အပိုင်း ၁၅၄
Viewers 26k

Part 154


" ဟမ် အဲ့ဒါက ကျွန်မတို့အိမ်နားမှာဝန်းရံနေသလိုပဲ…" 


ထို့နောက် သူမ၏အကြည့်သည် ရုတ်တရက်ဝမ်ယွီဆီသို့ရောက်ရှိသွားပြီး မျက်လုံးများပြူးကျယ်လာကာ မီးရှူးမီးပန်းများ၏အသံကျယ်နှင့်အတူအော်ပြောလာခဲ့သည်…


" ဝမ်ယွီ မီးပန်းတွေက ရှင်လုပ်ပေးထားဝာာလား…"


" အင်းး " ဝမ်ယွီနူးညံ့စွာပြန်ဖြေလိုက်ကာ ခေါင်းငြိမ့်ပြခဲ့သည်။


သူမတစ်ခါပြောပြထားသည်ကိုပင် သူရေးမှတ်ထားခဲ့၏။အလွန်ချိုမြိန်သည်ဟုခံစားလိုက်ရပြီး ထိရှသွားခဲ့သော်ကြောင့် ဝမ်ယွီအားကြည့်၍သာနေခဲ့လေသည်။


ထိုအခိုက်အတန့်တွင် ဝမ်ယွီ၏မျက်လုံးများမှာလည်း ချစ်မြတ်နိုးခြင်းများဖြင့်ပြည့်နှက်နေလျက် ၎င်းမျက်ဝန်းနက်များမှာ မီးရှူးမီးပန်းတို့၏ရောင်ပြန်ဟပ်မှုကြောင့် သူမအား ပျော်‌ဝင်လာချင်အောင်လုပ်ဆောင်နေခဲ့ကြသည်။


သူမလက်ရှိကမ္ဘာကြီးဆီသို့ရောက်ရှိလာသည်မှာ တစ်နှစ်တင်းတင်းပြည့်သွားပြီဖြစ်သည်။ ထိုနှစ်အတော်အတွင်း အရာများစွာဖြစ်ပျက်ခဲ့သော်လည်း သံသယမရှိစွာဖြင့် ဝမ်ယွီ၏တည်ရှိမှုကြောင့် သူမ၏အမှတ်တရများမှာ အလွန်ချိုမြိန်ခဲ့ရလေသည်။


ဘုရားသခင်သည် သူမအား ဤကမ္ဘာသို့ လာခွင့်ပေးခဲ့ခြင်းမှာ သူမအတွက်အကြီးမားဆုံးသော ကံကြမ္မာလက်ဆောင်ပင်ဖြစ်ပေမည်။


ဆယ့်နှစ်နာရီသို့ရောက်ရှိလာချေပြီ။


ကောင်းကင်ပေါ်ရှိ မီးရှူးမီးပန်းများ၏ အသွင်အပြင်မှာ ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့ ပေါက်ကွဲပြီးနောက် လှပသောစာတစ်ကြောင်းထွက်ပေါ်လာခဲ့သည်။


[ ကျန်းကျန်း ကိုယ်မင်းချစ်တယ် ယွီ ]


ချီကျန်းကျန်းသည် ထိုစာအားတွေ့လိုက်ရပြီးနောက် အံ့ဩသွားရတော့သည်။


မီးရှူးမီးပန်းများဖြင့် ချစ်ရေးဆိုခြင်းသည် အလွန်ရိုမန့်ဖြစ်သည့်အရာတော့မဟုတ်ပေ။


၎င်းက လွန်ခဲ့သောဆယ်စုနှစ်များမှ အိုင်ဒေါဒရာမာများတွင်သာ ဖြစ်နိုင်ခဲ့သည်။


ထိုသို့စိတ်ကူးယဉ်ဆန်ဆန်ချစ်ခွင့်ပန်လာနိုင်သည့် တစ်ဦးထဲသော သူမှာလည်း ဘဝတွင် တစ်ခါမျှပင် မချစ်ကြိုက်ခဲ့ဖူးသူ ဝမ်ယွီသာရှိနိုင်ပေမည်။


