Part 176 Extra(2)
ဝမ်ယွီက စိတ်လှုပ်ရှားလွန်း၍ အိပ်မပျော်နိုင်ဖြစ်ခဲ့ပြီး ချီကျန်းကျန်းကို မအိပ်ဘဲထိုင်ကြည့်နေခဲ့သဖြင့် သူမ ထရပေတော့မည်။
သူမရေချိုးအဝတ်အစားလဲနေစဥ်တွင် သူကမနက်စာသွားပြင်လေသည်။
မနက်စာ စားသောက်ပြီး၊အဝတ်စားလဲမိတ်ကပ်လိမ်းအပြီးတွင် 7နာရီပဲရှိသေး၏။
ဖြစ်တောင့်ဖြစ်ခဲ အခါသမယဖြစ်ပြီး ဤတစ်ကြိမ် အချိန်ဆွဲသူကတော့ ဝမ်ယွီဖြစ်လေသည်။
သူက ဝတ်စုံတစ်ခုလဲပြီး အတော်လေး စိုးရိမ်စွာမေးလိုက်၏။
"ဒီတစ်စုံ ဘယ်လိုနေလဲ "
"ခန့်တာကို...ဘယ်တုန်းက ချုပ်လိုက်တာလဲ"
ချီကျန်းကျန်း လက်မထောင်ပြကာ သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
ဝမ်ယွီ၏ဝတ်စုံအများစုက ဆင်တူတွေဖြစ်ပြီး သူမအရင်က မခွဲတတ်သော်လည်း ပင်မအိပ်ခန်းထဲသို့ ပြောင်းလာပြီးနောက် သူတို့နှစ်ဦးက အတော်လေးနီးနီးကပ်ကပ်ရှိခဲ့ကြသဖြင့် သူ့ဝတ်စုံများကို ခွဲတတ်နေပြီဖြစ်၏။
ဤတစ်စုံက အမှန်ကို ကြည့်ကောင်းပြီး အသစ်စက်စက်ဖြစ်ကာ သိသိသာသာကို အော်ဒါချူပ်ပဲဖြစ်လေသည်။
ဝမ်ယွီက ခေါင်းငုံ့ကာ ပြန်ဖြေလာခဲ့၏။
"မနေ့ကမှ ရောက်လာတာ... တခြားအစုံနည်းနည်းလည်းရှိသေးတယ်...မင်းကိုယ့်ကို ကူရွေးပေးလို့ရမလားဟင်"
"ဒီအစုံက တော်တော်ကောင်းပါတယ်"
သူမ သူ့အဝတ်အစားတွေကို ဆွဲဆန့်ပေးလိုက်ပြီး ခဏမျှစဥ်းစားပြီးနောက် ပြောလိုက်သည်။
"ကျွန်မရှင့်အတွက် နက်ကတိုင်ရွေးပေးမယ်လေ"
"အိုခေ..."
ချီကျန်းကျန်း သူ့အတွက် နက်ကတိုင်ရွေးပေးရုံတင်မကဘဲ ကိုယ်တိုင်ပါချည်ပေးလိုက်၏။ ဝမ်ယွီ၏မေးစေ့ကအနည်းငယ်မော့ထားပြီး သူ၏နှုတ်ခမ်း ကောက်ကြောင်းကထင်းနေခဲ့သည်။
"ကျွန်မအဝတ်အစားတွေရော"
ချီကျန်းကျန်းလည်း နည်းနည်းစိတ်လှုပ်ရှားနေမိ၏။
ဝမ်ယွီ သူမကို နူးညံ့ညင်သာစွာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ငုံ့ကာဖြင့် သူမ၏နားထဲသို့ တိုးရှရှဆိုလာခဲ့သည်။
"မင်းက ဘာဝတ်ဝတ်ကြည့်ကောင်းတယ်...တကယ်"
"အပြောချိုလိုက်တာ"
ပါးစပ်ထိုသို့ပြောလိုက်သော်လည်း သူမနှုတ်ခမ်းကွေးကွေးလေးများကမူ အတော်လေး သိသာနေခဲ့၏။
–
အဝတ်အစားလဲပြီးနောက် နှစ်ယောက်သား လက်ချင်းတွဲကာ ကားထဲဝင်သွားကြပြီး အကိုဝမ်က သူတို့ကို ပြည်သူ့ရေးရာဌာနသို့ မောင်းပို့လေသည်။ သူတို့၏ လက်ထပ်မှတ်ပုံတင်များက အကုန်လုံး သိသိသာသာ အနည်းငယ် စိတ်လှုပ်ရှားနေသည့် ဝမ်ယွီလက်ထဲမှာဖြစ်ပြီး သူ့လက်ဖဝါးများက ချွေးစို့နေခဲ့၏။
