Part 163
မူလတုန်းကသူသည် အေးစက်နေသောညအချိန်၌ လေလွင့်နေခဲ့သော အထီးကျန်ဘဲစာပင်တစ်ပင်ဖြစ်ခဲ့သည်။ အေးစက်လွန်းသဖြင့် မည်သူကမှမပြောင်းလဲနိုင်ခဲ့ကာ သူသည် မည်သည့်နေရာမှလာပြီး မည်သည့်နေရာသို့သွားနိုင်မည်ကိုလည်း မသိခဲ့ချေ။ သူ့ထံ၌ မိသားစုမရှိသလို အချစ်မရှိ မျှော်လင့်ချက်မရှိ ပျော်ရွှင်မှုမရှိ ရွင်လန်းခြင်းဟူ၍လည်းမရှိပေ။
သူမသည်သာ သူ၏ဘေးသိုလျောက်လာခဲ့သူဖြစ်သည်။ သူမသည် သူ့အားကောက်ယူကာ အမြစ်များရှိစေခဲ့ပြီး ကမ္ဘာကြီးအား ချစ်မြတ်နိုးစဖွယ်အရာတစ်ခုအဖြစ်တွေးတောစေ နိုင်ခဲ့သည်။ သူ၏ဗလာကျင်းနေသော နှလုံးသားအား ဖြည့်ဆည်းပေးခဲ့သောကြောင့် သူသည် ထပ်မံ၍အထီးကျန်နေမည်မဟုတ်တော့သလို ရေခဲကဲ့သို့အေးစက်နေတော့မည်လည်းမဟုတ်ချေ။
ထိုကဲ့သိုသောနွေးထွေးမှူများအား ခံစားဖူးသွားသည့်နောက်တွင် ယခုကဲ့သို့အဓိပ္ပါယ်ကင်းမဲ့နေသော အေးစက်နေသည့်ည၌ သူဆက်လက်လျောက်လှမ်းနိုင်စွမ်းမရှိတော့ပေ။
ခြေလှမ်းတိုင်း မိနစ်တိုင်းတွင် သူသည်ထိုနွေးထွေးမှုအားအမှတ်ရနေခဲ့ပြီး ၎င်းမှာသူ၏နှလုံးသားအားစုတ်ဖြဲနေခဲ့လေသည်။
" အဲ့ဒါကဒီတိုင်းပဲ… ကိုယ်အခုထိမဖြစ်စေချင်သေးဘူး ကိုယ့်မှာလည်းနောင်တတွေရှိသေးတယ်…"
သူ၏အသံမှာအက်ကွဲနေပြီး " ကိုယ်ကမင်းဆီကနေနောက်ထပ်စကားလေးတစ်ခွန်းမှတောင်မကြားရသေးဘူး… ကိုယ့်နာမည်ကိုထပ်ခေါ်လိုက်တာကို ကြားနေမိသေးတယ်…"
သူမသည်သူ၏ရင်ခွင်ထဲ၌လဲလျောင်းနေခဲ့သော်လည်း သူသည်သူမအားအလွန်တရာလွမ်းဆွတ်နေခဲ့လေသည်။
သူ၏မျက်လုံးအား အနည်းငယ်မှိတ်ထားလိုက်သည်နှင့် သူမ၏ စကားသံနှင့်အပြုံးသည်သူ၏မျက်လုံးများရှေ့တွင် ရှိနေသကဲ့သို့ ဖြစ်နေကာ သူမ၏လှုပ်ရှားမှုများမှာလည်းထင်ထင်ရှားရှား ဖြစ်နေခဲ့သည် ။
သူမသည်သူ၏ရှေ့တွင်ရပ်ကာပြုံးပြနေခဲ့ပြီး သူမ၏အပြုံးသည်နေမင်းကြီးထက်ပင်ပို၍တောက်ပနေခဲ့လေသည်။
ဝမ်ယွီစကားပြောနေခြင်းအားရပ်တန့်လိုက်ပြီး သူမ၏နဖူးကိုထိကာ အအေးဓာတ်ကိုခံစားလျက် သူမ၏ပုံရိပ်အား သူ့ဝိဉာဉ်အတွင်းပိုင်းသို့ရောက်သွားသည် အထိပင်သိမ်းဆည်းနေသကဲ့သို့ သူမမျက်နှာအားပွတ်သပ်နေခဲ့သည်။
သူမသည်သူ့အားကတိတစ်ခုအကြွေးတင်နေခဲ့ပြီး နောက်ဘဝ၌သူမမည်သည့်အရာပင်ဖြစ်လာသည်ဖြစ်စေ ဖြည့်ဆည်ပေးရမည်သာဖြစ်လေသည်။
