အပိုင်း ၁၇၃ (Final-2)
Viewers 33k

Part 173 (Final - 2)


သူ ဗလာဖြစ်နေသော ပန်းရောင်ထိုင်ခုံကိုကြည့်ပြီးမေးလိုက်သည်။


 "ချီကျန်းကျန်းရော...ဘာလို့ သူ့ကိုမတွေ့တာလဲ"

.

"သွားကစားနေတယ်"

ထိုစကားကို ပြောပြီး ဝမ်ယွီနှုတ်ခမ်းဆူလိုက်ကာ အနည်းငယ် စိတ်ဆိုးလာ၏။


"ဘာရယ်"

ကျန်းယဲ့၏မျက်နှာက အူကြောင်ကြောင်ဖြစ်သွားသည်။


ဝမ်ယွီကပြောလိုက်၏။


"သူ ကုမ္ပဏီကို စလာတုန်းက နေ့တိုင်း  ရုံးခန်းထဲမှာ ငါနဲ့တူတူနေတာ...အခုကျတော့..... သူက အမြဲတမ်း အတွင်းရေးမှူးရှုဆီ ခဏတဖြုတ်သွားတယ် ...ပြီးရင် အောက်ထပ်ဆင်းပြီး ဝေယျာဝစ္စတွေသွားကူတယ်...ပြီးရင် ရှေ့ကောင်တာကိုသွားတယ်"


"ဖူး..."

ကျန်းယဲ့ ရေတွေထွေးထုတ်မလုမတတ် တဟွတ်ဟွတ်သီးသွားပြီးမေးလိုက်သည်။

"သူ ကုမ္ပဏီမှာ အဆင်ရောပြေလား"


"သိပ်သိပ်ပြေ...သူက ငါနဲ့တောင် အတူတူမစားချင်တော့ဘူး...ပြီးတော့ မရေမတွက်နိုင်တဲ့ gpတွေထဲဝင်တယ်...ဘော့စ်မပါတဲ့ ဝန်ထမ်းများgpကိုတောင် ထောင်ထားသေးတယ်"

ဝမ်ယွီက ငါးသေတစ်ကောက်လို မျက်နှာထားကို ဆင်မြန်းထားလေ၏။


ဘော့စ်မပါတဲ့ဝန်ထမ်းများ groupဟု ခေါ်ရခြင်း၏ အဓိပ္ပါယ်မှာ ယွီတင်းတစ်ခုလုံး၊သူမှလွဲ၍ပါသည့် groupဟူသည်ပင်။


ထို့အပြင် ထိုဟာကို ဘယ်သူစထောင်မှန်း သူမသိပါချေ။


ကျန်းယဲ့ ဝမ်းသာနေသည်။

"မင်းနည်းနည်းလောက် ချဥ်တူးနေတယ်လို့ ငါဘာလို့ထင်နေမိပါလိမ့်...ဒီရှာလကာရည်လေး ကိုတောင် မင်းမသောက်နိုင်ဘူးလား...သူက ရုံးခန်းထဲမှာ မင်းနဲ့တူတူမနေရုံတင်လေ...မင်းက တွယ်ကပ်လွန်းနေတာမဟုတ်ဘူးလား...သူပျော်နေတာ ကောင်းပါတယ်"


ဝမ်ယွီက သူ့ကို ကြည့်လာပြီး ခဏအကြာတွင် တုံးတိကြီး ပြောလေသည်။


"ထွက်သွားစမ်း "


သူ့ကိုမပြောပြနိုင်လောက်အောင်ထိ ချီကျန်းကျန်း သူတို့နှင့် ဘာအကြောင်းတွေပြောနေမှန်း သူသိချင်မိပါ၏။ 


ထိုဟာက မိန်းမချင်းစကားဝိုင်းဖြစ်ကာ မိန်းကလေးတွေမှာ မိန်းကလေးဆန်ဆန်လျှို့ဝှက်ချက်တွေရှိပြီး သူမအနေဖြင့်  ယောကျာ်းလေးတွေသိ၍မရသော အကြောင်းအရာများကို မိန်းကလေးချင်း သီးသန့်စကားပြောနေရသည်ဟုလည်း သူမကဆိုသေးသည်။


ဝမ်ယွီလည်း ကျန်းယဲ့နှင့်စကားပြောကြည့်ပေမဲ့...