ပြည်သူ့ရေးရာဌာနတွင် နေ့စဥ် လူသစ်များပြတ်လပ်ခြင်းမရှိဘဲ တောက်ပသည့်အပြုံးကိုယ်စီနှင့် ကြင်စဦးလူငယ်စုံတွဲတစ်တွဲ ရပ်နေလေ သည်။
ယနေ့ ပြည့်သူရေးရာဌာနက မတူကွဲပြားဖို့ ကံအကြောင်းဖန်လာ၏။
ထိုနေရာ၌ ဝမ်ယွီနှင့် ချီကျန်းကျန်းတို့၏ ဤမှင်သက်ဖွယ်မျက်နှာလေးများရှိနေပြီး သူတို့လည်းပဲ ကြင်စဦးတွေဖြစ်သော်ငြား ထိုနှစ်ယောက်ကို လှည့်မကြည့်ဘဲမနေနိုင်ခဲ့။
ဝမ်ယွီက မတ်မတ်ထိုင်နေကာ စိတ်လှုပ်ရှားပြီး စိတ်လောနေပုံလေသည်။
"ကျန်းကျန်း...ရေဆာလားဟင်"
ဝမ်ယွီက မေးလိုက်၏။
"မဆာဘူး...ကျွန်မ အခုမှ ရေသောက်ထားတာ"
ဝမ်ယွီ: "ကျန်းကျန်း... ဗိုက်ဆာလား"
".....အခုမှ မနက်စာစားထားတာလေ"
ဝမ်ယွီ အသက်ပြင်းပြင်းရှူလိုက်သည်။
"ကျန်းကျန်း စိတ်မလှုပ်ရှားနဲ့နော်...ကိုယ်ပြောခဲ့သလိုပဲ ကိုယ်မင်းကိုအမြဲတမ်း ကောင်းကောင်းဆက်ဆံမှာပါ...စိတ်မပူနဲ့နော် ...ကိုယ်နဲ့လက်ထက်တာနဲ့ပတ်သတ်ပြီယ စိတ်မပူနဲ့...မင်းက ကိုယ့်အသက်ထက်ကို ပိုအရေးကြီးပါတယ်"
ချီကျန်းကျန်း: "..... ယွီယွီ...စိတ်လှုပ်ရှားနေတဲ့သူက ရှင်မဟုတ်ဘူးလား"
သူ့လက်ဖဝါးများက ချွေးများစို့နေပြီး သူမထိုသို့ကိုင်ထားရချိန်တွင် ချီကျန်းကျန်း အနည်းပူသလိုခံစားရ၏။
သူ၏စိတ်လှုပ်ရှားမှုကြောင့် သူမကိုယ်တိုင်ပင် စိတ်လှုပ်ရှားလာခဲ့သည်။
"ကိုယ် စိတ်မလှုပ်ရှားပါဘူး"
ဝမ်ယွီက မတ်မတ်ကြီးထိုင်နေပြီး ထိုစကားများက အတော်ကို မယုံကြည်စရာပင်။
ချီကျန်းကျန်း :"တကယ်လား"
"တကယ်..."
ဝမ်ယွီက *သံမှိုကို ဖြတ်၍ သံကို အလွှာလိုက်လှီးကာ တံတွေးမျိုချလိုက်၏။
(E/N–ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ)
သူမ သူ့ကိုဤပုံစံမျိုးနှင့်မြင်ရခဲသဖြင့် သူမ မပျော်မိပဲမနေနိုင်ဘဲ သူမမျက်လုံးများတွင် ဉာဏ်နီဉာဏ်နက်များ ဖြတ်ပြေးသွား၏။
ဝမ်ယွီ လက်ဆန့်ကာ သူမကို ညင်သာစွာ ကာဆီးလိုက်ပြီး သူ့အသံက နူးညံ့နေခဲ့သည်။
"အိုခေ...ကိုယ်ဝန်ခံပါတယ်...ကိုယ်စိတ်လှုပ်ရှားနေပါကွာ...ကတ်စေးနှဲကော်တရာလေး"
ချီကျန်းကျန်းကလည်း လက်လှမ်းကာ သူ့ကိုဖက်လိုက်ပြီး ခေါင်းလေးမော့၍ ကြည့်လိုက်၏။ သူမ၏မျက်လုံးများက တလက်လက်ထနေသော ပုလဲလုံးနှစ်လုံးကဲ့သို့ တောက်ပနေခဲ့သည်။
"ယွီယွီ... မစိုးရိမ်ပါနဲ့... ကျွန်မလည်း ရှင့်အပေါ်ကောင်းမှာပါ"
"အွန်း..."
