Chapter 50
Viewers 2k

👨‍❤️‍👨Chapter 50

 â€“ သူစိမ်းတစ်ယောက်နှင့် အတူနေခြင်း [စန်းကန်း]

[T/N: စန်းကန်း - ည၁၁နာရီမှ မနက်၁နာရီထိ]




စက်တင်ဘာလ ၁ရက်နေ့တွင် နွေဦးပန်းနံပါတ်၂က စျေးကွက်တင်ခဲ့သည်။


ဤအကြောင်းကို နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့မှာ တင်သောအခါ နွေဦးပန်းစီးရီးဖန်များက အပြေးလာကြတော့သည်။ သူတို့က လင့်ထဲ ဝင်ကြည့်လိုက်သောအခါ ထုတ်ကုန်ကို တွေ့လိုက်ရသည်။ ...ဟမ်...အမာရွတ်ဖယ်တာ...အဲ့ဒါ ဘာကို ပြောချင်တာလဲ...


နွေဦးပန်းစီးရီးက skincareထုတ်ကုန် မဟုတ်ဘူးလား။ အမာရွတ်ပျောက်ချင်မှတော့ အမာရွတ်ပျောက်ဆေး ဝယ်လိမ်းတော့မှာပေါ့။


အင်တာနက်သုံးစွဲသူများက ကောမန့်ကနေ မေးလာကြသည် :[ ဘာလို့ နွေဦးပန်းနံပါတ်၂က အမာရွတ်ပျောက်ဆေး ဖြစ်လာခဲ့တာလဲ။]


သို့သော်လည်း နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့က အရေးမလုပ်ပဲ နေနေသည်။ စာလည်းမပြန် ကောမန့်လည်း ဝင်မရေး၍ သူတို့ပုံစံက " ဝယ်ချင်ဝယ် မဝယ်ချင်နေ ဂရုမစိုက်"ဘူးဆိုသည့် အတိုင်းပင်။


နွေဦးပန်းဖန်များက မေးခွန်းထုတ်နေကြသော်လည်း ဝယ်ရန် နှိပ်လိုက်ပြီးပြီ ဖြစ်သည်။


စျေးနှုန်းကို မြင်လိုက်ရချိန် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ၈၈၈ယွမ်...။ ပုံမှန်အမာရွတ်လိမ်းဆေးဆီတွေဆို ၁၂ယွမ်ကျော်ကျော်လောက်ပဲ ရှိတာလေ။ အရမ်းကောင်းတဲ့ဟာတောင်မှ အများဆုံး ရာဂဏန်းနည်းနည်းပဲ ရှိတာ။ နွေဦးဆောင်းဦးခန်းမက skincareကုမ္ပဏီကြီးကို ဘာလို့ skincareပိုင်းကိုပဲ မလုပ်တော့တာလဲ။ ဘာလို့ လိမ်းဆေးဆီတွေ လုပ်နေရတာလဲ။


[T/N : အဲ့ဒီအချိန်တုန်းက ၈၈၈ယွမ်က အမေရိကန်ဒေါ်လာ ၁၃၉.၆ဒေါ်လာ ရှိပြီး ယူရို ၁၂၆.၁၉ယူရို ရှိပါတယ်]


လူအချို့က မနေနိုင်ပဲ ထောက်ပြလာတော့သည် : ကုမ္ပဏီရဲ့ ခေါင်းစဥ်ကိုပဲ ကြည့်လိုက်ကြလေ...နွေဦးဆောင်းဦးခန်းမက ဆေးကုမ္ပဏီတစ်ခုလေ...skincareဆိုတာက အရံစီးပွားရေးလောက်ပဲ ဖြစ်နိုင်တယ်...


အင်တာနက်သုံးစွဲသူများ : [...တန်...မင်းပြောတာ ဟုတ်သားပဲ...]


