Part 153
ဝမ်မိသားစု၏ လူကြီးပိုင်းများသည် ဝမ်ယွီအား မည်သည့်အချိန်ကမှမတည်ရှိဖူးသကဲ့သို့ဆက်ဆံခဲ့ကြသည်။ ထို့အတူ ဝမ်ကျင်စန်းသည်လည်း သူ့အား မရှိသကဲ့သို့ ဆက်ဆံခဲ့သည်။ ရှုဝေနှင့် ဝမ်ရိရန်တို့မှာမူ တစ်ယောက်သည် အခွင့်အရေးရသည်နှင့် သူ့အားအကောက်ကြံလေ့ရှိပြီး တစ်ယောက်သည် သူ့၏ရှေ့၌ အမြဲဆိုသလိုဂုဏ်ယူဝင့်ကြွားစွာနေခဲ့သည်။
ထို့ကြောင့် ဝမ်ယွီသည် နှစ်သစ်ကူးဆိုသည်အား မထူးခြားသည့်အရာကဲ့သို့သာ ခံစားခဲ့ရလေသည်။
သို့သော် ယခုနှစ်တွင်မူ သူသည်နှစ်သစ်ကူးအား ခံစားမိခဲ့သည်။ သူသည်ပို၍ ပို၍ပျော်ရွှင်လာခဲ့ရပြီး နှစ်သစ်ကူးနေ့နှင့် အခြားနေ့များတို့၏ကွာခြားချက်များအား အတွေ့အကြုံရရှိသွားခဲ့သည်။
သူတို့ခွက်ချင်းတိုက်လိုက်ပြီးနောက် စတင်၍စားခဲ့ကြတော့သည်။
ဝမ်ယွီသည် သူပြောခဲ့သည့်အရာအား မလွဲမသေလုပ်ဆောင်သူဖြစ်သည်။ သူသည် ချီကျန်းကျန်းပြုလုပ်ထားသည့်ဖက်ထုပ်များအားစားလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်ရှိ အပြုံးတစ်ပွင့်မှာ သိသာထင်ရှားနေခဲ့လေသည်။ သူ၏အမြဲတစေမဲမှောင်ကာ နက်ရှိုင်းနေသည့်မျက်လုံးများမှာ ယခုအချိန်၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
နေဦးပွဲတော်အစီအစဉ်များမှာစတင်လာပြီဖြစ်သောကြောင့် ရုပ်သံလိုင်းများမှာ ထုတ်လွှင့်ပြသနေခဲ့ကြသည်။ ၎င်းတို့မှာ စိတ်လှုပ်ရှားမှာများ အပြည့်ဖြစ်နေခဲ့သည်။
လျို့ကျိုးသည် ကြမ်းပြင်ပေါ်၌ထိုင်ကာ ရိုးရိုးရေဖြင့်ပြုတ်ထားသော အသီးအရွက်များအား စားနေခဲ့ပြီး သူသည်အလွန်ပျော်ရွှင်နေခဲ့လေသည်။ ချီကျန်းကျန်းသည် သူမ၏တူများအား အစပ်ဟင်းရည်ရှိရာသို့လက်လှမ်းခဲ့သော်လည်း ဝမ်ယွီ၏ပယ်ချခြင်းကိုသာ အမြဲခံနေရတော့သည်။
" ဒါကိုစား…" ဝမ်ယွီသည် သူမအား ပြုတ်ရည်အချိုဖြင့် ပြုတ်ထားသည့် အသီးအရွက်များအား ထည့်ပေးလာခဲ့သည်။
ချီကျန်းကျန်း၏မျက်နှာမှာ ဆူပုတ်သွားပြီး " ဝမ်ယွီ…"