ဝမ်ယွိ အကြိမ်ပေါင်းများစွာခေါင်းညိတ်ပြလိုက်၏။
"လက်ထပ်စာချုပ်ရတော့မယ်ဆိုတဲ့အတွေး...မင်းက ကိုယ့်ဇနီးဖြစ်နေပြီဆိုတဲ့အတွေးက ကိုယ့်ကို စိတ်လှုပ်ရှားစေတယ်...ဒါပေမဲ့ ကိုယ်ပျော်လည်းပျော်တယ်...ကိုယ်တကယ်ကို ပျော်တယ်..."
သူတို့နှစ်ဦးကို မခွဲနိုင်မခွာရက်ဖြစ်နေကြ၏။
သူတို့၏နောက်တွင် သူတို့အား တိတ်တဆိတ် ကြည့်နေကြသော လူငယ်စုံတွဲနှစ်တွဲရှိလေသည်။
အဆုံးမတော့ မှင်သက်ဖွယ်ရုပ်ရည်လေးများဖြစ်ပြီး တစ်ဦး၏အသွင်အပြင်နှင့်ပင် အာရုံစိုက်မိဖို့ လုံလောက်နေပြီဖြစ်သော်လည်း ယခုမူ နှစ်ဦးတောင်အတူရှိနေကာ သူတို့က လက်ထပ်စာချုပ်လည်းရတော့မည်ဖြစ်၏။
အမျိုးသားတစ်ယောက်က သူတို့ကို အသေအချာကြည့်နေပြီး သူ၏အနာဂတ်ဇနီးက သူနားထဲကို အသံနှိမ့်ပြီးပြောလေသည်။
"ဒီနှစ်ယောက်က တကယ်ကြည့်ကောင်းတာပဲ...နောက်ကျရင် သူတို့ကလေးတွေရဲ့ရုပ်ရည်က သေချာပေါက်နိမ့်မှာမဟုတ်ဘူးနော်"
အမျိုးသမီးက မျက်မှောင်ကြုတ်ကာ သူ့ကိုလက်နှင့် ဆွဲဆိတ်ပြီး စိုက်ကြည့်လိုက်၏။
"နင်က ကြည့်နေတုန်းလား...မျက်လုံးကို ကော်နဲ့ကပ်ထားတာကျနေ...နင်သူ့ကိုဘယ်လောက်ကြည့်ကြည့် အဲ့အလှလေးက နင့်မိန်းမဖြစ်လာမှာမဟုတ်ဘူးဟဲ့"
အမျိုးသားက မျက်မှန်ကိုတွန်းတင်လိုက်သော်လည်း သူမျက်လုံးများကို မရွေ့ဘဲ ချီကျန်းကျန်းကို မကြည့်ဘဲမနေနိုင်ဖြစ်နေဆဲပင်။
အမျိုးသမီးက အနည်းငယ်ဒေါသထွက်လာပြီး သူ့ကိုထပ်ပြီး ခလုတ်တိုက်ပြန်၏။
"ငါပြောမယ်... နင်အကြည့်ရပ်သင့်တယ်နော်...ဒီလိုမျိုးဆိုနင်က တကယ်ကိုစိတ်ရှုပ်စရာကောင်းတာပဲ...အဲ့ဒီမိန်းမလှလေးရဲ့ ဘေးယောကျာ်းကိုကြည့်..."