အမြင်စူးရှသည့်သူသာ မရှိလျှင် လူတိုင်းနီးပါးက နွေဦးဆောင်းဦးခန်းမက skincareပဲ ထုတ်သည်ဟု ထင်မိကြမည်သာ။


မျက်နှာဖြတ်ရိုက်ခံလိုက်ရသည့် ခံစားချက်က ခံရခက်သွား၍ အင်တာနက်သုံးစွဲသူများက အပြောင်အပြက်လုပ်လာကြသည် [: သူတို့ကတော့ ဆေးကုမ္ပဏီလို့ ပြောပေမယ့် skincareပိုင်းက လျော့သွားပြီဆိုတော့ သူတို့မှာ နည်းပညာမရှိတော့ဘူးလို့ ပြောချင်တာလား။ ]


လူအချို့က ဒေါသထွက်ပြီး ပြန်တိုက်ကြတော့သည် : [နင်တို့ပြောတဲ့ "လျှော့တယ်" ဆိုတာ ဘာကို ပြောချင်တာလဲ...skincareကုမ္ပဏီတွေက အဆင့်နိမ့်တယ်လို့ ပြောချင်တာလား....]


တစ်ခဏချင်း ရန်ပွဲဖြစ်သွားကြပြီး နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့ ကောမန့်နေရာက ရက်စက်သည့်စကားများ ပြည့်နေသည့် သွေးအိုင်ကြီး ဖြစ်သွားရသည်။ 


နွေဦးပန်းနံပါတ်၁ ကိစ္စကတည်းက အတွေ့အကြုံရသွား၍ ပြည်သူ့ဆက်ဆံရေးဌာန ဒါရိုက်တာက ငြိမ်ငြိမ်နေရန် သဘောပေါက်ပြီးပြီ ဖြစ်သည်။ သူက အေးအေးဆေးဆေး ကော်ဖီ သောက်နေပြီး ဝန်ထမ်းများကို အခြေအနေကို ထိန်းချုပ်ရန် ညွှန်ကြားလိုက်သည်။ သူက စိုးရိမ်စိတ် မဖြစ်မိချေ။ အမှန်တွင်ဖြင့် နွေဦးပန်းနံပါတ်၂၏ အမာရွတ်ပျောက်စွမ်းရည်က အရမ်းသိသာသည့်အပြင် ရွှေအစစ်က အမြဲတစေ တောက်ပလိမ့်မည်။ 


သူ့မှာ မနေနိုင်ပဲ သက်ပြင်းချမိသည်။ သခင်လေးသွမ့်က အရမ်းတော်တာပဲ။


သူ့ကို ဆန့်ကျင်ချင်ကြတဲ့သူတွေ ရှိတာတော့ ကံဆိုးတာပေါ့။


ဝန်ထမ်းတစ်ယောက်က ရုတ်တရက် အော်သံတိုးတိုး ထွက်လာသည်။ သူက နားမလည်သလို မျက်နှာနှင့် လှည့်ကြည့်လာသည် " ဒါရိုက်တာ ယာ့လန်ရဲ့ အထွေထွေမန်နေဂျာက ကောမန့်ဝင်ရေးသွားတယ်..." 


ပြည်သူ့ဆက်ဆံရေးဌာန၏ ဒါရိုက်တာ : ....


သူက ကွန်ပျူတာကို အကြိမ်အနည်းငယ် နှိပ်လိုက်ပြီးချိန် ယာ့လန်၏ အထွေထွေမန်နေဂျာ ပြောသွားသည့် စကားကို တွေ့လိုက်ရသည်။


ရွှီယာ့ဇယ် [: နွေဦးပန်းနံပါတ်၂ ထွက်ပြီလို့ ကြားတယ်...အရေးအကြောင်း ဖယ်တာတို့ အသားအရေ ဝင်းလက်တာတို့ ဒါမှမဟုတ် တစ်ခြားတစ်ခုခု ဖြစ်မယ်ထင်ထားတာ အမာရွတ်ပျောက်လိမ်းဆေးတဲ့လား....[စိတ်ပျက်သွားပြီ] [စိတ်ပျက်သွားပြီ] [စိတ်ပျက်သွားပြီ] @နွေဦးဆောင်းဦးခန်းမ]


