အပိုင်း ၁၆၁
Viewers 26k

Part 161


" အားယှီ.…"


" ကျန်းယဲ့ မင်းသိလား သူမကဝမ်ကျန်းအိမ်ရာကို တကယ့်ကိုသဘောကျတာ သူမကအဲ့ကအိမ်ကိုသဘောကျတာမဟုတ်ဘူး..အိမ်ဆိုတဲ့ခံစားချက်ကိုပိုပြီးသဘောကျခဲ့တာ…ငါကသူမကိုအိမ်တစ်လုံးပေးခဲ့တာလို့ သူမပြောခဲ့ဖူးတယ်…"


ဝမ်ယွီခေါင်းရမ်းလိုက်ပြီး သူ၏အသံမှာ ကူကယ်ရာမဲ့နေကာ " တကယ်တော့ သူမကသာငါ့ကိုအိမ်ဆိုတဲ့အရာကိုပေးခဲ့တဲ့လူပါကွာ…"


" ဒီတစ်နှစ်အတွင်းမှာ သူမငါ့ကိုအများကြီးပေးခဲ့တာ… သူမငါ့ကိုအိမ်ဆိုတဲ့အရာတစ်ခုပေးခဲ့တယ် နှလုံးသားတစ်စုံလည်းပေးခဲ့တယ် ပြီးတော့ နွေးထွေးမှုကိုလည်းပေးခဲ့တယ်… ငါ့ရဲ့ခံစားချက်လေးမျိုးစလုံးကသူမကြောင့်ပဲဖြစ်ပေါ်လာခဲ့ရတာ… ရုတ်တရက်ကြီး ငါခံစားနိုင်သွားခဲ့ပြီ…" သူ၏အသံမှာအက်ရှနေခဲ့သည်။


[ လူသားများ၏ခံစားချက်လေးမျိုး - နှစ်သက်ခြင်း၊ ဒေါသထွက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ]


ယနေ့ညတွင် ဝမ်ယွီစကားအများကြီးပြောခဲ့လေသည်။ သူသည် သူမ၏အကြောင်းနှင့် သူတို့၏အကြောင်းအားပြောချင်နေခဲ့ခြင်းပင်ဖြစ်လေသည်။


" မင်းကတော့နားလည်နိုင်မှာမဟုတ်ဘူး…သူမငါ့ကိုပြုံးပြတဲ့အခါကျရင်...သူမရဲ့တောက်ပတဲ့မျက်လုံးတွေနဲ့ငါ့ကိုကြည့်တဲ့အခါကျရင်... သူမငါ့ကိုပွေ့ဖက်ပြီးနမ်းရှိုက်တဲ့အခါကျရင် ငါဘယ်လောက်တောင် ပျော်ရွင်ရလဲဆိုတာ…"


 သူဝမ်မိသားစုမှ ဝမ်ကျန်းအိမ်ရာဆီသို့ပြန်ရောက်လာသည့်အချိန်အားမမေ့နိုင်ခဲ့ပေ။ သူမသည် သူမ၏တူများအား ထမင်းစားပွဲပေါ်တွင်ချနေခဲ့ပြီး သူပြန်ရောက်လာကိုမြင်လိုက်သည့်အချိန်၌ သူ့အားတောက်ပစွာပြုံးပြလာခဲ့ဖူးသည်။


ထိုနေ့မှစတင်၍ သူ၏နှလုံးသားမှာ အမြစ်တွယ်လာခဲ့ပြီး သူ၏ဘဝတွင်ပိုင်ဆိုင်လိုစိတ်များပေါ်ပေါက်လာခဲ့ရသည်။


သူ သူမ၏မိချောင်းပုံညအိပ်ဝတ်စုံအားဝတ်ထားခဲ့သည့်အချိန်ကိုလည်းမမေ့နိုင်ခဲ့ပေ။ သူမသည်ရှက်ရွံနေမှုအပြည့်ဖြင့် ခေါင်းကိုငုံ့ကာ သူ၏လက်အားကိုင်လျက်အိမ်သို့လိုက်လာခဲ့သည်။


