Part 151
အိပ်ခန်းထဲ၌…
ချီကျန်းကျန်းနှင့်တင်းရိကျွင်းသည်ကို့ရို့ကားယားဖြင့်ထိုင်နေကြကာ နှစ်ယောက်စလုံးဘာပြောရမှန်းမသိဖြစ်နေခဲ့ကြသည်။
ချီကျန်းကျန်းသည် အစပိုင်းထဲက အိမ်မှထွက်လာခဲ့သောကြောင့် မူလကိုယ်၏ပဠိပက္ခမှာ တင်းရိကျွင်းနှင့်သာဖြစ်ပြီး သူတို့၏ကြားရှိဆက်ဆံရေးမှာ အတော်လေးသိမ်မွေ့နေခဲ့လေသည်။
တင်းရိကျွင်းသည် ချီကျန်းကျန်းအားကြည့်ကာ ခဏအကြာတွင် အနည်းငယ်နီမြန်းနေသော မျက်လုံးများဖြင့်ပြောလာခဲ့သည် " ကျန်းကျန်း ဘယ်လိုနေလဲ အဆင်ပြေရဲ့လား…"
" ကောင်းပါတယ် ကျွန်မအတော်လေးအဆင်ပြေပါတယ်…" ချီကျန်းကျန်းချက်ချင်းပြန်ဖြေလိုက်လေသည်။
" သမီးကအခုမှလာလည်ခဲ့တာ ညအိပ်သွားပါဦးလား…" သူမပြောပြီးနောက် အလျှင်အမြန်ထပ်ဖြည့်လိုက်ကာ " အမေမင်းအတွက်အခန်းပြင်ထားတယ် အမြဲတမ်းရှင်းလင်းထားခဲ့တာ…"
ချီကျန်းကျန်းခေါင်းရမ်းလိုက်ပြီး " ဟင့်အင်း ကျွန်မတို့ညစာကိုဟိုမှာပဲစားမှာ ကျွန်မဒီတိုင်းပဲအမေတို့ကိုလာကြည့်တာ ပြီးကြရင်ပြန်မှာ…"
" ကောင်းပါပြီကွယ်…" တင်းရိကျွင်းနှုတ်ခမ်းများအားကိုက်ကာ မေးလာခဲ့၏ " သူ… ဝမ်ယွီကကော သမီးအပေါ်ကောင်းကောင်းဆက်ဆံရဲ့လား…"
" အရမ်းကောင်းပါတယ် သူကကျွန်မအပေါ်အတော်လေးကောင်းတယ်…"
" ကောင်းတာပေါ့ ကောင်းတာပေါ့…" တင်းရိကျွင်းခေါင်းငြိမ့်လိုက်သည်။
တိတ်ဆိတ်မှူသည် သူတို့နှစ်ဦးကြားတစ်ဖန်ပြန်၍ကျရောက်လာပြန်၏။
စာကြည့်ခန်းထဲရှိလေထုမှာမူ ပြောရမည်ဆိုလျှင် အတော်လေးကွာခြားနေခဲ့လေသည်။ ဝမ်ယွီနှင့်ချီယန်တို့တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေကြပြီး သူတို့အကြည့်များမှာထက်ရှနေကာ သူတို့၏မျက်လုံးများမှာ စတီးရောင်တောက်တောက်ကဲ့သို့ အချိန်အတန်ကြာ စူးစူးရှရှကြည့်နေခဲ့ကြသည်။
အဆုံးတွင်တော့ ချီယန်သည် ပြိုင်ပွဲတွင်ရှုံးနိမ့်သွားပြီး " ဝမ်ယွီ မင်းကပိုအားကောင်းတာမလို့ ငါမင်းကိုကြောက်မယ်မထင်နဲ့ တကယ်လို့မင်းကျန်းကျန်းကိုဆိုးဆိုးဝါးဝါးဆက်ဆံခဲ့မယ်ဆိုရင် ငါသေချာပေါက်မင်းကိုလွှတ်ပေးမှာမဟုတ်ဘူး…"
