Part 147
"အူးး ဝူးး ဝူးး ဝူး ဝူးး…" ကလေးက စတင်ငိုယိုလာခဲ့သည်။
" အိုက်ယား ရှင်တို့ကဘယ်လိုလူလဲ ကလေးတစ်ယောက်လုံးရှိတာတောင် မမြင်ဘူးလား…"
အမျိုးသမီးတစ်ဦးသည်ရုတ်တရက်ပြေးလာကာ ငိုယိုနေသောကလေးအားဖက်၍ စတင်အပြစ်တင်နေခဲ့သည်။
သိထားသည့်အတိုင်းပင် ပျက်ဆီးနေသောကလေးများမှာ သူတို့အားဖျက်ဆီးထားသောမိဘများကြောင့်ဖြစ်လာခြင်းဖြစ်သည်။
ကလေးအားဖက်ထားသည့်အမျိုးသမီးမှာ တစ်ခုခုထပ်ပြောလိုက်ချင်ပုံပေါ်နေသော်လည်း ဝမ်ယွီ၏အကြည့်အားရင်ဆိုင်လိုက်ရချိန်တွင် သူမရုတ်တရက်ထိတ်လန့်သွားကာ မည်သည့်စကားမျှမပြောနိုင်တော့ချေ။
ထိုအခိုက်တွင် ဝမ်ယွီ၏မျက်လုံးများမှာ မဲနက်မှောင်ပိန်းနေခဲ့ပြီး အဆိပ်ပြင်းသည့်မြွေတစ်ကောင်ကဲ့သို့ လူများအားကြက်သီးထစေနိုင်သည်အထိ အေးစက်နေခဲ့သည်။
ထိုအမျိုးသမီးမှာ မနေနိုင်လောက်အောင် ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရလေ၏။
တကယ်တမ်းတွင် သူမမသိခဲ့သည်မှာ ဝမ်ယွီသည် ယနေ့အတွက်အလွန်စိတ်ကောင်းဝင်နေသောကြောင့် ဘာမှပြင်းပြင်းထန်ထန်မလုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူစိတ်အခြေအနေမကောင်းသည့်အချိန်တွင်သာ ချီကျန်းကျန်းအားတိုက်မိခဲ့ပါက သူတို့မှာ ကျိန်းသေပေါက်လွယ်လွယ်ကူကူအဆုံးသတ်သွားနိုင်မည်မဟုတ်ပါ။
ထိုအချိန်တွင် ချီကျန်းကျန်းမှာပြန်လည်သက်သာသွားခဲ့သည်။ သူမခေါင်းမူးနေခြင်းများမရှိတော့ဘဲ မျက်လုံးများမှာလည်းမဝေဝါးတော့သောကြောင့် ချက်ချင်းဆိုသလို ဒေါသတကြီးစိုက်ကြည့်လိုက်ကာ ပြောလာခဲ့လေသည်။
" ရှင်ကမဟုတ်တာပြောနေတာပဲ ရှင့်ကလေးကသာ ကျွန်မတို့ကိုလာတိုက်တဲ့သူဆိုတာ သိသာနေတာမဟုတ်ဘူးလား… ကျွန်မတို့ရှင့်ကလေးကိုအပြစ်တောင်မတင်ရသေးဘူးနော် ရှင်ဘာလို့လာစွပ်စွဲနေတာလဲ…"
ဝမ်ယွီ၏အကြည့်အားရရှိထားသူအမျိုးသမီးမှာ အလွန်ကြောက်လန့်နေသောကြောင့် မည်သည့်စကားမှ ပြန်မပြောနိုင်ခဲ့ရှိနေခဲ့လေသည်။
ကလေးမှာမူ အော်ဟစ်ငိုယိုနေဆဲပင်ဖြစ်၏။
ဝမ်ယွီ၏ခန္ဓာကိုယ်မှာလည် အလွန်တောင့်တင်းနေခဲ့သည်။ သူ့အားတိုက်မိပြီးနောက် အတော်လေးနာကျင်နေသည့်ပုံပင်။
