အပိုင်း ၁၄၉
Viewers 26k

Part 149


နောက်ထပ်ဖက်ထုပ်ပြုလုပ်ခြင်းအဆင့်များက အတော်လေးပုံမှန်ဖြစ်သောကြောင့် သူတို့မည်သည့်ဆူညံသံမှမပြုလုပ်ဘဲ အချင်းချင်းတွန်းထိုးကာ ရိုးရိုးသားသားဖက်ထုပ်လုပ်နေခဲ့ကြသည်။


အစမှာတော့ ချီကျန်းကျန်းတစ်ယောက် သူမ၏ဖက်ထုပ်လုပ်သည့်ကျွမ်းကျင်မှုအားထုတ်ပြနိုင်ခဲ့မည်ဟု ထင်မိခဲ့၏။ သူမသည် လက်ရာမြောက်ကာလှပနေပြီး တူညီသောဖက်ထုပ်များဖြင့်ပြည့်နေသော ဘူးအားကြည့်လိုက်ပြီး သူမ၏ကြည့်ရမဆိုးသော်လည်း သာမန်ဖြစ်ကာ အရွယ်အစားမတူညီသည့် ဖက်ထုပ်များအားကြည့်လိုက်မိတော့သည်။ ထိုအရာမှာ အကြမ်းထည်အလားပင်။


လက်ရာမြောက်ပြီးတူညီနေသည့်အရာများမှာ ဝမ်ယွီပြုလုပ်ထားခြင်းပင်ဖြစ်သည်။


ဗြောင်ကျကာ သာမာန်ဖြစ်နေသော အရွယ်အစားမတူညီသည်မှာ သူမထုပ်ထားခြင်းဖြစ်၏။


ထိုအရာမှာ မျက်နှာတည့်တည့်သို့ဖြတ်ရိုက်လိုက်သလိုပင်…


ချီကျန်းကျန်းသည်ဖက်ထုပ်များအားကြည့်လိုက်ပြီး စိတ်မသာမယာဖြင့် " ရှင်ကဘာလို့အရာအားလုံးကိုလုပ်နိုင်နေရတာလဲ အာ… ရှင့်ရှေ့မှာ ဘာမှထုတ်ပြနိုင်တာမရှိတော့ဘူးလို့ ကျွန်မခံစားရတယ်…"


မည်သည့်အရာမှ ဝမ်ယွီနှင့်မယှဉ်နိုင်ချေ။


ပြောရမည်ဆိုလျှင် သူမသည်စိုးရိမ်ရမည့်အိုင်ကျူနှင့်လူမဟုတ်ချေ။ ဝမ်ယွီ၏အိုင်ကျူကသာ သူမထက်အလွန်ဝေးကွာနေခြင်းဖြစ်၏။ မီးဖိုချောင်ထဲမှာပင် သူမဝမ်ယွီအား မယှဉ်နိုင်ခဲ့ပေ။


" အဲ့ဒါကချစ်ဖို့ကောင်းပါတယ် ညကျ ကိုယ်အကုန်စားလိုက်မယ်…" ဝမ်ယွီသည် ချီကျန်းကျန်းထုပ်ပိုးထားသည့် ဖက်ထုပ်တစ်ခုအားကောက်ကာ ပြုံးလျက် ထိုအရာမှာ ရတနာတစ်ခုကဲ့သို့ ညှင်သာစွာပြန်ချထားလိုက်လေသည်။


ချီကျန်းကျန်း : "...."


