အပိုင်း ၁၆၀
Viewers 26k

Part 160


ထိုနေ့အခန်းထဲတွင် သူတို့၏ပထမဆုံးတွေ့ဆုံခြင်း မှစ၍ သူအမြဲခံစားနေမိသည်မှာ အစောဆုံးအကြည့်တစ်ချက်ဖြင့်ပင် သူတို့၏တွေ့ဆုံခြင်းမှာ လှပသည်ဟူ၍ မယူဆ‌နိုင်ပေ။ သို့သော် သူတို့၏တွေ့ဆုံခြင်းမှာ တစ်သက်မမေ့နိုင်လောက်မည့် တွေ့ဆုံခြင်းမျိုးသာဖြစ်ခဲ့လေသည်။


လောင်ကုန်း ဟူသောအသံထွက်ပေါ်လာသည့် ထိုနေ့မှစတင်၍ သူမအား သူ၏ချစ်သူဖြစ်လာစေရန်ရည်မှန်းထားမိခဲ့သည်။


၎င်းမှာ ကောင်းကင်ဘုံမှသူမအားသူ့ထံသို့ တန်ဖိုးအရှိ‌ဆုံးသောလက်ဆောင်အနေဖြင့်ပို့ဆောင်ပေးခဲ့ပင်ဖြစ်သည်။


သူ၏မျက်လုံးများမှာ ဝေဝါးနေခဲ့ပြီး ပုံစံကြည့်ရသည်မှ ဝမ်ကျန်းအိမ်ရာသို့ပြန်ရောက်နေသည့်ပုံပင်။ 


"( ဝမ်ယွီ ယွီယွီ ရှင်ဘာတွေလုပ်နေတာလဲ…" ချီကျန်းကျန်းသည် ခါးထောက်ကာ လျို့ကျို့အားချီထားလျက် သူ့အားဒေါသတကြီးစိုက်ကြည့်နေခဲ့သည်။


ဝမ်ယွီသည် ထိတ်လန်သွားရပြီး သူမအားတစ်ချက်ကြည့်လိုက်မိတော့သည်။


" ကျွန်မတို့ ခြံကိုအလှဆင်မယ်လို့ပြောထားတယ် မဟုတ်ဘူးလား မြန်မြန် မီးပုံးတွေကိုလာချိတ်ချည်…ကျွန်မဒီတစ်ခုကိုချိတ်လို့မရလို့…" သူမရွေ့လာသည်အား သူမမြင်ပြီးနောက် သူမရောက်လာကာ သူ့ကိုစတွန်းတော့သည်။


သူမသည် အဖြူရောင်အပေါ်ထပ်အရှည်ကြီးကိုဝတ်ဆင်ထားပြီး လည်စည်းပုဝါပတ်ထားကာ ဦးထုပ်ဆောင်းထားခဲ့သည်။ သူမ၏ဝိုင်းစက်နေသော မျက်လုံးကြီးများမှာ ထင်ထင်ရှားရှားကို အသက်ဝင်နေခဲ့၏။


ဝမ်ယွီမျက်တောင်ခတ်ကာ သူမအားလှမ်း၍ဖက်လိုက်သော်လည်း သူသည်လေကိုသာဖမ်းမိခဲ့လေသည်။


သူ၏ခေါင်းမှာချက်ချင်းဆိုသလိုတုန်ခါသွားခဲ့ပြီး သူ၏မျက်လုံးများကမြင်ရသည်မှာ ဆေးရုံ၏အဖြူရောင်များသာဖြစ်သည်။


သူသည် မောပန်းရလွန်းသောကြောင့် အိပ်ပျော်သွားခဲ့မိခြင်းပင်ဖြစ်၏။


သူသည် ဆေးရုံကုတင်ရှိရာသို့ကြည့်လိုက်မိရာ ချီကျန်းကျန်းမှာ ထိုင်နေခဲ့ပြီး ရီဝေနေသောမျက်လုံးများဖြင့် သူ့အားပြုံးပြနေခဲ့လေသည်။