သူခဏတာတုံ့ဆိုင်းသွားပြီးနောက် သက်ပြင်းချကာ သူမအား အစပ်လျော့ထားသည့် ဟော့ပေါ့အိုးအားပေးအပ်လိုက်ရတော့သည်။
ချီကျန်းကျန်းသည် မကျေမနပ်ဖြစ်မှုကြောင့် ရေရွတ်နေခဲ့သည် " ဟော့ပေါ့စားတယ်ဆိုတာ စပ်စပ်စားဖို့လေ ရှင်လေးပိုင်းပါတဲ့အိုးတောင်မလိုဘူး အစပ်တစ်အိုးနဲ့တင်လုံလောက်နေပြီ အစပ်မပါတဲ့ဟော့ပေါ့ဆိုတာ အသက်မပါသလိုပဲ…"
" လိမ္မာပါကွာ အရမ်းစပ်တာတွေစားရင် အစာအိမ်နာသွားလိမ့်မယ်…"ဝမ်ယွီက သူမအားချစ်မြတ်နိုးခြင်းအပြည့်ဖြင့် ကြည့်နေလျက် သူမဆီသို့ ဟင်းအမယ်များအား ဆက်လက်ပို့ပေးနေခဲ့သည်။
ချီကျန်းကျန်းမှာမူ ခိုး၍သယ်ကာ အစပ်ဟင်းရည်အိုးထဲသို့သာ ပစ်ထည့်နေခဲ့လေသည်။
သူမသည် စွပ်ပြုတ်ရည်အချိုအိုးထဲမှ ချက်ပြီးသောအရာများအား ဝမ်ယွီအားပေးကာ " ရှင်လဲစားသင့်တယ် ကျွန်မကိုဂရုမစိုက်နဲ့…"
" အင်းးး " ဝမ်ယွီ၏နှုတ်ခမ်းထောင့်ရှိအပြုံးမှာ ပို၍ပင်ကြီးမားလာတော့သည်။
ရုပ်မြင်သံကြားအစီအစဉ်အတွက် ဟာသကာတွန်းများပြသနေသော်ကြောင့် ချီကျန်းကျန်းသည် သတိမမူပဲငေးကြည့်လျက်စားနေတော့သည်။ သူမစားဖြစ်နေသမျှသည် ဝမ်ယွီသူမ၏ပန်းကန်ထဲသို့ ထည့်ပေးထားသော ပေါ့ပါးသည့်အရာများသာဖြစ်သည်ကိုပင် သတိမပြုမိနိုင်ခဲ့ပေ။
ဝမ်ယွီမနေနိုင်တော့ဘဲ ရယ်မိသွားကာ သူ၏မျက်လုံးထဲရှိအပြုံးများမှာ ပို၍ပင်ကြီးမားလာခဲ့သည်။
ခဏအကြာ၌ သူသည်ပြောလာခဲ့လေသည် " ကျန်းကျန်း ကိုယ်အရမ်းပျော်တာပဲ…"
သူ မည်သည့်အချိန်ကမှ ယခုကဲ့သို့ မပျော်ရွှင်ခဲ့ရဖူးပေ။
ချီကျန်းကျန်း အံ့ဩသွားခဲ့ပြီး သူ့အားကြည့်လျက် လေးနက်နေသောအမူအယာဖြင့်ပြောလာခဲ့သည် " ဒီနှစ်ကနေစပြီး နှစ်တိုင်းနှစ်တိုင်း အခုလိုပဲ ပျော်ရွှင်သွားရမှာ…"
" မင်းကော အမြဲတမ်းအတူရှိနေမှာလား…"
" ဒါပေါ့…"
သူမက. တုံ့ဆိုင်းနေခြင်းပင် မရှိခဲ့ချေ။
ဝမ်ယွီမှာ အလွန်ပင် ပျော်ရွှင်နေခဲ့လေသည်။ သူသည် အမြဲဆိုသလို တည်ငြိမ်နေခဲ့သော်လည်း ယခုအချိန်တွင်မူ ကလေးတစ်ယောက်သည် သူ၏အကြိုက်ဆုံးအရုပ်အားရသွားသကဲ့သို့ အလွန်ပျော်ရွှင်ခဲ့ပြီး သူ၏မျက်နှာတစ်ခုလုံးရွှင်လန်းနေကာ ဖုံးကွယ်၍ပင်မရနိုင်ခဲ့ပေ။
