အပိုင်း ၁၆၇
Viewers 26k

Part 167


ဝမ်ယွီ၏ မီးလောင်ဒဏ်ရာက အနည်းငယ် ကြောက်စရာကောင်းသော်လည်း ဆေးရုံကို ကုသဖို့ အချိန်မီရောက်လာသည့်အတွက် ​ပြဿနာမရှိဘဲ နှစ်ရက်အတွင်းမှာပင် အလုံးစုံ ပျောက်လုနီးပါးဖြစ်နေလေပြီ။


တခြားတစ်ဖက်တွင် ချီကျန်းကျန်းသည် ယခင်အခြေအနေမှ နိုးထလာသော်လည်း သူမ  ကူးပြောင်းလာခါစတုန်းကဲ့သို့ နေကောင်းလာသည်နှင့်  တက်ကြွကာ ပြေးလွှားခုန်ပေါက် 

နေနိုင်ခြင်းမျိုး မရှိပါဘဲ အနည်းငယ်အားနည်းနေပြီး ပြန်လည်ထူထောင်ဖို့ အချိန်လိုနေသေးသည်။

 


သို့ပေမဲ့ ချီကျန်းကျန်း ဆေးရုံမှာ မနေချင်ပေ။


"ဆေးရုံ ဆင်းကြရအောင်လေ"

နောက်ထပ် ဆရာဝန်တစ်သုတ်ကို မောင်းထုတ်ပြီးနောက် ချီကျန်းကျန်း ဝမ်ယွီကို ကြည့်လိုက်သည်။


ဝမ်ယွီ၏မျက်နှာက အနည်းငယ် အရုပ်ဆိုးနေ၏။


မှန်သည်ပင်၊၎င်းက ချီကျန်းကျန်းကြောင့် မဟုတ်ပါဘဲ ထိုစုပ်စုစိန် ဆရာဝန်များကြောင့်ဖြစ်ပေသည်။ 


သူ၏ အစွမ်းက အပြင်ရှိ ကမ္ဘာတလွှားမှ ကျွမ်းကျင်သူများနှင့် ပညာရှင်များကို တားဆီးနိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း တစ်ဖက်လူ၏  "​ပြဿနာတွေ အများကြီး ရှိသေးလားဆိုတာ သိရဖို့အတွက် တိုင်ပင်ဆွေးနွေးခြင်း"ဟူသော ရမယ်ရှာ အကြောင်းပြချက်ကို ထောက်၍ ပုန်းကွယ်နေသည့် အန္တရာယ်တစ်ခုခုရှိနေပါက သူတို့လည်း တွေ့လောက်မည်ဟု တွေးကာ သူ့အနေဖြင့် သူတို့အား ဝင်ခွင့်ပြုလိုက်ရ၏။ 


၎င်းနောက် မည်သည့် ပုန်းကွယ်နေသည့် အန္တရာယ်မှ မတွေ့ရဘဲ အံဩ မင်သက်ဖွယ်ရာ တစ်စုတစ်စည်းကိုသာ တွေ့ရလေသည်။


ချီကျန်းကျန်းရဲ့အခြေအနေက မကြုံစဖူးပဲ...


အစတုန်းက ကျန်းယဲ့  အတတ်နိုင်ဆုံးကြိုးစား၍ သူတို့အား ဤနေရာသို့ ဖိတ်ခေါ်ထားရ၏။ ယခုတွင် သူတို့က ဖိတ်ကြားစရာမလိုဘဲ သူတို့ဘာသူတို့လာပြီး ဆေးရုံမှာနေကာ ချီကျန်းကျန်း၏ခေါင်းကို တချိန်လုံးကြည့်ချင်နေကြသည်။  


ဒါပေမဲ့ သူတို့ ဆေးရုံကဆင်းရင်....


"ဒါက....."

