Part 140
ချက်ချင်းဆိုသလိုပင် ရှုဝေနှင့်အန်းချင်ယုတို့ထွက်ခွာသွားကြသည်။
အန်းချင်ယုနှာခေါင်းရှုံလိုက်ပြီး " ကျွန်မပြောသားပဲ သူမကကူညီမှာမဟုတ်ဘူးလို့… သူကတခြားသူတွေထက်တောင် ကျွန်မတို့ကိုပိုမုန်းသေးတယ်…သူမကဘယ်လိုလုပ်ပြီးကူညီနိုင်မှာလဲ…"
ရှူဝေသူမ၏လက်အားမြှောက်ကာ မကျေမနပ်ဖြစ်နေပုံဖြင့် အန်းချင်ယုအားဆူပူနေ၏ " အဲ့ဒါနင့်ကြောင့်ပဲလေ ချီကျန်းကျန်းကအရင်က ရိရန်ကိုအရမ်းသဘောကျခဲ့တာ… သူမမှာရိရန်အတွက်ခံစားချက်ရှိခဲ့ဖူးတယ်… သူမနင့်ကိုမုန်းနေတာကြောင့်သာမဟုတ်ရင် သူမကမကူညီပဲနေမလား… အဲ့ဒါအကုန်နင့်ကြောင့်ကြီးပဲ ဂြိုလ်ဆိုးမရဲ့…"
အန်းချင်ယုမျက်မှောင်ကြုတ်ကာ သူမ၏လက်များဖြင့်ကာလိုက်ရပြီး အကြောက်တရားများမျက်လုံးထဲတွင်ပေါ်လာခဲ့သည်။
သူမသည်အရင်အချိန်တုန်းက ရှူဝေအားပြန်လည်တိုက်ခိုက်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ သူမ၏ဝမ်းဗိုက်မှာ အလွန်ကြီးမားနေကာ သူမသာရှုဝေနှင့်ရန်ဖြစ်ခဲ့လျှင် အထိနာမည့်သူမှာ သူမကိုယ်တိုင်သာဖြစ်လေသည်။
အန်းချင်ယုသည် ချီကျန်းကျန်းထွက်ခွာသည့်နေရာသို့ကြည့်နေခဲ့ပြီး သူမ၏မျက်လုံးထဲတွင် နောင်တတရားများဖြင့် ပြည့်နှက်နေခဲ့လေသည်။
သူမဘာလို့အခုလိုအဆုံးသတ်သွားရတာလဲ…
ချီကျန်းကျန်းပြန်ရောက်လာသည့်အချိန်၌ ဝမ်ယွီသည် ဧည့်ခန်းရှိဆိုဖာပေါ်တွင် ကွန်ပြူတာတစ်လုံးချ၍ထိုင်နေခဲ့၏။ သိသိသာသာပင် သူသည်အလုပ်များနေပုံပင်။
" ကျွန်မပြန်ရောက်ပြီ " ချီကျန်းကျန်း လျှောက်ဝင်လာကာ သူမ၏ဖိနပ်များအားလဲလှယ်လိုက်သည်။
ဝမ်ယွီသူမအားကြည့်လိုက်ပြီးနောက် သူ၏မျက်ခုံးများအား ချက်ချင်းဆိုသလိုဖြေလျော့လိုက်တော့သည်။ သူသည် သူမအနားသို့ကပ်ရန်စောင့်နေခဲ့ပြီး လက်လှမ်းကာ သူမအားဆွဲယူလိုက်ပြီးသည်နှင့် အနီးသို့ကပ်ကာ စစ်ဆေးနေတော့သည်။ ထို့နောက်မေးလာခဲ့သည် " သူတို့မင်းကိုထိခိုက်အောင်လုပ်ခဲ့သေးလား…"
" ဟမ်… ရှုဝေနဲ့အန်းချင်ယုကလား…" ချီကျန်းကျန်းသည် အံ့ဩတကြီးဖြစ်သွားခဲ့ရသည်။
