Part 148
စူပါမားကတ်တွင်နေ့လည်ခင်းအား အချိန်ဖြုန်းခဲ့ပြီးနောက် ညစာကိုအိမ်၌သာစားလိုက်တော့သည်။ ညစာစားပြီးချိန်တွင် သူတို့သည် ဝမ်မိသားစု၏အလုပ်သမားများအား အားလပ်ရက်ပေးလိုက်လေသည်။ အန်ကယ်လီနှင့် အန်တီလီမှာ အိမ်သို့ပြန်သွားခဲ့ပြီး အကိုဝမ်နှင့်အန်တီဝမ်တို့ကတော့ မပြန်ခဲ့ကြပေ။ ထို့ကြောင့် ချီကျန်းကျန်းသည် သူတို့အား မည်သည့်အရာမှမလုပ်ခိုင်းတော့ဘဲ အနားပေးလိုက်လေသည်။
လျို့ကျိုးသည်ပင် ပင်မအိမ်ရာသို့ပြောင်းရွေ့လာခဲ့ရသည်။
၎င်း ဝမ်ယွီအားအလွန်မပျော်ရွှင်စေသောကြောင့် သူ၏မျက်ခုံးများကိုသာ တွန့်ကုတ်ထားသည်။
ချီကျန်းကျန်းတစ်ယောက် ပြီးခဲ့သည့်နှစ်ရက်လုံးတွင်အလုပ်နားခဲ့ပြီး နှစ်သစ်ကူးအတွက်ကိုသာ စိတ်အားထက်သန်မှုအပြည့်နှင့်စောင့်ဆိုင်းနေခဲ့သည်။ တကယ်တမ်းမှာတော့ သူမသည်ဂျာမန်စာနှင့်ပတ်သက်သောစာရွက်စာတမ်းများရရှိပြီးထဲက အလုပ်လက်မခံခဲ့ခြင်းဖြစ်သည်။ သူမသည်နှစ်သစ်ကူးအားစောင့်နေရင်း အလုပ်တစ်ခုရှာရန် သူမ၏ကိုယ်ရေးအချက်အလက်များအားပြင်ဆင်နေခဲ့လေသည်။
ဝမ်ယွီသည်လည်း ထိုနှစ်ရက်လုံးတွင် အလုပ်မလုပ်တော့ဘူးဟူ၍ပြောလာ၍ သူမ. အံ့ဩသွားခဲ့ရလေသည်။
အဲ့ဒီစံပြအလုပ်သမားက နားဖို့အချိန်ရှိသေးတယ်လား…
ထို့နောက် ဝမ်ယွီသည်ရယ်မောကာ ပြန်ဖြေလာခဲ့သည် " ဒီဘုရင်ကြီးကနားဖို့အချိန်မှာတောင်မှ မနားရတော့ဘူးပေါ့…"
ထို့ကြောင့် နှစ်သစ်ကူးအကြိုနေ့တွင် သူတို့သည် အထူးအထွေလုပ်စရာမရှိဖြစ်နေခဲ့ကြသည်။
မနက်ခင်းတွင် သူတို့နှစ်ဦးထမင်းစားပြီးနောက် မီးပုံးများစတင်ချိတ်နေကြပြီး ကဗျာတွဲများအားဂိတ်၏အပြင်ဘက်၌လိုက်ကပ်လိုက်ကြတော့သည်။
သေချာပေါက်ပင် လုပ်ဆောင်နေသူမှာ ဝမ်ယွီပင်ဖြစ်ပြီး သူမက လိုအပ်သည်များကမ်းပေးခြင်းနှင့် ညွန်ပြခြင်းများကိုသာ လုပ်ခဲ့ရသည်။
" ဒီလိုလား…"
" မဟုတ်ဘူး နည်းနည်းအောက်ဆင်းလိုက် ဘေးဘက်ကိုနည်းနည်းတိုးး…"
" ဒီလောက်ရပြီလား.."