ဝမ်ယွီ တုန့်ဆိုင်းနေခဲ့၏။


ချီကျန်းကျန်းဓ ခန္ဓာကိုယ်အပြည့်အဝပြန်မကောင်းသေးမှာကို သူစိတ်ပူနေမိသည်။


"ကျွန်မ အခြေအနေကို ကျွန်မ ကောင်းကောင်းနားလည်ပါတယ်...အခု နည်းနည်းလေးပဲ အားနည်းနေတာ...ပြဿနာမရှိတော့ဘူးရယ်...

ဆေးရုံကဆင်းရင် ကျွန်မကို အားပြန်ပြည့်အောင်ကူညီမယ်မလားဟင်"


ချီကျန်းကျန်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာဖြင့် ဝမ်ယွီကို ကြည့်လိုက်သည်။


သူ ဤသို့သော အကြည့်မျိုးကို ခံနိုင်ရည် မရှိပါလေ။


ထိုအကြောင်းကို ခဏမျှ စဥ်းစားပြီးနောက် သူ ကျန်းယဲ့ကို ဖုန်းခေါ်လိုက်၏။


 "ငါ့ကို ဌာနမှူးရှုကို ကူရှာပေးစမ်းပါ...သူ့ကို ကျန်းကျန်း ဆေးရုံကဆင်းပြီး အိမ်မှာ အားဖြည့်လို့ရမလား တိုးတိုးတိတ်တိတ် မေးကြည့်"


ကျန်းယဲ့: "... "

မင်းကဆေးရုံမှာလေ...ကိုယ့်ဘာကိုယ် သွားမေးလို့မရဘူးလားဟ...


သူအနေဖြင့် ဝမ်ယွီအား တစ်ခုမှ ပြောစရာမလိုပါချေ။ သေချာပေါက် ဝမ်ယွီက ချီကျန်းကျန်းကို စောင့်ပေးနေပြီး ဘယ်တော့မှ ထွက်လာမှာမဟုတ်ကြောင်း သူသိပါ၏။


သူ၏အတန်းဖော် တဖြစ်လဲ ဘော့စ်တစ်ယောက်အနေဖြင့် ယခုတွင် သူ့မျက်လုံးများထဲတွင် ချီကျန်းကျန်းကိုသာ တွေ့နေရသည်။


သူ ဝမ်ယွီအား အော်ငေါက်လိုက်ချင်ပါသော်လည်း ဤသည်က သူ၏ဘော့စ်ဖြစ်နေသဖြင့် အဆုံးတွင် ကျန်းယဲ့ ရှင်းရှင်းလင်းလင်း ပြန်ဖြေလိုက်၏။


"ကောင်းပါပြီ ...ဘော့စ်"


ကျန်းယဲ့စုံစမ်းမှု၏အဖြေက အလျင်အမြန် ရောက်လာခဲ့သည်။ ဝမ်ယွီနှင့်ကျန်းယဲ့တို့၏ မေးမြန်းမှုများ၏ရှေ့တွင် ဌာနမှူးက ချီကျန်းကျန်း ဆေးရုံကဆင်း၍ရပြီဖြစ်သော်လည်း ဆရာဝန်က သူမအား အလွန်ရှည်လျား ထွေပြားသည့် ဆေးဘက်ဆိုင်ရာအကြံပေးချက် စာရင်းကို ပေးရမည်ဖြစ်သည့်အတွက် သူမအနေဖြင့် ဆေးရုံကို နောက်နေ့တွေမှာ နေ့တိုင်းလာရမည်ဖြစ်ကြောင်း ရိုးရိုးသားသားဆိုလေ၏။


သူမ၏လက်ရှိအဖြေအနေက အမှန်ကို ဆေးပညာဆိုင်ရာ အံ့ဖွယ်တစ်ခုဖြစ်ပြီး ကျွမ်းကျင်သူများစွာ၏ သိလိုစိတ်အရင်းခံလည်းဖြစ်သည်။  


