အပိုင်း ၁၆၉
Viewers 25k

Part 169


ချီကျန်းကျန်း မျက်ခုံးပင့်ကာ ဆိုလိုက်၏။

"ဘာလဲ...ရှင်က ကျွန်မက အလုပ်ရှာတာကို တားမြစ် ချင်တာလား...ကုမ္ပဏီတစ်ခုပြီးတစ် ကျွန်မကို အလုပ်မခန့်ရဲဘဲ ကျွန်မ အပြင်ထွက်အလုပ်လုပ်နိုင်မဲ့ အခွင့်အရေးတွေ ​  ပျက်စီးအောင်လို့လေ"


ကိုမာဝင်နေတုန်းက သူပြောခဲ့သည့်အရာများကို သူမ မကြာခဏ ပြန်သတိရမိပါ၏။


ဝမျယှီ: "... "


သူက ကပျာကယာပြောလိုက်သည်။

"မဟုတ်ပါဘူး... မင်းက နေကောင်းသေးတာမဟုတ်ဘူးလေ...နေကောင်းလာတဲ့အချိန်ထိစောင့်...အဲ့တော့မှ သွားလေနော် အိုခေ..."


သူ သူမလက်ကို ဆုပ်ကိုင်ပြီး နှုတ်ခမ်းများနှင့် ထိကာ အသာအယာ နမ်းရှိူက်လိုက်၏။

 "ကိုယ်မင်းကို တားမှာမဟုတ်ဘူး...မင်းအလုပ်သွားချင်ရင် သွားပါ...မင်းပျော်နေသရွေ့ ကိုယ်အဆင်ပြေမှာပါ"


သူမ မေ့မျော်နေစဥ်ကာလအတွင်းရှိ လွှမ်းမိုးချုပ်ခြယ်ပြီး သတိကဲလွန်းသည်ဟုဆိုသည့် အတွေးများက အကုန်လုံး ကြေမွသွားခဲ့သည်။


သူ သူမအား သူ့အနားမှာ အချိန်ပြည့်ရှိနေစေချင်ဆဲဖြစ်သော်လည်း ထိုဟာထက် သူ သူမအား ပျော်စေချင်ပါ၏။ 


သူ သူမလေး အိပ်ရာထဲတွင် မလှုပ်မယက် လဲလျောင်းနေသည်ကို ဘယ်သောအခါမှ ထပ်၍ မမြင်ချင်ပါလေ။ 


ချီကျန်းကျန်း သူမ၏မျက်လုံးရွဲကြီးများကို တစ်ချက်ချင်း ပုတ်ခတ်ကာ သူ့အား ကြည့်နေခဲ့သည်။


သူမ၏ကိုမာဝင်သွားမှုက သူ့အား အများကြီး ပြောင်းလဲသွားစေမှန်း သူမ သိပြီး သေခြင်းနှင့်ရှင်ခြင်းတရားတို့၏ရှေ့တွင် တခြားသော အရာရာတိုင်းသည် အသေးအမွှားသာဖြစ်ပေ၏။  


သူတို့ အနာဂတ်မှာ အလွန်တရာ အဆင်ပြေလှစွာ ယှဥ်တွဲ နေနိုင်ကြမှာဖြစ်၏။ 


သူမစိတ်ပူခဲ့သည့် ​ထိုပြဿနာတွေ အားလုံးသည်လည်း ဝမ်ယွီ၏ပြောင်းလဲမှုကြောင့် ဖြေရှင်းပြီးဖြစ်လေသည်။


မှန်သည်ပင်၊ ဝမ်ယွီ မပြောင်းလဲခဲ့လျှင်တောင် ​ပြဿနာ တစ်စုံတစ်ရာမှ ရှိတော့မှာ မဟုတ်ပေ။


အကြောင်းပြချက်မူကား နိုးထလာပြီးနောက် သူမလည်း ပြောင်းလဲသွားသည့်အတွက်ပင်။


ချီကျန်းကျန်း ပြုံး၍ ဝမ်ယွီကို တိုးဝေ့ ပွတ်သပ်ကာဖြင့် ပွေ့ဖက်လိုက်ပြီး ရွှင်ပျသည့်အမူအရာဖြင့် သူ့အား "မွ"ခနဲမြည်အောင် နမ်းလေ၏။