" များသွားပြီ…"
" ဒီလိုကော…"
" ဒါကြီးကအရမ်းများသွားပြီ ဝမ်ယွီရှင်တမင်လုပ်နေတာမလား…"
" ဟားဟားဟားဟား…" သူ ချက်ချင်းဆိုသလိုပင် နေရာမှန်၌ကပ်ပေးလိုက်သည်။
တော်လောက်ပါပြီ… သူအမှန်တော့ တမင်လုပ်ခဲ့ခြင်းသာဖြစ်၏။
မီးပုံးများချိတ်ခြင်းနှင့် စာကပ်ခြင်းများပြီးနောက် သူတို့နှစ်ဦးလက်ဆေးလိုက်ပြီး မီးဖိုချောင်သို့ဝင်လာခဲ့ကြသည်။
နေ့လည်စာမှာ သဘာဝကျစွာပင် ဝမ်ယွီလုပ်ထားခဲ့ခြင်းဖြစ်ပြီး ထမင်းစားပြီနောက် ချီကျန်းကျန်းမှာ အဆာပလာများအားလှီးခြင်းနှင့် ထုပ်ခြင်းများကိုသာပြုလုပ်နေခဲ့သည်။
သူမ၏လက်များနာကျင်လာချိန်၌ " ဒီနှစ်သစ်ကူးအကြိုနေ့ကအတော်လေးအလုပ်များတာပဲ ကျွန်မတို့စားပြီးရင်ဖက်ထုပ်တွေထုပ်ဖို့လုပ်ရဦးမယ်…ပြီးကျ ချီမိသားစုဆီကိုသွားလည်ဖို့ ပြင်ဆင်ရပြီး ပြန်လာရင် ဟင်းသီးဟင်းရွက်တွေလှီးရမယ် ညနေကို ဟော့ပေါ့စားဖို့လည်းပြင်ရဦးမယ်…"
ဝမ်ယွီလှည့်ကာ သူမအားအသားတစ်ဖက်ခွံ့ကျွေးလိုက်ပြီး သူ၏အသံမှာ နူးညံ့နေခဲ့သည် " ကောင်းတာပေါ့…"
နေ့လည်စာအတွက် အများကြီးမချက်ထားခဲ့သော်လည်း ပုံမှန်ထက်တော့အနည်းငယ်များနေဆဲပင်ဖြစ်၏။
အဆာပလာများအားလှီးချွတ်ပြီးသည့်နောက်တွင်ဝမ်ယွီ၏နေ့လည်စာမှာ အဆင်သင့်ဖြစ်နေခဲ့လေသည်။
သူ၏လက်ရာမှာ အရင်ကထပ်ပို၍ကောင်းမွန်လာခဲ့ပြီး ချီကျန်းကျန်းသည် သူမမကြိုက်သည့်အရာမှလွဲ၍ ချက်ထားသည်များအား အကုန်စားလိုက်မိတော့သည်
စားပြီးနောက်တွင်…
ဝမ်ယွီက ပန်းကန်များအားဆေးကြောနေပြီး သူတို့နှစ်ဦးစလုံးဖက်ထုပ်များအားစတင်ထုပ်လိုက်ကြသည်။
" လာပါ ရှင်ဘယ်လိုလုပ်ရမလဲဆိုတာမသိဘူးမလား ကျွန်မသင်ပေးမယ် ဟိဟိဟိ…" သူတို့နှစ်ဦးလုံးမှာ ဖက်ထုပ်များစထုပ်နေခဲ့ကြသော်လည်း အကောင်းကြီးတော့မဟုတ်ခဲ့ပေ။
သို့သော်အဆင်တော့ပြေပုံပင်။
ဝမ်ယွီ မျက်ခုံးကိုပင့်ကာ သူ၏လက်များကကျွမ်းကျင်စွာဖြင့် ဖက်ထုပ်အားညှစ်လိုက်ပြီး ထိုအရာမှာ အလွန်အထက်တန်းကျကျဖြင့် ကြည့်ကောင်းနေခဲ့၏။
ချီကျန်းကျန်း: " ဘယ်လိုတောင်…" သူဌေးကြီးကဖက်ထုပ်ဘယ်လိုလုပ်ရမလဲဆိုတာကော သိတာပဲလား…
ဝမ်ယွီပြုံးကာ ပြောလာခဲ့သည် " ကိုယ်ဂျူနီယာအထက်တန်းတုန်းက စတော့ဈေးကွက်ကနေပိုက်ဆံမရှာနိုင်သေးတော့ နေရာတိုင်းမှာ အလုပ်လုပ်ခဲ့ရတယ်လေ ကျောင်းအရှေ့မှာရှိတဲ့ အရှေ့မြောက်ပိုင်းကဖက်ထုပ်ဆိုင်မှာအလုပ်ရခဲ့တာ ဖက်ထုပ်ထုပ်တဲ့အလုပ်လေ…"
သူပြောနေရင်းမှ နောက်ထပ်တစ်ခုအား ကျွမ်းကျွမ်းကျင်ကျင်ဖြင့် ထုပ်နေခဲ့လေသည်။