သူမ၏မျက်နှာမှာအနည်းငယ်ဖြူလျော့နေသေးသော်လည်း မျက်လုံးများကတော့ သူ့အားဖမ်းစားနိုင်နေမြဲသာဖြစ်သည်။ သူမ၏နှုတ်ခမ်းထောင့်ရှိအပြုံးမှာ ငြင်သာကာ လင်းလက်နေခဲ့ပြီး တိမ်တိုက်နှင့်လေညှင်းများကဲ့သို့ လေထဲတွင် ပျောက်ကွယ်သွားတော့မလိုဖြစ်နေခဲ့၏။


သူမ၏ပုံပန်းသွင်ပြင်နှင့် ခန္ဓာကိုယ်မှာ အနည်းငယ်ကွဲပြားနေခဲ့သော်လည်း တစ်ချက်ကြည့်ရုံနှင့်ပင် သူမှတ်မိနိုင်ခဲ့သည်။ ဤသည်မှာသူမသာဖြစ်လေသည်။


ဝမ်ယွီသည် သည်းထန်စွာငိုကြွေးနေခဲ့သည်။ သူသည် ငိုကြွေးနေရင်းမှ ပြုံးလာကာ…


" မင်းဘယ်တွေရောက်နေတာလဲ ကိုယ်မင်းကိုအကြာကြီးစောင့်နေရတာ…"


သူ၏မျက်လုံးမှာ မျက်ရည်များကြောင့် မှုန်ဝါးနေခဲ့သော်လည်း လက်အားဆန့်အား သူမဆီသို့တိုးသွားခဲ့လေသည် 


သို့သော်လည်း… ၎င်းမှာ ထပ်မံ၍လေထုသာဖြစ်နေခဲ့ပြန်သည်။(သူ မြင်ယောင်နေတာပါ)


ထိုအချိန် သူ့ဘေးနားတွင်ရှိနေသော ဆေးရုံသုံးစက်ပစ္စည်းများမှ တတီတီမြည်သံများထွက်ပေါ်လာလေသည်။


 ......


" ဒေါက်တာ…"


ချီကျန်းကျန်းအား အရေးပေါ်အခန်းသို့ပို့လိုက်ရပြီး ဒါရိုက်တာသည် ကျန်းယဲ့အား တိုးတိုးတိတ်တိတ်ပြောပြလာခဲ့လေသည်။


" အဲ့ဒါက ဒီနေ့ဒါမှမဟုတ် မနက်ဖြန်ဖြစ်လိမ့်မယ်…"


ချီကျန်းကျန်း၏ သေဆုံးခြင်းမှာ ယနေ့ည သို့မဟုတ် မနက်ဖြန်‌တွင် ရောက်ရှိလာမည်ဖြစ်သည်။


သူတို့ထဲတွင် မည်သူကမှ ဝမ်ယွီ၏ဒေါသနှင့် ရင်မဆိုင်ရဲပေ။ ထို့ကြောင့် ကျန်းယဲ့ကိုသာ တိုးတိတ်စွာပြောပြကာ ဝမ်ယွီအား အနှောင့်အယှက်မဖြစ်စေဘဲ ထိုသတင်းဆိုးအား ပြောပြနိုင်ရန် ကြိုးစားနေခဲ့ကြသည်။


အမှန်မှာတော့ ဆရာဝန်များသည် ၎င်းအားပြင်ဆင်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားရပြီးနောက် သူတို့သည် အဆုံးသတ်အားကြိုတင်ခန့်မှန်းထားခဲ့ပြီးဖြစ်လေသည်။ သို့သော်လည်း ဝမ်ယွီလက်မလျော့သေးသရွေ့ သူတို့သည်လည်း လက်လျော့မည်မဟုတ်ပေ။


ကျန်းယဲ့ လက်အားမြှောက်ကာ သူ၏မျက်နှာပေါ်ရှိအရာအားသုတ်လိုက်မိလေသည်။


သူသည် ဘယ်လိုလုပ်ပြီး ငိုမိသွားခဲ့တာလဲ…


ကျန်းယဲ့ နားမလည်နိုင်ဖြစ်နေခဲ့ရသည်။ သူ ချီကျန်းကျန်းအတွက်ငိုကြွေးခဲ့သည်လား ဝမ်ယွီအတွက်ငိုကြွေးခဲ့သည်လားဆိုသည်ကိုပင် ဝေခွဲမရဖြစ်နေခဲ့သည်။