ထိုနေ့တွင် သူသည်သူမအားဆုပ်ကိုင်ကာ ထာဝရပြန်မလွှတ်ပေးတော့ရန် ရည်စူးထားခဲ့သည်။


သူသည် အရုပ်၏ခေါင်းအားဖြုတ်မိခဲ့သောအချိန်ကိုလည်းမမေ့နိုင်ခဲ့ပေ။ သူမ၏ပုံမှာ ရေထဲမှထုတ်ခံလိုက်ရသောငါးတစ်ကောင်ကဲ့သို့ဖြစ်နေခဲ့သော်လည်း သူ့အားပျော်ရွင်စွာပြုံးပြနေခဲ့ကာ ထိုအရာမှာ ကောင်းမွန်သည့်အံ့အားသင့်စရာတစ်ခုလားဟူ၍ မေးမြန်းနေခဲ့သည်။


ထို့အတူ သူမသည်တံမြက်စည်းအားကိုင်ကာ သူ့အားနာကျင်စေခဲ့သည့်သူများကို ဆူပူပြီး အိမ်မှမောင်းထုတ်ခဲ့ဖူးသည့်အချိန်လည်းရှိခဲ့သည်။


သူမသည်လျို့ကျိုးအားကိုင်ထားပြီး သူ့အား ယခုအချိန်တွင်ကောင်းစွာမွေးမြူမည်ဟုပြောပြခဲ့ဖူးသည်။ သူတို့အတူတူ လျိူ့ကျိုးအား အတူတကွကျွေးမွေးစောင့်ရှောက်ကြမည်ဟူ၍ဖြစ်သည်။


ချီကျန်းကျန်းသည် သူ့အားအများကြီးပေးခဲ့လေသည်။ သူမ သူ့အားပျော်ရွှင်မှုပေးခဲ့သည်။ အချစ်ကိုလည်းပေးခဲ့ပြီး သူနှင့်သက်ဆိုင်သောနေရာတစ်ခုအားပေးခဲ့သည်။ သူ၏ဘဝအားငြိမ်းချမ်းစေခဲ့ပြီး သူ၏ဒဏ်ရာများအားကုစားပေးခဲ့ကာ အထီးကျန်နေသောနှလုံးသားအား နွေးထွေးစေခဲ့သည်။


ဝမ်ယွီ ကျန်းယဲ့အားကြည့်လျက် ထိုမျက်ဝန်းမျက်များတွင် သံသယများဖြင့်ပြည့်နေခဲ့သည်…


" သူမကငါ့အတွက်တော့ ကောင်းကင်ဘုံကပေးအပ်တဲ့အကောင်းဆုံးလက်ဆောင်ပဲ.. သူကငါ့ကိုဘဝအဆုံးထိအဖော်ပြုသွားမယ်လို့ကတိပေးခဲ့တာ… တကယ်လို့သူမသာမရှိခဲ့ဘူးဆိုရင် ငါလဲအခုလိုနာကျင်ခံစားနေရမှာမဟုတ်ဘူး.. ဘုရားကသူမကိုငါ့ဆီပေးပြီးမှ ဘာလို့ပြန်ယူသွားခဲ့ရတာလဲ…" 


ဝမ်ယွီ၏အလွန်အမင်းနာကျင်နေသော သံသယဖြစ်နေပုံအားကြည့်ပြီးနောက် ကျန်းယဲ့မထိန်းနိုင်တော့ဘဲ မျက်ရည်များကျဆင်းလာခဲ့ရသည်။


ကျန်းယဲ့သည် ဝမ်ယွီဖော်ပြခဲ့သော ခံစားချက်မျိုးအား မကြုံတွေ့ခဲ့ဖူးပေ။ သို့သော်သူတွေးခဲ့သည်မှာ အကယ်၍ဘုရားရှင်မှသူ့ကိုချစ်သည့်လူတစ်ယောက်အားပေးခဲ့ပြီး အရိုးထိနာကျင်အောင်ပြုလုပ်ခဲ့ပြီးနောက် ထိုလူအားထွက်ခွာသွားခွင့်ပေးလိုက်သည်…


၎င်းမှာ မည်မျှရက်စက်သည်နည်း…


အကယ်၍ သူမအားပြန်ခေါ်သွားကြမည်ဆိုလျှင် အဘယ့်ကြောင့် အစထဲကပေးအပ်ခဲ့တာလဲ…


ဖြစ်နိုင်သည်မှာ ဝမ်ယွီအား ပျော်ရွှင်ခွင့်ပေးခဲ့သည်မှာ သူမ၏ထွက်ခွာခြင်းကြောင့် တဖန်နာကျင်ရမှာမလို့များလား..