" အင်းး မင်းသူတို့နဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေ ပြောမနေသင့်ဘူး… တကယ်လို့သူတို့က သူတို့ကိုလွှတ်ပေးလိုက်ဖို့ တောင်းဆိုလာရင်ကော ဒါမှမဟုတ် မင်းကိုရန်ပြုလောက်တဲ့အထိရူးနေခဲ့ရင်ကော…" ဝမ်ယွီသည် သူမအဆင်ပြေနေသည်အား မြင်ရမှသာ သူမအားသူ့ရင်ခွင်ထဲသို့ဆွဲသွင်းပြီး တင်းတင်းကြပ်ကြပ်ဖက်ထားမိတော့သည်။
ချီကျန်းကျန်းရယ်လိုက်ပြီး " သူတို့ကရှင့်ကိုပြန်အစီရင်ခံကြတာလား…သူတို့အဲ့မှာမရှိနေလို့လား…ရှုဝေကမငယ်တော့ဘူး အန်းချင်ယုကလည်း ကိုယ်ဝန်နဲ့လေ… သက်တော်စောင့်တွေမပါရင်တောင် သူတို့နှစ်ယောက်ကကျွန်မကိုမရိုက်နိုင်ဘူး…"
" အဲ့ဒါဆိုရင်တောင်မှ မင်းကိုယ်မင်းအန္တရာယ်ရှိတဲ့အခြေအနေထဲရောက်တဲ့ထိဆွဲမသွင်းသင့်ဘူး…တကယ်လို့သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေခဲ့ရင်ကော…" ဝမ်ယွီ၏မျက်ခုံးများမှာ ပြေလျော့မနေတော့ပေ။
ချီကျန်းကျန်းလက်လှမ်းကာ ဝမ်ယွီ၏တွန့်ချိုးနေသော မျက်ခုံးများအားဖြေလျော့ပေးလိုက်ပြီး သူမ၏အသံမှာ ရယ်ချင်စိတ်များပြည့်နေခဲ့သည် " ရှင်ပြောပုံအရဆို မတော်တဆတွေက နေရာတိုင်းအချိန်တိုင်းမှာဖြစ်နိုင်တာမလို့ ကျွန်မကအပြင်သွားလို့မရတော့ဘူးပေါ့…"
ဝမ်ယွီခဏတာတိတ်ဆိတ်နေခဲ့ပြီးမှ ပြောလာခဲ့လေသည် " မင်းနဲ့အတူတူ တစ်ယောက်ယောက်တော့ခေါ်သွားရမယ်…"
သူ သူမအား အမှန်တကယ်ပင် အပြင်မထွက်စေချင်ခဲ့သော်လည်း အဆုံးမှာတော့ သူတွေးတောဆင်ခြင်နိုင်ပါသေးသည်။
တစုံတစ်ယောက်အား နက်နက်ရှိုင်းရှိုင်းချစ်မိလေ ထိုလူအားဆုံးရှုံးရမည်ကို ပို၍ကြောက်မိလေဖြစ်သည်။ ဝမ်ယွီသည် မိသားစုမှချစ်ခြင်းမေတ္တာအားမရခဲ့ဖူးသည့်အပြင် တစုံတစ်ယောက်နှင့် ချစ်ကျွမ်းဝင်နိုင်မည်ဟူ၍လည်း တစ်ခါမှမထင်ထားခဲ့မိဖူးပေ။ ယခုအချိန်တွင် သူသည်ချီကျန်းကျန်းအားချစ်မိနေသောကြောင့် သူမကိုဆုံးရှုံးရမည်အား အလွန်ကြောက်လန့်နေမိလေသည်။
သူမထိခိုက်သွားမည်အား ကြောက်နေမိပြီး သူမမကောင်းတာတစ်ခုခုဖြစ်သွားမည်ကိုလည်း ကြောက်လန့်နေခဲ့ရသည်။