သို့သော်လည် သူမ၏မျက်လုံးများမှာနီမြန်းနေကာ သူမနှလုံးသားထဲတွင် ပျော်ရွှင်မှုများပြည့်နေခြင်းကြောင့် အသက်မရှုနိုင်တော့သလို ဖြစ်နေခဲ့ရသည်။


ဝမ်ယွီကဲ့သို့ လူ‌အများနှင့်ပေါင်းသင်းရသည်အားမနှစ်သက်သော ရိုမန့်တစ်မဆန်တတ်သည့် အမျိုးသားတစ်ဦးသည် ကောင်းကင်ယံ၌ သူမအပေါ်ထားရှိသည့် သူ၏ချစ်ခြင်းမေတ္တာကို လူအများမြင်နိုင်စေရန် ရေးသားပြသည့်နည်းလမ်းအား အသုံးပြုခဲ့လေသည်။ သူသည် သူ၏နှလုံးသားအစစ်အမှန်အား သူမမြင်နိုင်စေရန် ထုတ်ဖော်ပြသခဲ့သည်။


သူမရှက်သွေးဖြာသွားကာ ဝမ်ယွီအားထပ်မံကြည့်လာခဲ့၏။ ထို့နောက်တွင် ဝမ်ယွီသည် သူမ၏အကြည့်အောက်၌ အောက်သို့ကိုင်းကာ တဖြည်းဖြည်းချင်း ဒူးတစ်ဖက်ထောက်ထားခဲ့သည်။


ချီကျန်းကျန်းမှာ အလွန်အံ့ဩသွားခဲ့ရတော့သည်။


သူသည်သူမကိုကြည့်ရန် ခေါင်းကို မေ့ာလိုက်ချိန်တွင်  သူမ၏ မျက်လုံးများမှာ ကောင်းကင်ယံရှိ မီးရှူးမီးပန်းများဖြင့် ပြည့်နှက်နေပြီး တောက်ပနေသော အရောင်များက သူမ၏ မျက်လုံးများရှေ့တွင် ပေါက်ကွဲသွားပုံပေါ်နေခဲ့ကာ သူ၏နှလုံးသားအား တုန်လှုပ်သွားအောင်ပြုလုပ်နေခဲ့သည်။


" ချီကျန်းကျန်း ကိုယ်ဘယ်လိုဖော်ပြရမလဲဆိုတာမသိပေမဲ့ မင်းကိုယ့်အနားမှာရှိနေတဲ့အချိန်တွေက ကိုယ့်ဘဝရဲ့အပျော်ရွှင်ရဆုံးအချိန်တွေပါ…မင်းကကိုယ့်မှာရှိတဲ့အရာအားလုံးထက်ကိုပိုပြီးအရေးကြီးပါတယ်…မင်းကကိုယ့်ကို အချစ်ဆိုတာကဘာလဲ ပျော်ရွှင်မှူဆိုတာ‌က‌ရောဘယ်လိုလဲ ရောင့်ရဲတတ်တယ်ဆိုတဲ့အရာက ဘယ်လိုဟာလဲ ပိုင်ဆိုင်ရခြင်းဆိုတာကဘယ်လိုမျိုးလဲဆိုတာကို သိအောင်ပြပေးခဲ့တယ်…" ဝမ်ယွီ၏အသံမှာတုန်ယင်နေ၏။


 ချီကျန်းကျန်း သူမ၏ရင်ဘတ်အား အုပ်ကိုင်ထားပြီး သူမ၏ဦးနှောက်မှာ ဗလာဖြစ်နေကာ နှလုံးခုန်ရပ်လုမတတ် ဖြစ်နေခဲ့သည်။


