အပိုင်း ၁၇၅ (Extra-1)
Viewers 26k

Part 175 Extra(1)


ချီကျန်းကျန်းနှင့်ဝမ်ယွီတို့၏ မဂ်လာပွဲကို ဝမ်ယွီစီစဥ်ခဲ့လေသည်။


ယခင်က ဝမ်ရိရန်နှင့် အန်းချင်ယုတို့ လက်ထပ်စဥ်က တစ်ဖက်လူ၏မဂ်လာပွဲက အကျဥ်းရုံးလွန်းသည်ဟု သူခံစားရပြီး သူနှင့်ချီကျန်းကျန်းတို့ လက်ထပ်သောအခါ မဂ်လာပွဲကို ခမ်းခမ်းနားနားကျင်းပမည်ဟု ကြံရွယ်ခဲ့၏။


ကြားထဲတွင် ကိစ္စတွေ အများကြီးဖြစ်ပျက်ခဲ့သည်။


အချိုသောအတွေ့အကြုံများက ပြီးဆုံးသွားသည့်တိုင်အောင် ယခုတဖန်ပြန်တွေးမိတိုင်း သူတို့အနေဖြင့်   အကြောက်တရားကို ခံစားနေရဆဲဖြစ်ပါ၏။


သို့ပေမဲ့ ကံကောင်းထောက်မစွာဖြင့် ရလဒ်က ကောင်းခဲ့လေသည်။


လက်ထပ်ဖို့အကြောင်းနှင့်ပတ်သတ်၍ အမှန်တိုင်း​ပြောရပါလျှင် ချီကျန်းကျန်းကတော့ လက်ထပ်မှတ်ပူံတက် ပြီးသည့်နောက်တွင် ရိုးရိုးရှင်းရှင်း မဂ်လာပွဲတစ်ခုနှင့်ပင် လုံလောက်နေပြီဟုခံစားရ၏။ 


သို့ပေမဲ့ ဝမ်ယီက ထိုသို့မထင်ပါချေ။


"ဒါက တစ်သက်မှာတစ်ခါပဲ လုပ်ရတဲ့ပွဲလေကွာ...ကိုယ်က မင်းကို အလှပဆုံးနဲ့အပျော်ဆုံးအမျိုးသမီးလေးဖြစ်စေချင်တာ သိလား"

ဝမ်ယွီက လက်ထဲမှာ မဂ်လာပွဲ ကတ်တလောက်တွေကို လှန်ကာ လေးလေးနက်နက် ပြောလာခဲ့၏။ 


ချီကျန်းကျန်း မျက်လုံးရွဲကြီးများကို ပုတ်ခတ်လိုက်သည်။

"ကျွန်မက လှပြီးသား ...ပြီးတော့ အရမ်းလည်းပျော်နေပါတယ်နော်"


 သူမက ဝမ်ယွီ့နှလုံးသား၏ထိပ်ဆုံးနေရာမှာရှိကြောင်း လူတိုင်းသိကြပါ၏။ ယွီတင်းရဲ့ စတော့စျေးကွက်ကို လွှမ်းမိုးနိုင်လုနီးပါး အမျိုးသမီးက လှရမှာပဲမဟုတ်ဘူးလား...


ထို့အပြင် လူနှစ်ယောက် ဘဝကို အတူတူဖြတ်သန်းကြမည်ဆိုပါက ပျော်ရွှင်မှုက အလှအပထက် အရေးပါသည်ဟု ချီကျန်းကျန်း ထင်မိသည်။


သို့ပေမဲ့ ဝမ်ယွီက သူမအား သိသိသာသာပင် အကောင်းဆုံးအရာတွေချည်း ပေးအပ်ချင်နေလေ၏။ 


"လိမ္မာပါကွာ...မဂ်လာပွဲနဲ့ပတ်သတ်ပြီး ကိုယ်စီစဥ်လိုက်မယ်...မင်းက သတို့သမီးလေးဖြစ်လာဖို့ ပျော်ပျော်ကြီး စောင့်နေဖို့ပဲလိုတယ်"

ဝမ်ယွီက ခေါင်းစောင်း၍ သူမပါးပြင်လေးအား မွှေးကြူလိုက်ပြီး ၎င်းနောက် မတ်တပ်ရပ်ကာ ကတ်တလောက်တချို့ယူပြီး ထွက်သွားလေသည်။ 


ချီကျန်းကျန်း သူ့ကျောပြင်နှင့် ခြေလှမ်းသုတ်သုတ်များကို ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့်  ပြန်ထိုင်လိုက်ကာ ဂျာမန်ဝတ္ထုတစ်အုပ်ထုတ်၍ ဖတ်နေလိုက်၏။