ဤလူက ယာ့လန်ဥက္ကဌ၏ သားဖြစ်ပြီး အမြဲတမ်း ထိုသို့ ပြောလေ့ရှိသည်။ ချမ်းသာသည့် ဒုတိယမျိုးဆက်သခင်လေး ဖြစ်သည့်အတွက် အပြင်တွင်လည်း ဝင့်ကြွားလွန်းသလို အွန်လိုင်းပေါ်တွင်လည်း ကြီးကြီးကျယ်ကျယ် ပြောလေ့ရှိသည်။


သို့သော်လည်း ရုပ်နည်းနည်းကြည့်ကောင်းပြီး မိန်းကလေးများကိုလည်း ပရောပရီလုပ်နိုင်၍ သု့ဝေ့ပေါ်တွင် သူ့ကို ယောကျ်ားဟု ခေါ်ကြသည့် မိန်းကလေးက တော်တော်များများရှိသည်။


သူ့စကားက ရွဲ့နေသလို ဖြစ်နေသော်လည်း ဖန်အချို့က သူတကယ်ပဲ စိတ်ပျက်သွားသည် ထင်ကြ၍ သွားပြီးနှစ်သိမ့်ပေးကြတော့သည်။


ပြည်သူ့ဆက်ဆံရေးဌာန : .... ထားလိုက်တော့...ကောမန့်တွေ မဖတ်ပဲ နေကြရအောင်...သူသာ ဆက်ကြည့်နေရင် ဥာဏ်ရည်နိမ့်သွားလိမ့်မယ်...


တရုတ်တွင် ယာ့လန်က skincareနယ်ပယ်၏ ထိပ်ဆုံးတွင် ရှိလေသည်။ နွေဦးပန်းနံပါတ်၁က ရောင်းအားကောင်းခဲ့သော်လည်း သူတို့နှင့်ယှဥ်လိုက်လျှင် နွေဦးဆောင်းဦးခန်းမ၏ အောင်မြင်မှုက အောက်ဆုံးအဆင့်သာ ရှိသေးသည်။


ရွှီယာ့ဇယ်၏ မှတ်ချက် ထွက်လာပြီးနောက် လူအများစုက နွေဦးဆောင်းဦးခန်းမမှာ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီး လူကြိုက်များအောင် လုပ်နေခြင်းသာဖြစ်၍ ရောင်းသည့် ပစ္စည်းနှင့် ရသည့်ဝင်ငွေက မမျှတဟု ထင်လာကြတော့သည်။  


သွမ့်ရှူးထုံက အွန်လိုင်းတွင် ဖြစ်ပျက်နေသည့် ကိစ္စများကို ကြားသော်လည်း ဘာမှဖြစ်မသွားပေ။ လက်ရှိတွင် သူက ကျိုင်ကျွင့်နှင့် ဝန်ထမ်းစီမံခန့်ခွဲရေးဌာန ဒါရိုက်တာတို့နှင့်အတူ ဝန်ထမ်းသစ်ခေါ်မည့်အကြောင်း ဆွေးနွေးနေကြသည်။


သူက လိုရင်းသာ သွားလိုက်သည် " ကျွန်တော် လက်ထောက် နည်းနည်း လိုတယ်...လိုအပ်တာက ဆေးဝါးဓါတုပိုင်းကို မေဂျာယူထားတဲ့သူ ဖြစ်ပြီးတော့ အနည်းဆုံး လုပ်သက်နှစ်နှစ် ရှိရမယ်..."   


ဝန်ထမ်းစီမံခန့်ခွဲရေးဌာန ဒါရိုက်တာက သွမ့်ရှူးထုံပြောသည့် အချက်ကို စာအုပ်လေးပေါ် လိုက်မှတ်သည်။ သခင်လေးသွမ့်က အခုဆို ကုမ္ပဏီရဲ့ ငွေရှာစက်ပဲ။ သူ့ကို နည်းနည်းလေးမှ လွတ်သွားလို့ မဖြစ်ဘူး။ 


“ကျားမရော ဘယ်လိုလဲ..."