ဟီးဟီး


အမှန်တွင် ကျန်းယဲ့ ချီကျန်းကျန်း ဘာလုပ်နေမှန်း သိပါ၏။


သူ အားလပ်ခွင်ကနေစောစောပြန်လာရသည့် အကြောင်းပြချက်မှာ gpထဲမှာ သတင်းတွေတွေ့သောကြောင့် ဖြစ်သည်။ချီကျန်းကျန်းနှင့် စကားစမြည်ပြောပြီးနောက်  သူ  အားလပ်ခွင့်ကို ချက်ချင်းအဆုံးသတ်ပြီး အပြေးပြန်လာခဲ့သည်။


ကျန်းယဲ့ပြန်လာပြီးနောက် ချီကျန်းကျန်း ဖုန်းကိုကိုင်ကာ မက်ဆေ့ချ်တွေ ပို၍ခပ်စိတ်စိတ် ပို့နေခဲ့၏။


ကုမ္ပဏီတွင် သူမက သူ့ကိုချောင်ထိုးကာ အောက်ထပ်တွေကို နေ့တိုင်းပြေးဆင်းလေ သည်။ စားနေစဥ်မှာလည်း ဖုန်းကိုင် မက်ဆေ့ချ်တွေပို့နေပြီး အိမ်မှာပင် မကြာခဏ ဖုန်းကိုင် မက်ဆေ့ချ်ပို့နေကာ ရံဖန်ရံခါ မျက်မှောင်ကြုတ်ကာ ရံဖန်ရံခါ ရယ်မောနေ၏။ 


ဝမ်ယွီ့တစ်ကိုယ်လုံး သိပ်အဆင်မပြေတော့ပေ။


သူ ချီကျန်းကျန်းကိုမေးကြည့်သော်လည်း သူမက သူ့ကိုပြောမပြပေ။


တစ်ချိန်တည်းမှာပင် သူဖြတ်သွားစဥ် ထိုကုမ္ပဏီgpမှာ သူ့ဝန်ထမ်းအုပ်စုရှိမနေသည်ကို "အမှတ်မထင်"မြင်လိုက်ရ၏။ 


နောက်တစ်နေ့တွင် ချီကျန်းကျန်း အောက်ထပ်သို့ဆင်းသွားပြန်သည်။


ဝမ်ယွီ မချုပ်တည်းနိုင်တော့ဘဲ သူ့ဖုန်းကို ထုတ်ကာဖြင့် အတွင်းရေးမှူးနင်ကိုဖိအားပေး၍ သူ့ကို ထည့်ခိုင်းခဲ့ပြီး ၎င်းနောက်...သူ ငြင်းပယ်ခံလိုက်ရ၏။


သူ့မျက်နှာ မည်းမှောင်သွားသည်။


ခဏမျှ စဥ်းစားပြီးနောက် နံပါတ်အသေးတစ်ခုလျှောက်ပြီး အတွင်းရေးမှူးနင်ကို ထပ်ထည့်ခိုင်းပြန်၏။


ဤတစ်ကြိမ်တွင် သူဝင်၍ရသွားသည်။


သို့သော်ငြား သူဘာမှမဘာရသေးခင်တွင် မက်ဆေ့ချ်တစ်ခုကိုမြင်လိုက်ရ၏။


[ချီကျန်းကျန်း: ဒါက ဝမ်ယွီ့ဒုတိယအကောင့်ပဲ!!!]


၎င်းနောက် သူ ဘာမှမပြောလိုက်ရသေးခင်တွင် သူ...အကစ်(kick)ခံလိုက်ရလေသည်။


ဝမ်ယွီ့မျက်နှာကား မီးသွေးခဲလိုမဲမှောင်သွားပြီး အတွင်းရေးမှူးနင်ကို သေစေနိုင်လောက်သည့် အကြည့်နှင့် စိုက်ကြည့်လိုက်သည်။


"ဒီgroupရဲ့ပိုင်ရှင်က ဘယ်သူလဲ "


အတွင်းရေးမှူးနင်: "..... ဘော့စ်ဇနီး"


ဝမျယှီ "..."