ဝမ်ယွီ ကျန်းယဲ့၏ရုံးခန်းထဲသို့ အလျင်စလို ဝင်လာခဲ့သည်။


ကျန်းယဲ့က သူ့ပစ္စည်းများကို ထုတ်ပိုးနေခြင်းဖြစ်ပြီး သူဝင်လာသည်ကို မြင်လိုက်ချိန်တွင် နည်းနည်းအံဩသွား၏။


"ရို့...မင်းမိန်းမနဲ့မနေဘဲ ငါ့ဆီဘာလို့လာနေတာလဲ"


ဝမ်ယွီလည်း အံဩသွားပုံရလေသည်။

"ဘယ်သွားမလို့လဲ"

"အားလပ်ရက်လေကွယ်"

ကျန်းယဲ့က မှန်သည်ဟု မှတ်ယူမိလိုက်၏။

"ငါမှ လုံလုံလောက်လောက် အားလပ်ရက်မယူရသေးတာ...မင်းမိန်းမ မင်းကို proposeလုပ်မှာကို ကြည့်ဖို့သာမဟုတ်ရင် ငါပြန်လာမှာမဟုတ်ဘူး"


"အားလက်ရက်မယူသေးနဲ့ဦး"


ဝမ်ယွီ ရှေ့ကိုတစ်လှမ်းတိုးကာ ကတလောက်တွေနှင့် အချက်အလက်ကို ကျန်းယဲ့အလုပ်စားပွဲပေါ်တင်ပြီး ပြောလိုက်သည်။


"ဒီအစဥ်အစဥ်တွေက သိပ်မကောင်းဘူးထင်တယ်...ပြင်ရမဲ့နေရာတွေအများကြီးပဲ...ဒီမဂ်လာပွဲမှာ မင်းငါ့ဖို့ ဘယ်လိုစီစဥ်ထားလဲ"


ကျန်းယဲ့:"???"


သူ ရှော့ရသွားပြီး ဝမ်ယွီကိုကြည့်လိုက်၏။


"ဘာ...မဂ်လာပွဲအစီအစဥ်ဟုတ်လား...ငါက မဂ်လာပွဲစီစဥ်ပေးတဲ့ ကုမ္ပဏီက မဟုတ်ဘူး... ဘယ်လိုလုပ်ရမှန်းမသိဘူးကွ"


"ငါ အဖွဲ့တစ်ဖွဲ့ ငှားထားတယ်...သူတို့က မင်းကို ကူညီပေးလိမ့်မယ်...မင်းတာဝန်က ညှိနှိုင်းဖို့နဲ့ ငါ့စိတ်ကူးတွေကို အကောင်အထည်ဖော်ပေးဖို့ပဲ"

ဝမ်ယွီ၏အမူအရာက တည်ကြည်လေးနက်နေပြီး သူ့အသံက ငြင်းဆန်၍မရကြောင်း အပြည့်အဝဖော်ကြနေသည်။


"တခြားလူတွေကို ငါစိတ်မချဘူး"


"စီမံရေးဌာရက မန်နေဂျာကျန်းကို သွားရှာ...သူကစီမံရေးဌာနက ဖြစ်ရုံတင်မဟုတ်ဘူး...အိမ်ထောင်သည်လည်း ဟုတ်တယ်...အရမ်း အတွေ့အကြုံရှိတာ..."

ဆုံးသွားတဲ့ သူငယ်ချင်းတွေက မဆင်းရဲပေ၊ သူက အထုတ်အပိုးကြီးကို ကျန်းယဲ့ပေါ်ပစ်တင်လိုက်၏။


(E/N–ဆုံးသွားတဲ့ သူငယ်ချင်းတွေက မဆင်းရဲဘူးဆိုတာက လိုအပ်နေတဲ့ သူငယ်ချင်းကို ကူညီပေးခြင်းဖြစ်ပြီး အထုတ်အပိုးကို ပစ်တင်တယ်ဆိုတာက ခေါင်းရှောင်သွားတာကို ပြောတာပါ) 


ဝမ်ယွီ မျက်မှောင်ကြုတ်လိုက်သည်။

"ငါ သူ့ရဲ့မဂ်လာပွဲ အစီအစဥ်ကိုမေးကြည့်ပြီးပြီ...ရိုးရှင်းပြီး အပေါ်ယံဆန်လွန်းတယ်...စိတ်ပျက်လိုက်တာကွာ"


"မန်နေဂျာချန်းဆိုရင် ရော"

"သူက ကွာရှင်းထားတာ ကံဆိုးတာပဲ"


ကျန်းယဲ့:"..."