သူမဝမ်ယွီအားကြည့်ရန်လှည့်လာခဲ့လေသည်။ ထို့နောက် အမြန်ပြေးကာ သူ့အပေါ်ခုန်တက်လိုက်ပြီး သူ၏မျက်နှာအား မွ ဟူ၍အနမ်းပေးလိုက်တော့သည်။


ဘာအရေးကြီးတော့လို့လဲ…


ဒီလောက်ကောင်းတဲ့လူက ငါ့အပိုင်ပဲဟာကို…


သူမမည်သည့်နေရာတွက်တော်သည်အား အတိအကျမပြောနိုင်သော်လည်း ထိုသို့ကောင်းမွန်သောလူမှသူမအားသဘောကျသည်ကိုကြည့်ရမည်ဆိုလျင် သူမသည်လည်း အတော်လေးတော်သူဟုဆိုလိုနိုင်သည်မဟုတ်ပါလော…


ဟဲဟဲဟဲ…


ချီကျန်းကျန်း ချက်ချင်းဆိုသလိုပျော်ရွှင်သွားခဲ့ရသည်။


ဝမ်ယွီ ခဏတာ အံ့ဩသွားခဲ့ပြီးနောက် ပြုံးလိုက်ကာ သူမအားပြန်မချလိုက်တော့ပေ။ သူမအားဖက်လျက် ဘေးသို့လက်ဆေးရန်လျှောက်သွားလိုက်ပြီး သူမအားထပ်မံဖက်လိုက်ကာ အပေါ်ထပ်သို့တက်သွားလိုက်တော့သည်။


သူတို့၏အဝတ်များအားလဲလိုက်ပြီးနောက် ချီမိသားစုဆီသို့သွားရန် စထွက်လာခဲ့ကြသည်။ 


ချီကျန်းကျန်းသည် ဝမ်ယွီ၏တင်းကြပ်စွာထုတ်ပိုးထားခြင်းအားထပ်မံခံနေရပြီး ကားဆီသို့ဦးတည်လာကြပြီးနောက် ဝမ်ယွီသည် ဝမ်ကျန်းအိမ်ရာ၏အဝေးသို့မောင်းနှင်လာခဲ့ပေသည်။


.....


ချီမိသားစုတွင်…


ချီကျန်းကျန်းနှင့်ဝမ်ယွီလာမည်ဆိုသောကြောင့် ချီမိသားစုသည် အိမ်‌တွင်နေကာ သူတို့အားစောင့်ဆိုင်းနေခဲ့ကြသည်။


နဂိုကတော့ သူတို့သည်အရမ်းကိုမျှော်လင့်ထားခဲ့ကြသည်။ တင်းရိကျွင်းသည် မနက်အစောပိုင်းထဲက သန့်ရှင်းရေးလုပ်နေခဲ့ပြီး ပစ္စည်းများစွာဝယ်ကာ ချီယန်နှင့် ချီကျိုးချန်သည်လည်း အိမ်၌နေကာကူညီခဲ့ကြသည်။ သူတို့အားလုံး၏မျက်နှာပေါ်တွင် အပြုံးများ ဖြစ်ပေါ်နေခဲ့ကြသည်။


မည်သို့ပင်ဖြစ်စေ ချီကျန်းကျန်းနှင့်ဝမ်ယွီတို့ ရောက်ရန်နီးကပ်လာချိန်တွင် ချီယန်နှင့်ချီကျိုးချန်၏မျက်နှာများမှာ သိပ်မကောင်းနေတော့ပေ။


ချီယန်သည်အပြင်ဘက်တွင်ဧည့်သည်များအားဧည့်ခံနေခဲ့ပြီး သူ၏မျက်နှာမှာ တောင့်တင်းကာ သူ၏မျက်လုံးများမှာ စိမ်းသက်နေပြီး မသက်မသာဖြစ်နေခဲ့လေသည်။


ချီကျိူးချန်နှင့် တင်းရိကျွင်းတို့သည် မီးဖိုချောင်တွင်ရှိနေကာ တင်းရိကျွင်းသည် အသီးများဆေးနေရင်းမှ အနည်းငယ်မျက်မှောင်ကြုတ်လိုက်တော့သည်။


" အမေသူတို့ကိုနှင်ထုတ်လိုက်ကြရအောင်…" ချီကျိုးချန်၏ပုံမှာ အလွန်ကိုမသာမယာဖြစ်နေခဲ့၏။


