အပိုင်း ၁၇၂ (Final-1)
Viewers 26k

Part 172 (Final- 1)


သူမ အံကြိတ်ကာ သူ့ကိုစိုက်ကြည့်လိုက်၏။

"ဝမ်ယွီ... ရှင် ရှင် ရှင်"


သူမ၏နားရွက်များက သွေးတွေ ပေါက်ထွက်ကျလာမတတ် နီရဲနေပြီး တစ်ကိုယ်လုံး ပူလောင်နေခဲ့သည်။


သူမ၏ခါးကိုရစ်ပတ်ထားသည့် ဝမ်ယွီ့လက်များကလည်း အနည်းပူနွေးနေပြီး အဆုံးမဲ့ နက်ရှိုင်းလှသည့် ထိုမျက်ဝန်းများထဲတွင် မရေရာခြင်းများရှိနေကာ သူ့အသံကမူ အက်ရှနေခဲ့၏။


"ရမလားဟင်"


ချီကျန်းကျန်း သူ၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်မိသည်။

"ဘာ...ဘာတွေ​ပြောနေတာလဲ...မရဘူး...လုံးဝပဲ..စဥ်းတောင်မစဥ်းစားနဲ့..."


ထိုသို့ပြောပြီးနောက် ခြေထောက်ကိုပွတ်ကာ သူမ၏ထိုင်ခုံရှိရာသို့ပြေးသွားလေ၏။


ရုံးတွင်း ဇာတ်လမ်းလား...


လုံးဝပဲ...


သူမ ထိုင်ခုံမှာမှီကာ ဝမ်ယွီခုနက ပြောခဲ့သည့်ဟာကို တွေးလိုက်သည်နှင့် သူမတစ်ကိုယ်လုံး ပူလောင်နေဆဲဖြစ်ပြီး  မော့ကြည့်ဖို့ရာ မဝံ့သလို သူ့ကိုလည်း မကြည့်ရဲဘဲ ခေါင်းပဲငုံ့ထားနေမိသည်။


လူဆိုး...


သိပ်ဆိုးတာပဲ...


ခေါင်းငုံ့ထားကာဖြင့် နားရွက်လေးများထောင်ကာ သူမဆီသို့ချဥ်းကပ်လာသည့် ခြေသံများကို နားထောင်ရင်း သူမ အေးခဲသွား၏။


ဝမ်ယွီက ကိုယ်ကိုကိုင်း၍ သူမကိုနောက်ကျောဘက်ကနေ ပွေ့ဖက်လိုကိပြီး သူ့အသံက ရယ်ချင်ပက်ကျိဖြစ်နေသည်။


"တောင်းပန်ပါတယ် ...ကိုယ် ကိုယ့်ကိုကိုယ် မထိန်းနိုင်ခဲ့ဘူး"


"..."


"ချီကျန်းကျန်း... မင်းနားရွက်တွေနီနေတယ်"


"..."


"အရမ်းလှတာပဲ "


“…”


"ကိုယ်...စားချင်တယ်"


"!!!"


သူပြောချင်တာက အတိအကျကို"လုပ်ချင်တာတွေ"ပဲ...


သူမ ကြားလိုက်တယ်...


ဗုန်း....


သူမ၏ခေါင်းက အပူတွေဆောင့်တိုးလာမှုကြောင့် မူးဝေနေပြီ မျက်လုံးတွေ ပြူးကျယ်လာကာ ပြောစရာစကားမဲ့နေ၏။


သူမ၏နောက်ရှိ ဝမ်ယွီကမူ သူမကို စနေရသည့်အတွက် ကြိတ်ကာရယ်နေပြီး သိသိသာသာကို အင်မတန်စိတ်ကောင်းဝင်နေသည်။


ချီကျန်းကျန်း ရှက်ပြီး စိတ်ဆိုးသွား၏။


ခဏအကြာမှာ သူမ သက်မောတစ်ချက်ရှိုက်ပြီး နောက်ပြန်လှည့်ကာ သူ့ကို ပြေးဖက်လိုက်သည်။


"ဝမ်ယွီ...ရှင်...စား...လိုက်..."


