အပိုင်း ၁၆၄
Viewers 26k

Part 164


ကျန်းယဲ့တစ်ယောက် တံခါးရှေ့တွင်ထိုင်ကာ အချိန်များကိုရေတွက်နေခဲ့သည်။


သူစိတ်မပူပန်မိပဲနှင့် ထွက်မသွားနိုင်ချေ။ သူထင်ထားသည့်အတိုင်းပင် ဝမ်ယွီကိုယ်တိုင်သည် ထွက်လာမည်မဟုတ်တော့ပေ။


သူ၏စိတ်ထဲတွင်တော့ ချီကျန်းကျန်းလုံးလုံး ထွက်ခွာသွားမည့် ထိုအချိန်အားခန့်မှန်းထားမိခဲ့သည်။ ထိုအချိန်ကျရောက်လာပါက သူသည်အမြန်ပြေးပြီးဝမ်ယွီအားစောင့်ကြည့်ရပေမည်။သူ့အားမိုက်မဲသည့်အရာတစ်ခုမှလုပ်ခွင့်မပေးနိုင်ပါ။


ချီကျန်းကျန်းကို အထူးကြပ်မတ်ကုသဆောင်ထဲမှထုတ်လာပြီး ဝမ်ယွီအိမ်သို့ပြန်ခေါ်လာခဲ့သည်။ သူမ၏နောက်ဆုံးချိန်မှာ ယနေ့ည သို့မဟုတ် မနက်ဖြန်ဖြစ်နေရကာ ကိစ္စများအားအလျင်အမြန်ဆောင်ရွက်ခဲ့ရပြီးနောက်တွင် သူမဝမ်ကျန်းအိမ်ရာသို့ပြန်လည်ရောက်ရှိလာသည်မှာ ထွက်သွားရတော့မည့်အချိန်အတွက်ဟူသည်ကို ကျန်းယဲ့သိခဲ့လေသည်။


သို့သော်လည်း သူ ဝမ်ယွီကို သူမ၏နောက်သို့လိုက်ခွင့်မပြုနိုင်ချေ။


၎င်းက ဝမ်ယွီအတွက် မည်မျှပင်ခက်ခဲရမည်ဖြစ်ပြီး အများကြီးခံစားရမည်အားသိနေခဲ့သည်။


သို့သော်လည်း သူသည်ဝမ်ယွီအားသေခွင့်မပြုလိုက်ချေ။ သူ့အားဂရုတစိုက်စောင့်ကြည့်ထားရပေမည်။


အနာဂတ်အတွက်မှာတော့….


သူ၏နှလုံးသားတစ်ခုလုံးတူးထုတ်ခံရပြီး အမှတ်တရများအားအမြဲတမ်းတမ်း‌တနေရတော့မည့်လူတစ်ယောက်သည် မည်ကဲ့သို့ရှင်သန်နိုင်တော့မည်နည်း…


 ကျန်းယဲ့ ထပ်၍မတွေးချင်ပေ။ သူသည်ထပ်မံမတွေးရဲတော့ခြင်းလည်းဖြစ်သည်။


အဘယ့်ကြောင့် ကံကြမ္မာသည် ဝမ်ယွီနှင့်ချီကျန်းကျန်းတို့အား ယခုလိုဆက်ဆံခဲ့ရသည်နည်း…


တစ်ဦးကိုတစ်ဦးအလွန်ချစ်ခင်ကြသည့်လူနှစ်ဦးသည် သိသိသာသာပင် သူတို့သည်လက်ချင်းတွဲကာ အိုမင်းသွားသင့်ပေသည်။ အဘယ့်ကြောင့်ကံကြမ္မာသည်ယခုလိုဖြစ်ခဲ့ရသည်နည်း။


လူများအားဆော့ကစားနေခဲ့ခြင်းသည် အဓိပ္ပါယ်ရှိပါ၏လော…


အချိန်မှာကျရောက်လာခဲ့သောကြောင့် ကျန်းယဲ့တံခါးဖွင့်လိုက်တော့သည်။


အချိန်ကျလာသဖြင့် ကုတင်ပေါ်ရှိခန္ဓာကိုယ်လေး၏အပူချိန်သည် တဖြည်းဖြည်းပျောက်ကွယ်နေခဲ့လေသည်။ အပူပေးစနစ်မှာနွေးထွေးနေခဲ့ပြီး ဝမ်ယွီသည်သူမအားစောင်များဖြင့်ထွေးပတ်ထားခဲ့သော်လည်း သူမ၏ခန္ဓာကိုယ်အားနွေးထွေးလာစေရန် မတတ်နိုင်တော့ချေ။