ဝမ်ယွီ ယနေ့စိတ်အခြေအနေမကောင်းပေ။သူ ချီကျန်းကျန်း၏ရှေ့တွင် တမင်တကာ မျက်နှာကြီးပုတ်သိုးထား၏။ပုံမှန်အတိုင်း သူမကိုဂရုစိုက်မြဲဖြစ်သော်လည်း စကားတစ်ခွန်းမှမပြောပေ။ သူ့မျက်နှာထက်တွင်"ကိုယ်မပျော်ဘူး" "စိတ်ထဲမှာတစ်ခုခုရှိနေတယ်" "ကိုယ့်ကို မေးကြည့်ပြီး ချော့လို့ရတယ်"ဆိုသည်များနှင့် ပြည့်နေလေသည်။


သို့ပေမဲ့ ချီကျန်းကျန်းကတော့ သတိတောင်မထားမိ...


ညရောက်သောအခါတွင်လည်း သူအမြဲတမ်း ချီကျန်းကျန်းကို စောင့်ပြီးမှအိမ်လေ့ရှိသော်ငြား မစောင့်ခဲ့ပေ။ 


ဝမျယှီ "..."


သူလည်း စိတ်ဆိုးတတ်ပါတယ်နော် အိုခေ...


 မချော့ဘဲနဲ့ အဆင်ပြေမှာမဟုတ်တဲ့ ကိစ္စမျိုးပဲ...


သို့ပေမဲ့ ချီကျန်းကျန်းကမူ နောက်တစ်နေ့ သူ ကုမ္ပဏီသွားသည့်တိုင်အောင် မချော့ခဲ့ပါချေ။


အရမ်း စိတ်ဆိုးတယ်...


သူ့ကို ပိုပြီးတောင်  ဒေါသထွက်​စေသည်ကား 12ထိုးတွင် ချီကျန်းကျန်းက သူ့ကို မက်ဆေ့ချ်တစ်စောင် ပို့လာခဲ့သည်။


[ကျွန်မ ဝန်ထမ်းကန်တင်းမှာပဲ အတွင်းရေးမှူးရှုတို့ ရှောင်ကျန်းတို့နဲ့ အတူတူစားနေတာ...ရှင်ကျွန်မကို စောင့်စရာမလိုဘူးနော်"


ဝမ်ယွီ စိတ်တိုလွန်း၍ ဖုန်းကိုပစ်ခွဲမိလုမတတ်ပင်။


သူ ချီကျန်းကျန်းဆီသို့ မက်ဆေ့ချ် နှစ်စောင်ပို့လိုက်သော်လည်း တစ်ဖက်လူက စာပြန်မလာပေ။


ဝမ်ယွီ သူ့ရှေ့တွင် အရည်သောက်မျိုးစုံ၊ဟင်းမျိုးစုံနှင့် ထိုင်နေရင်း နှုတ်ခမ်းဆူနေပြီး မျက်နှာက မသာမယာဖြစ်နေ၏။


တံခါးအပြင်မှ လက်ထောက်ကောင်းနှင့် အတွင်းရေးမှူးနင်တို့၏အသံများထွက်လာခဲ့သည်။


"အလုပ်သင်အသစ်က အရမ်းချောတာပဲ"


"ဟမ်...တကယ်ကြီးလား"


"တကယ်ပေါ့...အမှန်ပဲ...ကျန်းကျန်းတောင် သူကချောတယ်လို့ထင်နေတာ...အခုဆို ကျန်းကျန်းက အတွင်းရေးမှူးရှုရယ် ရှောင်ကျန်းရယ် ဝန်ထမ်းကန်တင်းက ကောင်မလေးတွေရယ်နဲ့စုပြီး သွားကြည့်နေတာ"


"ဘန်း..."


ဝမ်ယွီ သူ့ခွက်ကို ပေါက်ခွဲလိုက်လေသည်။


သူက မတ်တပ်ထရပ်၍ ရုံခန်းအပြင်ကို မျက်နှာထားတည်တည်နှင့် ထွက်လာပြီး သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် မည်းမှောင်နေကာ သူ့မျက်လုံးတွေက လူသတ်ဖို့ရည်ရွယ်ချက်ဖြင့် ဓားသွားများကဲ့သို့ စူးရှနေခဲ့၏။


သူ ဓာတ်လှေကားဆီသို့ လျှောက်သွားပြီး ဝန်ထမ်းကန်တင်းဆီသို့ တန်းတန်းမတ်မတ်သွားလေသည်။


ဝမ်ယွီ စိတ်အခြေအနေဆိုးရွားနေခဲ့၏။ လမ်းမှာ တွေ့သမျှကုမ္ပဏီဝန်ထမ်းတိုင်းက သူ့ကို အသံရွှင်ရွှင်နှင့် နှုတ်ဆက်ကြသော်လည်း သူ ဘယ်သူ့ကိုမှ အရေးမလုပ်ခဲ့ပေ။