တင်းရိကျွင်းပြုံးလိုက်ပြီးနောက် သက်ပြင်းချကာ " အခုက နှစ်သစ်ကူးအကြိုကြီးလေ...လာတဲ့သူတွေကဧည့်သည်တွေပဲ ပြီးတော့သူတို့ကအမျိုးတွေဆိုတော့ အမေတို့ကဘယ်လိုလုပ်ပြီးနှင်ထုတ်လို့ရမှာလဲ…"


ချီကျိုးချန်၏မျက်နှာမှာလှောင်ပြောင်နေခြင်းများဖြင့် ပြည့်နှက်နေကာ " ဟမ့် ကျွန်တော်တို့ချီမိသားစုဒုက္ခရောက်နေတုန်းက ဘယ်တုန်းကများသူတို့ကဆွေမျိုးလိုဆက်ဆံခဲ့ကြလို့လဲ...အစပိုင်းတုန်းက သူတို့အားလုံးက ကျွန်တော့်ကိုရူးမိုက်တယ်လို့စွပ်စွဲခဲ့ကြပြီး ဝမ်မိသားစုကိုမျက်နှာလုပ်ချင်ခဲ့တာလေ… အဖေကမတတ်နိုင်တော့လို့ အဲ့အချိန်တုန်းက သူတို့ကိုခေါ်ပြီး အကူအညီတောင်းခဲ့တုန်းကလည်း သူတို့က ပခုံးပဲတွန့်ပြခဲ့ကြတာမဟုတ်ဘူးလား…"


သူတို့က သူ့ကိုချီမိသားစုရဲ့ဆက်ခံသူမဖြစ်သင့်ဘူးလို့ ခံစားနေခဲ့ကြတာလေ၊ သူတို့ကချီယန်ကိုအကြံတောင်ပေးခဲ့ကြသေးတယ်။ သူတတ်နိုင်နေတုန်းမှာ နောက်ကလေးတစ်ယောက်မွေးပြီး ပြုစုပျိုးထောင်ပြီးတော့ သူ့ကိုကျော်တက်ခိုင်းဖို့ပေ့ါ…


ထိုအရာများမှာ များပြားလွန်းလှသောကြောင့် ချီကျိုးချန်မှတ်တောင် မမှတ်မိချင်တော့ပါ။


တင်းရိကျွင်းသက်ပြင်းချလိုက်ကာ တစ်ခုသာပြောလာတော့သည် " ‌အဆုံးမှာတော့ အမေတို့ကဟန်ဆောင်ပန်ဆောင်တွေကိုလွှတ်ချလိုက်လို့မရဘူးပဲ… ဆွေမျိုးတွေအကုန်လုံးကိုကန်ထုတ်လိုက်လို့မရဘူးလေ ဟုတ်တယ်မလား…"


" သူတို့ကကျွန်တော်တို့မိသားစုဆီလာတာမှမဟုတ်တာ ချီကျန်းကျန်းနဲ့ဝမ်ယွီအတွက်ပဲရောက်လာခဲ့ကြတာ… အမေသူတို့ကိုအစ်မကြီးနဲ့ဝမ်ယွီလာမယ်ဆိုတာ မပြောလိုက်သင့်ဘူး…" ချီကျိုးချန်၏အသံမှာ အလွန်အပြစ်တင်နေပုံပေါ်ခဲ့လေသည် " သူတို့နဲ့ကအခုတောင် ဆက်ဆံရေးမကောင်းနေတာ ခဏနေကြဒီလူတွေရောက်နေတာပါမြင်ရရင် သူတို့ပျော်သွားမှာမဟုတ်ဘူး…"