ဝမ်ယွီမလှုပ်ခဲ့ချေ။ သူ၏ခေါင်းမှာ သူမလက်ပေါ်တွင်ရှိနေကာ လှုပ်ရှားမှုကင်းမဲ့နေခဲ့သည်။


လေထုမှာငြိမ်သက်သွားပြီး ပြတင်းပေါက်အပြင်ဘက်ရှိ လေသံတိုးတိုးမှလွဲ၍ မည်သည့်အသံတစ်စုံတစ်ရာမှထွက်ပေါ်မလာတော့ပေ။


" ယွီယွီ…" အသံသည်ပျောက်ကွယ်လုနီးပါးတိုးနေခဲ့လေသည်။


ဝမ်ယွီထိတ်လန့်သွားကာ ရပ်တန့်သွားခဲ့သည်။


ယခုတစ်ကြိမ်မှာတော့ သူမော့မကြည့်ခဲ့ချေ။


ထိုအရာမှာ နောက်ထပ်ပုံရိပ်ယောင်ပဲလား…


သူ၏နဖူးအားဖိထားခဲ့သောလက်ချောင်းများသည် အနည်းငယ်လှုပ်ရှားလာခဲ့သည်။


လှုပ်ရှားမှုသည် အလွန်သိမ်မွေ့လှပြီး သူသာ တောင့်တင်းပြီး မလှုပ်မယှက်မဖြစ်ခဲ့ပါက ၎င်းကို သိရှိနိုင်မည်မဟုတ်ပေ။


ဝမ်ယွီသူ၏ခေါင်းအားဖြတ်ခနဲမော့လိုက်မိတော့သည်။


ထာဝရပိတ်သွားတော့မည်ဟုသူထင်နေခဲ့မိသောမျက်လုံးများမှာ မျက်ခွံများတုန်လှုပ်နေခဲ့ပြီး သူမ၏မျက်လုံးထောင့်မှမျက်ရည်များစီးကျလာခဲ့သည်။ သူမ၏မျက်လုံးအားမဖွင့်နိုင်သေးသော်လည်း မျက်ရည်များမှာမူကျဆင်းမြဲသာဖြစ်သည်။


သူမသည် နိုးထလာရန်အတွက်ရုန်းကန်နေခြင်းဖြစ်သည်။


" ချီကျန်းကျန်း…" ဝမ်ယွီတုန်ယင်သွားကာ သူ၏လက်များသည် သူမ၏လက်အား ဆုပ်ကိုင်ထားလျက် သူ့ခံစားချက်များ၏အဆုံးမှတ်သို့ရောက်သည်အထိတင်းမာလာခဲ့ပြီး မျက်ရည်များထပ်မံကျဆင်းလာခဲ့ပြန်သည်။


မျက်ခွံများမှာလှုပ်ရှားနေသေးသော်လည်း ထိုလူမှာ ယခုထိနိုးထမလာနိုင်သေးချေ။


ဝမ်ယွီသည် အဝတ်များအားအလျင်အမြန်ချွတ်ကာ သူ၏နွေးထွေးနေသောခန္ဓာကိုယ်ဖြင့် သူမအားတင်းကြပ်စွာပွေ့ဖက်ထားကာ စောင်များဖြင့်ဖုံးအုပ်ထားပေးခဲ့သည်။


သူမခန္ဓာကိုယ်၏အပူချိန်မှာကျဆင်းနေဆဲဖြစ်သော်လည်း သူ၏ပွေ့ဖက်ထားမှုကြောင်း ၎င်းမှာတဖြည်းဖြည်းချင်းပြန်လည်မြင့်တက်လာခဲ့လေသည်။


သူသည်‌အေးစက်နေသည်ဟူ၍မခံစားရချေ။သူ၏စိတ်ထဲ၌ စိတ်လှူပ်ရှားမှုနှင့် မယုံနိုင်စရာဆန်းကြယ်မှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။


သူမနိုးထလာနိုင်သည်အား သူခံစားမိလေပြီ…


သူမ၏ခန္ဓာကိုယ်အားနွေးထွေးစေရန် လုပ်ပေးရမည်။


ထိုအချိန်၌ ကျန်းယဲ့အမြန်ပြေးလာကာ စိုးရိမ်တကြီးကြည့်နေခဲ့လေသည်။


သူပထမဆုံးမြင်လိုက်ရသည့်အရာမှာ ဝမ်ယွီသည်အဝတ်များချွတ်လျက်ချီကျန်းကျန်းတင်းကြပ်စွာ အားဖက်ထားလျက် သူ၏မျက်လုံးများမှာတုန်လှုပ်နေပုံပေါ်နေ၏။


