အပိုင်း ၁၅၇
Viewers 26k

Part 157


အချိန်များစွာ ကုန်ဆုံးသွားပြီးနောက် တင်းရိကျွင်းသည်လည်း  စတင်၍နောင်တရလာခဲ့သည်။ ယခုတစ်ကြိမ်ချီကျန်းကျန်းလဲကျသွားခြင်းကြောင့် သူမ၏နောင်တနှင့်မိမိကိုယ်ကို အပြစ်တင်ခြင်းတို့မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။


အစတုန်းက…


အစောပိုင်းအချိန်ကပင် ဝမ်ရိရန်နှင့် အန်းချင်ယုတို့သည် သူမအားနှိုးဆွပေးခဲ့ကြ၏။ ထို့ကြောင့်ပင် ကျန်းကျန်းသည် ကားမတော်တဆမှုဖြစ်ခဲ့ရခြင်းဖြစ်သည်။


ထိုအချိန်တုန်းက သူမသည် အန်းချင်ယုအား ယုံကြည်ပေးခဲ့မိပြီး အန်းချင်ယုသည် ထိုမတော်တဆမှုအားမရည်ရွယ်ခဲ့ဘူး သို့မဟုတ် ချီကျန်းကျန်း၏သတို့သားလောင်းအားခိုးယူရန်မလုပ်ခဲ့ဘူးဟူ၍ပင် တွေးပေးမိခဲ့၏။


သူမသည် သူမ၏သမီးရင်းအတွက် အန်းချင်ယုအား အပြစ်ပေးရန် မည်သည့်အရာမှ မလုပ်ပေးခဲ့ရုံသာမက အန်းချင်ယုအားလည်း ကာကွယ်ပေးခဲ့မိလေသည်။


နောက်ပိုင်းမှသာ အန်းချင်ယုသည် သူမ၏မျက်လုံးများမှာ ဝမ်ရိရန်အပေါ်တွင်ရှိနေကာ သူ့အားရည်ရွယ်ချက်ရှိရှိဖြင့် မြူဆွယ်ခဲ့ကြောင်းကို သက်သေပြခဲ့လေ၏။


အကယ်၍ ချီကျန်းကျန်းသာ အမှန်တကယ် ကားမတော်တဆမှုကြောင့်လဲကျခဲ့ရခြင်းဖြစ်နေသည်ဆိုပါက သူမချီကျန်းကျန်းအား မည်ကဲ့သို့မျက်နှာပြနိုင်တော့မည်နည်း။ သူမမည်ကဲ့သို့ ဝမ်ယွီနှင့်ချီမိသားစုတို့အား မျက်နှာဆိုင်နိုင်တော့မည်နည်း။


သူမတလွဲလုပ်လိုက်တာပဲ… သူမတကယ်ကိုတလွဲတွေလုပ်ခဲ့တာ…


အရင်အချိန်တုန်းက သူမ ပြုစားခံခဲ့ရပြီး အန်းချင်ယုအား သူမ၏သမီးရင်းထက်ပင် ဂရုစိုက်ပေးခဲ့မိသည်။


သူမဆယ်လလွယ်၍မွေးဖွားပေးခဲ့ရသော သမီးလေး၏ရှေ့တွင် မည်ကဲ့သို့ဦးဆောင်လမ်းပြပေးနိုင်တော့မည်နည်း…


သူမသည်လည်း ပြစ်မှုကျူးလွန်သည့်သူများထဲမှ တစ်ဦးဟုဆိုရပေမည်။


" မင်းအပြစ်ပဲမဟုတ်ပါဘူးကွာ ငါ့အပြစ်တွေလည်းပါပါတယ်… ဒီနှစ်တွေမှာ ငါကျန်းကျန်းကိုအတော်လေးလျစ်လျုရှူခဲ့မိတယ်…" ချီယန်ထိုသို့ပြောလိုက်ပြီးနောက် တင်းကြပ်သွားကာ သူ၏မျက်လုံးများအားဖုန်းကွယ်လိုက်ပြီး သူ၏လက်ချောင်းများကြားမှ မျက်ရည်များစီးကျနေခဲ့သည်။