သေဆုံးခြင်းသည် နာကျင်ရသော်လည်း ဝမ်း‌နည်းပူဆွေးခြင်းများဖြင့် ကျန်ရစ်ခဲ့ရမည့် ရှင်သန်နေသူများမှာ ပို၍ပင်နာကျင်ခံစားရပေမည်။


" နားလည်ပြီ…" ကျန်းယဲ့ အက်ရှနေသည့်အသံဖြင့် ပြန်ဖြေလာခဲ့သည်။


ထိုသို့ဖြေလိုက်ပြီးနောက် ဒေါက်တာက သက်ပြင်းချကာ အလျင်အမြန်ထွက်ခွာသွားတော့သည်။ဆရာဝန်တစ်ယောက်အနေဖြင့်. သေခြင်းနှင့်ရှင်ခြင်း၏ကြားတွင် နေသားကျနေသူဖြစ်သောကြောင့် ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုများအား မြင်တွေ့ရသည်ကိုလည်း အလိုလိုနေသားကျနေခဲ့သည်။ ထို့ကြောင့် သူ၏နှလုံးသားထဲတွင် ခံစားချက်ထူးထူးထွေထွေမရှိခဲ့ပေ။


သူတွေးမိခဲ့သည့်အရာမှာ ကမ္ဘာကြီးသည်တရားမျှတလေသည်။ လူတိုင်းသည် ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ ဤကမ္ဘာကြီးထဲတွင် သူတို့ဘာမှမလုပ်နိုင်တော့မည့်အရာများလည်းတည်ရှိနေသေးသည်။ ဥပမာအားဖြင့် ဝမ်ယွီသည် ဦးနှောက်ပိုင်းဆိုင်ရာအထူးကုပေါင်းများစွာကိုခေါ်ကာ ချီကျန်းကျန်းအတွက်ကုသပေးခဲ့သော်လည်း သူဘာမှမတတ်နိုင်ချေ။


 သူမသည် ဆက်လက်မနေနိုင်တော့ရန်ကံပါနေပြီးသားပင်ဖြစ်သည်။


...


ကျန်းယဲ့ တစ်နေရာထဲတွင် အချိန်အတော်အတန်ကြာ ရပ်နေခဲ့လေသည်။ သူသည် သူ၏မျက်နှာပေါ်တွင် မည်သည့်အရာမှမကျန်တော့သည်အထိရပ်နေခဲ့ပြီးနောက် ပုတ်လိုက်ကာ ခေါင်းအားရမ်းလျက် ဝမ်ယွီရှိသည့်နေရာသို့ တဖြည်းဖြည်းချင်းလျောက်လာခဲ့သည်။


ဝမ်ယွီ သူနှင့်ချီကျန်းကျန်းအား ပိုင်းခြားထားသည့် တံခါး၏ရှေ့‌တွင်ထိုင်နေခဲ့ပြီး ၎င်းမှာ သူမ ရှိသည့်နေရာနှင့် အတော်လေးနီးကပ်ဆဲပင်ဖြစ်သည်။


ကျန်းယဲ့လမ်းလျောက်လာပြီးနောက် ဝမ်ယွီ၏ပုခုံးအားအသာအယာပေးလိုက်သော်လည်း မည်သည့်စကားမှမဆိုခဲ့ချေ။


ဝမ်ယွီသည်လည်း စကားမပြောနိုင်ဖြစ်နေသည်ဟူ၍ သူထင်ခဲ့သောကြောင့်ဖြစ်သည်။


ထိုအရာမှာ လွန်ခဲ့သောရက်အနည်းငယ်အတွင်းဖြစ်ပျက်နေသော ကိစ္စပင်ဖြစ်ပြီး ဝမ်ယွီပြောသမျှစကားလုံးတိုင်းသည် ချီကျန်းကျန်းကိုသာ ညွှန်ပြနေခဲ့သည်။


သို့သော်လည်း ဝမ်ယွီစကားပြောလာခဲ့၏။


" ဘာနည်းလမ်းမှမရှိတော့ဘူးလား…" 