" ကျန်းယဲ့ ရေနွေးအိုးတည်လိုက် မြန်မြန်…" ဝမ်ယွီအော်ပြောလိုက်သည်။


ကျန်းယဲ့ ကြောင်အသွားပြီး သူ၏မျက်လုံးများမှာ ဝေခွဲမရဖြစ်နေခြင်းအားပြသနေခဲ့သည်။


ဝမ်ယွီ၏ ဖြူဖျော့နေသောမျက်နှာသည် ယခုအခါ၍ ရူးသွပ်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကာ " မြန်မြန် ကျန်းယဲ့ ငါ့ကိုရေနွေးမြန်မြန်ယူခဲ့ပေး…"


" အင်း အင်း အင်း…" ကျန်းယဲ့ဗလာဖြစ်စွာ ပြန်လည်တုံ့ပြန်လိုက်၏။


သူ ဝမ်ယွီ၏ညွှန်ကြားချက်အား မသိလိုက်မသိဘာသာဘဲနာခံမိသွားကာ အောက်ထပ်သို့ဆင်းပြီး မီးဖိုချောင်မှရေအားသွားယူခဲ့လေသည်။ ၎င်းမှာ အန်တီဝမ်နေ့ခင်းပိုင်းကတည်ထားကာ အပူခံအိုးထဲသို့ပြောင်းထည့်ထားသည့်ရေနွေးများဖြစ်သည်။


အပေါ်ထပ်သို့တက်လာသည့်အချိန်၌ ကျန်းယဲ့၏မျက်လုံးများမှ နီမြန်းလာခဲ့တော့သည်။


ဝမ်ယွီရူးသွားချေပြီ…


သူသည် ဝမ်ယွီအား‌ အရိုးပြာများကဲ့သို့နှလုံးသားအနေဖြင့်တွေ့ရမည်အားကြောက်ရွံ့မိခဲ့သော်လည်း ရူးသွပ်နေသည့်ဝမ်ယွီအားမြင်တွေ့ရမည်ကိုမူ မျှော်လင့်မထားခဲ့ပေ။ 


[ အရိုးပြာကဲ့သို့နှလုံးသားဆိုသည်မှာ စိတ်ဓာတ်ကျဆင်းမှုနှင့် ဥပေက္ခာပြုထားမှုတို့ အဆုံးစွန်ထိရောက်ရှိသွားခြင်းကိုဆိုလိုသည် ]


သူသည်‌ရေနွေးဘူးအားကိုင်လျက် အခန်းထဲသို့အပြေးဝင်လိုက်ပြီး ဝမ်ယွီသည်လည်း အတော်လေးအလျင်လိုနေခဲ့သည်။


ဝမ်ယွီသည် လျင်လျင်မြန်မြန်လှုပ်ရှားလိုက်ပြီး ရေပူများအားသူ၏ခန္ဓာကိုယ်ပေါ်သို့တိုက်ရိုက်လောင်းချလိုက်တော့သည်။ ဓာတ်ဘူးထဲရှိရေမှာ ယခုချက်ချင်းကြိုချက်ထားသည့်ရေကဲ့သို့အလွန်ပူမနေခဲ့သော်လည်း ‌၎င်းမှာအလွန်အပူချိန်မြင့်မားနေသေးသည်ဖြစ်သောကြောင့် ဝမ်ယွီ၏အရေပြားသည်နီရဲသွားပြီး အရေကြည်ဖုများထလာခဲ့သည်။


သို့သော်လည်း သူဂရုမစိုက်ခဲ့ချေ။


" ဝမ်ယွီ…" ကျန်းယဲ့မှာ ထိတ်လန့်သွားပြီး အရှေ့သို့တိုးလာခဲ့သည်။


ဝမ်ယွီမှာမူ အဝတ်တစ်ခုဖြင့် သူ၏ခန္ဓာကိုယ်ပေါ်မှရေနွေးများအား အေးအေးလူလူ သုတ်နေခဲ့ပြီဖြစ်သည်။ သူပူနွေးနေစဉ်အချိန်တုန်းက သူသည်အလျင်အမြန်ကုတင်ပေါ်သို့တက်ကာ ချီကျန်းကျန်းအားတင်းကြပ်စွာဖက်ထားပေးခဲ့သည်။ သူ၏တစ်ကိုယ်လုံးမှာ ထူပူနေပြီး တုန်ယင်နေခဲ့လေသည်။