ချီကျိုးချန်မှာမူ မည်သည့်အရာမှမပြောခဲ့ပေ။


သူအပြစ်ရှိခဲ့သည် မရှိသည်အား သူ၏စိတ်ထဲတွင် ကိုယ်တိုင်သိနေလေသည်။


ချီကျန်းကျန်းသည် ချီမိသားစုအပေါ်အေးစက်ခဲ့သည်မှာ မဆန်းပေ။ သူတို့သည် သူတို့စိုက်ခဲ့သည့်အပင်ကိုသာ ရိတ်သိမ်းခဲ့ရသည်ဖြစ်၏။


တင်းရိကျွင်း၏နှုတ်ခမ်းမှာဖိကိုက်ထားမှုကြောင့် သွေးများထွက်နေခဲ့၏။ သူမသည် ဝမ်းနည်း‌ပူဆွေးနေလျက်


" ငါသူတို့ကိုအရမ်းမုန်းတာပဲ…"


သူမအန်းချင်ယု ဝမ်ရိရန် တို့အပြင် သူမကိုယ်သူမလည်းမုန်းတီးနေခဲ့သည်။


ချီမိသားစုသည် တံခါး၏အပြင်၌ပူဆွေးနေကြစဉ် ဝမ်ယွီ ခေါင်းအားငုံကာ သူ၏နဖူးပြင်နှင့် သူမမျက်ခုံးလေးကိုထိလိုက်လေသည်။


" သူတို့သွားကြပြီ မဆူတော့ဘူး…ဒါပေမယ့် မင်းဆက်မအိပ်နေသင့်ဘူး မြန်မြန်ထတော့လေ မင်းစပ်တဲ့မုန့်တွေမစားချင်ဘူးလား…" ဝမ်ယွီ၏အသံမှာ နူးညံ့နေခဲ့၏။


ဝမ်ယွီအနည်းငယ်တောင့်တင်းသွားပြီး သူမအားကြည့်လျက် ပုံမှန်အတိုင်း သူမအတွက်စောင်ခြုံပေးနေခဲ့သည် " မင်းမျက်လုံးတွေပွင့်လာနိုင်မယ်ဆိုရင် မင်းဘာစားစားရတယ် ကိုယ်မင်းနဲ့ကူစားပေးမယ်လေ ဟုတ်ပြီလား…မြန်မြန်ထပါတော့ မဟုတ်ရင်ကိုယ်စိတ်ပြောင်းလိုက်မှာနော်…"


ကုတင်ပေါ်ရှိလဲလျောင်းနေသူမှာ တည်ငြိမ်နေဆဲသာဖြစ်၏။


" ကိုယ်မင်းကိုလျို့ဝှက်ချက်တစ်ခုပြောပြမယ်… တကယ်တော့ကိုယ်ကမင်းကို ကတိမပေးခင်ထဲက အလုပ်လုပ်ခွင့်မပေးဖို့ပြင်ဆင်ထားပြီးသား…အဲ့ဒါကြောင့်ပဲကိုယ်လိမ်ပြောခဲ့တာ… အချိန်ကျလာရင် ကိုယ်က မင်းအလုပ်တစ်ခုကိုအောင်အောင်မြင်မြင်မရသွားအောင်လို့ ပိတ်ပင်ထားမှာ… အဲ့ဒါကမှမင်းအပြင်ထွက်ပြီးအလုပ်သွားလို့မရမှာပေါ့…"


" နောက်ပြီးတော့ ကိုယ်အကြံတစ်ခုရခဲ့သေးတယ် မင်းအလုပ်မရနိုင်တော့ရင် ကိုယ်မင်းကိုယွီတင်းမှာအလုပ်ခန့်မယ်ဆိုပြီးတော့ပေါ့ အဲ့ဒါမှမင်းအလုပ်သွားတိုင်းကိုယ်နဲ့အတူရှိနေမှာ ပြီးတော့ ကိုယ်မင်းတစ်ဘဝလုံးကို လွှမ်းမိုးနေနိုင်မှာလေ…"


" ချီကျန်းကျန်း ကိုယ်ဘယ်လောက်ဆိုးလဲဆိုတာကြည့်ပါဦး… မင်းအခုသိသွားပြီဆိုတော့ ကိုယ့်ကိုစိတ်ဆိုးတော့မှာပဲ ပြသနာမရှိပါဘူး ကိုယ်မင်းကိုချော့မယ် မင်းခွင့်လွှတ်လာတဲ့အထိကို ကိုယ်ချော့နေမှာ…"