အထူးကြပ်မတ်ကုသဆောင်၏တံခါးမှာပွင့်လာခဲ့သည်။


" ကျန်းယဲ့ ကျန်တဲ့ကိစ္စတွေကိုကိုယ်တွယ်ပေးပါ…"


ဝမ်ယွီထရပ်လိုက်ကာ ကုတင်ပေါ်တွက်လဲလျောင်းနေသောလူဆီသို့လျှောက်လာခဲ့လေသည်။


ဝမ်ယွီလက်ဆန့်ကာ သူမအားငြင်သာစွာထိကိုင်လိုက်ပြီး သူ၏အသံမှာ အလွန်တရာနူးညံ့သိမ်မွေ့နေခဲ့သည်…


" ငါသူမကိုအိမ်ပြန်ခေါ်သွားမယ်…"


သူတို့နှစ်ဦးအား တင်ဆောင်ထားသော ကား​လေးသည် မကြာမှီ၌ ဝမ်ကျန်းအိမ်ရာဆီသို့မောင်းသွားခဲ့သည်။


ဝမ်ယွီ ချီကျန်းကျန်းအား တချိန်လုံးရင်ခွင်ထဲတွင်ထည့်လာခဲ့ပြီး သူမအားသယ်ထားလျက်ဖြင့် ကားပေါ်မှဂရုတစိုက်ဖြင့်ထွက်လာခဲ့လေသည်။


ကျန်းယဲ့ ကားတံခါးအားအမြန်ပြေးဖွင့်လိုက်ရတော့သည်။


ဝမ်ယွီ၏ပုံမှာတည်ငြိမ်နေခဲ့ပြီး ချီကျန်းကျန်းအားရင်ခွင်ထဲတွင်ပွေ့သယ်လာကာ အိမ်ထဲသို့ဝင်လာခဲ့သည်။


တံခါးဝ၌ ငြိမ်းချမ်းမှု ပျော်ရွှင်မှု သာယာဝပြောမှု စသည့်ကဗျာတွဲများရှိနေခဲ့သည်။ ၎င်းတို့မှာ သူတို့ခေါင်းပေါ်၌ သူတို့ကိုယ်တိုင်ချိတ်ဆွဲထားခြင်းပင်ဖြစ်ပြီး ပြတင်းပေါက်ပေါ်တွင် သူတို့ကိုယ်တိုင်ကပ်ထားသည့် ကံကောင်းစေသောစာလုံးရှိနေခဲ့သည်။


ဝမ်ယွီတံခါးမှဝင်လာသည်နှင့်တစ်ပြိုက်နက် လျို့ကျိုးအမြန်ပြေးလာခဲ့ပြီး သူ့အားနေ့အတန်ကြာမမြင်ခဲ့ရသောကြောင့် တက်ကြွမှုအပြည့်ဖြင့် သူ၏အမြီးအားဝှေ့ယမ်းနေခဲ့၏။


" ကျန်းယဲ့ သူ့ကိုခေါ်သွားပြီး ကောင်းကောင်းဂရုစိုက်ပေးပါ…" ဝမ်ယွီ၏အသံမှာ နူးညံ့နေခဲ့သည်။


ကျန်းယဲ့ သူ၏ခေါင်းအား ဆတ်ခနဲမော့လိုက်ကာ ဝမ်ယွီအားရှော့ရနေသည့်အမူအယာဖြင့်ကြည့်လိုက်ပြီး သူ၏အသံအားမြှင့်၍ပြောလိုက်လေသည် " ဟင့်အင်း ငါလုပ်မှာမဟုတ်ဘူး မင်းဘာသာမင်းပဲထားထားလိုက်ပါ… နောက်ကျရင် မင်းသူ့ကိုမင်းကိုယ်တိုင်ပဲဂရုစိုက်ပေးရတော့မှာ…"