ချီကျန်းကျန်း အံ့ဩသွားခဲ့ရသည်။
သူမကျောင်းတက်တုန်းကအချိန်ပိုင်းလုပ်ခဲ့ဖူးသော်လည်း ဂျူနီယာအထက်တန်းတွင်တော့ သူမငယ်ရွယ်သေးသဖြင့် သူမ၏အဖွားကအလုပ်လုပ်ခွင့်မပြုခဲ့ချေ။ သူမအားအချို့အရာများကိုသာ ကူညီခွင့်ပေးခဲ့ပြီး သူမအချိန်ပိုင်းအနေဖြင့်လုပ်ခဲ့ရသည်မှာ ကျုရှင်ဆရာမတစ်ယောက်အနေဖြင့်သာဖြစ်၏။
သူမမတတ်နိုင်ပဲ အနည်းငယ်နာကျင်သွားခဲ့မိလေသည်။
သိသိသာသာပင် ဝမ်ယွီက ထိုအရာများအား ဂရုစိုက်နေခြင်းမရှိတော့ပေ။ သူသည်ယခုအချိန်တွင် ကောင်းကောင်း လုပ်နေခဲ့ပြီး အတိတ်မှခက်ခဲမှုများအားလည်း အရမ်းစိုးရိမ်နေစရာ မလိုတော့ချေ။
ချီကျန်းကျန်း သူ့ကိုကြည့်နေရင်းမှ မတတ်နိုင်ဘဲ သူမမျက်နှာလေးမှာဖောင်းပွလာပြီး သနားနေသည့်အမူအယာပေါ်ပေါက်လာခဲ့၏။
ထို့ကြောင့် မနေနိုင်တော့ဘဲ ဝမ်ယွီသည် ဂျုံမှုန့်အဖြူများပေကျံနေသည့်လက်ဖြင့် သူမ၏နှာခေါင်းအားတို့လိုက်မိတော့သည်။
ချီကျန်းကျန်း : "!!!!"
ဟားဟား… ဝမ်ယွီမှာရယ်မောနေခဲ့လေသည်။
သူမမျက်နှာမှာဖောင်းပွလာပြီး လက်များအားဂျုံထဲသို့နှစ်ကာ ဝမ်ယွီ၏မျက်နှာပေါ်သို့လိုက်သုတ်လိုက်တော့သည်။
ဝမ်ယွီရှောင်တိမ်းသွားခဲ့သည်။
ချီကျန်းကျန်းသည် သူ၏နောက်မှပြေးလိုက်နေပြီး သူတို့နှစ်ဦးသည် မီးဖိုချောင်အတွင်း၌ပတ်ပြေးနေခဲ့ကြလေသည်။
" ဝမ်ယွီ အဲ့မှာရပ်နေနော်…"
ဝမ်ယွီသည် ရှောင်သည့်နေရာ၌ အလွန်တော်လေသည်။ သူသည်ခြေဖျားထောက်ကာ မျက်နှာအားရှောင်လိုက်ပြီး ချီကျန်းကျန်းလက်မြောက်ထားလျှင်ပင် သူ၏မျက်နှာအားမထိနိုင်ခဲ့ချေ။
ခဏကြာပြေးလွှားနေပြီးနောက် ချီကျန်းကျန်းသည် ဝမ်ယွီ၏မျက်နှာအားမှီသည်အထိခုန်နိုင်မိခဲ့သည်။ ချီကျန်းကျန်း၏မျက်လုံးများသည် သိသိသာသာ မည်းမှောင်လာပြီး သူမ၏ခန္ဓာကိုယ်မှာ မသိမသာတုန်ခါသွားကာ အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့သည်။
ဝမ်ယွီက သူမအားတချိန်လုံးစောင့်ကြည့်နေခဲ့သောကြောင့် သူထိုသို့မြင်လိုက်ရသည်နှင့် သူ၏မျက်နှာပြောင်းလဲသွားကာ သူမ၏ရှေ့သို့ချက်ချင်းပြေးသွားပြီး သူ့လက်မောင်းများကြားထဲသို့ ဆွဲသွင်းလိုက်တော့သည်။
" ဘာဖြစ်လို့လဲ…" သူ၏အသံမှာပြောင်းလဲနေခဲ့ပြီး မျက်နှာတစ်ခုလုံးကြောက်လန့်နေမှုများပြည့်နေကာ သူ၏လက်များမှာ တုန်ယင်နေခဲ့လေသည်။
မူးဝေသွားမှုမှာ ခဏတာမျှသာကြာခဲ့ပြီး ချီကျန်းကျန်းသည် သူမ၏မျက်လုံးများအား ခဏကြာတင်းကြပ်စွာပိတ်ထားခဲ့လေသည်။ သူမမျက်လုံးပြန်ဖွင့်လိုက်ပြီးနောက် ပြန်လည်အဆင်ပြေသွားခဲ့သော်လည်း သူမအနည်းငယ်ပင်ပန်းသွားခဲ့ရ၏။