ထိုအချိန်တွင် သူတို့၏ဘေးမှဟင်းသီးဟင်းရွက်ဝယ်နေသောအမျိူးသမီးမှာ ချက်ချင်းဆိုစလိုဝင်ပြောလာခဲ့သည်။
" ဟုတ်တယ် ရှင့်ရဲ့ကလေးသာ စည်းမရှိကမ်းမရှိလျောက်ပြေးနေခဲ့တာ… ကလေးကိုမျက်စိအောက်မှာပဲထားရမှာမဟုတ်ဘူးလား… ရှင်ကဘယ်လိုအမေမျိုးလဲ…"
" ဟုတ်ပါ့ သူများကိုတိုက်မိသွားတာပဲဖြစ်ဖြစ် ကလေးဘာသာချော်လဲတာပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စမဟုတ်ဘူး…သူကအမေတစ်ယောက်ဆိုရင် အမေတစ်ယောက်ရဲ့တာဝန်ယူမှုရှိရမှာပေါ့…"
" ဒါကနှစ်သစ်ကူးအကြိုနေ့လေ.. ကိုယ့်ကလေးကိုမျက်စိအောက်မှာပဲထားစမ်းပါ…"
" ငါတို့လဲအခုပဲမြင်ခဲ့တာ အဲ့ဒီလှပတဲ့မိန်းကလေးနဲ့ချောမောတဲ့ကောင်လေးက သူတို့ဘာသူတို့ရပ်နေကြတာ လှုပ်တောင်မလှုပ်ရသေးဘူး…ရှင့်ကလေးကသာဝင်တိုက်တဲ့သူ…"
" အဲ့လိုမဖြစ်သင့်ဘူးနော်… သူကကျွန်မကိုလည်းတိုက်မိသွားတော့မလိုဖြစ်ခဲ့သေးတယ်…ရှင့်ကလေးကအသက်ကြီးတဲ့လူတစ်ယောက်ကိုသွားတိုက်မိခဲ့ရင် ဒုက္ခပဲ သူကအဲ့လောက်ထိသေးကွေးနေတာမဟုတ်ဘူး…"
ကလေး၏အမေဖြစ်သူသည် အလွန်ရှက်လာခဲ့သော်ကြောင့် အလျှင်အမြန်တောင်းပန်လိုက်ရတော့သည် " ကျွန်မတောင်းပန်ပါတယ် အဲ့ဒါကျွန်မတို့အမှားပါ…"
ထိုသို့ပြောပြီးနောက် သူမ ကလေးအားပုတ်ကာ ချီလိုက်ပြီး ထွက်ပြေးသွားတော့သည်။
#cp free 70.3
ချီကျန်းကျန်းသည် သူတို့နောက်ကျောအားကြည့်ကာ စိတ်ရှုပ်နေသည့်ပုံစံဖြင့် " ဘယ်လိုလူတွေမှန်းမသိဘူး..အဲ့လိုမသင့်တော်တဲ့အပြုအမူတွေနဲ့ဆို ကလေးတွေကိုမကောင်းတဲ့အတွေးတွေထည့်ပေးဖို့ လွယ်ချက်ပဲ…အနာဂတ်မှာမွေးလာမဲ့ကျွန်မတို့ကလေးသာအဲ့လိုဖြစ်နေခဲ့ရင်…"
" သူတို့ခြေထောက်တွေကို ချိုးပစ်မှာ…" ဝမ်ယွီပြန်ဖြေလိုက်လေသည်။
ချီကျန်းကျန်း : "... ရှင်အဲ့လောက်ကြမ်းတမ်းဖို့မလိုပါဘူး သူတို့ကိုသေသေချာချာသင်ပြပေးလို့ရပါသေးတယ်…"
အာ ဝမ်ယွီ၏တုံ့ပြန်ပုံမှာမကောင်းလှချေ။ သူတို့၏မိသားစုမှာ ကလေးကတော့ အနာဂတ်မှာ ခက်ခဲပေတော့မယ်…
အကြိမ်တိုင်းသူတို့ခြေထောက်တွေကိုချိုးပစ်မှာ….