ဝမ်ယွီ၏အသံမှာတည်ငြိမ်နေကာ " အဲ့အတွက်စိတ်ပူဖို့မလိုပါဘူး…"
" ငါကကျန်းကျန်းရဲ့အဖေလေ.." ချီယန်သည် သူ့အားဝမ်းနည်းနေသည့်မျက်လုံးများဖြင့်စိုက်ကြည့်နေခဲ့သည်။
ထိုလူငယ်လေးမှာ အလွန်ထူးချွန်လေသည်။ သူသည်အပုန်းတော်ရုံသာမက သူ၏အကြံအစည်များမှာလည်း ကြောက်မက်ဖွယ်ကောင်းလှ၏။
ချီယန်သည်ပင် သူ့အားအကုန်အစင်မရှာဖွေနိုင်ခဲ့ချေ။
ဝမ်ယွီမျက်ခုံးပင့်လိုက်ပြီး သူ့အားကြည့်ကာ " အိုးး ခင်ဗျားကပဲ ကျန်းကျန်းကိုမပျော်ရွှင်အောင်လုပ်တဲ့ပထမဆုံးလူမဟုတ်ဘူးလား…ဒီဟာကလုပ်ဆောင်ရမဲ့တာဝန်မလို့ သူမကိုအဖော်ပြုပြီး လာခဲ့တာပဲရှိတာ…"
အဖြစ်မှန်မှာ ရုပ်ရှင်ထဲကကဲ့သို့မဟုတ်ပေ။ အရာအားလုံးကိုခွင့်လွှတ်ပေးပြီး လူတိုင်းပျော်ပျော်ရွှင်ရွှင်ပြန်လည်ပေါင်းစည်းကြမည်မှာ မဖြစ်နိုင်သောကိစ္စပင်ဖြစ်သည်။
ကျန်းကျန်းနှင့်ချီမိသားစုတို့၏ဆက်ဆံရေးမှာ မိသားစုဟူ၍မဖြစ်နိုင်ပေ။ ထို့ကြောင့် သဘာဝကျစွာပင် သူတို့သည်ရှင်းမပြနိုင်သော ပြန်လည်ပေါင်းစည်းမှုမျိုးဖြစ်လာနိုင်မည်မဟုတ်ချေ။
ချီမိသားစုအိမ်သို့လာခဲ့သည်မှာလည်း သမီးတစ်ယောက်အနေနှင့် သူမလုပ်ဆောင်ရမည့်တာဝန်အရလာခဲ့ခြင်းသာဖြစ်သည်။
ချီယန်၏နှုတ်ခမ်းထောင့်တွင် ခါးသီးနေသောအပြုံးတစ်ခုပေါ်ပေါက်လာခဲ့၏။ မှန်ပေသည် အမှားလုပ်ခဲ့ခြင်းသည် အမှားလုပ်ခဲ့ခြင်းသာဖြစ်သည်။ တစုံတယောက်အားထိခိုက်နာကျင်စေခဲ့ခြင်းသည်လည်း ထိခိုက်နာကျင်စေခဲ့ခြင်းသာဖြစ်ပေသည်။ ထိုအရာများကြောင့် အရင်အချိန်များအား ပြန်မသွားနိုင်တော့သည်မှာ ကြာလှနေပြီဖြစ်သည်။
ချီယန်၏အက်ရှရှအသံဖြင့်ပြောမလာခင်အထိ စာကြည့်ခန်းထဲတွင်တိတ်ဆိတ်နေခဲ့လေသည် " ငါသိပါတယ် ဒါပေမယ့် ငါကျန်းကျန်းရဲ့အဖေပါပဲလေ… မင်းသူ့ကိုထိခိုက်စေတာ ဒါမှမဟုတ် သူမမပျော်ရွှင်ရတာမျိုး၊ သူမမင်းနဲ့မနေချင်တော့တာမျိုး၊ သူမမှာသွားစရာနေရာမရှိတော့တာမျိုးတွေဖြစ်လာခဲ့မယ်ဆိုရင် ချီမိသားစုရဲ့တံခါးကသူမအတွက်အမြဲတမ်းဖွင့်ပေးထားမှာပါ…"