သူမ အံကြိတ်၍ ခေါင်းမော့ကာ သူတို့၏နှုတ်ခမ်းများကို ပူးကပ်ပစ်လိုက်၏။


သူ့ရင်ခွင်ထဲတွင် ပူနွေး မွေးပျံ့သည့် အရာလေးရှိနေကာ ဝမ်ယွီ ခဏမျှ အံ့အားသင့်သွားပြီး ၎င်းနောက် ခေါင်းငုံ့ကာ ခဲပစ်လိုက်ပြီး သူမအားအလုံးစုံ မျိုချစားသောက်ပစ်ချင်သည့်အလား  နှုတ်ခမ်းလွှာအချင်းအချင်း ကူးလူးယှက်နွယ်ကာ ထပ်တလဲလဲ ကြင်နာယုယနေမိတော့သည်။ 


သူ့လက်က သူမလေး၏အရေပြားကို ထိလိုက်သည်နှင့် သူမလက်က သူ၏အထိမခံနိုင်ဆုံးအစိတ်အပိုင်းကို လာရောက်ထိတွေ့လာခဲ့၏။


လေထုအပူချိန်သည်ကား ပူနွေးလာခဲ့သည်။


ချီကျန်းကျန်း၏ရုပ်ပိုင်းဆိုင်ရာပြဿနာများကြောင့် ဝမ်ယွီအနေဖြင့် အချိန်အတော်ကြာ  သတ်သတ်လွတ်သမားဖြစ်နေခဲ့ရ၏။ လက်ရှိအချိန်မှာ နူးညံ့မှုတွေ နွေးထွေးမှုတွေပြည့်နှက်နေခဲ့ပြီး ဤမျှထိ ပူးပေါင်း ဆောင်ရွက်ဖြစ်နေသည်မှာ ရှားပါးလှသည်။ မူလက ဟာသတစ်ခုမျှသာဖြစ်သော်လည်း လက်ရှိတွင် သူမ ထိုဟာကို စွဲလမ်းနစ်မျောနေမိ၏။


နှစ်ဦးသား အချိန်တွေနေရာတွေကို မေ့သွားခဲ့ကြသည်။


မှန်သည်ပင်၊တံခါးပိတ်ထားခဲ့သည်ဖြစ်၍ ဘယ်သူမှ သူ့ကိုနှောက်ယှက်နိုင်မှာ မဟုတ်ချေ။


ထိုအချိန်တွင် ချီကျန်းကျန်း၏မျက်လုံးများ ပွင့်လာခဲ့ပြီး သူမ၏မျက်ဝန်းများထဲတွင် ဉာဏ်နီဉာဏ်နက်များ တောက်ပလာကာ ဝမ်ယွီထိုမျက်လုံးရွဲကြီးများ၌ မိန်းမောမိသွားချိန်တွင် သူမက သူ့ကို တွန်းထုတ်လိုက်၏။


ထို့နောက် ဝတ်စုံပြည့်ဝတ်ပြီး လှည့်ကာ ပြေးထွက်သွားလေသည်။


"ဟဟ...ကျွန်မ အတွင်းရေးမှူးရှုနဲ့သွားကစားလိုက်ဦးမယ်...ယွီယွီ ရှင့်ဘာရှင် စိတ်ငြိမ်အောင်လုပ်လိုက်တော့..."


တံခါးက ဖွင့်ပြီး ပြန်ပိတ်သွားကာ ချီကျန်းကျန်း ပျောက်ကွယ်သွား၏။


ဝမျယှီ "... "


သူ့မျက်နှာကား အကြောင်သားဖြစ်နေသည်။


ထို့နောက် သူ့မျက်လုံးများတွင် ကူကယ်ရာမဲ့မှုများ ပေါ်လာပြီး သက်အပြင်းပြင်းရှူကာ ရှည်တွဲ့တွဲ့ သက်ပြင်းမှုတ်ထုတ်လိုက်မိ၏။ 

.

ဘယ်လို မိုက်တိမိုက်ကန်းလေးလဲကွာ...


ထိုညတွင် သူ သူမကို လုံးဝ သက်ညှာမပေးခဲ့ပေ။


ယွီတင်းမှာ အလုပ်လုပ်ရသည့် နေ့ရက်များသည် အင်မတန်"ပျော်"နေရဆဲပင်။ သူမ၏နေ့စဥ် လုပ်ငန်းတာကတော့ ဝတ္ထုတွေဖတ်ပြီး ကွတ်ကီးတွေ တတိတိ ကိုက်ဝါးဖို့ဖြစ်လေသည်။ သူမခန္ဓာကိုယ်က အားမပြည့် သေးသဖြင့် သူမပင်ပန်းလာသည့်အခါများတွင် ကိုယ့်ဘာကိုယ်သာ စောင်လေးခြုံပြီး အိပ်လေ့ရှိ၏။