ချီကျန်းကျန်း သူ့အားကြည့်လိုက်ပြီး ခဏတာမျှတွေးတောလိုက်ကာ မေးလာခဲ့သည် " သူတို့ဒီနေ့ကျွန်မကိုဘယ်လိုရှာတွေ့သွားတာလဲ…"
ဝမ်မိသားစုသည် အတော်လေးအဆင်မပြေဖြစ်နေသည်ကို သူမသိသော်လည်း အတိအကျကိုမူ မသိခဲ့ချေ။
ရှုဝေကော အန်းချင်ယုပါ နှစ်ဦးစလုံးက သူမအားလာတောင်းပန်ခဲ့ကြသည်ကိုကြည့်ရုံနှင့်ပင် ဝမ်မိသားစု၌ တစ်စုံတစ်ခုဖြစ်ပျက်နေသည်မှာ သိသာနေသည်။
ဝမ်ယွီ : " ဝမ်မိသားစုက ဒီကမဟုတ်ဘူးဆိုတာကို မင်းသိလား… သူတို့က မြို့တော်စီကနေလာတာ အဲ့မှာသူတို့ချမ်းသာလာခဲ့ပြီးတော့ ဒီကိုပြောင်းလာတာပဲ…ဝမ်ကျင်စန်းက ဝမ်စီစီရဲ့လက်ထပ်ပွဲကိုအသုံးချပြီးတော့ တစ်ကျော့ပြန်လာချင်နေသေးတာလေ…ဝမ်ရိရန်ကအဲ့ဒါကမဖြစ်နိုင်ဘူးဆိုတာခံစားမိသွားပြီး သူဒီမှာဘယ်လိုမှမနေနိုင်တော့ဘူးလို့ထင်လို့ သူတို့တစ်မိသားစုကို မြို့တော်စီကိုပြန်ခေါ်သွားချင်ခဲ့တာ…"
သူပြောပြီးပြီးချင်းတွင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။
ချီကျန်းကျန်း ရုတ်တရက်ဆိုသလို ကိစ္စတစ်ခုလုံးအားသဘောပေါက်သွားတော့သည်။
ဝမ်ရိရန်၏လက်ရှိနေရာအားစွန့်ပစ်ချင်သော ရည်ရွယ်ချက်မှာ သူသည်ယခုနေရာတွင် မည်သို့မျှမနေနိုင်တော့သည့်အချက်အပြင် အဓိကအချက်မှာ ဝမ်ယွီအားရှောင်တိမ်းရန်ဖြစ်သည်။
ရှူဝေနှင့်အန်းချင်ယုမှာမူ တွန့်ဆုတ်နေခဲ့ကြသည်။ သူတို့သည်ကောင်းမွန်သောဘဝတစ်ခုရရန်အတွက် ဝမ်မိသားစုအား လက်ထက်ဝင်ရန် အချိန်အတော်ကြာစီစဉ်ခဲ့ရသော်လည်း ယခုအချိန်တွင်မူ ဝမ်မိသားစုပြိုကွဲရသည်သာမက သူတို့သည်လည်း မြို့တော်မှ မြို့ငယ်လေးသို့ပြောင်းရတော့မည်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် သိသိသာသာပင် လက်မခံနိုင်ပေ။
ထို့ကြောင့် သူတို့ ယခုလိုနည်းများကိုပင် အသုံးပြုပြီး သူမအားလာတောင်းပန်ကြခြင်းဖြစ်လေသည်။
" အိုးး ကျွန်မသိပြီ…" ချီကျန်းကျန်းသည် သူမ၏မေးစေ့အား ပွတ်သပ်ကာ ခေါင်းငြိမ့်လိုက်တော့သည်။
" စိတ်မပူပါနဲ့ ဒါကနောက်ဆုံးအကြိမ်ပဲ သူတို့တွေထွက်သွားရပြီး မင်းရှေ့မှာထပ်ပြီးမပေါ်လာစေရဘူး…" ဝမ်ယွီသည် ချီကျန်းကျန်း၏လက်အားတင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့လေသည်။
