Chapter 8
Viewers 94

Volume 1 (သေမျိုးနယ်မြေ ၀၀၈)


Chapter 8 (သူ့မျက်လုံးတွေ)

ကျန်ချန့် သေဆုံးသွားသည်။

လင်ချီးယဲ့သည် သူမသေဆုံးမှုဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့ခဲ့ရသည်။

မကောင်းဆိုးဝါးတစ်ကောင်သည် ကောင်းကင်မှ ဆင်းသက်လာပြီး တိုဟူးခုတ်သကဲ့သို့ လက်သည်းဖြင့် လည်ပင်းကို ဖြတ်ကာ သူမကို မျိုချလိုက်သည်။

နောက်ဆုံးအခိုက်အတန့်အထိ ကျန်ချန့်၏ မျက်လုံးများသည် ကြောက်ရွံ့မှုနှင့် နာကြည်းမှုအပြည့်ဖြင့် လင်ချီးယဲ့ကို စိုက်ကြည့်နေခဲ့သည်။

လင်ချီးယဲ့သည် စိတ်ဝိညာဉ်သည် အသေးစိတ်အချက်အလတ်အားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်သွားပြီး ဗိုက်ထဲကအရည်များ လိမ့်ထွက်ကာ အန်ထွက်လုနီးပါး ဖြစ်နေသည်။

ခက်ခဲကြမ်းတမ်းမှုတွေ အများကြီးကို ဖြတ်သန်းခဲ့ရပြီးနောက် သူ့စိတ်က သူ့ရွယ်တူများထက် ပိုရင့်ကျက်လာခဲ့တာ ကြာပြီဖြစ်ပေမယ့် ဒီလိုသွေးသံတရဲရဲမြင်ကွင်းမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။

ယခုအချိန်သည် စွန့်စားရမည့်အချိန်မဟုတ်ပေ။

လင်ချီးယဲ့သည် တုံ့ဆိုင်းခြင်းမရှိဘဲ မကောင်းဆိုးဝါးက ကျန်ချန့်၏ခန္ဓာကိုယ်ကို ကိုက်စားနေချိန်မှာ သူက ခေါင်းလှည့်ပြီး လမ်း၏တစ်ဖက်ကို ပြေးသွားသည်။

မူလဆုတ်ခွာမှုကို မကောင်းဆိုးဝါးက ပိတ်ဆို့ထားသောကြောင့် သူသည် ဆန့်ကျင်ဘက်ကိုသာ သွားနိုင်ပြီး ဝမ်းရှောက်သေသွားသော ဦးတည်ရာသို့ ပြေးသွားခဲ့သည်။

မကောင်းဆိုးဝါးသည် အလောင်းကို ပိုစိတ်ဝင်စားပုံရပြီး လိုက်မမီလာနိုင်သဖြင့် လင်ချီးယဲ့ကို အနည်းငယ် စိတ်သက်သာရာရစေခဲ့သည်။

ဘာမကောင်းဆိုးဝါးလဲ သူမသိပေမယ့် ၎င်းသည် 'လူသား' အမျိုးအစားနှင့် မသက်ဆိုင်သလို ၎င်းသည် လူသားတို့သိသော 'သားရဲ' အမျိုးအစားနှင့်လည်း မသက်ဆိုင်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

အကယ်၍ ၎င်းသည် ဓာတ်ရောင်ခြည်ဖြင့် ပြောင်းလဲနိုင်သော လူဝံမျိုးဖြစ်သည်ဟု ဆိုပါက သူယုံကြည်နိုင်သည်။ ဤအရွယ်အစား၊ ခွန်အားနှင့် အမြန်နှုန်းတို့သည် သာမန်လူသားများ ယှဉ်ပြိုင်နိုင်သည့် အရာမဟုတ်ပါ။

သို့ပေမယ့် 'ဖြစ်နိုင်တယ်'သာရှိသည်။ 

မြူခိုးများဖုံးလွှမ်းနေသော ဤကမ္ဘာကြီးတွင် သူသည် ကောင်းကင်တမန်တော်၏တည်ရှိမှုကို သူ့မျက်စိဖြင့်မြင်ခဲ့ပြီး သိပ္ပံပညာသည် ကမ္ဘာပေါ်တွင်ရှိနေသည့်တစ်ခုတည်းသောအမှန်တရားဖြစ်သည်ဟု သူမထင်ထားပေ။