ထို့ကြောင့် သူမသည် ကောင်းမွန်စွာ နေထိုင်ပြီး ကျန်းမာနေရမှာဖြစ်ကာ သို့မှသာ ထိုကျွမ်းကျင်ပညာရှင်များအနေဖြင့် ကိုးကားရန် အချက်အလက်အစုံအလင်ရရှိနိုင်မည်ဖြစ်၏။


ချီကျန်းကျန်း၏ ကျန်းမာရေးအတွက် စိုးရိမ်ရသည့်အချက်မှာ ဝမ်ယွီ အထူးတလည် ဂရုတစိုက်ဖြင့် ဆေးဘက်ဆိုင်ရာ အကြံပေးချက် အရှည်ကြီးကို ဖတ်ပြီးသည့်နောက် ၎င်းကို ကောင်းကောင်းမွန်မွန် ပြန်ချထားလိုက်သည်။ ထို့နောက် ချီကျန်းကျန်းကို ဆေးရုံ အသေအချာ ဆေးရုံမှ ပြန်ခေါ်လာခဲ့၏။ 


ဆေးရုံဆင်းရမည် လုပ်ထုံးလုပ်နည်းများကိုမူ သဘာဝအတိုင်း သူတို့အတွက် တစ်ယောက်ယောက်က ဂရုစိုက်ပေးလိမ့်ပေမည်။ 


ကားသည် ဆေးရုံမှ ဝမ်ကျင်းအိမ်ရာသို့ ဖြည်းဖြည်းချင်း မောင်းနှင်လာခဲ့သည်။


နောက်ဆုံးအကြိမ် သူ ဆေးရုံသို့သွားစဥ်က ဝမ်ယွီ၏နှလုံးသားကား မည်မျှ နာကျင်နေခဲ့ကြောင်း ပြောစရာပင်မလိုပါချေ။ ထိုအချိန်က ချီကျန်းကျန်း၏ခန္ဓာကိုယ်က အင်မတန် ပါးလျှနေခဲ့ပြီး သူလက်မောင်းများကြားတွင် ထွေးပိုက်ထားသော သူမလေးသည် လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိမနေခဲ့။


ဤအကြိမ်တွင်လည်း သူသူမကို ထွေးပိုက်ထားခဲ့ပြီး ကွဲပြားသွားသည်က သူရင်ခွင်ထဲရှိ လူသားသည် ပူနွေးကာ အသက်ရှူနေပြီး အကြိမ်ကြိမ် လှုပ်ရွနေသောကြောင့်ပင်။ 

.

ဤသည်ကား  အမှားအယွင်းဖြစ်ကာ သူမပျောက်ကွယ်သွားမှာ စိုးသည့်အလား ဝမ်ယွီ သူမကို စဥ်ဆက်မပြတ် ကြည့်နေပုံဖြစ်လေ၏။


ကားသည် ဝမ်ကျင်းအိမ်ရာထဲသို့ မောင်းဝင်သွားပြီး သူတို့အိမ်၏ ဝင်ပေါက်ဆီသို့တိုင် မောင်းလာခဲ့သည်။


ဝမ်ယွီ မူလက သူမကို သူ့လက်မောင်းများကြားတွင့် ပွေ့ချီကာ လမ်းလျှောက်ချင်ပါသော်လည်း သူမက သဘောမတူပေ။

"ကျွန်မ ကိုယ့်ဘာကို လျှောက်မယ်...လမ်းကောင်းကောင်း မလျှောက်ရတာ ရက်အတော်ကို ကြာနေပြီ...ဒီခံစားချက်က တကယ်ကောင်းတာ....."