သွမ့်ရှူးထုံ : "သတ်မှတ်မထားပါဘူး..."


ဆွေးနွေးပြီးသည်နှင့် ဝန်ထမ်းစီမံခန့်ခွဲရေးဌာန ဒါရိုက်တာက ရုံးခန်းထဲမှ ထွက်သွားသည်။


ကျိုင်ကျွင့်က သွမ့်ရှူးထုံဘက်ကို လှည့်ကြည့်လာပြီး မေးလာသည် " သခင်လေးသွမ့်...ဒီတစ်ခေါက်မှာရော ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ ဖိုက်ဖို့ မလိုတော့ဘူးလား...."


သူက နောက်ဆုံးတစ်ခေါက် Jedi၏ တိုက်စစ် အရမ်းမိုက်သလို ခံစားမိသည်။


သွမ့်ရှူးထုံက ပြုံးပြလာသည် " နွေဦးပန်းနံပါတ်၂ရဲ့ စွမ်းရည်က သက်သေပဲလေ...တစ်ယောက်ယောက်ကတော့ သေချာပေါက် နားလည်သွားပါလိမ့်မယ်..." 


လက်ရှိနွေဦးဆောင်းဦးခန်းမက အရင်ကလို မဟုတ်တော့ပေ။ ယခင်က အရှက်ကွဲအောင် လုပ်သည့်နည်းလမ်းနှင့် ဗျူဟာဆွဲခဲ့သော်လည်း ထိုနည်းလမ်းကို ဆက်လုပ်မိလျှင် သူတို့၏ ဂုဏ်သတင်းကို တက်နင်းသွားလိမ့်မည်။


ထို့ပြင် အခြေအနေက ရင်ခုန်စရာမကောင်းဘူးဟု တွေးနေကြသည့် အင်တာနက်သုံးစွဲသူက များ၍ အချို့ streamerများကပင် သူတို့ပါ နာမည်ကြီးသွားအောင် နွေဦးဆောင်းဦးခန်းမနှင့် ပူးပေါင်းလာကြသည်။ 


ဖုန်ရန်ကလည်း ထိုstreamerထဲမှ တစ်ယောက် ဖြစ်သည်။


နွေဦးပန်းနံပါတ်၁ကို သုံးပြီးကတည်းက ဖုန်ရန်၏ အသားအရေက ပိုပိုကောင်းလာ၍ မိတ်ကပ်မလိမ်းပဲ အပြင်ထွက်ရမှာကို မကြောက်တော့ပေ။ ဤသို့ဖြင့် သူမက နွေဦးပန်းဖန် လုံးလုံး ဖြစ်လာခဲ့လေသည်။


နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့က နွေဦးပန်းနံပါတ်၂ကို ထုတ်မည့်အကြောင်း ကြေညာလိုက်ချိန် သူမက ချက်ချင်း အော်ဒါတင်ထားခဲ့သည်။ နောက်မှ ထုတ်ကုန်က အမာရွတ်လိမ်းဆေးဖြစ်နေမှန်း သိလိုက်ရသည်။ သူမက စိတ်ပျက်သွားသော်လည်း အရမ်းကြီး စိတ်မဆိုးမိချေ။


သူမက ဝယ်ထားလိုက်ပြီဖြစ်၍ သူ့အကြောင်းနှင့် သူပင်။ သူမက ၈၈၈ယွမ်လေးကို မတတ်နိုင်သည်လည်း မဟုတ်ပေ။


သို့သော်လည်း အင်တာနက်ပေါ်က နိုင်ထက်စီးနင်း ကောမန့်များကို ကြည့်ရင်း ဒေါသထွက်လာရသည်။ သူမ ထောက်ခံပေးသည့် ထုတ်ကုန်ကို လှောင်ပြောင်နေကြသည့်အဖြစ်မျိုး အရောက်မခံနိုင်ပေ။