သူဘာဆက်လုပ်မည်ဆိုသည်ကို သူမသိသွားသည့်ပုံပင်…


" မင်းကြောင့်ပဲ ကိုယ့်မှာအရင်ကမရှိခဲ့တဲ့ခံစားချက်မျိုးတွေရှိလာခဲ့ရတယ်…ကိုယ်အရင်တုန်းက ဒီကမ္ဘာကြီးမှာ မှတ်မိနေဖို့ထိုက်တန်တဲ့ အရာတွေရှိတယ်ဆိုတာကို မသိခဲ့သလို ကိုယ်ဘယ်နေရာမှာသက်ဆိုင်တယ်ဆိုတာကိုလဲ မသိခဲ့ဘူး…ဒါပေမယ့် မင်းနဲ့အတူရှိနေရင် ကိုယ်နဲ့သက်ဆိုင်တယ်ဆိုတဲ့ခံစားချက်မျိုးကိုရခဲ့တယ်… ကိုယ်နဲ့ နှစ်သစ်ကူးတိုင်းအတူရှိနေမယ်လို့ မင်းပြောခဲ့တာ…"


သူ့အသံ၏တုန်ယင်နေမှုမှာ  သူသက်ပြင်းတစ်ချက်ချပြီး ဖြည်းဖြည်းချင်းရှူထုတ်လိုက်သည့်အချိန်၌ ပို၍သိသာလာခဲ့သည် " အဲ့တော့ ချီကျန်းကျန်း မင်းကိုယ့်ကိုလက်ထပ်နိုင်မလား…"


သူသည်အိတ်ကပ်ထဲမှ လက်စွပ်တစ်ကွင်းအား ထုတ်ယူကာ သူ၏လက်ထဲတွင် ကိုင်ထားခဲ့သည်။


ကောင်းကင်ပေါ်မှနှင်းများကျဆင်းနေသော်လည်း ထိုမျှချမ်းအေးလှသောဆောင်းရာသီတွင် သူ၏လက်ဖဝါးများမှာ ချွေးများရွှဲနေခဲ့လေသည်။


ချီကျန်းကျန်းမျက်လုံးရှေ့တွင် အဖြူရောင်မြူခိုးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး နှင်းပွင့်များမှာ ဝမ်ယွီနှင့်သူမ၏ကိုယ်ပေါ်သို့ ကျဆင်းနေခဲ့သည်။ သူသည် သူမ၏ရှေ့တွင် အခိုင်အမာဒူးထောင်နေကာ သူမအားစိတ်လှုပ်ရှားနေသည့်ပုံဖြင့် ကြည့်နေခဲ့၏။


တစ်ချို့ အကြောင်းပြချက်များကြောင့် သူမရုတ်တရက်မျက်ရည်ဝဲလာခဲ့ရတော့သည်။


လွန်ခဲ့သောတစ်နှစ်သူမ လက်ရှိလောကကိုရောက်ရှိလာစဉ်အခါက သူမ၏အရှေ့မှ အေးစက်စက်ဖြင့်လျစ်လျူရှူထားတတ်သောလူသည် ယခုအချိန်၌ ကြောက်ရွံ့မှု တုန်လှုပ်မှု ရယ်မောပျော်ရွှင်နေမှုတို့ရှိနေသည့်မတူညီသောလူတစ်ယောက်ဖြစ်လာခဲ့သည်အား သူမကြုံတွေ့ခဲ့ရလေသည်။


လက်ရှိကမ္ဘာ၏မူလလမ်းကြောင်းသည် ပြောင်းလဲသွားခဲ့ပြီး သူမသည်လည်း ထိုသူ၏သူမအတွက်ထားရှိသော ချစ်ခြင်းမေတ္တာအပေါ် အလွန်ယုံကြည်မှုရှိမိတော့သည်။