ဤသို့ပိုင်ဆိုင်လိုမှုနှင့် သူမူလကရှိခဲ့သောအကြံဉာဏ်များသည် သူမထာဝရထွက်ခွာသွားနိုင်သော ဖြစ်နိုင်ချေများရှေ့တွင်တော့ ဖော်ပြရန် မထိုက်တန်ချေ။


သူမသာနိုးထလာမည်ဆိုလျှင် သူမကြိုက်သလိုအလုပ်သွားလျင်လည်းရသည်။ သူမစားချင်သမျှအားစားနိုင်ပြီး သူ၏ဘေးတွင် သူမကျန်းကျန်းမာမာနှင့်အသက်ရှင်နိုင်နေသရွေ့ သူသည် သူမလိုချင်သမျှအရာအားလုံးကို သဘောတူမည်ဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ သူမသည်ကုတင်ပေါ်တွင်လှုပ်ရှားမှုကင်းမဲ့နေဆဲပင်ဖြစ်၏။


ဝမ်ယွီ သူ၏မရိတ်မသင်ရသေးသော နှုတ်ခမ်းမွှေးများဖြင့် သူမအားထိကာ ရယ်လိုက်ပြီး " အရင်တုန်းက ကိုယ်မင်းကိုနှုတ်ခမ်းမွှေးနဲ့လိုက်ထိရင် မင်းမုန်းတယ်မလား.. ကိုယ်အဲ့လိုလုပ်တိုင်း မင်းကိုယ့်ဆီကိုခေါင်းအုံးတွေနဲ့ပစ်ပေါက်ပြီး ဝေးဝေးသွားဖို့ပြောနေကြလေ…"


သူရပ်တန့်လိုက်ပြီး သူ၏အပြုံးများမှာ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားကာ မျက်လုံးများနီရဲနေခဲ့သည် " ကိုယ်ရဲ့အကြံဆိုးတွေကိုလည်း မင်းကိုပြောပြပြီးပြီ၊ အခုနှုတ်ခမ်းမွှေးနဲ့လဲလိုက်ထိုးနေတာလေ မင်းဘာလို့နိုးမလာသေးတာလဲဟင်…"


သူ၏အသံမှာ မသာမယာဖြစ်လောက်အောင် နိမ့်နေခဲ့ပြီး နက်ရှိုင်းနေခဲ့၏။ ၎င်းသည်ရေရွတ်ခြင်းမျှသာဖြစ်ကာ လေထဲ၌ပျောက်ကွယ်သွားလေသည်။


" ချီကျန်းကျန်း ရပ်လိုက်တော့ မင်းပြောတော့ ကိုယ့်ကိုထပ်မခြောက်တော့ဘူးဆို…"


ချီကျန်းကျန်း၏အခြေအနေအကြောင်းမှာ အလျှင်အမြန်ပျံ့နှံ့သွားခဲ့သည်။


ချီမိသားစု၏အမူအယာများအပြင် ဝမ်ယွီသည်လည်း ပျောက်ဆုံးနေပုံရပြီး ကုမ္ပဏီသို့မလာခဲ့ကာ လူအများရှေ့မှ လုံးလုံးပျောက်ကွယ်နေခဲ့သည်။ ကမ္ဘာအနှံ့မှ ဦးနှောက်ပိုင်းဆိုင်ရာအထူးကုများ တစ်ယောက်ပြီး တစ်ယောက်လာရောက်နေသည်မှာလည်း ချီကျန်းကျန်း၏တစ်ခုခုဖြစ်နေသော အခြေအနေအား ဖော်ပြနေခဲ့သည်။


ပြသနာမှာ အရေးကြီးပုံပင်..


လူအချို့မှာ အချိတ်အဆက်များရှိခြင်းကြောင့် သူတို့သည် ချီကျန်းကျန်းမှာ လွန်ခဲ့သည့်တစ်နှစ်က ကားမတော်တဆမှုကြောင့် ဒဏ်ရာဟောင်းများပြန်ဖြစ်သည်ဆိုသည်အား ရှာဖွေတွေ့ရှိသွားခဲ့ကြသည်။ သူမသည် ထပ်မံကိုမာဝင်သွားပြီး အသက်ရှင်ရန်မဖြစ်နိုင်တော့ပေ။


ဝမ်မိသားစုသည် မြို့တော်မှထွက်ခွာသွားရသော်လည်း ဝမ်ရိရန်၌ ညီအစ်ကိုများနှင့် အဆက်အသွယ်များရှိနေသေး၏။