"ယွီယွီ...ကျွန်မ အလုပ်သွားမှာ...ရှင်ယွီတင်းမှာ ကျွန်မကို လိုချင်လားမလိုချင်လား ကျွန်မ မသိဘူး...ကျွန်မက အားဖြည့်နေတုန်းရှိသေးတာလေ...ကျွန်မ ရှင့်ရဲ့ အတွင်းရေးမှူးလေးအရင်ဖြစ်လို့ရမလားဟင်...အတွင်းရေးမှူးလေး...ချစ်သူလေး ဟီးဟီးဟီး"

သူမဘာတွေးနေမှန်း သူမသိဘူး...သူမ လူယုတ်မာပြုံးပြုံးလိုက်သည်။

(E/T–小秘 ရှောင်မီ小蜜ရှောင်မီ၊ အသံတူ)

(T/N–အတွင်းရေးမှူးလေးနဲ့ ချစ်သူလေးက တရုတ်လို အသံထွက်အတူတူပါတဲ့)


ဝမ်ယွီ အံ့အားသင့်သွားပြီး ၎င်းနောက် ပျော်သွား၏။

"တကယ်လား..."


"ဒါပေါ့... "

ချီကျန်းကျန်း တောက်ပစွာ ပြုံးလိုက်လေသည်။


ဘာကြောင့်မှန်းမသိ သူ သူမအပြုံးကို ကြည့်လိုက်တိုင်း အမြဲခံစားရသည်မှာ သူမအနည်းငယ် စိတ်လှုပ်ရှားလွန်းနေသည်ဟုပင်။


အမှန်တွင် ချီကျန်းကျန်း တကယ်ကို အလွန် စိတ်လှုပ်ရှားနေခြင်းဖြစ်၏။


နောက်တစ်နေ့တွင် ဝမ်ယွီ သူမကို တင်းတင်းကြပ်ထုတ်ပိုး(ထူထူထဲထဲဝတ်ပေး) ကာ အလုပ်ဆီသို့ ခေါ်သွားခဲ့သည်။လမ်းတလျှောက်လုံး သူမ မျှော်မှန်းချက်များဖြင့် တက်ကြွမြူးထူးနေပြီး လက်ရှိတွင်မူ သူမ တစ်ခုခုကိုတွေးနေကာ ကျီစယ်လိုဟန်ဖြင့်ပင် ရယ်လိုက်သေး၏။  


"ဘာတွေ ပျော်နေတာလဲ"

ဝမ်ယွီ မမေးဘဲမနေနိုင်တော့။


ချီကျန်းကျန်း သူ့ကို ချော့လိုက်သည်။

"ဒါပေါ့... ရှင်နဲ့ အလုပ်အတူတူလုပ်နေရလို့ ပျော်နေတာလေ"


ဝမ်ယွီ အံ့အားသင့်သွားကာ ၎င်းနောက် သူ့နှုတ်ခမ်းထောင့်စွန်းများ ကော့တက်လာပြီး နားရွက်ခြေများ အနည်းငယ် နီရဲသွား၏။


ချော့ရအရမ်းလွယ်တာပဲ...


ချီကျန်းကျန်း ဆက်ပြီး ပြုံးဖြီးနေလေသည်။


ဝမ်ယွီသူမကို ဖတ်ပြသည့် "ရာစုနှစ်၏အချစ်: ကောင်းမှကောင်းဇနီး၊တစ်ခုဝယ်တစ်ခုရ"စာအုပ်ထဲတွင် အမျိုးသားဇာတ်လိုက်၏ ကုမ္ပဏီမှာအလုပ်လုပ်ချင်သည့် အမျိုးသမီးဇာတ်လိုက်ပါရှိပြီး ၎င်းနောက်  အခက်အခဲတွေ အများအပြားကို တွေ့ကြုံခံစားရကာ လူတိုင်းက သူမကို အထင်သေး နှိမ့်ချကာ အနိုင်ကျင့်ကြ၏။