အကယ်၍ အရင်ကသာဆိုလျှင် သူသည်ဝမ်မိသားစုအား ထွက်သွားခွင့်ပြုခဲ့မည်မဟုတ်ချေ။ မြို့တော်စီသို့ပြောင်းရခြင်းသည် သူတို့အတွက်စိတ်ဆင်းရဲစရာကိစ္စဖြစ်နေခဲ့ရင်တောင်မှ သူသည် သူတို့အား သူ့မျက်စိအောက်တွင်ထားကာ သူတို့၏အဆင်မပြေနေမှုအား စောင့်ကြည့်ပြီး အသိအမှတ်ပြုပေးနေချင်သေးသည်။
ယခုတွင်မူ သူ ဂရုမစိုက်တော့ပေ။
ချီကျန်းကျန်းကြောင့်ပင် သူ၏ဘဝသည် ပြည့်စုံပြီးကျေနပ်စရာကောင်းလာခဲ့သည်။ ထို့ကြောင့် ဝမ်မိသားစု၏ ကြေကွဲဖွယ်အခြေအနေအား သူကြည့်ရှုနေရန် မလိုအပ်တော့ပေ။
သူသည် ဝမ်ရိရန်မှသူ၏မိသားစုဝင်များအားခေါ်ထုတ်သွားခြင်းကို တားဆီးမည်မဟုတ်ချေ။ သို့သော် မြို့တော်စီဆီသို့သည် တပြားတချပ်မှ မပါပဲ အကြွေးများဖြင့်သာ သွားရောက်ရမည်ဖြစ်သည်။
" အိုးးး…" ချီကျန်းကျန်းခေါင်းငြိမ့်လိုက်သည်။
ဝမ်မိသားစုသည် သူမတို့အတွက် အတိတ်သာဖြစ်သွားတော့မည်အား သူမသိနေခဲ့သည်။ ထို့အပြင် သူတို့နှင့် ဘယ်သောအခါမှ ပြန်ဆုံတွေ့နိုင်မည် မဟုတ်ပေ။
သူမသည်ဝမ်ယွီအားမှီလိုက်အား နူးညံ့စွာပြောလာခဲ့သည် " ရှင်အမုန်းကြောင့် ကန်းမသွားတာ ကောင်းတာပေါ့… သူတို့မှာ သူတို့ရဲ့အဆုံးသတ်ကရှိပြီးသားပဲလေ… နောက်ကျရင် ဝမ်မိသားစုနဲ့ မကောင်းတဲ့အတိတ်တွေအကုန်မေ့ပစ်လိုက်ကြရအောင်…အနာဂတ်ကိုပဲအတူတူရင်ဆိုင်ကြမယ်လေ…"
ဝမ်ယွီသည် ခဏကြာတိတ်ဆိတ်နေခဲ့ပြီးမှ " ကောင်းပြီ…"
လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦးဖက်ထားခဲ့ကြပြီး လေထုမှာနွေးထွေးနေလေသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်ယွီနှာခေါင်းရှုံကာ မျက်မှောင်ကြုတ်လိုက်ပြီး " မင်းသောက်လာတာလား…"
" အင်း နည်းနည်းသောက်လာခဲ့တယ်…" သူမသည် အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရ၏။
ဝမ်ယွီရပ်တန်လိုက်ပြီး ပြောလာခဲ့သည် " ကလပ်တွေကမလုံခြုံဘူး နောက်ဆိုသောက်ဖို့မပြောနဲ့ အဲ့ကိုမသွားရတော့ဘူး…"
ချီကျန်းကျန်း သူ့အားစိုက်ကြည့်နေခဲ့သည်။