ဝမ်ယွီမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း ယခုအချိန်တွင်တော့ ချီယန်အားကြည့်ကာ " မပူပါနဲ့…"
ချီကျန်းကျန်းသည် သူနှင့်သာသက်ဆိုင်ပေ၏။ သူက ဘယ်လိုလုပ်ပြီးသူမမပျော်ရွှင်အောင်လုပ်မိမည်နည်း…
အိပ်ခန်းထဲတွင် ချီကျန်းကျန်းသည်လဲ လေထုမှာအနည်းငယ်ကိုးရို့ကားယားဖြစ်နေသည်ဟုခံစားမိသောကြောင့် ထရပ်လိုက်ကာ " အဲ့ဒါဆိုရလောက်ပါပြီ အမေ အပြင်သွားရအောင်…"
သူမပြောပြီးသည်နှင့် ရှေ့သို့ခြေနှစ်လှမ်း လှမ်းလာခဲ့သည်။
သူမ၏နောက်တွင် တင်းရိကျွင်း၏အသံမှာနစ်ဝင်နေခဲ့ပြီး " အမေတောင်းပန်ပါတယ်…"
ထိုအရာမှာအလွန်နောက်ကျနေသောတောင်းပန်မှူဖြစ်သော်လည်း အလွန်အမင်းရိုးသားနေခဲ့လေသည်။
သူမသည်အာဏာရှင်တစ်ဦးအား မိသားစုထဲသို့ မှားယွင်းစွာမိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် ထိုလူအားသူမသမီးလေး၏နေရာအား ယူခွင့်ပေးခဲ့သည့်အပြင် ချီကျန်းကျန်းဝမ်းနည်းပြီး ကျရှူံးသွားစေရန်လုပ်ဆောင်ခွင့်ပေးခဲ့မိသည်။ သူမသည် အရည်အချင်းပြည့်မှီသော မိခင်တစ်ယောက်မဟုတ်ခဲ့ပေ။
တင်းရိကျွင်းတစ်ယောက် ချီကျန်းကျန်းအား ကြည့်နေလျက် အသက်ရှူကျပ်လာသကဲ့သို့ မသက်မသာခံစားလိုက်ရတော့သည်။
ချီကျန်းကျန်းသည် အနည်းငယ်အံ့ဩသွားပြီးနောက် ပြန်ပြောလာခဲ့သည် " သမီးတစ်ယောက်အနေနဲ့တာဝန်ကိုတော့ ကျွန်မကျေပွန်မှာပါ…"
သူမသည် တင်းရိကျွင်းအားမုန်းမည်မဟုတ်သလို ထပ်ပြီးဝမ်းနည်းနေတော့မည်လဲမဟုတ်ချေ။ မူလကိုယ်ပိုင်ရှင်သည်သာ ထိခိုက်မှုများအားခံစားရသူဖြစ်သည်။ ထို့ကြောင့် သူမသည် မူလကိုယ်၏ကိုယ်စားခွင့်လွှတ်ပေးရန်အဆင့်မမှီခဲ့ချေ။
ချီမိသားစုနှင့် မူလကိုယ်တို့ကြားရှိနာကျည်းမှုသည် အဆုံးမှာတော့ သူမဖြေရှင်းပေးနိုင်သည့်အရာမဟုတ်ခဲ့ပေ။
ထိုစကားအားကြားပြီးသည့်နောက်တွင် တင်းရိကျွင်း၏မျက်ရည်များကျဆင်းလာခဲ့လေသည်။
လူလေးဦးစလုံးအခန်းထဲမှထွက်လာပြီးသည့်နောက်တွင် အကြာကြီးစောင့်နေခဲ့ကြသော ဆွေမျိုးများမှာ အမြန်ပြေးလာကာ ရပ်လိုက်ကြပြီး
" အိုက်ယားး မင်းတို့ဘာလို့အဲ့လောက်ဖုံးကွယ်ပြီး တီးတိုးပြောနေရတာလဲ…"
