Part 174 (Final -3)
ချီကျန်းကျန်း အင်မတန် စိတ်လှုပ်ရှားနေ၍
ရင်ခုန်သံများက ထိန်းမရနိုင်အောင်ဖြစ်နေကာ တစ်ကိုယ်လုံး အတော်ကို တုန်ရီနေပြီး ကြိုပြင်ဆင်ထားသည့် စာသားများကို လုံးလုံးလျားလျား မေ့သွား၏။
သူမ အမှန်တွင် အရမ်းတွေ ခမ်းခမ်းနားနားလုပ်ဖို့ မရည်ရွယ်ခဲ့သလို လူအများကြီးရှေ့မှာ လုပ်ဖို့လည်း မရည်ရွယ်ခဲ့ သော်ငြား ဝမ်ယွီက ချစ်မိသွားသည့်အချိန်တွင် တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိပုံပေါ်နေပေမဲ့လည်း သူက မူလတန်းအဆင့်မှာပဲ ရှိနေသေးသည်ဟု အတွင်းရေးမှူးရှုက ဆိုသည်။
သူက လှည့်ဖြားနေမှာ၊ထုတ်ကြွားနေမှာဖြစ်ကာ ကလေးလည်းဆန်နေမှာဖြစ်၏။
ချီကျန်းကျန်း ထိုဟာက ရယ်စရာကောင်းသည်ဟုခံစားလိုက်ရပြီး သူ့ကို စိတ်ကျေနပ်အောင် မလုပ်ပေးပဲ မနေနိုင်ခဲ့။
သူမ၏ရှေ့တွင် ဝမ်ယွီက အပေါက်ဝ၌မတ်တပ်ရပ်နေပြီး သူမအား စိတ်လွင့်နေသလိုမျိုး ကြောင်တက်တက်နှင့် ကြည့်နေလေသည်။
.
အချိန်အတော်ကြာမှသာ သူ့ခြေထောက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး သူမဆီသို့ လျှောက်လာခဲ့၏။
သူ့အကြည့်များက ထင်မှတ်မထားမှုတွေ၊အံအားသင့်မှုတွေဖြင့် တောက်လောင်နေခဲ့ပြီး တစ်လှမ်းပြီးတစ်လှမ်း သူမဆီသို့ ခိုင်ခိုင်မာမာ လှမ်းလာနေခဲ့သည်။
ချီကျန်းကျန်း အသက်ပြင်းပြင်းရူလိုက်ပြီး သူမအသံက တုန်ခါနေခဲ့၏။
"ယွီယွီ... ကျွန်မကိုအများကြီးချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ပြီးတော့ ကျွန်မကို အိမ်လေးတစ်လုံးပိုင်ဆိုင်ခွင့်ပေးတဲ့အတွက်ရော...ဒီကမ္ဘာကြီးထဲမှာ ဆိုင်ရာပိုင်ရာ ရပ်ဝန်းလေးတစ်ခုပေးတဲ့အတွက်ရော ရှင့်ကို ကျေးဇူးတင်ပါတယ်"
ဤသည်ကား သူမ၏ကမ္ဘာမဟုတ် သူ၏ကမ္ဘာသာဖြစ်လေသည်။
သို့ပေမဲ့ သူ့ကြောင့် ဤကမ္ဘာကြီးက သူမ၏ကမ္ဘာကြီးပါ ဖြစ်လာခဲ့ပြီး သူမအား ဤနေရာတွင် ထာဝရနေသွားချင်မိလာစေခဲ့၏။
“
"ရှင်မပြောပေမဲ့ ကြောက်နေခဲ့မှာမှန်း ကျွန်မအမြဲ သိပါတယ်...အဲ့ဒါကြောင့် နှစ်သစ်ကူး ညလည်ခေါင်တိတိမှာ လက်ထပ်ခွင့်တောင်းတာကို ရှင် တစ်ခါမှ ဆက်မလုပ်တော့တာ... လက်စွပ်ရှာတွေခဲ့ပေမဲ့ ရှင်မထုတ်ခဲ့ဘူး"
သူမလဲကျသွားသည့်အချိန်တုန်းက ဝမ်ယွီ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူမကိုဆေးရုံပို့ပေးခဲ့သည်။ သူလက်စွပ်ကမူ ပျောက်သွားခဲ့၏။
သို့ပေမဲ့ ဝမ်ကျင်းအိမ်ရာထဲမှာဖြစ်၍ ရှာဖို့လွယ်ကူလေသည်။
သူထိုဟာကို ဘယ်သောအခါမှ မထုတ်ခဲ့ဘဲ ထိုလက်ထက်ခွင့်တောင်းမှုကို ဆက်တောင် မလုပ်ရဲခဲ့ပေ။
သူ သူမအား သူ့ကို ရူးရူးမူးမူးလက်ထပ်စေချင်ပါသော်ငြားလည်း လက်စွပ်ထုတ်ဖို့ကိုမဆိုထားနှင့်၊ လက်ထပ်ခွင့်တောင် မတောင်းဝံ့ပါချေ။
.