သူမ အင်္ကျီလက်ပင့်လိုက်ရာ လက်မောင်းရင်းတွင် ကုတ်ရာကြီးလိုမျိုး အမာရွတ် တစ်ခု ရှိနေသည်။ ဒေါသထွက်ထွက်နှင့် သူမက ဝေ့ပေါ်တွင် ပို့စ်တင်လိုက်သည်

[ : ထုတ်ကုန်ရောက်လာတဲ့အခါ အမာရွတ်လိမ်းဆေးရဲ့ အာနိသင်ကို လိုက်ဖ်လွှင့်ပြပါမယ်။ ]


ထို့နောက် သူမက လက်မောင်းက အမာရွတ်ကို ပုံရိုက်ပြီး တွဲတင်လိုက်သည်။


ဖန်များက ထိုပုံကို မြင်သောအခါ စိတ်မကောင်းဖြစ်သွားကြပြီး ဒဏ်ရာဘယ်လိုရခဲ့လည်း မေးလာကြသည်။


ဖုန်ရန်က သူမကိုယ်သူမ နွေဦးပန်းစီးရီး၏ ဖန်စစ်စစ်တစ်ယောက်ဟု ခံစားမိသည်။ သူမက လိုက်ဖ်လွှင့်ပြီး ထိုအရုပ်ဆိုးဆိုး အမာရွတ်ကို ပြဖို့ ဆန္ဒရှိလေသည်။ သူမက ထိုအမာရွတ်ကို ကလေးဘဝက ရခဲ့ခြင်းဖြစ်သည်။ သူမက ဖန်ကွဲစနှင့် ရှခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သူမတို့မွေးရပ်မြေက ဆေးပညာ မဖွံ့ဖြိုးသေး၍ အပ်နှင့်သာ စုချုပ်ခဲ့ရသည်။ ထိုဒဏ်ရာရခဲ့သည့် အချိန်ကတည်းကဆို ဆယ်နှစ်ကျော်လောက် ရှိနေပြီဖြစ်သည်။


နွေဦးဆောင်းဦးခန်းမ၏ တရားဝင်ဘလော့က ပြောထားသည့်အတိုင်း နွေဦးပန်းနံပါတ်၁က အမာရွတ်ဟောင်းကိုပါ ဖယ်ရှားပေးနိုင်လျှင် ကောင်းလိမ့်မည်။


အွန်လိုင်းပေါ် ဖြစ်ပျက်နေသည့် အရာများက သွမ့်ရှူးထုံအပေါ် သက်ရောက်မှု မရှိချေ။ သူက ဓါတ်ခွဲခန်းသုံး ပစ္စည်းများနှင့် ကိရိယာများကို စုံစမ်းနေပြီးပြီ ဖြစ်သည်။


နွေဦးဆောင်းဦးခန်းမတွင် နေရာက အလုံလောက် ရှိလေသည်။ ကိရိယာသစ်များ ဝယ်ဖို့သာ လိုသည်။


သူက ဆေးပစ္စည်းကိရိယာများ ရောင်းသည့် ကုမ္ပဏီများကို နှိုင်းယှဥ်ကြည့်လိုက်ပြီးနောက် "ဥသြငှက်" အမည်ရှိ ကုမ္ပဏီကို ရွေးချယ်ခဲ့သည်။ ထိုကုမ္ပဏီက ပစ္စည်းအရည်အသွေးကောင်းပြီး စိတ်ချရသော ခေတ်ဟောင်းစတိုင် ကုမ္ပဏီတစ်ခု ဖြစ်သည်။


သူက ကုန်ပစ္စည်းနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းသောအခါ သူတို့ဘက်က ပစ္စည်းဆယ်ခုနှင့်အထက် ဝယ်မှ ရောင်းပေးမည်ဟု ပြောလာခဲ့သည်။  


