အပိုင်း ၁၄၆
Viewers 26k

Part 146


စူပါမားကတ်တွင်လူများအတော်အတန်ရှူပ်နေခဲ့၏။


ဝမ်ယွီ လက်တွန်းလှည်းထဲကလေးမှစ၍ အဖြူရောင်ထိုင်ခုံဖြင့်လူအိုကြီးအထိ နေရာတစ်ခုလုံးအား တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်မိသွားခဲ့သည်။


သူတို့ဓာတ်လှေကားသို့ရောက်သည်နှင့်  မီးပုံးအတော်များများမြင်လိုက်ရပြီး ကံကောင်းစေနိုင်သောစာလုံးများဖြစ်သည့် (福) စာလုံးများနှင့် နွေဦးပွဲတော်အတွက်အလှကဗျာစာသားများ၊ အနီရောင်စာအိတ်များစသဖြင့် နှစ်သစ်ကူးပွဲတော်ပစ္စည်းများအား မြင်လိုက်ရလေသည်။


ချီကျန်းကျန်း ဝမ်ယွီအား ဆွဲခေါ်လိုက်ပြီး " ဝမ်ယွီ ကျွန်မတို့ကဗျာတွေရွေးရအောင်၊ ကျွန်မပိုင်ဆိုင်ခြင်းတို့ မီးပုံအကြောင်းတို့ ကံကောင်းစေရန်ဘာညာအဲ့လိုဟာတွေမလိုချင်ဘူး အဲ့ဒါတွေကကောင်းပေမယ့် ကျွန်မတို့ဘာသာ နွေဦးပွဲတော်ကဗျာတွေရွေးကြမယ်…"


ဝမ်ကျန်းအိမ်ရာသို့ပေးပို့သည့်ပစ္စည်းများသည်အလွန်ကောင်းမွန်လှသည်။ အထူးသဖြင့်သူတို့ထံပေးပို့သောပစ္စည်းများမှာ အမျိုးအစားအလွန်ကွဲပြားပြီး ၎င်းတို့အားရွေးချယ်နိုင်နေဆဲဖြစ်၏။


ထိုအရာများထဲတွင် လူတိုင်းရေးသားထားသည့် လက်ရေးလှကဗျာတွဲများပါဝင်သော်လည်း ချီကျန်းကျန်းသည် ၎င်းတို့အားသိပ်သဘောမကျခဲ့ချေ။ ထို့ကြောင့်သူမကြားသည်နှင့် တစ်စုံတစ်ယောက်ကိုခေါ်ကာ ထိုအရာများအားအဝေးသို့ယူသွားခိုင်းလေ့ရှိလေသည်။


ဝမ်ကျန်းအိမ်ရာရှိအိမ်တစ်အိမ်စီတိုင်းတွင် အလှပြင်ဆင်ရန်အတွက် အလုပ်လုပ်နေသူ ခြောက်ဦးမျှစီရှိလေသည်။ ထို့ကြောင့် ချီကျန်းကျန်းနှင့်ဝမ်ယွီသည် ထို့သူတို့အား နှစ်သစ်ကူးအတွက်အိမ်အလှပြင်ဆင်ခွင့်ပြုခဲ့သော်လည်း နွေဦးပွဲတော်ကဗျာတွဲများမထည့်ခိုင်းခဲ့သလို မီးအိမ်များအပြင်ဘက်တံခါးတွင် ချိတ်ဆွဲခွင့်ဖို့လဲမပြုခဲ့ချေ။


" ကောင်းပြီ…" ဝမ်ယွီ သူမ၏အနောက်သို့လိုက်နေလျက် အလွန်ချစ်မြတ်နိုးနေသည့်အမူအယာဖြင့်ဖြေလာခဲ့သည်။


ထိုနေရာတွင် လူများစွာရှိနေသောကြောင့်  ချီကျန်းကျန်းအား နီးကပ်စွာ စောင့်ကြပ်နေခဲ့လေသည်။ သူမအားလူအုပ်ကြောင့်အဝေးသို့တွန်းထုတ်မိသွားပြီးရှာမတွေ့နိုင်တော့မည် သို့မဟုတ် သူမအားတစ်ယောက်ယောက်က တိုက်မိ ထိခိုက်မိသွားမည်အား အလွန်စိုးရိမ်နေခဲ့သည်။


" ဒီတစ်ခုဘယ်လိုနေလဲ နှစ်သစ်ကူးကိုကြိုဆိုပါတယ် ( 迎新春 - ယင်ရှင်းချွမ်း ) ဆိုတာလေ…" ချီကျန်းကျန်း စာတစ်တွဲအားကောက်ယူလိုက်ပြီးပြောလာခဲ့သည်။