နေဦး…
မဖြစ်နိုင်တာ သူတို့ရဲ့အနာဂတ်ကလေးအကြောင်းကိုဆွေးနွေးနေမိတာလား…
ချီကျန်းကျန်းသူမ၏ခေါင်းကိုမော့ကာကြည့်လိုက်ချိန်တွင် ဝမ်ယွီ၏သူမကိုကြည့်၍ပြုံးနေသောမျက်လုံးအားမြင်လိုက်ရလေသည်။
ချီကျန်းကျန်း : " !!!! "
သူမသည် သူ့အားတွန်းလိုက်ပြီး မျက်နှာနီနီဖြင့် " မဟုတ်တာတွေမပြောနဲ့တော့ ကျွန်မကရှင့်ကိုလက်ထပ်မယ်လို့တောင် သဘောမတူရသေးဘူး ကလေးတွေအတွက်ပြောဖို့က စောလွန်းသေးတယ်…"
ဝမ်ယွီ ဘာမှမပြောခဲ့ဘဲ ရယ်နေခဲ့၏။
ချီကျန်းကျန်း သူမ၏ခေါင်းအားမော့ကာ ဘေးနားတွင်ရှိနေသော အစ်မကြီးများနှင့်အန်တီကြီးများ၏မျက်လုံးများကို ကြည့်လိုက်လေသည်။ သူမချောင်းတချက်ဟန့်လိုက်ကာ နူးညံ့သောအသံဖြင့် " အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မကြီးတို့…"
ထွက်မသွားကြသေးသောသူများမှာ သူတို့အားရပ်ကြည့်နေကြပြီး စနောက်နေခဲ့ကြသည်။
" ရပါတယ် ပွင့်ပွင့်လင်းလင်းပြောရရင် မိန်းကလေးငယ်လေးနဲ့ ချစ်သူကအတော်လေးချစ်ခင်ကြတာပဲ…"
" ဟုတ်တယ် ကောင်မလေးက တီဗွီထဲကမင်းသမီးတွေထက်တောင်ပိုလှသေးတယ်… သူမချစ်သူကောင်လေးကလည်း ထက်မြက်တဲ့ပုံပဲ ကြည့်လိုက်ရုံနဲ့တောင် အတော်လေးစွမ်းဆောင်နိုင်မှန်းသိသာတယ်…"
" မဟုတ်သေးဘူး အဲ့ဒီငယ်ရွယ်တဲ့အတွဲလေးကဒီကိုပစ္စည်းတွေလာဝယ်ကြတာ သူတို့ကအရမ်းကြည့်ကောင်းတာပဲ… အဲ့ဒီကြည့်ကောင်းတဲ့ကောင်လေးက သူမရှေ့ကိုချက်ချင်းပိတ်ရပ်လိုက်တာ ငါမြင်ခဲ့ရတယ်…သူကတကယ်ကောင်းတဲ့သူပဲ "
" မင်းတို့လက်မထပ်ရသေးဘူးမလား မိန်းမငယ်လေး မင်းအဲ့လောက်ကောင်းတဲ့လူကိုရထားတာ သေသေချာချာဖမ်းထားရမယ်နော်…"
" ရုပ်ချောတဲ့ကောင်လေး မင်းကောပဲ… ဒီမိန်းမငယ်လေးကမင်းအတွက်ချက်ချင်းကိုဝင်ပြောပေးတာ မင်းသူ့အပေါ်ကိုကောင်းရမယ်နော်…"
…..