နွေဦးဆောင်းဦးခန်းမတွင်လည်း ဓါတ်ခွဲခန်းက ငါးခုသာ ရှိသည်။ သူသာ ငါးခုလောက် ဝယ်လျှင် လက်ခံနိုင်သေးသည်။ သို့သော်လည်း ထိုကုမ္ပဏီက ဆယ်ခု ဝယ်ရမည်ဆိုသောအခါ....။ ဘယ်လိုလုပ်သင့်လဲ....ဆယ်ခုဝယ်ပြီး ပိုတဲ့ဟာကို ကုန်လှောင်ရုံမှာ ထားလိုက်ရမလား။ 


ဝယ်ယူစုဆောင်းရေးဌာန ဒါရိုက်တာက လျှာစောင်းထက်သော်လည်း ထိုကုမ္ပဏီက အလျှော့ပေးချင်စိတ်မရှိချေ။ သူတို့က နွေဦးဆောင်းဦးခန်းမကို ဓါတ်ခွဲခန်းဆယ်ခုတောင် မရှိသည့် ကုမ္ပဏီပေါက်စလေးဟု ပြောပြီး လှောင်ခဲ့လိုက်သေးသည်။


ဝယ်ယူစုဆောင်းရေးဌာနဒါရိုက်တာ :...ငါ့ကိုယ်ငါ ပါးစပ်ပိတ်ထားချင်မိတော့တယ်....


သူ့မှာ အရဲစွန့်ပြီး ကျိုင်ကျွင့်ကို သတင်းပို့ရန်သာ တတ်နိုင်တော့သည်။ ကျိုင်ကျွင့်က ထိုအကြောင်း ကြားသောအခါ ဒေါသချောင်းချောင်း ထွက်သွားရသည်။ ဒါ ဘယ်က ဦးနှောက်မရှိတဲ့ သောက်တုံးကုမ္ပဏီကြီးလဲ...။ သူတို့ရဲ့ တံခါးရှေ့ထိ ယူလာခဲ့ပေးတာတောင် ပိုက်ဆံယူဖို့ ငြင်းနေသေးတယ်ပေါ့။ 


သူတို့မှာ အခု ဓါတ်ခွဲခန်း ၁၀ခု မရှိတာနဲ့ပဲ နောက်အနာဂတ်မှာ ၁၀ခု ရှိမလာနိုင်ဘူးလို့ မဆိုလိုဘူးလေ။


ဥသြငှက်ကုမ္ပဏီက ကျိုင်ကျွင့်၏ တိုက်ခိုက်လိုစိတ်ကို အောင်အောင်မြင်မြင် မီးမွှေးလိုက်ပြီ ဖြစ်သည်။ ကျိုင်ကျွင့်က သွမ့်ရှူးထုံနှင့် ဟယ်ယွင့်ကို သွားရှာပြီး ပြတ်ပြတ်သားသား ပြောလိုက်သည် " ငါတို့ လူတွေ အများကြီး ခန့်မယ်...အနာဂတ်မှာ ပိုက်ဆံရှိလာခဲ့ရင် ဓါတ်ခွဲခန်းတွေကိုပါ ချဲ့ထွင်မယ်...." 


သွမ့်ရှူးထုံက မထိန်းနိုင်ပဲ ရယ်လိုက်မိပြီး နှစ်သိမ့်ပေးလိုက်သည် " ဟုတ်ပါပြီဗျာ...ကျွန်တော်တို့ ဥသြငှက်ကုမ္ပဏီကို နောင်တရသွားအောင် လုပ်လိုက်ကြတာပေါ့...."


သို့သော်လည်း ဟယ်ယွင့်က မျက်မှောင်ကြုတ်မိသည် " ကျွန်တော် အရင်တုန်းက ဥသြငှက်ကုမ္ပဏီက လူတွေနဲ့ ဆက်သွယ်ဖူးတယ်...ဒါပေမယ့် ဒီလိုပုံစံမျိုး လုပ်တယ်လို့ မကြားဖူးဘူး...ပြီးတော့ ဥသြငှက်ရဲ့ စီအီးအိုနဲ့ ယာ့လန်ဥက္ကဌက အမျိုးတော်လောက်တယ်..." 