'လျှို့ဝှက်ဆန်းကြယ်သောအရာများ' ရှိကြောင်းကို သူယုံကြည်သည်။

ထို့အပြင် လင်ချီးယဲ့သည်… ဤမကောင်းဆိုးဝါး၏ပုံသဏ္ဌာန်ကို ယခင်က ကြားဖူးသလို အမြဲခံစားရသည်။

သူတွေးတောနေစဉ် တစ်စုံတစ်ခုသည် သူ၏စိတ်အာရုံခံစားမှု အကွာအဝေးထဲသို့ ဝင်ရောက်လာသည်။ လင်ချီးယဲ့သည် ရုတ်တရက် ဘရိတ်အုပ်ပြီး ချက်ချင်း ရပ်လိုက်သည်။

သူ့အသက်ရှူသံက ပိုပိုလေးလံလာသည်။

သူ့ရှေ့ ဆယ်မီတာမှာ မကောင်းဆိုးဝါးပုံသဏ္ဌာန် ပေါ်လာပြန်သည်။ ဤတစ်ကောင်က ယခင်တစ်ကောင်မဟုတ်မှန်း လင်ချီးယဲ့သေချာသိသည်။

သူတိူ့သညိ အရပ်ရှည်ပြီး ရုပ်ဆိုးသော်လည်း သူတို့က သေချာပေါက် တစ်ပုံစံတည်းမဟုတ်ချေ။

အထင်ရှားဆုံး သက်သေကတော့ ဤမကောင်းဆိုးဝါး၏ လက်မောင်းထဲမှာ ‌ဝမ်းရှောက်၏ လူသေအလောင်းကို ကိုင်ထားပြီး ဆက်စားနေသည်။

ထိုအချိန်တွင် ဝမ်းရှောက်၏မျက်နှာသည် လုံးဝပျောက်ကွယ်သွားပြီး အသွေးအသားများ မှုန်ဝါးဝါးသာကျန်တော့သည်။ သူ၏အဝတ်အစားများက ထူးခြားနေခြင်းကြောင့်သာ မဟုတ်ပါက လင်ချီးယဲ့သည် သူဘယ်သူလဲဆိုတာ မှတ်မိမှာမဟုတ်ဘူး။

၎င်းက ဒုတိယမကောင်းဆိုးဝါးဖြစ်သည်။

ဝမ်းရှောက်ကိုသတ်ခဲ့သော တစ်ကောင်လည်းဖြစ်သည်။

သူသည် ကျန်ချန့်နှင့် တခြားသူများဖြင့် အတူရှိတုန်းက ဆယ်မီတာအဝေးက ပုံသဏ္ဌာန်ကို သူမမြင်ခဲ့ရဘဲ မကောင်းဆိုးဝါးတစ်ကောင်ပဲရှိသည်ဟု မသိစိတ်က ထင်ခဲ့ပေမယ့် ယခုအချိန်မှာ သူပြန်တွေးကြည့်တော့ မှားသွားခဲ့သည်။

ကျန်ချန့်ကိုသတ်ခဲ့သော မကောင်းဆိုးဝါး၏ အပြုအမူကနေ ဤမကောင်းဆိုးဝါးသည် အသက်ရှင်နေသော လူများအနောက်ကို လိုက်မည့်အစား လူသေအလောင်းများကို နှစ်ခြိုက်ကြောင်း မြင်နိုင်သလို မဟုတ်ပါက လင်ချီးယဲ့သည် ထိုမြင်ကွင်းကနေ လွတ်မြောက်လာမည်မဟုတ်ချေ။

သို့သော် အစတုန်းက ဝမ်းရှောက်သေပြီးနောက် လင်ချီးယဲ့တို့နောက်လိုက်သော မကောင်းဆိုးဝါးတစ်ကောင်ရှိခဲ့သည်။

ဝမ်းရှောက်၏အလောင်းကို စားသောက်နေသော တခြားမကောင်းဆိုးဝါးတစ်ကောင်ရှိနေပြီဆိုတာကို ၎င်းကပြသနေခဲ့သည်။ 