တင်းရိကျွင်းသည်လည်း ဒေါသထွက်နေပြီးစိတ်ဆိုးနေသည့်ပုံပေါ်နေခဲ့သည် " အမေလည်းမရည်ရွယ်ပါဘူး မနေ့ကမင်းရဲ့ဝမ်းကွဲနဲ့စကားပြောတော့ သူကငါတို့ကိုပုလဲလုံးကိုအသိအမှတ်မပြုခဲ့ဆိုပြီးလှောင်ပြောင်နေခဲ့တာလေ… သူမက မင်းအစ်မကအမေတို့အပေါ်ခံစားချက်ရှိတာမဟုတ်ဘူးဆိုပြီးပြောနေတာ...အဲ့ဒါကြောင့် အမေကစိတ်တိုပြီးတော့ မင်းအစ်မဒီနေ့လာလည်မယ်ဆိုပြီး ပြောမိသွား‌တော့တာပဲ…"


ထိုအချိန်တုန်းက တင်းရိကျွင်းသည်အတော်လေးဒေါသထွက်နေခဲ့သဖြင့် ထိန်းမထား‌နိုင်တော့ပဲ ဖွင့်ဟပြောမိသွားခဲ့သည်။


ထိုသို့ပြောလိုက်မိပြီးနောက် သူမနောင်တရမိသွားပြီး ချီယန်ပြန်ရောက်လာသည့်အချိန်တွင်လည်း သူမအားအပြစ်တင်ခဲ့လေသည်။ သူမသည် စိတ်ကိုတင်းထားခဲ့သော်လည်း ထိုလူများယနေ့တွင်ရောက်ချလာကြမည်ဟုမမျှော်လင့်ခဲ့ပေ။ သူတို့တင်မကပဲ အခြားသောအမျိုးများပါ ရောက်ရှိလာခဲ့ကြသည်။


ချီယန်သက်ပြင်းချလိုက်ကာ သူ၏အမေအားမည်ကဲ့သို့ဆက်ပြောရမည်အား မသိတော့ပေ။


သူမသည်စိတ်သဘောထားနူးညံ့ပြီး တစ်ခါတရံ၌ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမရှိချေ။ သူမသည် သူမ၏ပင်ကိုယ်သိစိတ်ပေါ်အခြေခံပြီး ပြောဆိုလုပ်ကိုင်သော်လည်း အများအားဖြင့် သူမ၏ပင်ကိုယ်သိဉာဏ်မှာအလုပ်မဖြစ်သည်သာများ၏။


ဧည့်ခန်းတွင်မူ ချီယန်နှင့်ထိုလူများသည် ဝတ်ကျေတန်းကျေယဉ်ကျေးပြနေခဲ့ကြသည်။


" ချီယန်.. မင်းကဝမ်ယွီကိုသားမက်တော်ထားရတာတောင် ဘာလို့ချီမိသားစုအနာဂတ်မှာနေရာကောင်းမရမှာကိုစိတ်ပူနေသေးတာလဲ.."


ချီယန် : " ဝမ်ယွီက ဝမ်ယွီ၊ ချီမိသားစုကချီမိသားစုပဲ.. ငါ့မှာသူနဲ့ကောင်းတဲ့ဆက်ဆံရေးမရှိဘူး…"


" အဲ့ဒါဆိုလည်း ကျန်းကျန်းရှိသေးတယ်လေ သူမကသေချာပေါက်ချီမိသားစုကိုကူညီမှာပေါ့…"


ချီယန် : " ငါအရင်ကကျန်းကျန်းအပေါ်မှားယွင်းစွာဆက်ဆံခဲ့ဖူးတယ် အဲ့တော့ ကျန်းကျန်းနဲ့မိသားစုမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးမရှိဘူး…"


" ငါတို့အကုန်လုံးကမိသားစုတွေပဲ ကျိုးနေတဲ့အရိုးတွေတောင် အရွတ်ကိုဆက်နေကြသေးတာ.. သူမရဲ့နှလုံးသားထဲမှာတော့ မင်းတို့ရှိနေဦးမှာပါ ဆက်ဆံရေးမကောင်းတဲ့မိသားစုဆိုတာ ဘယ်လိုလုပ်ပြီးရှိမှာလဲ…"


ချီယန် : " ဟား ဟား…" သူဝတ်ကျေတန်းကျေသာ ရယ်မောလိုက်တော့သည်။


xxxxxx