ကျိုင်ကျွင့် "...ဒါဆို ဒီကိစ္စရဲ့နောက်ကွယ်မှာ ယာ့လန် ရှိနေတာပေါ့...."


ကျိုင်ကျွင့်က ဒေါသထွက်လာရသော်လည်း သူ့မှာလည်း အကန့်အသတ် ရှိနေသည်။ သူက သွမ့်ရှူးထုံကို ကြည့်လိုက်ရန်သာ တတ်နိုင်သည်။


သူ မစဥ်းစားတတ်တော့ဘူး။ သခင်လေးသွမ့်က ဘယ်သူဆိုတာ ဖုံးကွယ်မထားသလို သွမ့်မိသားစုက နွေဦးဆောင်းဦးခန်းမနောက်မှာ ရှိနေတယ်ဆိုတာ လျှို့ဝှက်ချက်မှ မဟုတ်တာ။ ဒါကို ယာ့လန်က ဘာလို့ နွေဦးဆောင်းဦးခန်းမကို ဆက်ပြီး တိုက်ခိုက်နေရသေးတာလဲ။ ဒါမှမဟုတ် ယာ့လန်ရဲ့ စီမံဌာနက လူတွေက လုပ်ချင်ရာလုပ်ပြီး ပြောမရဆိုမရဖြစ်နေတဲ့ လူတွေလား။ 


သွမ့်ရှူးထုံက ပြောလာသည် " ကျွန်တော်တို့က သူတို့ဆီက ဝယ်ကိုဝယ်ရမယ်လို့ မဟုတ်ဘူးလေ...ဥသြငှက်က မရောင်းချင်ရင် တစ်ခြားဟာ ရှာကြည့်ကြတာပေါ့...."


ကျိုင်ကျွင့်က သက်ပြင်းချမိသည်။ ထိုအရာမှလွဲပြီး အခြားလုပ်စရာ မရှိချေ။


ဓာတ်ခွဲခန်းဆီ ပြန်ရောက်လာသည့်အချိန် သွမ့်ရှူးထုံက မပြီးသေးသည့် အရာများကို ထုပ်ပိုးသိမ်းဆည်းပြီးနောက် စားသောက်တန်းဆီ သွားနေရင်း လင်မန့်မန့်၏ ဖုန်းဝင်လာလေသည်။


" မိန်းကလေးလင်..."  


လင်မန့်မန့်က လိုရင်းကို မေးလာသည် " နွေဦးပန်းနံပါတ်၂ရဲ့ အမာရွတ်ပျောက်စွမ်းရည်က တစ်မူထူးခြားတယ်ဆို...အဲ့ဒါ အမှန်ပဲလား...."


" အမှန်ပါ..." သွမ့်ရှူးထုံက ပြုံးပြလာသည် " ဘာဖြစ်လို့ပါလဲ..."


လင်မန့်မန့်က တွန့်ဆုတ်တွန့်ဆုတ် ပြောလာသည် " အဲ့ဒါကလေ....အရေပြားအစားထိုး လုပ်ထားတဲ့ အမာရွတ်တွေကိုရော အလုပ်ဖြစ်လား..." 


အမာရွတ်ကို ခွဲစိတ်ကုသဖို့ ခေတ်သစ်ဆေးပညာကို သုံးခွင့်ပြုထားသော်လည်း ယင်းက အမာရွတ်ကို အရှင်းပျောက်မသွားပဲ မမြင်ရအောင် ဖုံးထားခြင်း သို့မဟုတ် လျှော့နည်းသွားရန်သာ လုပ်နိုင်သည်။ ထို့ပြင် ခွဲစိတ်ထားသည့်အတွက် အနာဂတ်တွင် ပြန်လည်ပြုပြင်ဖို့ ထိန်းသိမ်းဖို့ကလည်း လိုအပ်နေသေးသည်။