ဝမ်ယွီပျော်ရွှင်နေသည်အား မြင်ရပြီးနောက် သူမသည်လည်း ထပ်တူထပ်မျှပျော်ရွင်လာခဲ့သည်။
" ယွီယွီ နောက်ကျရင်လဲ ရှင်ကျွန်မကိုအခုလိုပဲဆက်ဆံမှာလား…"
" ကိုယ်လုပ်မှာ.. ကိုယ်မင်းကိုပိုပြီးတော့တောင် ကောင်းကောင်းထားမှာ…" ဝမ်ယွီသည် သူမအားကြည့်ကာ ပြောလာခဲ့သည်။
ချီကျန်းကျန်း၏ပါးပြင်များမှာ အနည်းငယ်နီမြန်းနေခဲ့သည်။ သို့သော်လည်း သူမသည် နှလုံးသားတစ်ခုလုံးတွင် ပျော်ရွှင်ခြင်းနှင့် အလွန်အမင်း ချိုမြိန်နေမှုတို့သာ ပြည့်နှက်နေသော ရူးရူးမူးမူးအပြုံးတစ်ခုအား ထုတ်ပြနေခဲ့သည်။
ဝမ်ယွီသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။
သူသည် ချီကျန်းကျန်းနှင့်မတွေ့ဆုံမှီအချိန်တုန်းက မည်သည့်အခါမှ မပျော်ရွှင်ခဲ့ရသော်လည်း သူမနှင့်တွေ့ဆုံခဲ့ရပြီးနောက်တွင် သူ့ထံ၌ ပျော်ရွှင်မှုတစ်ခုထဲသာ ကျန်ရစ်နေသလို ဖြစ်သွားရတော့သည်။
ထိုလူသား၏တည်ရှိမှုသည် သူ့အားဘုရားမှပေးသည့် အကောင်းဆုံးလက်ဆောင်ပင်ဖြစ်လေသည်။ လွန်ခဲ့သည့်အနှစ်နှစ်ဆယ်၏ သူဖြတ်ကျော်ခဲ့သောအရာအားလုံးမှာ ဖော်ပြရန်ပင် မထိုက်တန်တော့ပေ။
ဤသည်မှာ သူ၏ပထမဦးဆုံးအသေအချာ ကျင်းပသော နှစ်သစ်ကူးပင်ဖြစ်၏။ သူသည်နှစ်သစ်ကူးအားပျော်ရွှင်စွာဆင်နွှဲခဲ့မိသော ပထမဆုံးအကြိမ်လည်းဖြစ်လေသည်။
သူ၏ဘဝဆုံးသည်အထိ နောက်ထပ် ပို၌ ပို၍များပြားသော နှစ်သစ်ကူးများအား ဆင်နွှဲနိုင်တော့မည်ဖြစ်ပေသည်။
အနာဂတ်သည် သူနှင့် ချီကျန်းကျန်းအတွက်သာ သက်ဆိုင်လေသည်။
" မြန်မြန် ဒါကိုစားလိုက် ရှင်ကဒါစားရတာကြိုက်တယ်လေ…"
" မင်းကဒါစားရတာကြိုက်တာ…"
" ရှင်ကကျွန်မကိုတအားအရေးစိုက်နေတာပဲ ကျွန်မဗိုက်ပြည့်တေ့ာမယ်…"
" အဲ့ဒါဆို ခဏနေမှထပ်စားကြမယ်…"
" ကောင်းပါပြီ ရှင်လည်းညကျထပ်စားလို့ရတာပဲ ကျွန်မနှစ်သစ်ကူးအချိန်ကိုစောင့်ရဦးမယ် အဲ့လိုမနေရတာတောင် အတော်ကြာနေပြီ…"