ထို့နောက် အမျိုးသားဇာတ်လိုက်က ခုန်ထွက်လာပြီး အမျိုးသမီးဇာတ်လိုက်၏ခါးကို ဖက်ကာ ဟစ်ကြွေးလေသည်။


"ဒါက ငါ့အမျိုးသမီးပဲ...ဟမ့်...သူမကို အနိုင်ကျင့်ဖို့ မင်းတို့ကို ဘယ်သူကများ သတ္တိပေးခဲ့တာလဲ"


ထိုဇာတ်ကွက်ကို တွေးပြီး ချီကျန်းကျန်း တစ်ကိုယ်လုံး တစက်စက်တုန်သွား၏။


အရမ်း မိုက်တာပဲ...


အာဏာရှင် ဝမ်ယွီသာဆို ထိုအခန်းမှာ သူဘာပြောလိမ့်မလဲဆိုသည်ကို သူမမြင်ချင်မိသည်။


သူမက ဘာတစ်ခုမှ မသိသဖြင့် ဘယ်ကမှန်းမသိသည့် နေရာကပေါ်လာပြီး ကုမ္ပဏီကို အတွင်းရေးမှူးတစ်ယောက်အနေဖြင့်ဝင်လိုက်လျှင် ဝမ်ယွီ့ကုမ္ပဏီကလူတွေ ...သူမကို ဖယ်ကြဥ်ထားကြမှာလား...သန့်စင်ခန်းထဲမှာ သူမ မကောင်းကြောင်းတွေ ပြောနေကြမှာလား...


အချိန်ကျလာပါက သူမသန့်စင်ခန်းသို့ သွား၍ ခိုးနားထောင်ကြည့်ရမည်။


ဘာလုပ်ရမလဲ... 


သူမ မကြောက်သော်ငြား စိတ်လှုပ်ရှားကာ ၎င်းကို စောင့်မျှော်နေခြင်းပင်။


ချီကျန်းကျန်း သူမလက်များကို ပွတ်သပ်ပြီး တိတ်တိတ်လေး ခိုးကာ ပါးစုံများမို့တက်နေအောင် ပြုံးဖြီးလိုက်၏။


ကားက မကြာမီ ယွီတင်းသို့ရောက်လာခဲ့သည်။


ဝမ်ယွီ ကားထဲမှထွက်ပြီး လက်ကမ်း၍ သူမကို ကားထဲမှ ချီထုတ်ဖို့ ကြိုးစားလိုက်၏။


လက်ပြန်ကမ်းလာမည့်အစား ချီကျန်းကျန်းက မျက်တောင်လေး ခတ်ကာ သိလိုဟန်အမူအရာဖြင့် မေးလာသည်။

"ယွီယွီ...ကျွန်မ HRဌာနကို သတင်းသွားပို့ရမှာလား ...အတွင်းရေးမှူးနင်ဆီကိုလား"


ဝန်ထမ်းအသစ်များကို HRဌာနကစီမံပြီး အတွင်းရေးမှူးများကို အတွင်းရေးမှူးနင်ကစီမံလေ၏။


ဝမ်ယွီ ခဏမျှ အံ့အားသင့်သွားပြီး ၎င်းနောက် သူ၏နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် ကွေးညွှတ်လာခဲ့သည်။


"နိုး...မင်းက ကိုယ့်ဆီ သတင်းပို့ရမှာ"


ချီကျန်းကျန်း: "..... အဲ့လို့ရတာလား"


"အရမ်းရတာပေါ့"

ဝမ်ယွီ သူမလက်လေးကို အစဦး၍ ဆွဲကိုင်လိုက်ပြီး  ကားထဲမှ တွဲထုတ်လိုက်၏။


ချီကျန်းကျန်း ခဏလောက် စဥ်းစားနေပြီး သူဦးဆောင်ရာနောက်သို့ လိမ်လိမ်မာမာ လိုက်သွားခဲ့သည်။


ဝတ္ထုထဲတွင် အမျိုးသမီးဇာတ်လိုက်သည်လည်း ကုမ္ပဏီထဲသို့ အမျိုးသားဇာတ်လိုက်၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရ၏။ ဆိုတော့...ဝမ်ယွီအတွက်လည်း သူမကိုအထဲခေါ်သွားဖို့ အဆင်ပြေလောက်မှာပါနော်...