လျို့ကျိူးသည် တစ်စုံတစ်ခုအားခံစားမိသွားသောကြောင့် ညည်းသံပေးကာ နောက်ဆုတ်လိုက်ပြီး ဝမ်ယွီ၏ခြေထောက်အားသူ၏‌ခေါင်းဖြင့် ပွတ်ပေးနေကာ ဝမ်ယွီသယ်ဆောင်ထားသည့်ချီကျန်းကျန်းအားဟောင်နေခဲ့လေသည်။


ဝမ်ယွီသည် ခဏကြာတိတ်ဆိတ်သွားပြီးမှ ပြောလာခဲ့သည် " လျို့ကျိုး လျို့ကျိုး သူမတကယ်နေနိုင်မှာလား…"


[ လျို့ကျိုးသည် သူနှင့်အတူနေခဲ့ရန်ဆိုလိုခြင်းဖြစ်သည် ]


" ဝမ်ယွီ ရူးရူးမိုက်မိုက်ဘာတစ်ခုမှမလုပ်ပါနဲ့…ချီကျန်းကျန်းသာမင်းတွေးနေတာကိုသိသွားခဲ့ရင် သူမသေချာပေါက်ကိုဝမ်းနည်းသွားရလိမ့်မယ်…" ကျန်းယဲ့သည် လက်လှမ်းကာ ဝမ်ယွီအားဆုပ်ကိုင်‌လိုက်တော့သည်။


" မင်းသွားလို့ရပြီ ငါသူမနဲ့အတူတူနေမှာ…"


" မရဘူး ငါထွက်သွားမှာမဟုတ်ဘူး…" ကျန်းယဲ့သဘောမတူခဲ့ပေ။ သူ၏သွားအားဖိကြိတ်ကာ မျက်နှာပေါ်၌ တင်းမာနေသောအမူအယာရှိခဲ့သည်။


သူသည် တစ်စုံတစ်ခုမှားယွင်းနေသည်အား အာရုံခံမိခဲ့ပြီး ဝမ်ယွီ၏အခြေအနေမှာလည်း ပုံမှန်အနေအထားဖြစ်မနေခဲ့ချေ။


" ဒါကငါတို့ရဲ့အိမ်ပဲ… ငါသူမနဲ့နှစ်ယောက်တည်းနေချင်တယ်…" ဝမ်ယွီသည်သူ့အားကြည့်လျက် မျက်လုံးများထဲတွင်ဖော်ပြနေသည်မှာ ထပ်၍ပြောစရာအကြောင်းမရှိတော့ဘူး ဟူ၍ဖြစ်သည်။


ကျန်းယဲ့ ‌အနောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ရသည်။


ဝမ်ယွီ၏အသံမှာတည်ငြိမ်နေလျက် " ငါကဘယ်လိုဘဝမျိုးကိုဦးဆောင်နေရတယ်ဆိုတာကို မင်းအမြဲတမ်းသိနေခဲ့တာပဲ…မင်းသိမှာပါ ချီကျန်းကျန်းမရှိတဲ့ငါ့ဘဝကဘယ်လိုဆိုတာကို… အဲ့တော့ ကျန်းယဲ့ မင်းထွက်သွားလို့ရပြီ…"


ကျန်းယဲ့နောက်သို့နောက်ထပ်ခြေနှစ်လှမ်းထပ်ဆုတ်လိုက်ရကာ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်လာခဲ့သည်။


ဟုတ်ပေသည်… သူသည်ဝမ်ယွီ၏တစ်ဦး‌တည်းသောသူငယ်ချင်းပင်ဖြစ်၏။ သူသည် ဝမ်ယွီ၏အရာအားလုံးအားသိရှိခဲ့ပြီး က‌လေးဘဝ၌ခံစားခဲ့ရသော လျစ်လျုရှူမှု၊ ညှင်းပန်းနှိပ်စက်မှူများနှင့် ဝမ်ယွီ၏အတွင်းပိုင်းဝိဉာဉ်အထဲထိအောင် နက်ရှိုင်းစွာနစ်မြုပ်နေခဲ့သော အထီးကျန်မှူများအားလည်း သိရှိခဲ့သည်။