သူ၏မျက်လုံးများအားမှိတ်ထားလိုက်ပြီးနောက်တွင် သူ၏ရှေ့မှ သူမ၏ပုံပန်းသွင်ပြင်မှာထင်ရှားလာခဲ့ကာ သူတို့၏အတိတ်မှပျော်ရွှင်ဖွယ်ရာအဖြစ်အပျက်များသည်လည်းပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ချီကျန်းကျန်း..
ကိုယ်မင်းကိုထပ်ပြီးတွေ့နိုင်မှာလား ကိုယ်မင်းရဲ့စကားသံလေးတွေကိုထပ်ပြီးကြားနိုင်ဦးမှာလား…
သူ၏လက်ချောင်းများသည်အေးစက်နေသည့်အရာတစ်ခုအားထိမိသွားခဲ့ပြီး ဆိုဖာပေါ်သို့စိုစွတ်သွားခဲ့သည်။
ဝမ်ယွီအနည်းငယ်တုန့်ဆိုင်းသွားခဲ့လေသည်။
သူ၏မျက်လုံးများအားဖွင့်လိုက်ကာ အမှတ်တရများအားသိမ်းဆည်းလိုက်ပြီး သူ့ကိုယ်သူတင်းတင်းကြပ်ကြပ်ဖက်ထားလျက် ချီကျန်းကျန်း၏မျက်နှာအား သူ၏မျက်လုံးများဖြင့်စိုက်ကြည့်လိုက်တော့သည်။
သူ၏မျက်လုံးထဲတွင်တော့ ကြောက်လန့်နေမှု မယုံကြည်နှိုင်မှုနှင့် စိတ်လှုပ်ရှားနေမှုတို့ရှိနေခဲ့သည်။
ထိုအရာက ပုံရိပ်ယောင်မဟုတ်ခဲ့ဘူးမလား…
သူမ၏မျက်လုံးထောင့်များတွင် ကျဆင်းလာခဲ့ပုံရသည့် မျက်ရည်နှစ်စက်ရှိနေခဲ့လေသည်။
ဝမ်ယွီတောင့်ခဲသွားပြီးနောက် သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားခဲ့ကာ လက်အားဆန့်လိုက်လေသည်။ သူ၏လက်မှာလည်း အတော်လေးတုန်ယင်နေခဲ့ပြီး သူသည်နောက်ထပ်တစ်ကြိမ် ထိုစိုစွတ်နေသောအမှတ်နှစ်ခုပေါ်သို့တို့ထိလိုက်မိတော့သည်။
သူ၏မျက်လုံးများ ချက်ချင်းဆိုသလိုဝေဝါးသွားခဲ့ကာ သူ၏အသံမှာအလွန်အက်ရှနေပြီး စကားပြောလိုက်သည်နှင့်တုန်ယင်နေခဲ့လေသည်
" ချီကျန်းကျန်း … ချီကျန်းကျန်း…"
သူသည် " မင်းကိုယ့်ကိုကြားနိုင်လား…" " မင်းမျက်လုံးတွေဖွင့်နိုင်လား…" " ကိုယ်မင်းကိုအရမ်းချစ်တယ် …" " ကျေးဇူးပြုပြီးနိုးထလာပါတော့ ကိုယ်နောက်ထပ်ဘဝအသစ်တစ်ခုမှာမနေချင်ဘူး ဒီဘဝကိုပဲလိုချင်တယ်…" စသည်ဖြင့် မေးချင်နေမိသည်။
သူ့ထံတွင် ပြောစရာအလွန့်အလွန်များပြားနေခဲ့သော်လည်း သူ၏ပါးစပ်အားဖွင့်လိုက်ပြီးသည့်နောက်တွင် သူ့အသံမှာသွေးအလိမ်းလိမ်းဖြစ်နေသကဲ့သို့ သူသည်သူမနာမည်ကိုသာအသံထွက်၍ပြောနိုင်ခဲ့လေသည်။
စကားလုံးထောင်ချီပြောချင်ခဲ့သော်လည်း ၎င်းတို့အားလုံးမှာ " ချီကျန်းကျန်း…" သာဖြစ်လာခဲ့သည်။
......