သို့သော်လည်း သူ၏လက်မောင်းအတွင်းမှခန္ဓာကိုယ်လေး၏ တဖြည်းဖြည်းအပူချိန်မြင့်တက်လာမှုအား ခံစားလိုက်မိသောကြောင့် သူသည် စိတ်လှုပ်ရှားမှုဖြင့် တပြိုက်နက်ထည်းရယ်မောကာ ငိုကြွေးလိုက်မိတော့သည်။


သူ၏မျက်လုံးများသည် သိသိသာသာနီမြန်းနေခဲ့‌သော်ငြား သူထပ်မံပြုံးနေခဲ့မိသည်။


" အားယွီ…" ကျန်းယဲ့၏အသံမှာအက်ရှနေပြီး မျက်ရည်များကျဆင်းလာခဲ့လေသည်။


ဝမ်ယွီသည် အမှန်တကယ်ရူးသွားလေပြီ…


သူသည်ပါးစပ်အားဖွင့်ကာ သူ၏အသံမှာအလွန်နူးညံ့နေခဲ့ပြီး " အားယွီ သူမကထွက်သွားပြီးပြီလေ နိုးထပါတော့ သူမမင်းအဲ့လိုဖြစ်နေတာကိုမမြင်ချင်လောက်…."


အသံမှာ ရုတ်တရက်ဆိုသလိုရပ်တန့်သွားခဲ့သည်။


အဘယ့်ကြောင့်ဆိုသော် သေဆုံးသွားပြီဟု သူဆုံးဖြတ်ထားသည့် ချီကျန်းကျန်းမှာတဖြည်းဖြည်းချင်းမျက်လုံးဖွင့်‌လာသောကြောင့်ပင်ဖြစ်၏။


ကျန်းယဲ့ " ….. "သောက်ချီး…


ကျန်းယဲ့ အလွန်ထိတ်လန့်သွားသောကြောင့် ကြောက်အားလန့်အားဖြင့်အနောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရာ နံရံအားသွားတိုက်မိတော့သည်။


. "သူမ သူမ သူမကသေနေတာလားရှင်နေတာလား…"


ထိုမေးခွန်းအတွက်မည်သူကမှသူ့အားအဖြေမပေး‌ခဲ့ကြချေ။


အဘယ်ကြောင့်ဆိုသော် ခုတင်ပေါ်ရှိလူနှစ်ဦးသည် တစ်ဦးကိုတစ်ဦးသာ မြင်နိုင်သည့်သကဲ့သို့ဖြစ်နေလေသည်။


ဝမ်ယွီ၏ခန္ဓာကိုယ်မှာအလွန်နာကျင်နေခဲ့သည်။ ရေမှာ ဆူပွက်ကစရေနွေးလောက်မပူနေခဲ့သော်လည်း သူ၏အရေပြားများအားကွာကျစေခဲ့သည်။ သို့သော် ထိုနာကျင်မှုကြောင့် သူသည်အစစ်အမှန်ဖြစ်ကြောင်းခံစားခဲ့ရပြီး နားလည်သဘောပေါက်စေနိုင်ခဲ့သည်။


သူ၏ရင်ခွင်ထဲရှိလူမှာနွေးနေခဲ့ပြီး သူ၏စိတ်ကူးယဉ်ပုံရိပ်ယောင်မဟုတ်ခဲ့ချေ။


ရက်အတော်အတန်ကြာ သူမည်မျှ စိတ်ကူးယဉ်ခဲ့ရသည်အား မသိတော့ချေ။ သူ၏မျက်လုံးများအားအနည်းငယ်မျှမှိတ်လိုက်မိသည်နှင့်တင် သူသည်ချီကျန်းကျန်းမှသူ၏မျက်လုံးများအားဖွင့်နေသည်ကိုသာမြင်ခဲ့ရလေသည်။


သို့သော် သူနိုးလာသည်နှင့် သူမသည်ကုတင်ပေါ်၌သာရှိနေသည်ဖြစ်ပြီး မလှုပ်ရှားခဲ့ပေ။ သို့ဖြစ်ရာသူ့မျက်လုံးများအားဖွင့်နေသည်မှာ သူ၏ပုံရိပ်ယောင်သာဖြစ်လေ၏။


ထိုအရာမှာနာကျင်ရသော်လည်း အလွန်စစ်မှန်လေသည်။


ဝမ်ယွီပြုံးလိုက်ကာ သူမ၏မျက်နှာဆီသို့လက်လှမ်းလိုက်သောလည်း သူမထိကိုင်ဝံ့ခဲ့ပေ။


ထိုအရာမှာ အိမ်မက်သာဖြစ်နေမည်အား သူကြောက်လန့်နေမိသည်။


xxxxx