" အင်းး မင်းအိပ်ချင်တယ်ဆိုရင်လဲ သွားအိပ်လို့ရပါတယ်…"
" ဟင့်အင်း မအိပ်ပါဘူး ဒါကနှစ်သစ်ကူးအကြိုညလေ ဝမ်ယွီ ရှင် နှစ်သစ်ကူးဖို့အတွက်စောင့်ခဲ့ဖူးလား…"
" ဟင့်အင်း…"
" ဟီးဟီး ဒါက ရှင်ရဲ့ပထမဆုံးအကြိမ်ဖြစ်သွားမှာပေါ့ ဒါပေမယ့် မှတ်မိဖို့ ထိုက်တန်ပါတယ်…"
စားပြီးသည့်နောက်တွင် သူတို့နှစ်ဦးသည် ဆိုဖာပေါ်၌ထိုင်ကာ နှစ်သစ်အားစောင့်နေခဲ့ကြသည်။
မူလတုန်းက ချီကျန်းကျန်းသည် အလွန်တက်ကြွနေမည်ဟု တွေးထားခဲ့သော်လည်း တကယ်တမ်းမှာတော့ သူသည်အနည်းငယ်အားနည်းနေပြီး ဆူညံနေသောတီဗီမှအသံများကြားထဲတွင် ဝမ်ယွီ၏ရင်ခွင်ထဲ၌အိပ်ပျော်နေခဲ့သည်။
ဝမ်ယွီ မျက်လုံးများအားပိတ်ကာအိပ်ပျော်နေသော ချီကျန်းကျန်းအားကြည့်လိုက်ပြီးနောက် သူ၏နှလုံးသားတစ်ခုလုံးပြည့်သွားသကဲ့သို့ ထပ်မံပြုံးလိုက်မိတော့သည်။
သူသည်ခေါင်းအားငုံ့အား သူမအားအနမ်းတစ်ပွင့်ပေးလိုက်လေသည်။
သူမအား မနှိုးပဲထားလိုက်ပြီး ဆယ့်နှစ်နာရီထိုးခါနီးအချိန်မှသာ သူသည် သူမအား ဖွဖွလေးပုတ်နှိုးလိုက်တော့သည်။
ချီကျန်းကျန်းနိုးလာခဲ့ပြီး သူမမျက်လုံးများမှာ မှိုင်းဝေနေကာ " ဘယ်အချိန်ရှိပြီလဲ…"
သူမ အမှန်တကယ်ပင် အလွန်ပင်ပန်းနေသည်ဟု ခံစားနေရပြီး ယခုမှနိုးထလာသည်နှင့်မတူဘဲ အချိန်အတော်ကြာမအိပ်ထားရသကဲ့သို့ ဖြစ်နေခဲ့သည်။ အချိန်ခဏကြာအထိ သူမဘယ်နှစ်ဘယ်လရောက်နေသည်အား မမှတ်မိနိုင်ခဲ့ပေ။ ယခုအချိန်မှာ နှစ်သစ်ကူးအကြိုညဖြစ်ပြီး ဝမ်ယွီနှင့်အတူတူနှစ်သစ်ကူးရန်စောင့်နေကြသည်အား မှတ်မိနိုင်ရန် အချိန်အတန်ကြာယူလိုက်ရလေသည်။
ဝမ်ယွီ : " ဆယ့်တစ်နာရီ ငါးဆယ်မိနစ်…"
" အာ ဆယ့်နှစ်နာရီထိုးတော့မှာပဲ… နိုးပေးတာ ကျေးဇူးတင်ပါတယ်…" ချီကျန်းကျန်းသည် အမြန်ထရပ်မိသွားတော့သည်။
သူမ၏ခေါင်းမှာ အနည်းငယ်ကိုက်ခဲနေသောကြောင့် သူမပါးပြင်များအား ပုတ်နေခဲ့သည်။
" အခုထိ အိပ်ချင်နေသေးလို့လား မင်းဘာလို့ အိပ်ရာကိုပြန်ပြီး မအိပ်တာလဲ…"