အသဲနှလုံးကို ဓားဖြင့်မွှေနှောက်ခံနေရသလို ခံစားနေရသည့် ဝမ်ယွီအနေဖြင့် တခြားသူများအား အာရုံစိုက်နိုင်ဖို့ရာ ခဲယဥ်းလှပေသည်။


အလုပ်သင်အသစ်က ချောလား...သူ့ထက် ပိုချောလား...ကျန်းကျန်းရော သူကို့ကြိုက်သွားလား...


သူ့စိတ်ထဲတွင် အတွေးများစွာ စုပုံမြင့်တက်လာပြီး ဒေါသတွေ၊မခံမရပ်နိုင်မှုတွေ၊ကြောက်ရွံ့မှုတွေက နောက်ဆုံးတွင် ထိန်းမရနိုင်အောင် ကြောက်စိတ်မွှန်လာစေခဲ့သည်။ 


ဝမ်ယွီ ဝန်ခံပါ၏။

.

သူ ကြောက်နေမိသည်။


သူ ချီကျန်းကျန်း ထွက်သွားမှာကိုကြောက်သည်၊ သူမ နောက်တစ်ယောက်ကို ချစ်မိသွားပြီး သူ့ကို မကြိုက်တော့မှာကိုကြောက်သည်။


သူ့နှုတ်ခမ်းများက တင်းတင်းစေ့နေပြီး ကန်တင်းတံခါးဝဆီသို့ ရောက်သွားချိန်တွင် အနည်းငယ် တန့်သွားခဲ့၏။ ခဏအကြာတွင် အသက်ပြင်းပြင်းရူကာ အထဲကို လှမ်းဝင်လိုက်သည်။


သူ ချီကျန်းကျန်းကိုမယုံခြင်း မဟုတ်ပါလေ။


အစိုးရိမ်လွန်နေမိပြီး မတော်တဆသေးသေးမွှားမွှားလေးတောင် မဖြစ်မခံနိုင်ခြင်းဖြစ်ပါ၏။


သူ ကန်တင်းထဲ ဝင်လိုက်သည်နှင့်–


"ဖျောင်း...ဖျောင်း"


"အိုး"


"ဖျောင်း ဖျောင်း"


 ဖဲကြိုးတွေနှင့် ရုတ်ရုတ်သဲသဲအသံများက တပြိုင်တည်းပေါ်ထွက်လာခဲ့သည်။


ကန်တင်းတစ်ခုလုံး ဗလာဖြစ်နေပြီး မနီးမဝေးတွင် မြေပြင်အနှံ့ ရဲဲရဲတောက်နေသော နှင်းဆီနီများ ဖြန့်ကျဲထားကာ မရေမတွက်နိုင်သော ပူဖောင်းများက လေထဲတွင် ဝဲပျံနေကြ၏။ ကုမ္ပဏီဝန်ထမ်းအကုန်လုံးနီးပါးက ဝိုင်းဖွဲ့နေကြပြီး လူတိုင်း စိတ်လှုပ်ရှားကာ အတင်းအဖျင်းတွေပြောနေပုံရသည်။


အတွင်းရေးမှူးရှုနှင့် ရှောင်ကျန်းတို့က သိပ်မဝေးသည့်နေရာတွင် မတ်တပ်ရပ်နေကြပြီး သူတို့၏လက်များထဲတွင် ပူဖောင်းများ အပြည့်အသိပ်ရှိနေလေသည်။ 


အလုပ်သင်အသစ်တွေလည်း မရှိသလို ဘာမတော်တဆမှလည်းဖြစ်မလာခဲ့။


ပန်းခင်းလမ်းတလျှောက်ကြည့်လိုက်ရာတွင် လမ်းဆုံး၌ သူ၏ အချစ်ရဆုံး၊တစ်ဦးတည်းသောချစ်ရသူလေးက နီရဲရဲ ရှက်ဝဲဝဲလေးဖြင့်  ပန်းကမ္ဘာကြီးအလယ်မှာ ရပ်နေခဲ့လေသည်။


ဝမ်ယွီ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမလေးအား အံ့ဩ မှင်သက်စွာကြည့်လိုက်မိ၏။


xxxxxx