ချစ်ရေးချစ်ရာမပါသည့် ဝတ္ထု၏ဇာတ်လိုက်မှာ နှလုံးသားကင်းမဲ့နေသူ မဟုတ်တော့ချေ။


ထိုကဲ့သို့အချစ်မျိုးကသာ သူမအား စိတ်ချယုံကြည်မှုတို့ကိုမပေးစွမ်းနိုင်ခဲ့ပါက ချီကျန်းကျန်းသည် သူမအတွက်မည်သည့်အရာမှ စိတ်ချနိုင်သည်ဟုခံစားရစေရန် မစွမ်းဆောင်နိုင်တော့မည်ဟု တွေးလိုက်မိတော့သည်။


သူမ သူ့အပေါ်လက်ထပ်ချင်စိတ်ရှိရဲ့လား…


ချီကျန်းကျန်းအတွက် အဖြေသည်သူမ၏နှလုံးသားထဲ၌ရှိခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။


သူမမည်သည့်စကားမှပြန်မဖြေလာခဲ့သည်အားမြင်ပြီး ဝမ်ယွီစိတ်လှူပ်ရှားစွာပြောလာခဲ့လေသည် " ကျန်းကျန်း မင်းအိမ်ထောင်မပြုချင်သေးဘူးဆိုလဲ အဆင်ပြေပါတယ် ကိုယ်စောင့်မှာပါ  နောက်နှစ်ရဲ့ နှစ်သစ်ကူးအကြိုညမှာလည်း ကိုယ်မင်းကိုအခုလိုပဲ ချစ်ခွင့်ပန်မယ်…"


နှစ်စဉ်နှစ်တိုင်း  သူမဆန္ဒရှိလာသည်အထိ…


သူမ၏မျက်ရည်များကြောင့် နှင်းပွင့်များမှာ နွေးထွေးလာခဲ့ရသည်။


သူမ၏အသံမှာ တစ်ဆို့နေပြီး " ဝမ်ယွီ ရှင်ကျွန်မကို ရှင့်ဘဝအဆုံးထိကောင်းကောင်းဆက်ဆံမှာလား…"


" ဟုတ်ပါတယ်…" ဝမ်ယွီအခိုင်အမာပြန်ဖြေလိုက်၏။


" ကျွန်မကစိတ်တိုနေခဲ့ရင်ကော…"


" ကိုယ့်အမှားပါ ကိုယ်မင်းကိုပျော်အောင်လုပ်ပေးမယ်…"


" တကယ်လို့တခြား‌သူတွေက ကျွန်မကိုအနိုင်ကျင့်ရင်ကော…"


" ဘယ်သူမှမင်းကိုအနိုင်မကျင့်စေရဘူး ကိုယ်ကိုတိုင်တောင်မှဘဲ…"


" ကျွန်မအိုပြီးရုပ်ဆိုးလာရင်ကော ရှင်စိတ်ပြောင်းသွားမှာလား…"


" မဖြစ်နိုင်တာ…" 


သူ၏အသံမှာတုန်ယင်နေကာ " ကျန်းကျန်း ကိုယ်ဘယ်တော့မှကိုယ့်ရဲ့နှလုံးသားကိုပြောင်းလဲမှာမဟုတ်ဘူး… ကိုယ့်ရဲ့နှလုံးသားက မင်းပဲ…"


ချီကျန်းကျန်းသာမဟုတ်ခဲ့ဘူးဆိုလျှင် သူ၏နှလုံးသားထဲတွင် မည်သူမျှရှိနေမည်မဟုတ်ကြောင်းကို ဝမ်ယွီသိခဲ့သည်။ သူ့တွင် နှလုံးသားမရှိတော့ခြင်းပင် ဖြစ်သွားနိုင်ပေမည်။


ချီကျန်းကျန်းသည် သူ့အားနှလုံးသားတစ်ခုတည်ဆောက်ပေးခဲ့ပြီး သူ့နှလုံးသားအားနွေးထွေးမှုပေးခဲ့သည်။ သို့ဖြစ်ရာ ထိုအရာမှာ ချီကျန်းကျန်းအတွက်သာဖြစ်ပြီး သူမည်ကဲ့သို့ သူ၏နှလုံးသားအားပြောင်းလဲနိုင်မည်နည်း…


xxxxxxx