ချီကျန်းကျန်းခေါင်းခါလိုက်ပြီး " ဟင့်အင်း ဒါက နှစ်သစ်ကူးအကြိုလေ…"
ထိုစဉ် အပြင်ဘက်မှ မီးရှူးမီးပန်းများ၏အသံများအား ကြားလိုက်ရတော့သည်။
အပြင်ဘက်မှ မီးရှုးမီးပန်းအသံများကြောင့် ချီကျန်းကျန်းသည်တက်ကြွသွားပြီး ဝမ်ယွီ၏လက်အားဆွဲကာ " သွားရအောင် မီးပန်းတွေသွားကြည့်ကြမယ်…"
ဝမ်ယွီသည် နာနာခံခံဖြင့်ထရပ်လိုက်သော်လည်း သူမ၏နောက်သို့လိုက်မသွားခဲ့ဘဲ သူမအတွက်အပေါ်ထပ်အင်္ကျီသွားယူလာပြီး " နေဦး အပြင်မှာအေးတယ်…"
သူမသည် သူ့ထံမှဘောလုံးကဲ့သို့ထုတ်ထားခြင်းအား တဖန်ထပ်၍ခံလိုက်ရပြန်သည်။ ထို့နောက်သူသည် သူမအတူအပြင်သို့ထွက်လာခဲ့သည်။
ဖြစ်နိုင်သည်မှာ သူမသည်အခုမှနိုးလာပြီး အားမရှိနေခြင်းကြောင့် သူ၏ဘောလုံးကဲ့သို့ထုတ်ထားခြင်းအား အထူးတလည်ခံလိုက်ရခြင်းဖြစ်သည်။ ထို့နောက်သူတို့သည် လက်များကိုင်ထားပြီး ဒုတိယထပ်ရှိ ဝရန်တာသို့ တက်လာခဲ့ကြသည်။
အပြင်ဘက်တွင်မူ ကောင်းကင်တစ်ခုလုံး မီးရှူးမီးပန်းများဖြင့် ဖြစ်နေပြီဖြစ်သည်။
" ဝိုးး သူတို့ကမီးပန်းတွေလွှတ်ပေးမယ်ဆိုတာ ကျွန်မယုံတောင်မယုံနိုင်ဘူး…" သူမ၏မျက်လုံးများသည် ကောင်းကင်အားမော့ကြည့်နေလျက် အလွန်တောက်ပနေခဲ့သည်။
မီးရှူးမီးပန်းများမှာ ဝမ်ကျန်းအိမ်ရာအတွင်းမှ လွှတ်တင်ပေးနေခြင်းဖြစ်သောကြောင့် ကောင်းကင်တစ်ခုလုံး မီးပန်းများဖြင့် ပြည့်နေခဲ့သည်။ ဒုတိယထပ်၏ဝရန်တာ၌ရပ်လျက်ကြည့်နေကြသော သူတို့မျက်လုံးများရှေ့တွင် ၎င်းတို့မှာ အလွန်လှပနေခဲ့ကြသည်။
ဝမ်ယွီသည် မီးရှူးမီးပန်းများအား မကြည့်ခဲ့ဘဲ သူမကိုသာ ကြည့်နေခဲ့လေသည်။
" အဲ့ဒါတွေအကုန်လုံးကိုလုပ်ပေးခဲ့တာလား ဒါကအတော်လေးကောင်းတာပဲ…" မီးရှူးမီးပန်းများအား ဆယ့်တစ်နာရီငါးဆယ်မိနစ်တွင် စတင်ခဲ့ပြီးနောက် ၎င်းတို့သည်ကောင်းကင်တစ်ခုလုံးအပြည့်ဖြင့် ရပ်တန့်တော့မည့်ပုံမရှိနေခဲ့ပေ။
မီးပန်းများအားကြည့်နေရင်းဖြင့် တစ်စုံတစ်ခုမှားယွင်းနေသည်အား သူမသတိပြုမိသွားခဲ့လေသည်။
xxxxx