သို့သော်လည်း ဝမ်ယွီဘာမှမပြောနိုင်ခင်ကပင် သူမခေါင်းခါလိုက်ကာ " မဟုတ်ဘူး မဟုတ်သေးဘူး ဒါကြီးကအရမ်းသာမန်ဆန်လွန်းတယ်…"


" ဒီတစ်ခုကော ဘယ်လိုလဲ…" ချီကျန်းကျန်းသည် နောက်ထပ်တစ်ခုအားကောက်ယူလိုက်ပြန်သည်။


ထပ်မံ၍ ဝမ်ယွီဘာမှမပြောရသေးခင်တွင် သူမခေါင်းခါလိုက်ပြန်ကာ  " မဟုတ်သေးဘူး ဝမ်ယွီရှင်ကစီးပွားရေးသမားပဲ…ရှင်ကြွယ်ဝချမ်းသာခြင်းအတွက်နွေဦးပွဲတော်ကဗျာတွေကို မယူချင်ဘူးလား…"


သူမပြောလိုက်ပြီးသည်နှင့် အနီးတဝိုက်အားစတင်ကာကြည့်ရှုနေပြီး သင့်တော်နိုင်မည့်တစ်ခုအားရှာဖွေနေခဲ့လေသည်။


ဝမ်ယွီက စကားတစ်ခွန်းမှမပြောဘဲရှိနေသေးကာ ခဏအကြာ၌ လက်ကိုဆန့်ပြီး တစ်ခုအားကောက်ယူလိုက်သည်။ သူ့မျက်ခုံးများမှာ ပြေလျော့နေကော ချီကျန်းကျန်းအားနူးညံ့စွာမေးလာခဲ့၏ " ဒီတစ်ခုကော…"


ချီကျန်းကျန်းလှည့်ကြည့်လိုက်ပြီးနောက် အံ့ဩသွားကာ " ငြိမ်းချမ်းခြင်းလား…ပျော်ရွှင်မှူနဲ့သာယာဝပြောခြင်း…" ဒီတစ်ခုကအတော်လေးတော့ပုံမှန်မဟုတ်ဘူး…


ဝမ်ယွီ၏နှုတ်ခမ်းထောင့်များမှာ အနည်းငယ်မြင့်တက်သွားပြီး အပေါ်မှအောက်သို့ အရိပ်တကြည့်ကြည့်ဖြင့် " ဟမ်းး ငြိမ်းချမ်းဖို့ရယ် ပျော်ရွင်ဖို့ရယ် သာယာဝပြောဖို့ရယ်လေ…"


သူသည် သူမလုံခြုံစေရန်နှင့် သူတို့နှစ်လုံးပျော်ရွှင်နေစေရန်ကိုသာ မျှော်လင့်ခဲ့သည်။


ချီကျန်းကျန်းသည် သူ၏လေးနက်နေသောအမူအယာအားကြည့်လိုက်ပြီးနောက် နားလည်သွားပုံပင်…


" ဒါကကောင်းတဲ့တစ်ခုပဲ အဲ့ဒါပဲယူတာပေါ့… အချိန်ကျလာရင် အဲ့ဒါကိုအတူကပ်ကြမယ်…" ချီကျန်းကျန်းပျော်ရွှင်စွာယူလိုက်ပြီး သေသေချာချာကြည့်ကာ လှည်းထဲသို့ဂရုတစိုက်ထည့်လိုက်လေသည်။


သူတို့နှစ်ဦးသည် အရှေ့ဘက်သို့ဆက်လက်လျောက်လာခဲ့လေသည်။


သူသည် သူမ၏လက်အားဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း စူပါမားကတ်မှာအလွန်ပူလှသောကြောင့် လည်စည်းနှင့်လက်အိတ်ကိုမူချွတ်ထားလိုက်ရသည်။ ချီကျန်းကျန်းသည်လည်း သူမ၏ကုတ်အင်္ကျီအားချွတ်ပစ်ချင်နေခဲ့သည်။ သို့သော် ဝမ်ယွီခွင့်မပြုခဲ့ပဲ ဇစ်များကိုသာဖွင့်ခွင့်ပြုခဲ့လေသည်။


သူတို့နှစ်ဦးသည် အချင်းချင်းလက်များဆုပ်ကိုင်ပြီး လက်ဆက်လျှောက်လာခဲ့ကြသည်။


" ဝမ်ယွီ အိမ်ဖို့ပစ္စည်းနည်းနည်းလောက်ဝယ်ရအောင်…ဒီနှစ်နှစ်သစ်ကူးချိန်ကြရင် အန်တီဝမ်နဲ့အခြားလူတွေကိုအားလပ်ရက်ပေးဖို့သဘောတူထားတဲ့အတူတူ အန်ကယ်လီတို့ကိုလည အားလပ်ရက်ပေးလိုက်မယ်လေ… ရက်နည်းနည်းလောက် ကိုယ့်ဘာသာချက်စားကြတာပေါ့…"