ထိုလူများသည် သူဒုက္ခရောက်စဉ်အခါက မကူညီနိုင်ခဲ့ကြသော်လည်း သူ့အား သတင်းများတော့ပြောပြနိုင်ကြသေးသည်။ အချို့မှာ ဝမ်မိသားစုကျဆုံးခြင်းတွင် ပါဝင်ခဲ့ရပြီး ဝမ်ယွီကိုလည်း မုန်းတီးနေကြသူများဖြစ်သည်။


ထို့ကြောင့် ဖုန်းထဲတွင် သူတို့သည် အနည်းငယ်မျှ အကြောက်အလန့်မရှိဘဲ လှောင်ပြော‌င်နေတော့သည်။


" အဲ့ဒီဝမ်ယွီကတော်တော်အချစ်ကြီးတာပဲဟ ငါပြောပြမယ် ချီကျန်းကျန်းကဆေးရုံရောက်နေတာ ဆယ်ရက်တောင်ရှိပြီ…ငါကဆေးရုံကလူတွေကို ဖြစ်သမျှသတင်းတွေအစောဆုံးသိရဖို့ ပိုက်ဆံတောင်ပေးထားခဲ့တာ…ဝမ်ယွီကအရူးလိုပဲ ချီကျန်းကျန်းကိုကုနိုင်မဲ့သူတွေကို နေ့တိုင်းလိုက်ရှာနေတာ…အရင်နေ့တွေတုန်းက‌ဆို သူကမစားမသောက်နဲ့ ဆေးရုံမှာမှာနေနေတော့တာ အခုယုတင်းက ကျန်းယဲ့ရဲ့‌အုပ်ချုပ်မှုအောက်ကိုရောက်နေပြီ… ဝမ်ယွီက ချီကျန်းကျန်းကိုစောင့်ကြည့်နေတာကလွဲရင် ဘာမှမလုပ်နိုင်တော့ဘူး…"


ဝမ်ရိရန်သည် ထိတ်လန့်သွားရသောကြောင့် မည်သည့်စကားမှ မပြောနိုင်ခဲ့ပေ…


" ပြောကြတာတော့ ချီကျန်းကျန်းကသေတော့မယ်တဲ့… နောက်ရက်အနည်းငယ်တောင်ရှင်မှာမဟုတ်ဘူး သူမသာသေသွားရင်တော့ ဝမ်ယွီရဲ့အခြေအနေကိုကြည့်ရတာ သူမမသေသွားရင်တောင် ဝမ်ယွီကပြီးသွားပြီဟ ရိရန်မင်းလက်စားချေလို့ရပြီ သူသာလိုက်သေသွားရင် သူ့သွေးသားရင်းကမင်းဖြစ်သွားမှာ… ယွီတင်းကလည်း မင်းဟာဖြစ်ပြီ…"


ဝမ်ရိရန်သည် အတော်ကြာ ကြောင်အနေခဲ့ပြီးမှ အက်ရှနေသည့်အသံဖြင့်မေးလာခဲ့သည် " ချီကျန်းကျန်းက ဘယ်လိုအခြေအနေရောက်နေတာလဲ…"


" အာ ငါအကုန်မပြောရသေးဘူးလား သူမကသေတော့မှာလေ…သူမကနောက်ရက်အနည်းငယ်တောင်မခံတော့ဘူးလို့ ခန့်မှန်းထားကြတာ…အထူးကုတွေအများကြီးရှိနေတာတောင် သူတို့ကမဖြေရှင်းနိုင်ကြဘူးလေ သူတို့ခေါင်းယမ်းရုံပဲတတ်နိုင်တော့တာ… ကျွတ် ကျွတ် အဲ့လိုအလှလေးက တကယ်နှမြောစရာပဲ…"


ထိုလူမှာ ဆက်လက်စကားပြောနေခဲ့သော်လည်း ဝမ်ရိရန်မကြားနိုင်တော့ပေ။ သူ၏ဖုန်းမှာမြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရလေသည်။


သူဆိုဖာပေါ်သို့ ဖရိုဖရဲထိုင်ချလိုက်ရပြီး သူ၏မျက်နှာတွင် ဗလာဖြစ်နေမှုနှင့် ကြေကွဲခြင်းများသာ ရှိနေခဲ့သည်။


xxxxxxx