လမ်းကြားတစ်ခုတွင် မကောင်းဆိုးဝါးနှစ်ကောင်သည် လင်ချီးယဲ့၏ ထွက်ပြေးရာလမ်းကြောင်းအားလုံးကို လုံးဝပိတ်ဆို့ထားသည်။

လင်ချီးယဲ့၏မျက်နှာသည် အလွန်ဖြူဖျော့နေပြီး စိတ်ပျက်အားငယ်ခြင်းဟုခေါ်သော ကာလကြာရှည်စွာ ပျောက်ဆုံးသွားသော စိတ်ခံစားမှုတစ်ခု သူ့ရင်ထဲတွင် ပေါ်လာသည်။

လွန်ခဲ့သည့် ဆယ့်ခုနစ်နှစ်အတွင်း နှစ်ကြိမ်သာ သူ့ကို စိတ်ပျက်စေခဲ့သည်။

ပထမတစ်ကြိမ်သည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က လပေါ်ရှိ ထိုမျက်လုံးများအား သူမြင်လိုက်ရသောအချိန်ဖြစ်သည်။

နောက်တစ်ကြိမ်က ယခုအချိန်ဖြစ်သည်။

သူ့ရှေ့တွင် ဝမ်းရှောက်၏မျက်နှာကို စားထားသော မကောင်းဆိုးဝါးသည် သူ၏ခန္ဓာကိုယ်ကို အမှိုက်ပစ်သလိုမျိုး လွှင့်ပစ်လိုက်သည်။ ၎င်းသည် လင်ချီးယဲ့ကို လှည့်ကြည့်လိုက်ပြီး ၎င်း၏နီမြန်းသောလျှာသည် ပါးစပ်ထောင့်ရှိ သွေးများကို လျှက်လိုက်သည်။

ဤအခိုက်အတန့်တွင် လင်ချီးယဲ့ ကျိန်ဆဲချင်နေခဲ့သည်။

Fuck… ငါ ဘာလို့ ကံမကောင်းပြန်ရတာလဲ။

ငါကလေးတုန်းက ခေါင်မိုးပေါ်တက်ပြီး ကောင်းကင်တမန်တော်ကိုမြင်တော့…

မျက်စိကန်းပြီး တံစက်မြိတ်ကနေ ပြုတ်ကျခဲ့တယ်…

သူ စိတ်ကျန်းမာရေးဆေးရုံမှာ တစ်နှစ်ကြာနေထိုင်ခဲ့ရပြီး စိတ်ရောဂါဝေဒနာကနေ သက်သာလာပြီလို့ လူအများကို ထင်မြင်စေခဲ့တယ်…

အခုနောက်ဆုံး ပြီးသွားတော့ ဘဝအသစ်ကိုစဖို့ ကောလိပ်ဝင်ခွင့်စာမေးပွဲကို အသည်းအသန်ဖြေဆိုနိုင်ဖို့အတွက် သူ စာလေ့လာဖို့ အဆင်သင့်ဖြစ်နေပြီ…

ပြီးတော့ ငါက မင်းတို့လို ရုပ်ဆိုးကောင်တွေနဲ့ ကြုံတွေ့ရတယ်လား။

တခြားသူတွေက တစ်သက်မှာ တစ်ခါမှ မဆုံဖူးဘူး။ သူကတော့ တစ်ခါတည်း နှစ်ကောင်ဆုံနေတယ်လား။

အဲဒါ ဒေါသထွက်စရာပဲ။

သေခြင်းတရား၏ဖိအားအောက်တွင် လင်ချီးယဲ့၏နှလုံးသားထဲမှာ နှစ်အတော်ကြာအောင် မျိုသိပ်ထားခဲ့သော ဒေါသနှင့် ပူဆွေးမှုသည် မီးတောင်ကဲ့သို့ ပေါက်ကွဲထွက်လာသည်။

ဤဒေါသသည် တောက်လောင်နေပြီး သူ့စိတ်ထဲက ကြောက်ရွံ့မှုများသည် သေးငယ်ပြီးရင်း သေးငယ်သွားကာ ဘယ်ကလာမှန်း မသိသော ရက်စက်ကြမ်းကြုတ်သည့် အင်အားတစ်ခုက တိုက်ရိုက် ပြေးထွက်လာသည်။