" ကောင်းပြီ…" ဝမ်ယွီသည် ငြင်းပယ်မှုတစ်စုံတရာမရှိခဲ့ပေ။


" အန်တီဝမ်နဲ့တခြားသူတွေ ဝမ်ကျန်းအိမ်ရာမှာနေခဲ့ခဲ့ မနေခဲ့ခဲ့ ကျွန်မတို့ဘာသာချက်ပြုတ်စားပြီး ဒီနှစ်ကူးကို သူတို့ကိုနည်းနည်းပေးနားလိုက်ကြမယ်…" 


" ကောင်းပြီ…"


" အဲ့ဒါဆို ဟင်းသီးဟင်းရွက်တွေဝယ်ဖို့သွားရအောင်… ကျွန်မရှင်စားဖို့ဖက်ထုပ်လုပ်ပေးမယ်… နှစ်သစ်ကူးအကြိုညအတွက် ကျွန်မတို့ဖက်ထုပ်နဲ့ဟော့ပေါ့လုပ်စားသင့်တယ်…" ချီကျန်းကျန်း၏မျက်လုံးများမှာတောက်ပနေပြီး သူမ၏အသံမှာ မျှော်လင့်နေခြင်းများဖြင့် စူးရှနေခဲ့လေသည်။


အရင်အချိန်တုန်းက တခြားကမ္ဘာတွင် သူမနှင့်သူမအဘွားသည် နှစ်သစ်ကူးအကြိုနေ့၌ ဟော့ပေါ့လုပ်စားလေ့ရှိခဲ့သည်။ ကလေးတစ်ယောက်အနေဖြင့် သူမ၏မိသားစုမှာဆင်းရဲသောကြောင့် နှစ်ကူးအကြိုနေ့၏ဟော့ပေါ့သည်သာ သူမအမျှော်လင့်ဆုံးသောအရာဖြစ်ခဲ့၏။ သူမတို့မိသားစုတစ်ခုလုံး အတူတကွထိုင်ကာ စိတ်အားထက်သန်စွာစားသောက်ခဲ့ကြသည်။


ချီကျန်းကျန်းသည်ထိုအချိန်တိုင်းအမြဲပျော်ရွင်နေခဲ့ရသည်ဟုခံစားမိ၏။


နောက်ပိုင်းတွင် သူမ၏အဖွားဆုံးသွားခဲ့သော်လည်း သူမတစ်ယောက်ထဲနှစ်သစ်ကူးတွင်ဟော့ပေါ့စားလေ့ရှိသည့်အကျင့်အား ဆက်လက်ကျင့်သုံးခဲ့လေသည်။ သို့သော်လည်း သူမတစ်‌ယောက်ထဲသာဖြစ်သည့်အတွက် တစ်ယောက်စာအိုးတစ်အိုးကိုပင် ကုန်အောင်မစားနိုင်ခဲ့ချေ။


သူမကိုယ်တိုင်ဖက်ထုပ်များလုပ်ပေးမည့်အကြောင်းအားကြားရပြီးသောအခါ ဝမ်ယွီ၏မျက်လုံးများတွင် အပြုံးများဖြင့်ပြည့်နှက်သွားလေသည်။


ထို့နောက် ဟော့ပေါ့ဆိုသည်အသံကြားလိုက်ရသောအခါ ဝမ်ယွီသည်မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခွင့်မပြုသည့်ပုံဖြင့်ပြောလာခဲ့သည် " ကျန်းမာရေးအတွက်မကောင်းဘူး…"


" အိုက်ယားးး အဲ့ဒါကအကြာကြီးနေမှတစ်ခါစားတာလေ ဝမ်ယွီ… ဝမ်ရှောင်ယွီ… ယွီယွီ…" ချီကျန်းကျန်းမျက်စိမှိတ်ပြလိုက်ကာ ကလူမြူဆွယ်သည့်ပုံပြုမူနေခဲ့သည်။


ဝမ်ယွီ : " ကောင်းပြီ…" သူသည် သူမအားမည်ကဲ့သို့ငြင်းပယ်နိုင်မည်နည်း…


" ဝမ်ယွီ ရှင်ကအကောင်းဆုံးပဲ…"ချီကျန်းကျန်းသည် တောက်ပနေသည့်မျက်လုံးများဖြင့် သူ့အားမြောက်ပင့်နေခဲ့ပြီးနောက် ထပ်ပြောလာခဲ့သည် " အဲ့ဒါဆို ကျွန်မမုန့်တွေထပ်ဝယ်လို့ရလား…"