သူ နောက်ဆုံးအကြိမ် စကားလုံးတွေကိုမြိုချပြီး ရုန်းကန်လိုက်ရ၏။


"ငါတကယ် မရလို့.....အဲ့ဒါအပြင် မင်းက မဂ်လာဆောင်နေပြီ...ငါက မင်းထက်ကြီးတယ်လေ ခုချိန်မှာ ငါမှာ ဘာလက်တွဲဖော် မှ မရှိသေးဘူး...ဒီအားလပ်ရက်အတွင်းမှ ငါရှာတွေ့ နိုင်လောက်....."


ဝမ်ယွီ အစီအစဉ်ကိုကျန်းယဲ့ရှေ့ တွန်းကာ သူကို့ကြည့်ပြီး အရှိကိုအရှိတိုင်းပြောလိုက်သည်။


"မင်းရဲ့လိုအပ်ချက်တွေက မြင့်လွန်းနေတယ်...ရှာလို့တွေ့မှာမဟုတ်ဘူး...လိုအပ်ချက်တွေ နိမ့်ပြီးမှသွား....အရင်ဆုံး မဂ်လာဆောင်ပြီးအောင် ကူဦး "


ကျန်းယဲ့:"..."


ဝမ်ယွီ သဘောထားကြီးဟန် အပြုံးတစ်ခုပြုံးပြလိုက်၏။

"ပြီးတော့ အတွေ့အကြုံယူ...နောက်ကျ မင်းလက်ထပ်တဲ့အခါကျ ကိုးကားစရာလည်းရတာပေါ့ မဟုတ်ဘူးလား "


ကျန်းယဲ့:"..."


"ငါ့မှာရှိရမဲ့ လိုအပ်ချက်တွေ အရင်ပြောပြဦးမယ်... ပထမ ငါ့မဂ်လာပွဲက သူမတူအောင် ထူးခြားရမယ်....ပန္နရသမ(ဆယ်ငါးခုမြောက်) မဂ်လာပွဲက.....ဝီသတိမ(နှစ််ဆယ်ခုမြောက်) ကျန်းကျန်း ကြိုက်တာက....."

ဝမ်ယွီက သူကို့ သူ့ရဲ့လိုအပ်ချက်များကို လေးလေးနက်နက်အမူအရာဖြင့် ပြောပြ နေလေသည်။


ကျန်းယဲ့:"..."


ဝမ်ယွီ တိံသတိမ(သုံးဆယ်ခုမြောက်)အကြောင်းပြောအပြီးတွင် ကျန်းယဲ့ အသက်ပြင်းပြင်းရူပြီး သူကို့ဖြတ်ကာမေးလိုက်၏။


"ဘော့စ်...ငါမေးပါရစေဦး...ဒါက မင်းရဲ့မဂ်လာပွဲအတွက်လား...ဒါမှမဟုတ် မင်းစိတ်ချမ်းသာဖို့အတွက် စင်ဂယ်ခွေးတစ်ကောင်ကို သတ်ဖို့ကြိုးစားနေတာလား"


စင်ဂယ်ဖြစ်နေတာ အပြစ်ရှိလို့လားဗျာ...


ဘာလို့ သူ့ကို ဒီလောက်ထိ ထိခိုက်နာကျင်စေချင်နေရတာလဲ...


ဝမ်ယွီ၏မဂ်လာပွဲက သူ့ကိုယ်သူစိတ်ချမ်းသာဖို့အတွက် စင်ကယ်ခွေးတွေကို သတ်ဖို့မဟုတ်ပါဘဲကျန်းယဲ့နှင့်အဖွဲ့တစ်ခုလုံး တပြုံတည်း အလုပ်ရှုပ်သွားကြကုန်သည်။ မဂ်လာပွဲကိုလည်း ကောင်းမွန်လျောက်ပတ်စွာ ပြင်ဆင်ထားခဲ့၏။


ဤကိစ္စနှင့်ပတ်သတ်၍ ကျန်းယဲ့ညည်းညူနေသည်ကို ချီကျန်းကျန်း ကြားခဲ့ရသည်။

.

သူ အလုပ်လုပ်နေတုန်းက ထိပ်မပြောင်ပေမဲ့ သူမတို့မဂ်လာပွဲကြောင့် ထိပ်ပြောင်တော့မည်ဟုဆိုလေ၏။


ချီကျန်းကျန်းလည်း များပြားလှသည့် အစီအစဥ်တွေကိုကြည့်ပြီး အတော်လေးလွဲနေပြီဟုခံစားရသော်ငြား ကြည့်ရသည်မှာ ဝမ်ယွီကနားမထောင်ဘဲ မဂ်လာပွဲကို ကျကျနနလုပ်ဖို့ စိတ်အားထက်သန်နေလေသည်။