" ကျန်းကျန်း ဝမ်ယွီ ဒီကိုလာလေ စကားအတူတူပြောရအောင်…"
" ဟုတ်တယ် အိမ်တစ်အိမ်ကဘာသာစကားနှစ်မျိုးမပြောသင့်ဘူး ငါတို့တွေအခုထိစကားထိုင်မပြောဖြစ်သေးဘူးနော်…"
( အိမ်တစ်အိမ်ကဘာသာစကားနှစ်မျိုးမပြောသင့်ဘူးဆိုသည်မှာ မိသားစုတစ်စုသည် စာမျက်နှာတစ်မျက်နှာပေါ်တွင်ကဲ့သို့ အတူတကွတသားထဲဖြစ်နေခြင်းကိုဆိုလိုပါသည် )
" ကျန်းကျန်း နင်ဝမ်ယွီကိုခေါ်ပြီး လူတွေနဲ့မိတ်ဆက်ပေးသင့်တယ်…"
ချီကျန်းကျန်းပြုံးကာပြောလာခဲ့သည် " အခုကနည်းနည်းနောက်ကျနေပြီ ကျွန်မတို့ပြန်တော့မယ်…"
" ဟမ်…" လူအုပ်ကြီးမှာ အံ့ဩသွားခဲ့ရသည်။
ချီယန်က ချီကျန်းကျန်းအားရှုပ်ထွေးနေသည့်အမူအယာဖြင့်ကြည့်ကာ ဖြည်းညင်းစွာပြောလာခဲ့၏ " ကျန်းကျန်း မင်းအချိန်မရွေးလာလည်လို့ရတယ်…"
" အမ်… ကောင်းပါပြီ…" ချီကျန်းကျန်းသည် သူ့အားပြုံးပြလိုက်ပြီး ခေါင်းငြိမ့်နေခဲ့သည်။
တင်းရိကျွင်း၏မျက်လုံးများမှာနီရဲနေဆဲပင်ဖြစ်ပြီး တစ်ခုခုပြောချင်နေသည့်ပုံပေါ်နေ၏။
ဧည့်ခန်းအတွင်းမှာတော့ ချီကျိုးချန်သည် သူ့နှုတ်ခမ်းအားဖိကိုက်ကာ အလွန်မပျော်မရွှင်ဖြစ်နေခဲ့လေသည်။
သူမကပြန်တော့မှာလား… သူချီကျန်းကျန်းနဲ့တောင် ဘာမှမပြောရသေးတာကို…
" ကျိုးချန် မင်းအစ်မနဲ့အကိုယွီကိုပြန်ပို့ပေးလိုက်ဦး…" ချီယန်ထပ်မံပြောကြားခဲ့သည်။
" အိုးးး " ချီကျိုးချန်မှာ အလျင်အမြန်ထရပ်လိုက်ရလေသည်။
ဝမ်ယွီက ချီကျန်းကျန်း၏အဝတ်အစားများအား ပြင်ပေးနေပြီးမှ အပြင်သို့ခေါ်လာခဲ့လေသည်။ ချီမိသားစု၏ဆွေမျိုးများမှာ တစ်ခုခုပြောချင်နေကြသေးသော်လည်း ချီယန်ကကြားဖြတ်လိုက်ကာ " ငါတို့ခုနပြောတာဘယ်ရောက်သွားပြီလဲ… လာပါ ဆက်ပြောရအောင်…"
ခဏကြာရပ်တန့်နေပြီးနောက် သူတို့သုံးဦးသည် တံခါးမှထွက်လာခဲ့ကြသည်။
ဝမ်ယွီနှင့်စကားမပြောနိုင်ခဲ့ကြသည့်လူများမှာ အဆုံးတွင် ချက်ချင်းဆိုသလို စိတ်မကောင်းဖြစ်ပုံပြကာ " အစ်ကိုချီယန် ဒါကတော့မဟုတ်သေးဘူးလေ ချီကျန်းကျန်းကမင်းရဲ့သမီးမဟုတ်ဘူးလား ပြီးတော့ ဝမ်ယွီကမင်းသားမက်လေ… သူတို့ကဘယ်လိုတောင်ခဏပဲလာပြီး ပြန်သွားကြတာလဲ..ဒါကအတော်လေးတာဝန်ပျက်ကွက်တာပဲ သူတို့ကအမျိုးတွေကိုတောင် နှုတ်မဆက်သွားဘူး ပြီးတော့မင်းကလဲ သူတို့ဘာမှတောင်မပြောလိုက်ဘူး…"