အဆုံးမှာတော့ ကျန်းယဲ့သည် တံခါးအပြင်သို့ထွက်လိုက်ရပြီး တံခါးပိတ်ပေးခဲ့သည်။


သူထွက်မသွားခဲ့ပေ။ ကျန်းယဲ့သည် တံခါး‌ဘေးမှကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်ကာ လက်သီးဆုပ်ထားရင်းမှ ငို‌ကြွေးနေခဲ့သည်။


တံခါးမှာမူပိတ်သွားခဲ့ပြီဖြစ်၏။ ချီကျန်းကျန်းထွက်သွားပြီးသည့်နောက်တွင် ဝမ်ယွီသည်ကော အမှန်တကယ်ထွက်လာနိုင်ပါမလား…


.....


ချီကျန်းကျန်းတစ်ယောက် အိမ်မက်မက်နေသကဲ့သို့ဖြစ်နေခဲ့သည်။ ထိုအိမ်မက်မှာ အလွန်ထူးဆန်းပြီး အဖြစ်အပျက်တစ်ခုမှာ သူမ၏ကလေးဘဝပင်ဖြစ်သည်။ ထို့နောက် သူမ၏ပျင်းစရာကောင်းသောဘဝနှင့်အလုပ်ဆင်းနေသည်အား ကူးပြောင်းသွားလေသည်။


ခဏအကြာတွင် အမျိုးသားတစ်ဦးသည် နှိမ့်ချခံခြင်းများမှကင်းလွတ်သွားကာ တစ်ဆင့်ပြီးတစ်ဆင့် လွမ်းမိုးချုပ်ကိုင်နိုင်သည့်အဆင့်သို့ စတင်လျှောက်လှမ်းလာခဲ့လေသည်။ သူသည် အလွန်အေးစက်ပြီး အညှာအတာကင်းမဲ့ကာ မည်သူမှသူ့အားပြုံးလာစေရန် မလုပ်ဆောင်နိုင်ခဲ့ကြပေ။


သူမ၏အိမ်မက်မှာ အပိုင်းပိုင်းအစစဖြစ်နေခဲ့ပြီး ပတ်ဝန်းကျင်တစ်ခုလုံးမြူများအုံ့ဆိုင်းနေကာ သူမ၏အသိစိတ်မှာ မှုန်ဝါးနေခဲ့ရသည်။


၎င်းမှာ သူမဤကမ္ဘာသို့စရောက်လာသည့်အချိန်နှင့်မတူခဲ့ဘဲ ထိုအချိန်တုန်းက သူမသည်မလှုပ်ရှားနိုင်သည်မှလွဲ၍ အပြင်ကမ္ဘာမှအသံများအား ရှင်းလင်းစွာကြားနေခဲ့ရသည်။


ယခုအချိန်မှာမူ သူမသည်မကြားနိုင်ရုံသာမက အရောင်များလည်းကင်းမဲ့နေကာ သူမကိုယ်သူမပင်မည်သူမှန်းမသိနိုင်တော့ဘဲ အဖြူရောင်လွင်ပြင်ကြီးမှလွဲ၍ မည်သည့်အရာမှမမြင်နိုင်တော့သောကြောင့် သူမခေါင်းမူးလာခဲ့လေသည်


သူမသည် သူမမည်သည့်နေရာမှလာခဲ့သည် သို့မဟုတ် မည်သည့်နေရာသို့သွားရမည်ဆိုသည်ကိုပင် မသိတော့ချေ။


ရုတ်တရက်သူမအသံတစ်ခုကြားလိုက်ရလေသည်…


၎င်းမှာအခုချက်ချင်းဖြစ်သွားသည့်အရာပင်ဖြစ်သည်။


ထိုအရာမှာ ယောင်္ကျားတစ်ဦး၏အသံဖြစ်ပြီး သူသည် နူးညံ့ငြင်သာစွာပြောပြနေခဲ့လေသည်…


" ကျန်းကျန်း ကိုယ်တို့အိမ်ပြန်ရောက်ပြီ…"


ဝုန်းးးးး


အနာဂတ်နှင့် အတိတ်ကာလမှအရာများအားလုံးသည် ချက်ချင်းဆိုသလို ဖြတ်ခနဲပေါ်ထွက်လာတော့သည်။


xxxxx