သူမမျက်လုံးလှန်လိုက်ကာ ဝမ်ယွီ၏မျက်နှာသို့ဂျုံဖြင့်သုတ်လိုက်တော့သည်။
" ဟားဟားဟားဟား…" သူမရယ်လိုက်ပြီးနောက် သုတ်ခြေတင်ထွက်ပြေးသွးလိုက်တော့သည်။
ထိုအရာအားဝမ်ယွီမြင်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ သူမအားစိုက်ကြည့်နေလျက် " ချီကျန်းကျန်း နောက်ကျရင်ကိုယ့်ကို အဲ့လိုမခြောက်ပါနဲ့ ကိုယ်အခုဘယ်လောက်တောင်လန့်သွားလဲဆိုတာသိရဲ့လား…"
ထိုအခိုက်အတန့်တွင် သူ၏အသက်ရှုသံမှာရပ်တန့်သွားတော့မလိုပင်၊ သူ၏နှလုံးခုန်နှုန်းမှာလည်း အတန်ကြာရပ်တန့်သွားသကဲ့သို့ဖြစ်ခဲ့ရသည်။
ထိုခံစားချက်မှာဝမ်ယွီနောက်ထပ်ဘယ်သောအခါမျှ ထပ်မံမခံစားချင်တော့သောအရာသာဖြစ်၏။
သူမ၏ပါးစပ်အားဖွင့်ကာသူမမလိမ်ကြောင်းပြောလိုက်ချင်မိသော်လည်း သူမမှာ အနည်းငယ်မူးဝေနေဆဲဖြစ်သောကြောင့် မည့်သည်စကားမျှမပြောနိုင်ခဲ့ပေ၊ သူမအနည်းငယ်မသက်မသာဖြစ်နေခဲ့လေသည်။
သို့သော်လည်း ဝမ်ယွီ၏ကြောက်လန့်မှုများပြည့်နေသည့်မျက်နှာအားမြင်ရပြီးနောက်တွင် သူမမပြောနိုင်တော့ပေ။
သူ သူမအားအလွန်စိုးရိမ်နေခဲ့ပြီး သူမသာပြောပြလိုက်ပါက ပို၍စိုးရိမ်နေပေတော့မည်။ ၎င်းက နှစ်သစ်ကူးပွဲအတွက်ဆိုးမသွားနိုင်ဘူးလား…
" ကျွန်မတောင်းပန်ပါတယ် ထပ်မလုပ်တော့ပါဘူး…" သူမတဖြည်းဖြည်းရွေ့လာကာ နှေးကွေးစွာလျှောက်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၎င်းက သွေးပေါင်ကျခြင်းပင်ဖြစ်ရာ သူမသူ့အားပြောပြမည်မဟုတ်ပေ။
ဝမ်ယွီ ကူကယ်ရာမဲ့နေသည့်ပုံပေါ်နေပြီး သူ၏လက်အားမြောက်ကာ သူမနှာခေါင်းကိုဆိတ်လိုက်ပြီး နူးနူးညံ့ညံ့ပြောလာခဲ့သည် " နောက်တစ်ခါကိုယ့်ကိုအဲ့လိုမခြောက်ပါနဲ့…"
" ကျွန်မသေချာပေါက်မလုပ်တော့ဘူး…" ချီကျန်းကျန်းလက်သုံးချောင်းထောင်ကာ သူမ၏မျက်လုံးဝိုင်းများအား ပြူး၍ လေးလေးနက်နက်ဖြင့်ပြောလိုက်တော့သည်။
ဝမ်ယွီမှာ ပို၍ကူကယ်ရာမဲ့သည့်ပုံဖြင့် ပြုံးလိုက်မိပြီး သူ၏လက်အားဆန့်ကာ သူမအားရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။ ထို့နောက် သူ၏ခေါင်းကိုငုံ့ကာ သူမမျက်ခုံးပေါ်သို့ ငြင်သာစွာ အနမ်းတစ်ပွင့်ပေးလိုက်ပြီး " ချီကျန်းကျန်း မင်းမရှိရင် ကိုယ်တကယ်ကိုဘာမှမလုပ်နိုင်ဘူး…"
ချီကျန်းကျန်း သူမ၏မျက်နှာအားမော့ကာ နုံနုံအအပုံစံဖြင့် ပြုံးပြနေခဲ့ရာ..သူ ကူကယ်ရာမဲ့ခြင်းများအပြည့်ဖြစ်သွားခဲ့ရတော့သည်။
xxxxx