ဝမ်ယွီ၏အသံမှာအက်ရှနေခဲ့သော်လည်း ရူးသွပ်နေခြင်းမျိုးမဟုတ်ဘဲ သူ၏အသံမှာတည်ငြိမ်နေခဲ့သည်။


ကျန်းယဲ့ ဝမ်ယွီအား ဖြတ်ခနဲကြည့်လိုက်မိပြီး သူထပ်မံ၍တုန်ယင်သွားရပြန်သည်။


ဝမ်ယွီသည် ဆက်လက်၍ရူးသွပ်မနေခဲ့တော့ပေ။ သို့သော် သူသည်လက်ရှိအခြေအနေအားလက်ခံနိုင်သည့်ပုံမပေါ်ပေ။ ပို၍ဆိုးသည်မှာ သူသည် ကြိုးတန်း၏အဆုံးနားဆီသို့ ချဉ်းကပ်သွားနေသော ဝိဉာဉ်ကင်းမဲ့နေသည့်လူတစ်ယောက်ပုံစံဖြစ်နေခဲ့သည်။


" အားယှီ…"


" ငါ့ကိုပြောပါ " ဝမ်ယွီသည် မော့မကြည့်ခဲ့ဘဲ နေရာတစ်နေရာသို့သာ စိုက်ကြည့်နေကာ လှုပ်ရှားမှုကင်းမဲ့နေ၏။


ကျန်းယဲ့ ပါးစပ် ဖွင့်လိုက်သော်လည်း မပြောနိုင်ခဲ့ပေ။


ထိုအရာမှာ သူသည် ဝမ်ယွီ၏စိတ်ပျက်အားငယ်နေမှုအားခံစားနိုင်သကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်သည်။ ဘဝတစ်ခု၏ သေခြင်းရှင်ခြင်းတို့နှင့်သက်ဆိုင်သောမြင်ကွင်းမှာ သူ့အတွက် စိတ်ထိခိုက်စရာနှင့် ဝမ်းနည်းစရာကောင်းရုံသာဖြစ်နေ‌ခဲ့သော်လည်း ဝမ်ယွီအတွက်မူ မည်သို့ဖြစ်နေမည်နည်း… ၎င်းမှာ သူ့အတွက် မည်ကဲ့သို့သော ရှော့ရမှုမျိုးဖြစ်နေမည်နည်း…


" ငါသိပြီ…" ဝမ်ယွီပြောလာခဲ့၏။


ကျန်းယဲ့ဘာမှမပြောခဲ့သော်လည်း သူနားလည်ခဲ့လေသည်။


" အားတင်းထားစမ်းပါ သူမကမင်းကိုအဲ့လိုမြင်ချင်မှာမဟုတ်ဘူး…"  ကျန်းယဲ့သည်နောက်ဆုံးတွင်တော့ သူ၏ပါးစပ်အားဖွင့်ကာပြောနိုင်ခဲ့ပြီဖြစ်သည်။


ဝမ်ယွီ : " ကျန်းယဲ့ ခဏနေရင် သူမထွက်လာလိမ့်မယ် ငါသူမကိုအိမ်ပြန်ခေါ်‌သွားတော့မှာမလို့ ကျန်တဲ့ကိစ္စတွေကို ကူညီပေးပါ…"


ခဏတာရပ်တန့်လိုက်ပြီးနောက် ဝမ်ယွီသည် နူးညံ့စွာဆက်ပြောလာခဲ့၏ " သူမကဒီမှာနေရတာမကြိုက်ဘူး…"


ကျန်းယဲ့သည် သူ၏အရှေ့မှလူအားကြည့်လိုက်မိလေသည်။ ထိုကဲ့သို့တိုတောင်းလှသောအချိန်ကလေးအတွင်း၌ ထိုလူသည် အရိုးများပြူးထွက်လာသည်အထိကို ပိန်သွားခဲ့သည်။ ကျန်းယဲ့၏မျက်လုံးများမှာတဖန်ထပ်မံ၍ နာကျင်မှုများဖြင့်ပြည့်သွားခဲ့ရပြီး တစ်စုံတရာသည် သူ၏မျက်လုံးထဲ၌လည်လာခဲ့သည်။


xxxxxxx