သူ ကြောက်နေမိသည်။
ယင်းညမှ ဖြစ်ရပ်များသည် သူ့အပေါ်တွင် စိတ်ပိုင်ဆိုင်ရာ အရိပ်မဲကြီးတစ်ခုစွဲထင်စေခဲ့သဖြင့်
သူ မဝံ့ခဲ့ခြင်းဖြစ်ပြီး သူ လက်ထပ်ခွင့်တောင်းဖို့ ဒူးထပ်ထောက်လိုက်သည်နှင့် အိမ်မက်ဆိုး တဖန်ပြန်ဖြစ်လာမှာ သူကြောက်နေမိ၏။
သူမ သူ့ကို နီရဲနေသည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။
"ကျွန်မရှင်နဲ့ အမြဲအတူရှိနေပါ့မယ်လို့ ကတိပေးပါတယ်... ဘယ်အချိန်ပဲရောက်ရောက် ဘာတွေပဲ ဖြစ်လာလာ...ကျွန်မ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး...သေခြင်းနဲ့ရှင်ခြင်းကြားက စည်းပေါ်မှာ ရောက်နေတဲ့အချိန်အတွင်းမှာ ဆိုရင်တောင် ကျွန်မရှင့်ကို ပေးထားတဲ့ကတိကို မှတ်မိနေပြီး အတူရှိဖို့ ပြန်လာခဲ့မှာပါ"
ဝမ်ယွီက ကြောင်အနေဆဲဖြစ်ပြီး သူ့မျက်လုံးများက နီရဲပြီး မျက်ရည်ခပ်ပါးပါး ဝေ့သီနေသော်ငြားလည်း ဦးနှောက်ထဲတွင်မှု ဗလာဖြစ်နေဆဲပင်။
"ယွီယွီ... မကြောက်ပါနဲ့... ကျွန်မ ဒီမှာပဲ အမြဲရှိနေမှာပါ...ဘယ်တော့မှ ထပ်ထွက်မသွားတော့ဘူး...ဒီဘဝမှာ ဒီကတိကို ဆုံးခန်းတိုင်အောင်လုပ်မှာပါ...ကျွန်မ ဘယ်တော့မှ ရှောင်ဖယ်မှာမဟုတ်ဘူး"
"ဒီကမ္ဘာပေါ်မှာ ရှင်က ကျွန်မအတွက် အရာရာပါပဲ... ကျွန်မ အိမ်မက်ဆိုးကနေနိုးထနိုင်ခဲ့တာက ရှင်က ကျွန်မရဲ့အားအင်ဖြစ်နေလို့ပါ...ရှင်အတွက်သာဆိုရင် ကျွန်မအများကြီး စွန်လွတ်နိုင်ပါတယ်...ယွီယွီ.... ကျွန်မလည်း ရှင့်ကို ချစ်တယ် အများကြီး...အများကြီး"
ဤဘဝတွင် သူမနှင့်ခရီးဆက်ရမည့်လူက ဝမ်ယွီမဟုတ်ပါလျှင် ဤကမ္ဘာ၌ နေစရာအကြောင်းအရင်းမရှိတော့ပါချေ။
သူမ၏ မျက်လုံးရွဲကြီးများမှ မျက်ရည်များစီးကျနေပြီး ဝမ်ယွီဝှက်ထားသည့်လက်စွပ်ကို တုန်တုန်ရီရီဖြင့် ထုတ်ယူလိုက်ပြီး သူမ၏အသံက ငိုနေရင်းဖြစ်သည့်အတွက် အက်ကွဲနေခဲ့သည်။
ဝမ်ယွီက ဘာမှပြောမပါချေ။ မျက်ရည်တွေ ပြည့်လျှန်းနေသည်မှာ ကြာပြီဖြစ်သော သူ့မျက်လုံးများကြောင့်သာမဟုတ်ပါလျှင် သူစိတ်မဝင်စားဘူးဟု လူတွေထင်မှာစိုးရပါ၏။
သူ့နှလုံးသားထဲရှိ တုန်ခါနေမှုသည်ကား ကမ္ဘာမြေကြီး တုန်ဟီးပျက်စီးနေကဲ့သို့ပင်။
သူတို့ ပတ်ဝန်းကျင်မှ သောင်းသောင်းဖြဖြအသံထွက်ပေါ်လာလေသည်။
"လက်ထပ်လိုက်...လက်ထပ်လိုက်..."