နှစ်ယောက်သား ယွီတင်း၏တံခါးဝသို့ လှမ်းလာခဲ့ကြသည်။


တစ်ခုခုကို တွေးတောနေသလိုမျိုး ချီကျန်းကျန်း သူ့ကို ကြည်လိုက်၏။


"ယွီယွီ... ရှင့်ကားက သီးသန့်လမ်းကြောင်းရှိပြီးတော့...သီးသန့်ဓာတ်လှေကားလည်း ရှိမှန်း ကျွန်မ မှတ်မိပါတယ်...အဲ့ဒါကြောင့် ရှင် ရှေ့တံခါးကနေဖြတ်ဝင်စရာလိုဘူးလေ"


ဝမ်ယွီက လျှို့ဝှက်ထားသည့်နေရာမှာ အင်မတန် တော်သည့်အတွက် ယွီတင်း၏ဘော့စ်အဖြစ် အကြာကြီး ရှိနေခဲ့သော်လည်း ဘယ်သူမမဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်၏။


ဝမ်ယီက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ကာဖြင့် ဆိုလေသည်။


"ဒါက မင်းဒီကို ပထမဆုံးအကြိမ်ရောက်ဖူးတာလေ...မိန်းပေါက်ကနေပဲဝင်ကြစို့"


ချီကျန်းကျန်း အိမ်လုပ် ကွတ်ကီးတွေ ဖုတ်သည့်အခါ သူတကယ်ကြီး ယူသွားချင်သည့်စဥ်ကကဲ့သို့ပင် သူအဘယ်ကြောင့် မိန်းပေါက်ကနေဝင်ချင်မှန်း  မရှင်းလင်းပါချေ။ 


ကြွားဖို့လား...


"အိုး အိုး အိုး....အိုခေ"

ချီကျန်းကျန်း ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်သည်။ 


ဝမ်ယွီက သူမကို ဦးဆောင်ကာ ခေါ်သွားပြီး နှစ်ဦးသား လက်ချင်းတွဲလျက် ဘေးချင်းကပ်၍ လျှောက်ကာ ယွီတင်း၏ဧည့်ခန်းကို ဖြတ်သွားခဲ့၏။


ယွီတင်း၏ ရှေ့ကောင်တာက လေးနက်သည့်မျက်နှာထားဖြင့် သူတို့၏မျက်နှာများပေါ်တွင် အပြုံးကိုယ်စီချိတ်ဆွဲထားပြီး အလွန် ပရော်ဖက်ရှင်နယ်ဆန်ကြသည်။


သူတို့ထဲမှ တစ်ယောက်က ခေါင်းငုံ့ကာ ဖုန်းပြန်ဖြေနေပြီး တခြားတစ်ယောက်က တစ်စုံတစ်ယောက်ဝင်လာနေသည်ကို မြင်၍ မော့ ကြည့်လိုက်ရာတွင် အနည်းငယ် အံ့အားသင့်သွား၏။ 


ချက်ချင်းပင် စားပွဲအောက်မှာကွယ်နေသည့် သူမလက်က ဘေးရှိ ဖုန်းပြောနေသည့် တစ်ယောက်ကို လှမ်းဆွဲလိုက်ပြီး အသံလျော့ကာ အမြန်ပြောလေသည်။

"ကြည့်...ကြည့်..."