သူသည် လမ်းပြတုတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး စောင့်ဆိုင်းနေသော မကောင်းဆိုးဝါးကို မျက်နှာမူကာ သူ့ရင်ဘတ်မှာ ပြင်းထန်စွာ တုန်ခါနေသည်။

ယခုအခိုက်အတန့်တွင် သူ့ရှေ့မှာ လူများကို ကိုက်စားထားသည့် မကောင်းဆိုးဝါးတစ်ကောင်ဟု မမြင်တော့ဘဲ လွန်ခဲ့သည့်ဆယ်နှစ်က သူကြုံတွေ့ခဲ့ရသည့် နစ်နာမှုများနှင့် အဆင်မပြေမှုများအားလုံးကို သူ့ရှေ့တွင် တွေ့ရသည်။

သူ့ဒေါ်လေးနှင့် ယန်ကျင့်ပင် ဆယ်နှစ်ကြာအောင် ဖိနှိပ်ခံခဲ့ရသော ဤဆယ်ကျော်သက်ကောင်လေး၏ နှလုံးသားထဲမှာ ဘယ်လိုဒေါသတွေဖုံးကွယ်ထားမှန်းမသိပေ။

သူမလိုချင်ဘူး။

ဆယ်နှစ်ကြာ ပိတ်ထားသော သူ့မျက်လုံးများသည် ဖွင့်တော့မည့်ဟန်ဖြင့် ပြင်းထန်စွာ တုန်လှုပ်နေကာ ဤတုန်လှုပ်ချောက်ချားနေသော စိတ်ခံစားမှုအောက်တွင် သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။

"ရား…"

မကောင်းဆိုးဝါးသည် ချောမောလှပသော အမျိုးသမီးတစ်ဦးကို မြင်သော လူဆိုးကဲ့သို့ ကြည့်ကောင်းပြီးနူးညံ့သော အသားအရည်ရှိသည့် လင်ချီးယဲ့ကို ကြည့်ပြီး အော်ဟစ်ကာ ခုန်အုပ်လိုက်သည်။

"Fuck… ငါမင်းကိုမကြောက်ဘူး။" လင်ချီးယဲ့သည် အသံတိုးတိုးအော်ဟစ်သံကို ထုတ်လိုက်ပြီး လမ်းပြတုတ်ကို သယ်ကာ မမျှော်လင့်ဘဲ ခုန်အုပ်လာသော မကောင်းဆိုးဝါးဆီးသို့ပင် ပြေးဝင်သွားခဲ့သည်။

သူတို့နှစ်ယောက်ကြား အကွာအဝေးက လျှင်မြန်စွာ ကျုံ့သွားသည်။

မကောင်းဆိုးဝါး၏ လက်သည်းများသည် လင်ချီးယဲ့၏လည်ပင်းကို ဖြတ်ခါနီးတွင် လင်ချီးယဲ့သည် ရုတ်တရက် ဘေးတိုက်လှည့်သွားပြီး အန္တရာယ်ရှိသော လက်သည်းများကို ရှောင်လိုက်သည်။

သို့ပေမယ့် လင်ချီးယဲ့သည် မကောင်းဆိုးဝါး၏ လှုပ်ရှားမှုများကို ကောင်းစွာ ဆုပ်ကိုင်ထားနိုင်သော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အနည်းငယ် ညံ့ဖျင်းနေသေးသည်။ ထိုလက်သည်းက သူ့နားထင်ကို ခြစ်မိပြီး သွေးစွန်းရာကျန်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်ဖဲကြိုးကို ဖြတ်လိုက်ပြီး လေပြင်းနှင့်အတူ တစ်နေရာတွင် လွင့်ပျံသွားသည်။

လင်ချီးယဲ့သည် သူ့မျက်လုံးများကိုမှိတ်ထားကာ အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်ကာ မကောင်းဆိုးဝါး၏ဝမ်းဗိုက်ကို လက်ထဲက လမ်းပြတုတ်ဖြင့် ထိုးလိုက်သည်။

ဝှီး…

ပြတ်သားသောအသံထွက်ပေါ်လာပြီး လင်ချီးယဲ့သည် သူ့လက်ပေါ့ပါးသွားတာကို ခံစားလိုက်ရပြီး အနောက်မှ ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာကာ မကောင်းဆိုးရွား၏အမြီးက ၎င်းကို တိုက်ရိုက်ဆွဲထုတ်ပစ်လိုက်သည်။