နွေဦးပန်းနံပါတ်၂က ဤအချက်ကို မူတည်ပြီး လုပ်ထားခြင်း ဖြစ်သည်။


ဥပမာပြောရလျှင် လူတစ်ယောက်က မျက်နှာမီးလောင်မှုကြောင့် အရေပြားဆက် ခွဲစိတ်မှုကို လုပ်ခဲ့ရသည်ဆိုပါက ခွဲစိတ်ပြီးနောက်ပိုင်း အမာရွတ်ပျောက်ဆေးကို သုံးဖို့ လိုအပ်သည်ပင်။


နွေဦးပန်းနံပါတ်၂က ခွဲစိတ်ပြီးနောက်ပိုင်း ဆဲလ်တစ်သျှူးများ ပွလာခြင်းကို ထိရောက်စွာ ကာကွယ်ပေးပြီး ထိုဆဲလ်ပွထားသည့် အခြေအနေမျိုး ကြုံတွေ့နေရသည့် အရေပြားကိုလည်း ပြန်လည်ထိန်းသိမ်းပေးလေသည်။


လူအများစုအတွက် ၈၈၈ယွမ် လိမ်းဆေးတစ်ပုလင်းက ယွန်သောင်းကျော်ကုန်သည့် ခွဲစိတ်မှုထက် ပိုပြီး လွယ်ကူပါသည်။ ထို့ပြင် နောက်ပိုင်းအကျိုးဆက်နှင့်ပတ်သတ်ပြီး စိတ်ပူဖို့ မလိုတော့ပေ။


သွမ့်ရှူးထုံက ဤအကြောင်း အကျဥ်းချုပ် ရှင်းပြလိုက်သော်လည်း လင်မန့်မန့်က အင်တင်တင်ဖြစ်နေသေးသည် " အဲ့ဒါက တကယ်ပဲ အဲ့ဒီလောက်တောင် အံ့သြစရာကောင်းတယ်လား..." 


သူ့ထုတ်ကုန်ကို မယုံကြည်ကြသည့် ဝယ်သူများကို တော်တော်များများ မြင်ဖူး၍ သွမ့်ရှူးထုံက သူမအင်တင်တင်ဖြစ်နေသော်လည်း စိတ်မဆိုးသွားချေ။ သူက အသာအယာပြောလိုက်သည် " မင်း စမ်းသုံးကြည့်လိုက်ရင်လည်း အရှုံးမရှိပါဘူး..." 


လင်မန့်မန့်က ပြန်ဖြေလာသည် " ဆောရီးပါ...သံသယဝင်လို့ ပြောတာ မဟုတ်ပါဘူး...ဒီအတိုင်း မယုံကြည်နိုင်လို့ပါ..."


သူမ၏ မိသားစုနောက်ခံ အဆင့်အတန်းနှင့်ပင် ထိုအံ့ဖွယ်ဆေးမျိုး အရင်က မမြင်ဖူးခဲ့ပေ။ ထို့ပြင် သွမ့်မိသားစု၏ နာမည်ဆိုးရှိသော သခင်လေး၏ လက်မှ ထိုပစ္စည်းမျိုး ထွက်လာသည့်အဖြစ်က ပိုလို့ပင် မယုံနိုင်စရာကောင်းနေသည်။


သွမ့်ရှူးထုံက ရုတ်တရက် အကြံတစ်ခု ရလာသည်။ " မင်းက ဒါကို တစ်ခြားတစ်ယောက်အတွက် မေးပေးနေတာမို့လား...ပြောရရင် လူတိုင်းရဲ့ အခြေအနေချင်းစီက မတူကြဘူးလေ...ရောဂါနဲ့ဆေးတည့်မှ ရလဒ် ပိုကောင်းမှာပေါ့..."  


“ဒါဆို ရှင်ပြောတာက သပ်သပ်လုပ်ပေးမယ်လို့ ပြောချင်တာလား..." လင်မန့်မန့်က အိပ်မက်မက်နေသည်ဟုထင်မိသည်။


ဤသည်က ကမ္ဘာနှစ်ခုကြားက ဆေးပညာကွာခြားချက်ပင်။



👨‍❤️‍👨