"သူမကိုလက်ထပ်..."
"ဟားဟား...သူမကိုလက်ထပ်..."
…
သူ သူမကိုအကြာကြီးကြည့်နေပြီးမှ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရသွားပြီး
တုန်တုန်ရီရီဖြင့် လက်ကိုဆန့်ကာ လက်စွပ်ကိုပွတ်သပ်လိုက်၏။
.
ဝမ်ယွီ ကြောက်နေမိသည်။
ထိုလက်စွပ်ကို ကိုင်ရုံနဲ့တင် သူ့အား ထိတ်လန့်လာစေ၏။
သူ့ရှေ့တွင် ချီကျန်းကျန်းက သူ့ကို မလွှဲတမ်းကြည့်နေခဲ့ပြီး သူမလေး၏မျက်နှာထက်၌ မျက်ရည်အပြည့်ဖြစ်နေကာ သူမ၏မျက်ဝန်းများတွင်ကား ခိုင်မာမှုများ အားပေးလိုမှုများရှိနေခဲ့သည်။
ဝမ်ယွီ တုန်တုန်ရီရီဖြင့် နှုတ်ခမ်းသပ်လိုက်ပြီး သူ့အသံက အက်ရှနေခဲ့၏။
"Proposeလုပ်တာမျိုးကို... ကိုယ်...ကိုယ်ပဲလုပ်ပါရစေ"
သူ ဖြည်းဖြည်းချင်း ဒူးထောက်ကာ ခေါင်းမော့၍ သူမကို ကြည့်လိုက်ပြီး သူ့မျက်လုံးများရှိ စိတ်လှုပ်ရှားမှု၊ကြောက်ရွံ့မှုနှင့်စိုးထိတ်မှုများကို သူမအားအလုံးစုံ ဖွင့်ဟပြသနေခဲ့သည်။
သို့ပေမဲ သူ မကြောက်ပါချေ။
သူ့ရှေ့ရှိ အမျိုးသမီးသည် သူ၏အကြောက်တရား၊သူ၏ မဝံ့မရဲဖြစ်မှုတို့နှင့် သူ၏ လွမ်းမိုးချုပ်ခြယ်လိုမှု၊သံသယလွန်ကဲမှုတို့ကို သည်းခံနိုင်ကြောင်း သူသိပါ၏။
အသက်ထက်ပိုအရေးကြီးသော ရတနာလေးတစ်ခုကို ရရှိထားသည့်အတွက် သူ့အနေဖြင့် ထိုဟာလေး လွှတ်ကျမှာ၊ထိခိုက်မိမှုစိုးသောကြောင့် သူ့လက်များထဲတွင် ဂရုတစိုက် ကိုင်ထားခဲ့သည်။
သို့ပေမဲ့ ယခုတွင် သူ၏ရတနာလေးက သူ့ကိုပြောလာ၏။
'ရှင် ဒီလောက် ကြောက်နေစရာမလိုပါဘူး...ကျွန်မ ဒီနေရာမှာပဲအမြဲရှိနေမှာ...ဘယ်တော့မှ ထွက်သွားမှာဟုတ်ဘူး"ဟူ၍ပင်။
ဝမ်ယွီ သူ့ပါးစပ်ကိုဖွင့်ဟလိုက်ကာ သူ့အသံက ပို၍ပင် အက်ရှလာပြီး သူ့မျက်လုံးများကမူ ချစ်မြတ်နိုးမှုများ အပြည့်နှင့်။
"ချီကျန်းကျန်း... ကိုယ်မင်းကို ချစ်တယ်... မင်းက ကိုယ့်အတွက် အသက်ထက်ကိုပိုအရေးကြီးတဲ့သူပါ....မင်း....ကိုယ့်ကိုလက်ထပ်ဖို့ဆန္ဒရှိရဲ့လား"
သူ့လက်များက တင်းတင်းဆုပ်လျက်ရှိပြီး သူကား အလွန်အမင်း စိတ်လှုပ်ရှားနေကာ အင်မတိအင်မတန်လည်း စိုးရွံ့ပြီးကြောက်စိတ်မွန်နေခဲ့သည်။
ချီကျန်းကျန်း သူ့ကိုစိတ်မပျက်စေခဲ့ဘဲ လက်ဆန့်ကာ အော်လိုက်၏။
"ဆန္ဒရှိတယ်... ဆန္ဒရှိတယ်လို့..."