ရံဖန်ရံခါတွင်  သူမ အတွင်းရေးမှူးရှုနှင့် စကားသွားပြောလေ့ရှိသလို ထိုသို့မဟုတ်လျှင်လည်း ဝမ်ယွီအလုပ်လုပ်နေတာကို ကြည့်ပြီးထိုင်ကြွေ နေလေ့ရှိသည်။ နေ့ရက်တိုင်းက အင်မတန် ကြည်နူးဖွယ်ကောင်း၏။ ဝမ်ယွီလည်း အတော်လေးပျော်နေသည်ပင်၊ သူအနေဖြင့် ချီကျန်းကျန်းကို အကြိုက်ဆုံးဖြစ်ပြီး အလုပ်က ဒုတိယဖြစ်လေရာ 

ချီကျန်းကျန်း သူနှင့်အတူ အလုပ်ကို လိုက်လာသောအခါတွင် သူ၏နေ့စဥ်စိတ်အခြေအနေကား အင်မတိအင်မတန် ကောင်းနေခဲ့သည်။


သူသည် ချီကျန်းကျန်း ဆေးသောက်မသောက်စောင့်ကြည့်နေသည့်အပြင် သူမအား တစ်နေ့လျှင် 24နာရီဂရုစိုက်ပေးနေခဲ့၏။ 


နှစ်ယောက်သား လက်ချင်းတွဲလျက် အလုပ်သွားကြပြီး လက်ချင်းတွဲလျက်ပင် အလုပ်ဆင်းကြ ကာ ရုပ်ရှင်သွားကြည့်သည်ဖြစ်စေ ၊လမ်းလျှောက်ထွက်သည်ဖြစ်စေ ထိုနည်းတူပင်ဖြစ်လေသည်။ 


ဝမ်ယွီက များသောအားဖြင့် ရေခဲတုံးကြီးနှင့်တူသော်ငြား ရံဖန်ရံခါတွင်မူ ပြုံးနေတတ်သည်။


ကုမ္ပဏီကလူများသည်လည်း ထပ်တူပင်ပျော်ရွှင်နေကြပြီး တင်းကြပ်သည့် စံပြအလုပ်သမားဘော့စ်တစ်ယောက်ရှိနေသဖြင့် သူတို့၏နေ့ရက်များကို ကြိုတင်မှန်းဆ၍မရပေ။


ဒါပေမဲ့ အခုတော့ မတူတော့ဘူးလေ...ဘော့စ်ဇနီးက ဘော့စ်နဲ့အလုပ်လိုက်လာပြီကွ...


ဘော့စ်က ထူးထူးဆန်းဆန်း စကားတွေများလာသည်။ ဘော့စ်အဆင်ပြေလျှင် လက်အောက် ဝန်ထမ်းတွေအကုန်လုံးလည်း အဆင်ပြေပြီး ဘော့စ်အချိန်ပိုမလုပ်လျှင် လက်အောက်ဝန်ထမ်းတွေအကုန်လုံးလည်း အချိန်ပို ခဏခဏမလုပ်ကြရတော့ဘဲ ကုမ္ပဏီ၏လေထုတခွင်လုံး ပေါ့ပါးသွား၏။


ရက်အနည်းငယ်အကြာတွင် အားလပ်ရက်ယူထားသူ ကျန်းယဲ့ပြန်ရောက်လာခဲ့သည်။


"မင်း ခွင့်တစ်လယူထားတာမလား...ဘယ်လိုဖြစ်လို မြန်မြန် ပြန်လာတာလဲ"

ဝမ်ယွီ အနည်းငယ်အံ့အားသင့်နေပြီး မျက်ခုံးပင့်ကာ မေးလိုက်သည်။


ကျန်းယဲ့က မကျေမနပ်ဖြင့် ပြောလိုက်၏။

"ဝိုး...မင်းက မိန်းမရှိနေပြီဆိုတော့ တော်တော် လုံလောက်နေပြီပေါ့...ညီအကိုကိုတောင် အရမ်းတွေ စက်ဆုပ်ပြီး မလိုအပ်တော့ဘူးလား...မင်းက သူငယ်ချင်းတွေထက် ချစ်သူကိုပိုအရေးပေးနေတာပဲ..."