သူမက စကားအနည်းငယ်များလွန်းနေခဲ့ပြီး တကျီကျီပြောနေသည်။
အမျိုးသားက နောက်ဆုံးတွင် ချီကျန်းကျန်းဆီမှအကြည့်လွှဲလိုက်ပြီး ဝမ်ယွီဆီပြောင်းသွား၏။
ထပ်မံ၍ သူမှင်သက်သွားခဲ့ပြီး ၎င်းနောက် သူ့မျာက်လုံးများက ပို၍တောင်အေးခဲလာလေသည်။
ဝမ်ယွီနှင့် ချီကျန်းကျန်းတို့က မခွဲနိုင်မခွာရက် တပူးပူးတတွဲတွဲရှိနေကြပြီး ပတ်ဝန်းကျင်ကို အာရုံမစိုက်ပါချေ။သို့ပေမဲ့ ထိုစုံတွဲကတော့ ခဏပြီးခဏ သူတိုကိုကြည့်နေမိပြီး ထိုဟာက အမျိုးသမီးကို ရှက်ရွံ့ပြီး အတော်လေး ဝမ်းနည်းလာစေ၏။
သူမအရွယ်ရောက်လာချိန်တုန်းက မိသားစု၏စီစဥ်ပေးမှုအောက်တွင် ဘလိုင်းဒိတ်သွားတွေ့ခဲ့ရသည်။ သူမနှင့် သူမလက်ထပ်မည့်သူက လွန်ခဲ့သည့် သုံးလကမှဆုံခဲ့ခြင်းဖြစ်ပြီး လက်ထပ်ဖို့ တိုက်တွန်းခံခဲ့ရ၏။
ဤယောကျာ်းက အတော်ပင် သာမန်ဖြစ်သော်လည်း သူ့မှဒေသဆိုင်ရာ တော်လှန်ရေးမှတ်ပုံတင်ရှိပြီး အလုပ်အကိုင် အခြေတကျရှိသဖြင့် ဆွေမျိုးများစွာ၏ မျက်စိကျရသည့် အိမ်ထောင်ဖက်တစ်ယောက် ဖြစ်လာခဲ့သည်။
.
သူမ သူမ၏လက်တွဲဖော်ကို သူမရှေ့မှလူလိုမျိုး ခန့်ညားထည်ဝါရမည်ဟု မမျှော်မှန်းပါချေ။ သူ၏အရှိန်အဝါက မှင်သက်ဖွယ်ဖြစ်ပြီး သိသိသာသာကို အင်မတန် အေးစက်နေသော်ငြား သူမဘေးရှိ သူ့ဇနီးကို ကြည့်နေချိန်တွင် သူ၏မျက်ခုံးတန်းများက ချက်ချင်း နူးညံ့သွား၏။
သူမကတော့ မထူးမခြားနား အိမ်တစ်လုံးနှင့် လက်မထပ်ရသေးသောသူမကို လောဆော်နေသည့် သူမမိသားစုရှိလူများကို ရင်ဆိုင်နေရခြင်းကို တားဆီးပေးဖို့သာ တောင်းဆိုခဲ့ရသည်။
ထိုအကြောင်းကိုတွေးရင်း အမျိုးသမီးဖြစ်သူ၏မျက်လုံးများ နီရဲလာခဲ့၏။
"လျုကျား...နင် ငါ့ကို လက်မထပ်ချင်ဘူးလား...နင့်သဘောထားကိုကြည့်ပါဦး....."
သူမ စကားတွေအများကြီးပြောခဲ့ပေမဲ့ သူက နည်းနည်းမှ ပြန်မတုန့်ပြန်လာပါချေ။
ဤသည်ကား သူမတို့လက်ထပ်မှတ်ပုံတင်သည့် ပထမဆုံးနေ့ပဲရှိသေးပြီး ကြင်စဦးပဲရှိသေးသည်နှင့် အတူတူဖြစ်လေသည်။
အမျိုးသားက နောက်ဆုံးတွင် သူမကို ပြန်ကြည့်လာပြီး မချော့ပါဘဲ "မင်းဘာလို့ ဒီလောက် အသိဉာဏ်နည်းရတာလဲ"ဟုသာ သူမကိုကြည့်ကာ ဆိုလေ၏။၎င်းနောက် သူ့အသံကိုလျော့ပြီး
"မင်းဘာသိလို့လဲ ဟမ်...တကျီကျီလုပ်နေတာကို ရပ်စမ်းပါ...ဟုတ်ပြီလား "
ထိုသို့ပြောရင်း ဖော်လံဖားအပြုံးနှင့် အမှန်တကယ် မတ်တပ်ထရပ်ကာ လက်ဆန့်ပြီး ဝမ်ယွီ၏ပခုံးကို ပုတ်မည်လုပ်လေသည်။
သို့ပေမဲ့ ထိုအချိန်တွင် ဝမ်ယွီနှင့်ချီကျန်းကျန်းတို့က မတ်တပ်ရပ်လိုက်ကြ၏။ သူတို့နှစ်ဦးသည် ဒီနေ့အတွက် ပထမဆုံး စုံတွဲဖစ်ပြီး လက်ချင်းတွဲလျက် နှစ်ယောက်စလုံး စိတ်လည်းလှုပ်ရှားသလို ထုံးတမ်းအစဥ်အလာတွေကို ဆက်လုပ်ဖို့ မျှော်လင့်တကြီး လျှောက်သွားကြသည်။
xxxxxx