ဝမ်ယွီ ချက်ချင်း ပြုံးသွားခဲ့ပြီး သူ့မျက်ခုံးများ ပက့်တက်လာကာ ပြုံးနေရင်း မျက်ရည်များကျလာခဲ့သည်။
သူ အကြာကြီး ကတုန်ကယင်ဖြစ်နေပြီးမှ နောက်ဆုံးတွင် သူ့မလက်ပေါ်မှာ လက်စွပ်ဝတ်ပေးနိုင်သွား၏။ လက်စွပ်ကို ငုံ့ကြည့်ရင်း သူ ငိုရင်း ရယ်နေခဲ့သည်။
အချိန် အနည်းငယ်ခန့်ကြာသော်...
သူ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ လက်ဆန့်၍ သူ့ရှေ့ရှိ သွယ်လျလျအမျိုးသမီးလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
သူ သူမအား အင်မတန် တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့သည်။
ချီကျန်းကျန်းက မျက်ရည်အပြည့်ဖြစ်ပြီး သူမ၏ပါးပြင်များကို သူ့ရင်ဘက်ပေါ်တွင်မှီထားခဲ့၏။ သူ့နှလုံးခုန်သံကို နားထောင်းရင်း သူမ၏နှုတ်ခမ်းထောင့်စွန်းများ အသာအယာကွေးမတက်လာဘဲ မနေနိုင်တော့ကာ သူမ၏မျက်ဝန်းများတွင်မူ ရယ်မြူးရိပ်များနှင့် ကြည်နူးရိပ်များဖြင့် ပြည့်နှက်နေခဲ့သည်။
.
လူတစ်ယောက်၏ဘဝကား တိုတောင်းလွန်းလှပြီး တစ်ချိန်တည်းမှာပင် နောင်လာမည့် စမ်းသပ်မှုများ၊အခက်အခဲများနှင့် ဦးကြိုနေသည့် အနိမ့်အမြင့် အတက်အကျများနှင့်မူ ရှည်လျားလွန်းလှ၏။ ပစ္စုပ္ပန်မှာမူ ဘာတစ်ခုမှ မသိရပါလေ။
အကန့်အသတ်မဲ့သော ဆယ်စုနှစ်များကို ဘယ်သူမ ကြိုတင်မခန့်မှန်းနိုင်ကြ။
ဒါပေမဲ့ အဲ့တော့ ဘာဖြစ်လဲ...
ချီကျန်းကျန်းအနေဖြင့် ဝမ်ယွီ၏လက်ကိုသာ ကိုင်ထားရပါလျှင် ရှင်သန်ခြင်း သေဆုံးခြင်းများကို မကြောက်သလို မသိရသည့် အနာဂတ်ကိုလည်း စိတ်မပူပါချေ။
သူတို့မှာ တစ်ဦးအတွက် တစ်ဦးရှိနေပြီး အရာရာ ပိုင်စိုးထားသဖြင့် စမ်းသပ်မှုတွေ အခက်အခဲတွေကို မကြောက်သလို အနိမ့်အမြင့် အတက်အကျတွေကိုလည်း မစိုးရိမ်ပါလေ။
သူတို့ကား တစ်ဦးအတွက် တစ်ဦး တစ်သက်တာလုံး မှေးမှိန်လျော့ပါးသွားမှာမဟုတ်သည့် ချိုမြိန်မှုလေးများဖြစ်ကြပါ၏။
–တစ်သက်တာလုံး အတူရှိဖို့ ကတိပေးခဲ့တယ်
တို့နှစ်ဦးဟာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းမှာတောင် ခွဲခွာကြမှာမဟုတ်ဘူးကွယ်
စမ်းသပ်မှုတွေနဲ့အခက်အခဲတွေကိုတောင် လက်လျော့ အရှုံးပေးမှာမဟုတ်ပါဘူး ရှင်ရယ်....
.xxxxx ENDxxxxxx