ထိုအချိန်တွင်တော့ ချီကျန်းကျန်းသည်ဝမ်ယွီအားဆွဲခေါ်ကာ ထွက်ပြေးသွားမိတော့သည်။
သူမရှက်သွားပြီး ဝမ်ယွီအားဆွဲခေါ်ကာ အဝေးသို့ထွက်ပြေးသွားခဲ့သော်လည်း ဝမ်ယွီမှာမူ အလွန်ကျေနပ်အားရနေသည့်ပုံစံဖြင့်ပြုံးနေခဲ့ကာ အခြားသူများအား ပြန်၍ပင်ဖြေကြားနေခဲ့သည် " ကျွန်တော်လုပ်မှာပါ…"
ချီကျန်းကျန်း၏မျက်နှာမှာမူ ပို၍နီမြန်းသွားလေသည်။
ထို့နောက် သူတို့နှစ်ဦး သရေစာမုန့်များထားသည့်နေရာသို့လျှောက်လာခဲ့ကြသည်။
ချီကျန်းကျန်း ဘေးသို့လှည့်ကာ ဝမ်ယွီအားစူးရှနေသည့်အကြည့်ဖြင့်ကြည့်နေခဲ့သော်လည်း ဝမ်ယွီမှာမူရယ်မောနေရင်းမှ ပြောလာခဲ့၏ " မင်းမကြားလိုက်ဘူးလား တင်းတင်းကိုင်ထားတဲ့…"
သူမဝမ်ယွီ၏လက်ကိုသာ ကြမ်းတမ်းစွာ ခါချလိုက်မိသည်။
မည်သို့ပင်ဖြစ်စေ သူမခါချလိုက်သည်နှင့် တပြိုင်နက် သူ့ဆီမှပြန်လည်ဆုပ်ကိုင်လာခြင်းကိုသာရလိုက်ပေသည်။ ဒီတစ်ကြိမ်တွင်တော့ သူသည် သူမအား ရုန်း၍မရတော့အောင် တင်းကြပ်စွာကိုင်ထားခဲ့လေ၏။
ချီကျန်းကျန်းရှက်သွေးဖြာသွားပြီး သူမ၏နားရွက်များပူထူသွားကာ အပူချိန်မှာကျဆင်းမလာခဲ့ချေ။
သူမ၏ထုံထိုင်းနေသောခေါင်းဖြင့် အရှေ့သို့သာဆက်လျှောက်လာခဲ့ရတော့သည်။
ခဏကြာမျှ လျှောက်သွားပြီးနောက် သူမစိတ်ပြေသွားပြီး သရေစာမုန့်များအား အရူးကဲ့သို့ခြင်းထဲပစ်ထည့်လာတော့သည်။
ဝမ်ယွီမျက်မှောင်ကြုတ်လိုက်ပြီး သူမပစ်ထည့်လာသမျှပစ္စည်းများအား စင်ပေါ်သို့ပြန်၍ထားလိုက်တော့သည့်။
အထူးသဖြင့် အပျော်စားမုန့်များနှင့် ငရုတ်သီးအချဉ်စိမ်၊ကြက်ခြေထောက်တို့ကဲ့သို့သော ကျန်းမာရေးနှင့်မညီညွတ်သောစားစရာများရောက်လာချိန်တွင်ဖြစ်သည်။ ဝမ်ယွီဘာမှမပြောခဲ့ပဲ စင်ပေါ်သို့အသာလေးပြန်ထားနေခဲ့သည်။
သူမသရေစာမုန့်တန်းတွင်ဝယ်စရာကုန်သွားပြီးနောက် အနောက်သို့လှည့်ကာ ဈေးဝယ်ခြင်းအားကြည့်ပြီး " ခြင်းကပြည့်…"
သူမအသံဖြတ်ခနဲပျောက်ဆုံးသွားတော့သည်။
သူမဝမ်ယွီအား မကျေမနပ်ဖြင့်ကြည့်ကာ အော်လိုက်တော့သည် " ဝမ်ယွီ…"
ဝမ်ယွီမှာတော့ အပြစ်ရှိစိတ်လေးရှိနေမှုကြောင့် နှာခေါင်းကိုသာပွတ်နေမိတော့သည်။
နောက်ဆုံးနေရာမှာ လက်ဆောင်ပစ္စည်းများရောင်းချသည့်နေရာဖြစ်သောကြောင့် ချီကျန်းကျန်း၏ခြေထောက်များအနည်းငယ်တုန့်ဆိုင်းသွားခဲ့သည်။
သူမ၏ဘေးမှဝမ်ယွီမှစကားဆိုလာခဲ့သည် " မင်းချီမိသားစုကိုကောသွားတွေ့ချင်သေးလား…"