" ဟုတ်တယ်ချီယန် ငါလဲအဲ့ကိစ္စအတွက်မင်းကိုပြောစရာရှိတယ် မင်းကသူတို့ကိုအတော်လေးညှာတာတာပဲ ဝမ်ယွီက ယွီတင်းရဲ့ပိုင်ရှင်ဆိုမှတေ့ာ သူကသူ့ရဲ့ယောက္ခမကိုမြှင့်တင်ပေးသင့်တာပေါ့… ပြီးတော့ ကျန်းကျန်း … သူမကအရင်ကဆို အမြဲဒေါသကြီးခဲ့တာ အခုအရင်လိုဒေါသမကြီးတော့ပေမယ့် သူမကနှလုံးသားပါမရှိတော့ဘူး…"
ချီယန်ပြုံးလိုက်ကာ သူ၏မျက်လုံးများက ဘာမှမထူးခြားနေသည့်ပုံဖြင့် " ဟဲဟဲ ကလေးတွေက ကြီးသွားပြီလေ…"
" ဒါကစိတ်တိုစရာပဲ အရမ်းစိတ်တိုဖို့ကောင်းတယ် အခုသူတို့က မြင့်မားသွားတော့ ချီမိသားစုကိုအထင်သေးသွားကြတာပေါ့… သူတို့ကနှုတ်တောင်မဆက်သွားဘူး တကယ်ရိုင်းစိုင်းလွန်းတယ်…"
" သူတို့ကဘယ်လိုလုပ်ပြီး မနှုတ်ဆက်ရမှာလဲ ကျန်းကျန်းက ငါ့ကိုအဖေလိုခေါ်သွားတယ် ဝမ်ယွီကလည်း အန်ကယ်လို့ခေါ်ခဲ့တယ်လေ…" ချီယန်မှာတည်ငြိမ်နေဆဲပင်ဖြစ်၏။
" အဲ့ဒါဆို သူတို့ကအစောကြီးပြန်မသွားသင့်ဘူးလေ ပြီးတော့ ငါတို့အမျိုးတွေကိုတောင် မမြင်သလိုလုပ်သွားသေးတာ ငါထင်တာတော့ သူတို့ကငါတို့ချီမိသားစုကိုအထင်သေးနေတာပဲနေမယ် မင်းကအရင်ကလိုမစွမ်းဆောင်နိုင်တာတော့ဘူးလို့တွေးနေလို့နေမှာပေါ့ အဲ့ဒါကြောင့် သူတို့ကမင်းကိုအလေးမထားကြတာ…" တစုံတစ်ယောက်သည် ရန်ပွဲအတွက်မီးစပျိုးပေးနေခဲ့၏။
ချီယန်က ထိုအဖြေအားမမျှော်လင့်သည့်ပုံဖြင့် ရုတ်တရက်ထမေးလာခဲ့သည် " မင်းတို့လည်း အတူတူပဲမဟုတ်ဘူးလား…"
လူတိုင်းမှာ တုန်လှုပ်သွားရတော့သည်။
ချီယန်သည် သူ၏လက်ဖက်ရည်ခွက်အားကိုင်ကာ " မင်းတို့လည်း ငါ့ကိုအရင်ကလိုမစွမ်းဆောင်နိုင်တော့ဘူးလို့တွေးခဲ့ကြတယ်လေ အဲ့ဒါကြောင့် ငါ့ကိုအလေးအနက်မထားကြတော့တာမဟုတ်ဘူးလား…"
ဧည့်ခန်းတစ်ခုလုံး ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားခဲ့လေ၏။
.....
xxxxxx