ချီကျန်းကျန်း ထိုစကားများ၏တချို့တဝက်အားကြားနိုင်ခဲ့၏။ သူမသည်အားနည်းသည်ထက် ပို၍အားနည်းလာသည်ဟုခံစားမိလိုက်သော်ငြား သူ၏စကားသံများမှတစ်စိတ်တစ်ပိုင်းကိုတော့ ကြားနိုင်ပါသေးသည်။
မင်းအသက်ရှင်နေတုန်းမလုပ်နိုင်တဲ့အရာတွေက သေသွားတဲ့အချိန်မှာတော့နောက်ဆုတ်လို့မရတော့ဘူး…
ကိုယ်ကမင်းဆီကနေနောက်ထပ်စကားလေးတစ်ခွန်းမှတောင်မကြားရသေးဘူး… ပြီးတော့ ကိုယ့်နာမည်ကိုထပ်ခေါ်လိုက်တာကို ကြားနေမိသေးတယ်တဲ့…
သူမကြားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူမ၏အသည်းနှင့်ကလီစာများအား အစိတ်စိတ်အမြွှာမြွှာဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်ခဲ့ရ၏။
ထိုလူမှာ ဝမ်ယွီဖြစ်သည်။ တန်ခိုးကြီးမားပြီး အစွမ်းထက်သောဝမ်ယွီသည် အဘယ့်ကြောင့်ယခုကဲ့သိုပြောင်းလဲသွားရသည်နည်း… သူဘယ်လိုဖြစ်သွားခဲ့ရတာလဲ…
သူမက သူ့အားအလွန်ချစ်မြတ်နိုးခဲ့ပြီး သူ၏ဒုက္ခတွေအားလုံးကိုမေ့ပစ်ကာ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းစေချင်ခဲ့သည်။ သူမသည် သူ့အားဆွေးမြေ့နေသည့်သစ်တုံးသကဲ့သို့ဖြစ်သွားသည်အထိ လုပ်နိုင်မည်ဟူ၍ မည်သည့်အချိန်ကမှ မထင်ခဲ့မိချေ။
သူ၏အသံသည်ပင် စိတ်ပျက်အားငယ်မှုနှင့် စွမ်းအားကင်းမဲ့မှုအပြည့်ဖြစ်နေခဲ့၏။
ဘုရားသခင်သည် အလွန်မမျှတခဲ့ချေ။သူမ၎င်းအားလက်ခံမည်မဟုတ်ပါ။
ကံကြမ္မာသည် အရင်အချိန်ထဲကပင်ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ မည်သည့်အတွက်ကြောင့် သူမအားဝမ်ယွီထံမှဆွဲထုတ်သွားရသည်နည်း…
သူမချစ်သောအမျိုးသားတစ်ဦးအတွက်သူမအတော်စိတ်ဆင်းရဲခဲ့ရကာ ပူဆွေးနေခဲ့ရလေသည်။
သူမမျက်လုံးများအားဖွင့်နိုင်ရန်လိုအပ်သည်။သူမမျက်လုံးများအားဖွင့်ကိုဖွင့်ရပေမည်။
သူမထွက်မသွားနိုင်ချေ သူမသည်သူ့အားမြင်တွေ့ရဦးမည်ဖြစ်သည် ။သူနှင့်စကားပြောရဦးမည်ဖြစ်သည်။
ကျဆင်းသွားသည့်မျက်ရည်နှစ်စက်သည် ဝမ်ယွီ၏ပုံရိပ်ယောင်များကဲ့သို့အလျင်အမြန်ခြောက်သွေ့သွားခဲ့သည်။
...