ဝမ်ယွီထပ်မံပြီး မျက်မှောင်သာကြုတ်ထားမိတော့သည်။


ချီကျန်းကျန်း : " ရတယ်မလား အခုက နှစ်သစ်ကူးလေ နော် နော်…"


ဝမ်ယွီသည် သူ၏မျက်ခုံးများအား ခြင်များနားနေနိုင်သည့်အထိတွန့်ချိုးထားပြီးနောက် အဆုံးတွင် ပြောလိုက်ရတော့သည် " ဒီတစ်ခါပဲ နောက်ထပ်မရတော့ဘူး…"


" ကောင်းပါပြီ…" နောက်တစ်ခါကျတော့လည်း နောက်တစ်ခါလိုပြောတာပေါ့…


မကြာမှီ သူတို့နှစ်ဦးသည် ဟင်းသီးဟင်းရွက်များဝယ်နိုင်မည့်နေရာသို့လျှောက်လာခဲ့ကြသည်။


ထိုနေရာမှာ ပို၍လူထူထပ်နေပြီး ဝမ်ယွီသည် ချီကျန်းကျန်းအားနီးကပ်စွာထားထားပြီး ဟော့ပေါ့အတွက်လိုအပ်မည့်ပစ္စည်းများကိုသူမရွေးနေသည်အား‌ကြည့်နေသည်။ သူမသည် တကြိမ်ပြီး တကြိမ်ရေရွတ်နေခဲ့၏။


" အိုက်ယားး ကျွန်မဒါလေးကြိုက်တယ်…"


" ဟေး ယွီယွီကဒါကြိုက်တယ် တစ်ခုလောက်ဝယ်သွားရအောင်…"


" ဒါတွေကအရသာရှိတယ် ဒါယူမယ်နော်…"


" လျို့ကျိုးဒါတွေကြိုက်မယ်ဆိုတာကျွန်မသေချာတယ်… လျို့ကျိုးဖို့တစ်ခုလောက်ဝယ်သွားကြမယ်…"


ထိုကဲ့သို့ဆူညံလျက်ရှိသော နေရာ၌ပင် ဝမ်ယွီသည်ချီကျန်းကျန်း၏တောင်ရောက်မြောက်ရောက်အတွေးများအားနားထောင်နေရင်း သူ၏မျက်နှာပေါ်တွင် အပြုံးပြပြလေး‌ဖြစ်ပေါ်နေခဲ့လေသည်။


ဒါကတော်တော်ကောင်းတာပဲ…


အကယ်၍သူ၏ဘဝသာ အမြဲဒီလိုမျိုးဖြစ်နိုင်နေမယ်ဆိုရင် သူမည်သည့်အရာမှထပ်မံတောင်းဆိုမည်မဟုတ်တော့ပေ။


အိမ်သုံးပစ္စည်းများဝယ်ရခြင်းမှာ အရှေ့မှအနောက်သို့ဟိုပြေးသည်ပြေး သွားခြင်းမပါ၍မရချေ။ ကလေးတစ်ယောက်သည် လျောက်ပြေးနေပြီး သူ၏မိခင်မှာအော်ခေါ်နေခဲ့သည်။ သူကအနောက်သို့လှည့်ကြည့်နေသဖြင့် အရှေ့သို့မမြင်ရသောကြောင့် ချီကျန်းကျန်းအားတိုက်မိမလိုဖြစ်သွားခဲ့တော့သည်။


ဝမ်ယွီသည်လက်ဆန့်ကာ ရုတ်တရက်ဆိုသလို သူမအားသူ့ရင်ခွင်ထဲသို့ဆွဲသွင်းကာ သူမ၏ရှေ့တွင်ရပ်‌လိုက်လေသည်။


ရလဒ်အနေဖြင့် ကလေးသည် ဝမ်ယွီအားဝင်တိုက်မိသွားတော့သည်။


သူ၏အလွန်လျှင်မြန်သည့်လှုပ်ရှားမှုကြောင့် ချီကျန်းကျန်းမှာ အနည်းငယ်ထိတ်လန့်သွားခဲ့ရ၏။ ထိုအရာမှာ များစွာအရေးကြီးသော ကိစ္စမဟုတ်ခဲ့သော်လည်း အချို့သောအကြောင်းပြချက်ကြောင့် သူမ၏မျက်လုံးများမဲမှောင်မသွားခင်တွင် ဦးနှောက်ထဲ‌၌ရုတ်တရက်အူခနဲဖြစ်သွားခဲ့လေသည်။


xxxxxz