဲဝင်နိုင်ဖို့လှည့်ကွက်တွေသုံးခဲ့တာ မင်းမှာအာဃာတတွေရှိနေသေးရင် ငါတို့အပေါ်ကိုပဲပုံချလိုက်ပါ… ကျေးဇူးပြုပြီး ဝမ်ယွီကို ဝမ်မိသားစုကိုလွှတ်ပေးဖို့ တောင်းဆိုပေးပါနော် ငါတို့ဒူးထောက်တောင်းပန်ပါ့မယ်…"


သူမသည် အန်းချင်ယု၏လက်အားကြမ်းတမ်းစွာဆွဲချလိုက်လေသည်။ အန်းချင်ယု၏ဗိုက်မှာ အတော်လေးကြီးမားနေခဲ့သော်ကြောင့် ချက်ချင်းဆိုသလိုဆွဲချခံရကာ ဒူးတစ်ဝက်ထောက်လိုက်ရတော့သည်။


" ကျန်းကျန်း မင်းကရိရန်ကိုအများကြီးသဘောကျခဲ့တာပဲလေ… ရိရန်ကရူးခါနီး‌အထိကိုနှိပ်စက်ခံနေရတယ်… ရိရန်အတွက်ပဲဖြစ်ဖြစ် မင်းရဲ့အရင်ကခံစားချက်တွေအတွက်ပဲဖြစ်ဖြစ်…ငါတို့ကိုကူညီဖို့ဝမ်ယွီကိုတောင်းဆိုပေးပါနော် ငါတို့ကိုကူညီဖို့တောင်းပန်ပေးပါ…" ရှူဝေသည် အော်ငိုလာခဲ့ပြီးဖြစ်သည်။


ချီကျန်းကျန်းသည် မျက်မှောင်ကြုတ်ကာပြုံးလိုက်ပြီး " ဝမ်ရိရန်နဲ့ကျွန်မမှာ ဘာဆက်ဆံရေးမှမရှိဘူး အဲ့တော့ သေချာပေါက်ကို ကျွန်မကူညီမှာမဟုတ်ဘူး…"


ထိုသို့ပြောခဲ့ပြီးနောက် သူမလှည့်ထွက်လာခဲ့တော့သည်။


" ချီကျန်းကျန်း…" ရှူဝေ သူမအားရပ်တန့်စေချင်ခဲ့သည်။


ချီကျန်းကျန်းသည် သူမ၏ဘေးတွင်ရပ်နေသော သက်တော်စောင့်နှစ်ယောက်အားခေါင်းငြိမ့်ပြလိုက်ရာ သူမ၏အချက်ပြမှုအားစောင့်ဆိုင်းနေသူတို့မှာ ချက်ချင်းဆိုသလိုပင် ရှူဝေနှင့် အန်းချင်ယုအား ဆွဲထုတ်သွားခဲ့သည်။ ထို့နောက် ချီကျန်းကျန်းကားရှိရာသို့လျောက်လာခဲ့လေသည်။


သူမသွားနေရင်းမှ လမ်းတဝက်တွင်ရပ်ကာပြောလာခဲ့သည် " ဝဠ်ဆိုတာလည်တတ်တယ် အဲ့ဒါကသင့်‌လျော်တဲ့လက်‌စားချေခြင်းပဲ ရှင်တို့ရဲ့မကောင်းမှုကိုကိုယ်တိုင်ပဲလုပ်ဆောင်ခဲ့ကြတာလေ ကိုယ့်ဘာသာပဲခံကြပေါ့…"


ပြောပြီးသည့်နောက်တွင် သူမကားပေါ်သို့တက်ကာ ထွက်သွားခဲ့သည်။


သက်တော်စောင့်များမှာ ထိုသူနှစ်ဦးအားထားကာ နောက်ထပ်ကားတစ်စီးပေါ်သို့တက်၍ သူမနောက်သို့အမြန်လိုက်သွားခဲ့ကြသည်။


xxxxxx