သူမ၏မျက်နှာက အနည်းငယ် ဖြူရော်နေသေးပေမဲ့ သူမ၏မျက်လုံးများကမူ ရောင်စဥ်ဖြာကာ တလဲ့လဲ့လင်းနေခဲ့၏။


အသက်ရှင်ရတာ ကောင်းလေသည်။


"ဒါဆိုလည်း ဂရုစိုက်...မင်းခန္ဓာကိုယ်က မကျန်းမာသေးဘူး"

ဝမ်ယွီ၏မျက်ခုံးတန်းများက တွန်းချိုးနေဆဲဖြစ်ပြီး လက်ဆန့်၍ သူမကိုတွဲကာ ဖြည်းဖြည်းချင်းလျှောက်နေ၏။


ချီကျန်းကျန်း သဘောတကျနှင့် ပြုံးရယ်လိုက်မိသည်။


"ယွီယွီ...ရှင် ကျွန်မနိုးလာတာကို မပျော်ဘူးလား...ဘာလို့ အရမ်းတွေ မျက်မှောင်ကြုတ်နေရတာလဲ"


ဝမ်ယွီ ထိုစကားကို ကြားရချိန်တွင် သူ့မျက်ခုံးများက ပြေလျော့သွားခဲ့ပြီး သူမကိုကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကော့တက်လာခဲ့၏။


"ပျော်ပါတယ်...ကိုယ်မင်းကို စိတ်ပူလို့ပါ...အပြင်မှာ နည်းနည်း အေးနေတုန်းပဲ...အထဲဝင်ကြရအောင်"


သူ လက်ဆန့်ပြီး သူမ၏မျက်နှာလေးကို ထိတွေ့လိုက်သည်။ အထိအတွေ့ကား ပူနွေးနေပြီး သူ့မျက်ခုံးများကို ပို၍ပင် ပြေလျော့သွားစေခဲ့၏။ 


ချီကျန်းကျန်း သူ့ကိုကြည့်ပြီး အနည်းငယ် စိတ်သောကမရောက်ဘဲ မနေနိုင်ခဲ့။


ယှက်နွယ်ထားသည့်လက်များက တင်းကြပ်နေခဲ့ပြီး သူ့၏ကူတွဲမှုနှင့်အတူ သူမတို့ ဝမ်ကျင်းအိမ်ရာ၏တံခါးထဲသို့ လှမ်းဝင်လာခဲ့သည်။


"ယွီယွီ...ကျွန်မတို့ အိမ်ပြန်နေကြတာ"


"ဟမ်းး...ကိုယ်တို့ အိမ်ရောက်ပြီ"


သူတို့နှစ်ဦးသား၏မျက်ဝန်းများ စိုစွတ်လာခဲ့ကြ၏။


သူမ အဖြူရောင် လောကကြီးထဲသို့ ကျရောက်သွားစဥ်က ဝမ်ယွီ၏ "ကိုယ်တို့ အိမ်ပြန်နေတာ"ဟုသောအသံက သူမအား ထိုလောကကြီးထဲမှ လှုပ်နှိုးပေးခဲ့ချိန်ကို အမှတ်ရသွားသည်။ 


ကံကောင်းထောက်မစွာဖြင့် သူမနိုးလာခဲ့၏။ မဟုတ်လျှင် ဝမ်ယွီဘာများလုပ်မိလိမ့်မလဲ။


"မစ္စဝမ်ချန်းချန်း...ဝင်လာခဲ့ပါ"


တံခါးကို ကျယ်ကျယ်ဖွင့်ထားပြီး အန်တီဝမ်၊ဦးလေးလီနှင့် အန်တီလီတို့အကုန်လုံး ပြုံးနေကြကာ လက်ထဲတွင်  တစ်ခုခုအား ကိုယ်စီကိုင်ထားကြသည်။


ကြမ်ပြင်ပေါ်တွင်လည်း မီးဇလားတစ်လုံးရှိနေ၏။

(T/N– သတ္ထု၊ဘိလပ်မြေစတာတွေနဲ့ လုပ်ထားတဲ့

 ခွက်ကြီးထဲကို မီးမွှေးထားတာပါ)