မှန်သည်ပင်၊ လက်ရှိချီကျန်းကျန်းတွင် ဤကိစ္စကို စဥ်းစားဖို့ အချိန်မရှိပါချေ။


သူတို့မှာ ယခု လုပ်စရာကိစ္စကြီးတစ်ခုရှိ၏။


–လက်ထပ်ခွင့်လိုင်စင် ရရှိခြင်း။မဂ်လာပွဲကို ကျယ်ကျယ်ပြန့်ပြန့် ကြေငြာရပြီး လက်ထပ်မှတ်ပုံတင်က  တရားဝင်အသိအမှတ်ပြုဖို့လိုလေ သည်။


ဝမ်ယွီ အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံရ၏။ ရက်ရွေးရသည်မှာ အချိန်အတော်ကြာလေသည်။ လက်ထပ်မှတ်ပုံတင် ယူဖို့ စာရင်းလုပ်ထားသည့်နေ့ကောင်းနေ့မြတ်အားလုံးထဲတွင် အနီးဆုံးတစ်ရက်ကို သူရွေးလိုက်၏။


တကယ့်နေ့တွင် ဝမ်ယွီစောစောထလာသည်။ 


"ကျန်းကျန်း...ကျန်းကျန်း..."

သူက အသံတိုးတိုးဖြင့် ခေါ်နှိုးနေလေ၏။


ချီကျန်းကျန်း မျက်လုံးများ ဖွင့်လာပြီး သူမ၏အကြည့်က မှုန်ကုတ်ကုတ်ဖြစ်နေကာ သူ့အား အူတူတူလေးကြည့်နေလေသည်။

"အမ်..."


"ထပြီး မနက်စာစားတော့..ဒီနေ့က ကိုယ်တို့  လက်ထပ်မှတ်ပုံတင်ယူရမဲ့နေ့လေ"

သူက ထိုသို့ပြောရင်း ပေါတောတောလေး ပြုံးရယ်နေပြီး ခေါင်းငုံ့ကာ သူမ၏နှဖူးကို သူ့ခေါင်းနှင့် ပွတ်လိုက်၏။ 


ချီကျန်းကျန်း၏အသံက အက်ကွဲနေလေသည်။

"ဘယ်အချိန်ရှိပြီလဲ"


"ငါးနာရီခွဲ"


သူမ ခဏလောက် ကြောင်အသွားသည့်အပြင် အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်သဖြင့် သူမခေါင်းက အတော်လေး နောက်ကျိနေ၏။ သူမ သင်္ကါ မကင်းဖြင့် ခေါင်းလှည့်၍ ပြတင်းပေါက်အပြင်သို့ကြည့်လိုက်ရာတွင် ကောင်းကင်က အင်မတန်မှောင်မဲနေဆဲဖြစ်ပြီး မိုးမလင်းသေးပါချေ။


ချီကျန်းကျန်း: "..."


သူမက မျက်လုံး ချက်ချင်းမှိတ်ကာ စောင်ကိုမ၍ ခေါင်းမြီးခြုံလိုက်ပြီး သူမအသံကဗလုံးဗထွေးဖြစ်နေ၏။

"စောသေးတယ်.....လောစရာမလိုပါဘူး....."


"မစောတော့ပါဘူး...ကိုယ်တို့ စောစောသွားနိုင်အောင်လို့ ကိုယ်လက်သန့်စင်ရအောင်လေနော်"

သူ့အသံက ကြည်နူးမှုများနှင့် ရီဝေ နေဆဲပင်။


သူမ စောင်ထဲက ခေါင်းပြူပြီး မေးလိုက်၏။

"ယွီယွီ... ရှင်ဘယ်ချိန်အိပ်တာလဲ"


ဝမ်ယွိက ဘာမှပြန်မဖြေပေ။


ချီကျန်းကျန်း ရှော့ရသွားသည်။

"ရှင်မအိပ်ရသေးတာတော့ မဟုတ်ပါနော်"


ဝမ်ယွိ နည်းနည်း ရှက်သွားပြီး မျက်တောင်ခတ်လိုက်၏။

"ကိုယ် အိပ်မပျော်ဘူး..... "


ရုတ်တရက် ချီကျန်းကျန်းက သူ့ဇနီးဖြစ်လာတော့မှာဟူသော အသိကြောင့် သူတစ်ညလုံးစိတ်လှုပ်ရှားနေခဲ့သည်။ အိပ်ရာထဲမှာ လူးလိမ့်၍ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုအပြည့်ရှိနေခဲ့ကာ တစ်ညလုံး နာရီအနည်းငယ်ကို သူ့ဘာသူပျော်နေခဲ့ပြီး နောက်ထပ်နာရီအနည်းငယ်ကို ချီကျန်းကျန်းကိုကြည့်ရင်း တဟီးဟီးရယ်နေခဲ့သည်။


ထိုသို့ဖြစ်ခဲ့သည်ပင်။


ချီကျန်းကျန်း: "..."


သူမ ရှော့ရသွား၏။ 


xxxxxz