ဝမ်ယွီ၏မျက်ရည်များမှာ ချီကျန်းကျန်း၏မျက်နှာပေါ်မှ ထိုမျက်ရည်စီးကြောင်းနှစ်ခုအား ဖုံးလွှမ်းပစ်ချင်နေသကဲ့သို့ ဆက်လက်ကျဆင်းနေခဲ့သည်။ ထို့ကြောင့် သူအလျင်အမြန်သုတ်ပစ်လိုက်ရကာ သူ၏မျက်ရည်များအား သူမ၏မျက်နှာပေါ်သို့ဆက်လက်မကျဆင်းစေရန်တားဆီးလိုက်ရတော့သည်။
သို့သော်လည်း
ထိုအရာမှာပုံရိပ်ယောင်တစ်ခုကဲ့သို့ သူသည်သူမျက်ရည်များနှင့်အထင်မှားမိသကဲ့သို့ ၎င်းတို့မှာ ပျောက်ကွယ်သွားခဲ့ကြသည်။
သူသည်စစ်ဆေးနိုင်ရန် ပိုစိုးရိမ်လာလေလေ သူ၏မျက်ရည်များက ပို၍ကျဆင်းလေလေဖြစ်သည်။
သဲလွန်စတစုံတရာမကျန်ရစ်ခဲ့ဘဲ ချီကျန်းကျန်း၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့်အေးစက်လာခဲ့လေသည်။
အခုလေးတင်ဖြစ်ပျက်ခဲ့သည်မှာ တကယ့်ကိုပင် သူ၏ထင်ယောင်ထင်မှားသာဖြစ်လေသည်။
ဝမ်ယွီထိုင်ချလိုက်ရပြီး သူ၏မျက်နှာအားအုပ်လျက် သူနဖူးပေါ်သို့ချီကျန်းကျန်း၏လက်အားတင်ထားစေလိုက်သည်။
သူ၏မျက်လုံးမှိတ်ထားလိုက်ချိန်တွင် သူဟရှေ့မှမြင်ကွင်းများသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြကာ ချီကျန်းကျန်း၏ ထင်ထင်ရှားရှား ပုံရိပ်များသည်လည်း အပြည့်အဝပျောက်ကွယ်သွားခဲ့လေသည်။
ဝမ်ယွီ၏မျက်နှာပေါ်၌ မျက်ရည်များ ပြည့်နှက်သွားရတော့သည်။
ထိုပိတ်ထားသည့်မျက်လုံးများထဲမှမျည်ရည်များကျဆင်းလာခဲ့သည်ကိုမူ သူသည်မကြည့်ခဲ့ သို့မဟုတ် သတိမပြုခဲ့မိချေ။
သူ၏ခံစားချက်များနှင့်ဝိဉာဉ်တို့အားဆုံးရှုံးလိုက်ရပြီး သူ့ထံတွင် အပြည့်အဝဗလာကျင်းနေသော ခန္ဓာကိုယ်တစ်ခုသာကျန်ခဲ့တော့သည်။
....
xxxxxx