လင်ချီးယဲ့သည် မြေပြင်ပေါ်သို့ ပစ်ချခံရပြီး အကြိမ်အနည်းငယ် လိမ့်သွားကာ နာကျင်မှုကို သည်းခံရင်း ထလာခဲ့သည်။ သူ့လက်ထဲက လမ်းပြတုတ်သည် နှစ်ပိုင်းကျိုးသွားသလို စိတ်အာရုံခံစားမှုကနေ သိလိုက်ရသည်။

လမ်းပြတုတ်ကို မူလက မျက်မမြင်များကို လမ်းပြရန်အတွက် အသုံးပြုသည်။ ပစ္စည်းသည် အထူးမာကျောသည်မဟုတ်ပါ။ အလွန်သန်မာသော မကောင်းဆိုးဝါးနှင့် ထိတွေ့သောအခါတွင် ၎င်းသည် သဘာဝအတိုင်း အသုံးမပြုနိုင်တော့ပေ။

"Fuck"

သူ ဒေါသတကြီး ကျိန်ဆဲပြီး သူ့လက်ထဲက လမ်းပြတုတ်တစ်ဝက်ကို မြေကြီးပေါ် ပစ်ချလိုက်သည်။

သူ နောက်ဆုံး အခွင့်အရေးတစ်ခုရခဲ့ပေမယ့် အချည်းနှီးဖြစ်သွားသည်။

လမ်းပြတုတ်၏ ကျိုးသွားမှုသည် လင်ချီးယဲ့၏ စိတ်ခံစားမှုများကို တိုက်ရိုက် ပေါက်ကွဲစေသော ဖျူးတစ်ခုကဲ့သို့ပင်။ သူသည် နေရာတွင်ရပ်နေကာ သူ့လက်များကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရင်း သူ့လက်သည်းများက အသားထဲကို နစ်သွားပြီး သွေးစွန်းထင်းနေသည်။

"ငါသဘောမတူဘူး။" သူအော်ဟစ်လိုက်သည်။

စိတ်လှုပ်ရှားတက်ကြွနေသည့် အခိုက်အတန့်တွင် ထူးဆန်းသော ခံစားချက်တစ်ခု သူ့နှလုံးသားထဲသို့ ရုတ်တရက် ဝင်လာသည်။

နွေဦးလေညင်းနှင့်မိုးရေလို သဘာဝအတိုင်း ရေများရောက်လာသောအခါ အေးမြသော အထိအတွေ့က သူ့စိတ်ထဲကနေ ငြိမ်သက်နေသည့်နေရာကို စီးဆင်းသွားပြီး ညင်သာစွာ ထိတွေ့လိုက်သည်...

ထိုပြတင်းပေါက်စာရွက်အလွှာကို ဖွင့်ရန် ခေါ်ဆိုတာကို ပြန်ဖြေခဲ့သည်။

လင်ချီးယဲ့သည် သူ့ခန္ဓာကိုယ်ထဲတွင် နေထွက်လာသည်ကို ခံစားလိုက်ရပြီး မကြုံစဖူးအပူရှိန်က သူ့တစ်ကိုယ်လုံး ပြည့်သွားကာ သူ့မျက်ခွံအောက်က မျက်လုံးများက ပူလောင်နေပုံရသည်။

ထို့ကြောင့် သဘာဝအတိုင်း...

သူ ဆယ်နှစ်ကြာ ပိတ်ထားသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ပြီးတော့ ဤမျက်လုံးတစ်စုံ နောက်ဆုံးမြင်လိုက်ရသည့်အရာက တခြားမျက်လုံးတစ်စုံ…

ကောင်းကင်တမန်တော်၏မျက်လုံးဖြစ်သည်။

ချက်ချင်းပင် မြို့ဟောင်းအစွန်းရှိ လမ်းကြားမှ လှပသော မီးရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထွက်ပေါ်လာသည်။

ယခုအချိန်တွင် မှောင်မိုက်သောညသည် နေ့ကဲ့သို့ တောက်ပနေသည်။


TK Team (Chapter 8)