ချီကျန်းကျန်းမျက်မှောင်ကြုတ်နေခဲ့ပြီး " တကယ်တော့ကျွန်မသွားမတွေ့ချင်ခဲ့ဘူး ဒါပေမယ့်အခုတော့ကျွန်မတို့သွားတွေ့သင့်တယ်လို့ထင်မိတယ်…"
အဆုံးမှာတော့ သူမသည် သူတို့၏သမီးရင်းသာဖြစ်ပြီး ဝမ်ယွီ၏အဖြစ်နှင့်နှင့်ကွာခြားလေသည်။ သူတို့သည် သူမအားအချိန်အတော်ကြာကျွေးမွေးပြုစုခဲ့သည်သာဖြစ်၏။ ထို့ကြောင့် သူမအနေဖြင့် အချို့သောတာဝန်ကျေပွန်မှုများအားပြန်ရန်လိုအပ်နေလေသည်။ ယမန်နေ့အချိန်က တင်းရိကျွင်းသည်ဖုန်းခေါ်လာခဲ့ပြီး သူမအားနှစ်သစ်ကူးဖို့အတွက်ပြန်လာရန်ပြောခဲ့လေသည်။
ချီကျန်းကျန်းငြင်းလိုက်ပြီးနောက် ချီကျိုးချန်မှစာပို့လာခဲ့လေသည်။ စာထဲတွင် သူမသည်နှစ်သစ်ကူးချိန်တွင်တောင်မှပြန်မလာချင်ဘူးလားဟုပြောနေခဲ့ပြီး သူတို့အနည်းဆုံးထမင်းတစ်နပ်တော့အတူစားသင့်သည်ဟုပြောနေခဲ့၏။
သူမစာမပြန်ခဲ့သောကြောင့် အခြေအနေမှာ အနည်းငယ်ရှုပ်ထွေးနေလေသည်။
ဝမ်ယွီဘာမှမပြောတော့ဘဲ သူမလက်ကိုဆွဲကာ ဆက်လက်လျှောက်လိုက်သည်။
ချီကျန်းကျန်က ဝမ်ယွီသူမအားပြန်မသွားစေချင်သောကြောင့်ဟုထင်နေမိခဲ့၏။ သို့သော်လည်း ခြေနှစ်လှမ်း လှမ်းပြီးသည့်နောက် ဝမ်ယွီပြောလာသည်အားကြားလိုက်ရတော့သည် " ဒီဟာတွေကသိပ်မကောင်းဘူး ကိုယ်လက်ဆောင်တွေပြင်ပေးမယ်…မင်းတို့ဆက်ဆံရေးကအဲ့လောက်မကောင်းပေမယ့် သွေးသားရင်းတွေဆိုတော့ မင်းသွားသင့်တာပေါ့…"
ချီကျန်းကျန်း : " ကျွန်မတို့ဘယ်တော့လောက်သွားမလဲ…"
" နှစ်သစ်ကူးရဲ့ဒုတိယမြောက်နေ့…"
"... ဆုတောင်းလေ.." သူတို့ကလက်တောင်မထပ်ရသေးဘဲနဲ့ သူက သူမမိဘအိမ်ကိုလိုက်ပြန်မယ်ပေါ့…
( ပုံမှန်အားဖြင့် လက်ထပ်ထားသည့်စုံတွဲများသာ မိဘအိမ်သို့ နှစ်သစ်မကူးခင် သို့မဟုတ် နှစ်သစ်ကူးပြီးအချိန်၌ပြန်လေ့ရှိကြသည်…"
ထို့အပြင် သူမသည် ချီမိသားစုအားသူမ၏သတို့သမီးဘက်မှအိမ်အဖြစ်မသတ်မှတ်ချင်ခဲ့ပေ။
" အဲ့ဒါဆိုလည်း နှစ်သစ်ကူးအကြိုနေ့ပေါ့… ကိုယ်တို့နေ့ခင်းသွားကြမယ်လေ ညစာတော့မစားတော့ဘူး…" ဝမ်ယွီပြောလာခဲ့သည်။
ချီကျန်းကျန်းခေါင်းငြိမ့်လိုက်ပြီး " ကောင်းတာပေါ့ ကျွန်မသူတို့ကိုလိုရမယ်ရပြောထားလိုက်မယ်…"
" ကောင်းပြီ အတူတူသွားကြမယ်…"
" ကောင်းပါပြီ…"
စကားပြောပြီးနောက် သူတို့နှစ်ဦးပြန်ထွက်လာခဲ့ပြီး ဝမ်ကျန်းအိမ်ရာသို့ ကားမောင်းပြန်လာခဲ့ကြသည်။
xxxxxxx