ဝမ်ယွီ : " မင်းသွားချင်ရင် ကိုယ်နဲ့အတူတူသွားလေ…"
" အဲ့ဒါကအလုပ်ဖြစ်မှာမဟုတ်ဘူး…" ချီကျန်းကျန်းမှာ ပြီးဆုံးသွားသည့်ပုံဖြင့် မတ်မတ်ထိုင်ကာ သူ့အားကြည့်နေခဲ့သည် " ရှင်ကျွန်မနဲ့အမြဲလိုက်နေလို့မရဘူးလေ ဟုတ်တယ်မလား… အတွဲတွေဖြစ်နေရင်တောင် ကိုယ်ပိုင်သီးသန့်နေရာတစ်ချို့တော့လိုအပ်တာပဲ…"
ဝမ်ယွီသည် သူမ၏ကိုယ်ပိုင်နေရာအား တဖြည်းဖြည်းချင်းချုံ့ပစ်နေသည်ကို ရှာတွေ့သွားခဲ့သည်။ ဤသည်မှာ အဆင်ပြေမနေချေ။ ထို့ကြောင့် သူမတင်းကြပ်စွာဖြင့် သဘောတူခွင့်မပေးနိုင်ပေ။
ဝမ်ယွီသည် သူ၏နှုတ်ခမ်းအားဖိကိုက်လိုက်ကာ ကြမ်းတမ်းလာသည့်ပုံစံဖြင့် သူ၏မျက်လုံးများအား အနည်းငယ်နိမ့်ကာ ဩရှရှအသံဖြင့်ပြောလာခဲ့သည် " ကိုယ်ပိုင်နေရာ… မင်းကကိုယ့်ကိုအဖော်ပြုခွင့်မပေးနိုင်ဘူးပေါ့…"
သူသည်မျက်လုံးကိုနိမ့်ကာ အမှောင်ထုအား ဖုံးကွယ်လိုက်လေသည်။
ချီကျန်းကျန်း : " အဲ့ဒါက ကျွန်မဆိုလိုချင်တာမဟုတ်ဘူးလေ… ကျွန်မတို့စကားများခဲ့ပြီး ကျွန်မကသူငယ်ချင်းတွေနဲ့သွားသောက်ချင်ခဲ့ရင်ကော… ပုလဲဘားကအရမ်းတင်းကြပ်တာ ကျွန်မတို့ကလဲဖောက်သည်တွေလေ ပြီးတော့ အဲ့ဒါကကျွန်မသွားနိုင်တဲ့တစ်ခုထဲသောနေရာပဲ ရှင်အဲ့လောက်ကြီး အဖြစ်သည်းမနေစမ်းပါနဲ့…"
သူမသည် ဝမ်ယွီအား မဆုံးနိုင်အောင် ဖြောင်းဖြတော့မည်ဖြစ်သည်။ သူမသည် နိုက်ကလပ်သို့သွားရန်မလိုစေကာမူ ထိုအရာသည် နေရာ၏ပြသနာမဟုတ်ပေ။ အတွဲများ၏ဖြစ်နေကြပြသနာပင်ဖြစ်လေသည်။
အဆုံးတွင် ဝမ်ယွီသူမအား ကြားဖြတ်ပြောလိုက်ကာ " မင်းမှန်ပါတယ်…"
" ဟမ်…" ချီကျန်းကျန်းမှာကြောင်အသွားခဲ့ရသည်။ သူကဒီလောက်မြန်မြန်ကြီး ဘယ်လိုနားလည်သွားတာလဲ…
ဝမ်ယွီဖုန်းကိုထုတ်ကာ တစ်စုံတယောက်အားခေါ်နေခဲ့သည်။
" အတွင်းရေးမှုးနင် ပုလဲဘားကိုဝယ်လိုက်…"
ဖုန်းချပြီးနောက် ဝမ်ယွီသည် ချီကျန်းကျန်းအား ချစ်ခင်နှစ်သက်မှုများပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လာကာ " မင်းနောက်ကျရင်အဲ့ကိုသွားလို့ရပြီ…"
ချီကျန်းကျန်း : " .... "
xxxxxxx