ဝမ်ယွီ၏မျက်နှာကတော့ အေးအေးဆေးဆေးပင် ။

"မင်း အခုမှသိတာလား"


ကျန်းယဲ့:"..."


သူ လက်ဖက်ရည်ခွက်ကို ကောက်မ၍ ကြမ်းကြမ်းတမ်းတမ်းတမ်း သောက်ပစ်လိုက်ကာ ဝမ်ယွီနှင့် အချင်းမပွားဖို့ ဆုံးဖြတ်ပြီး သက်ပြင်းချလိုက်၏။


"ငါ အစတုန်းက ရည်းစားထားချင်ပေမဲ့ လူမှန်သူမှန်မ​ဆုံဆည်းခဲ့ရဘူးလေ...နှစ်ယောက်ဆက်တိုက်မှာ တစ်ယောက်က *ပင်လယ်ဘုရင်...တစ်ယောက်က သကြားဖေဖေလိုချင်နေတာ...ထားလိုက်ပါတော့... အလုပ်ပြန်လုပ်တာပဲကောင်းတယ်..."

(T/N–ရည်းစားထည်လဲတွဲသူ)


ဝမ်ယွီ၏နှုတ်ခမ်းထောင့်စွန်းမျ အနည်းငယ် ကော့တက်လာပြီး မသိမသာဖြင့် သူ့ကိုယ်သူ တော်တော်လေး ဂုဏ်ဆာနေလေသည်။

"နင့်နင့်နဲနဲချစ်ရမဲ့လက်တွဲဖော်က ဘယ်လိုလုပ်လွယ်လွယ်ကူကူရှာလို့ရမှာလဲ"


ကျန်းယဲ့က ဆိုလိုက်၏။

"အေးပေါ့...ငါအများကြီးမတောင်းဆိုပါဘူးကွာ...မင်းမိသားစုက ချီကျန်းကျန်းလောက်ဆိုရင်ကို ဘယ်လောက်....."


သူ ရုတ်ချည်း ရပ်သွားသည်၊ အကြောင်းမှာ ဝမ်ယွီက သူ့ကို သေအောင်စိုက်ကြည့်နေသောကြောင့်ပင်။


"ငါက ဒီတိုင်းနှိုင်းယှဥ်ပြတာပါ...မင်းမိသားစုက ချီကျန်းကျန်းကို ကြိုက်တယ်လို့ ပြောတာမဟုတ်ပါဘူး"

ကျန်းယဲ့ ကသောကမျောရှင်းပြလိုက်ရသည်။


ဝမ်ယွီက နှာမှုတ်လိုက်၏။


"ဘာကို အများကြီးမတောင်းဆိုရမှာလဲ...ဟမ့်...အဲ့လိုသာဆို မင်းတစ်သက်လုံး ရှာတွေ့မှာမဟုတ်ဘူး"


ကျန်းယဲ့: "... "


ဝမ်ယွီ: "မင်းအလုပ်ပြောင်းလိုက်"


ကျန်းယဲ့:"ဘာအလုပ်လဲ"


"လေယာဥ်မှူးသွားလုပ်ချေ"


ဝမ်ယွီက သူ့ကိုဗြောင်တင်းတင်းကြည့်လာသည်။

 "အာကာသထဲသွားရှာ"


ကျန်းယဲ့: "... "

သူပြောနေတာက ကမ္ဘာပေါ်မှာ ချီကျန်းကျန်းထက်ကောင်းတဲ့ မိန်းမမရှိဘူးလို့လား...ညီတူတာလေးတောင် မရှိဘူးလား...


သူအနေဖြင့် တစ်စုံတစ်ခုကို ပါးစပ်အပြည့်အကျွေးခံလိုက်ရသလို ခံစားရပြီး စိတ်ကုန်ချင်လာ၏။


ကျန်းယဲ့ ပြန်ခံငြင်းဖို့ စိတ်ပေါက်သွားသော်လည်း ချုပ်တည်းထားလိုက်သည်။


ဒါက ဘော့စ်...ဒါက ဘော့စ်...ဒါက ဘော့စ်...


 တိတ်တိတ်လေး သုံးကြိမ်တိုင်တိုင် ရွတ်ပြီး ကျန်းယဲ့ စိတ်လျော့ကာ ဝမ်ယွီ၏"ဟာသ"ကို လျစ်လျူရှုထားဖို့ ဆုံးဖြတ်လိုက်၏။ 


xxxxx