အန်တီဝမ်က မျက်ရည်လည်ရွဲဖြင့် သူတို့ကိုနှုတ်ဆက်ပြီး ပြောလာသည်။


"နောက်ဆုံးတော့ သမီးဆေးရုံကနေဆင်းလာပြီပေါ့... ကျန်းကျန်း...သမီးက အန်တီတို့ကို သေအောင်လန့်သွားစေတာပဲကွယ်"


"အန်တီတို့ကို စိတ်ပူအောင်လုပ်မိပါတယ်...အခုတော့ အဆင်​ပြေသွားပါပြီ"


ချီကျန်းကျန်းက ပြုံးပြလိုက်ပြီး သူမ၏မျက်နှာက ဖြူရော်နေသော်လည်း မျက်လုံးလေးများက တောက်ပနေခဲ့၏။


အန်တီဝမ်လည်း ပြန်ပြုံးပြကာ အလျင်စလိုပြောလိုက်သည်။


"လာ ကျန်းကျန်း...မီးဇလားကို ကျော် လာခဲ့...အနာရောဂါနဲ့ ကံမကောင်းမှုတွေ အကုန်လုံးကို အပြင်မှာထားခဲ့လိုက်...အခုကနေစပြီး ကျန်းကျန်းက အန္တရာယ်ကင်းပြီး အသက်အရှည်ကြီး နေရမှာ"


"ဟုတ်တယ်...ဟုတ်တယ်...သမီးက အခုမှ ဘေးဆိုးကနေလွတ်မြောက်လာခါစရှိသေးတာ...ကံကောင်းခြင်းတွေကို ရှာဖွေပြီး ဘေးဥပဒ်တွေကို ရှောင်ကြဥ်ရမယ်...ကံဆိုးမှုကို ကံကောင်းမှုအဖြစ်ပြောင်းလဲလိုက်...ကျန်းကျန်းနဲ့မစ္စတာဝမ်တို့ရဲ့ ကံကောင်းခြင်းက အခုမှစနေတာ"


ချီကျန်းကျန်းနှင့်ဝမ်ယွီတို့ တချိန်တည်းမှာပင် အပြုံးလေးများ လှစ်ဟမိကြပြီး ခေါင်းညိတ်ပြလိုက်ကြကာ ၎င်းနောက် သူမ ဝမ်ယွီ၏အားကို မှီခို၍ မီးဇလားကို ဖြတ်ကျော်လိုက်၏။


(E/T— ရှေးထုံးတစ်ခုပါ။ လူတွေက ကံဆိုးခြင်းတွေအကုန်လုံးကိုဖယ်ရှားပြီး ကောင်းချီးတွေ၊ ကံကောင်း​ခြင်းတွေ အဖြစ်ပြောင်းလဲဖို့ မီးဇလားသို့မဟုတ် မီးအိုးကိုကျော်ရပါတယ်တဲ့)


အန်တီဝမ်နှင့် အန်တီလီတို့က မဂ်လာရှိသည့် စကားများပြောနေကြပြီး ဝမ်ယွီကိုယ်တိုင်ပင် အလေးအနက် ကြည့်ပြီး ဆိုလာခဲ့သည်။ 


"ရောဂါကင်းပြီး ဝေဒ​နာ ဝေးပါစေ...နှစ်တစ်ရာတိုင်တိုင် အသက်ရှည်ပါစေ" 


ဤသည်က သူ၏အကြီးမားဆုံး မျှော်လင့်တောင့်တချက် ဖြစ်ပါ၏။


အိမ်ကား စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုများဖြင့် စည်ကားသိုက်မြိုက်နေခဲ့ပြိး ချီကျန်းကျန်း၏ မျက်ဝန်းများရှိ အပြုံးရိပ်သည် ပို၍ပင် အားကောင်းလာခဲ့သည်။


xxxxxx