ထို့ကြောင့် ဝမ်ယွီနှင့် ချီကျန်းကျန်း သူတို့ဘေးသို့ လျှောက်လာချိန်တွင် ဧည့်ကြိုနှစ်ယောက်က အပြုံးကိုယ်စီနှင့် တပြိုင်တည်း ဆိုလာ၏။

"မဂ်လာပါ ဘော့စ်... "


သူတို့သည် ချီကျန်းကျန်းကို ဆက်တိုက်ဆိုသလို ခိုးကြည့်နေကြသည်။


ဝမ်ယွီက ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။  


ဧည့်ခန်းထဲရှိ လုံခြုံရေးအစောင့်က အလျင်စလို သူတို့ကတ်တွေကို ပွတ်ဆွဲလိုက်ပြီး ဝမ်ယွီ ချီကျန်းကျန်းကို လက်တွဲ၍ ဖြတ်ဝင်သွားခဲ့၏။


သူတို့ ဖြတ်သွားပြီးနောက် ချီကျန်းကျန်း နောက်ပြန်ကြည့်လိုက်ချိန်တွင် ဧည့်ကြိုနှစ်ယောက်က သူတို့ထွက်သွားသည်ကို ကြည့်ပြီး ပြုံးနေကြဆဲဖြစ်ကာ သူမပြန်လှည့်ကြည့်သည်ကို မြင်လျှင် ဖော်ရွေစွာ ခေါင်းညိတ်ပြလာလေသည်။

 

ချီကျန်းကျန်း: "..."

ဘာလို့ မှားနေသလိုခံစားရတာလဲ...


ဘာလို့ ရုတ်တရက်ကြီး သူမက အလုပ်လာလုပ်တဲ့ အတွင်းရေးမှူးတစ်ယောက်ထက်  စစ်ဆေးဖို့လာတဲ့ ဘော့စ်ဇနီးတစ်ယောက်လိုမျိုး ခံစားလာရတာလဲ...


ဝိုင်းပယ်ကြတာတို့ မကြိုက်ကြတာတို့ ဆိုတာရော ဘယ်ရောက်ကုန်ကြလဲ...


အမှန်တွင် သူမမသိသည်ကား သူမနှင့်ဝမ်ယွီ ဓာတ်လှေကားထဲ့ဝင်သွားပြီးနောက်...


ကုမ္ပဏီ၏အတွင်းပိုင်းအဖွဲ့ကြီး ပေါက်ကွဲသွားခဲ့သည်ကိုပင်။


[ရှေ့ကောင်တာ:ဘော့စ်က ဘော့စ်ရဲ့ဇနီးကို အလုပ်ခေါ်လာတယ်!!!]


ရလဒ်တစ်ခုအနေဖြင့် ကုမ္ပဏီတစ်ခုလုံး ချက်ချင်း ဗုံးကြဲလိုက်သလိုဖြစ်ကုန်၏။


ဤသတင်းက ဝမ်ယွီ၏ ယွီတင်းမှာ ပထမဆုံး လူသိရှင်ကြား ပေါ်လာခြင်းထက် အုတ်အော်သောင်းတင်းဖြစ်မှု မလျော့ပါချေ။ 


"ဘော့စ်ဇနီး ရောက်နေတယ်တဲ့ဟေးးး...ဌာနတွေအကုန်လုံး နေရာယူကြ..."


"@မန်နေဂျာ ဝမ်...မြန်မြန်လေး...မြန်မြန်  အစီရင်ခံစာယူပြီး သူဌေးကိုတွေ့ဖို့ စောင့်ကြရအောင်"


"မန်နေဂျာ လီ...ကျွန်တော်တို့ အရင်တန်းစီကြမယ်...မသွားခင်စောင့်ဦးနော်"


"လောင်ကျန်းဘယ်မှာလဲ"

(T/N–လူအိုကြီးကျန်း )


"မန်နေဂျာကျန်းက အပေါ်ထပ်တက်နှင့်နေပြီ"


".....ကလိမ်ကကျစ်ကျလိုက်တာ..."



ဘော့စ်ဇနီး ရောက်နေတယ်...ဘော့စ်ရဲ့စိတ်ကို လွှမ်းမိုးနိုင်တဲ့ သူ...ကွတ်ကီးသေးသေးလေးတွေဖုတ်တဲ့သူ...ဒဏ္ဍာရီလာ နာမည်ကြီး ဘော့စ်ဇနီး...


သူမ ရောက်နေတာ!!!


xxxxxx