Part 177 Extra(3)
အမျိုးသမီးက တုန်လှုပ်သွား၏။
"နင်ဘာလုပ်နေတာလဲ "
ရှော့ရသွားသဖြင့် သူမ၏အသံကမတိုးလှပါချေ။
အမျိုးသားဖြစ်သူက အတော်လေးရှက်သွားပြီး ခေါင်းလှည့်၍ သူမကို စိုက်ကြည့်ကာ အသံတိုးဖို့ပြောလိုက်သည်။
"မင်းအသံကိုလျော့စမ်းပါ...အဲ့ဒီယောကျာ်းက ဘယ်သူလဲသိလား...သူမက ယွီ....."
အမျိုးသမီးက စိတ်ပျက်မှု အပြည့်နှင့်ဖြစ်သဖြင့် သူကိုကြည့်ကာ ပြောလိုက်၏။
"သူဘယ်သူလဲ ငါဂရုမစိုက်ဘူး... သူက ငါ့အနာဂတ်ခင်ပွန်းမှမဟုတ်တာ... သူက ကြည့်ကောင်းပြီး စွမ်းအားကြီးရင်တောင်... နင်.....ငါ့ကိုနကယ်ကြီး စိတ်ပျက်စေတော့မှာလား"
သူမ ထိုစကားကို ပြောနေချိန်တွက် သူမမျက်နှားကား မျက်ရည်အပြည့်ဖြင့် ဖြစ်နေလေပြီ။
သူမ ထိုလူကဘယ်သူမှန်းမသိသော်လည်း တစ်ဖက်လူက ဝတ်ကောင်းစားလှနှင့်ဖြစ်ပြီး သူ့လက်ရှိနာရီက သန်းကျော်တန်းဆိုသည်ကို သူမမြင်နိုင်သေးပါသည်။
သို့ပေမဲ့ သူက ထိုသို့ချမ်းသာပြီး ချောမောသည့်ယောကျာ်းဖြစ်နေပင်ငြား လာမည့် ထုံးတမ်းအစဥ်အလာတွေမတိုင်ခင်မှာ စိတ်လှုပ်ရှားကာ စောင့်မျှော်နေသေး၏။ သိသိသာသာကို သူ့မှာအေးစက်သည့် စရိုက်ရှိသော်လည်း သူ့ဇနီးကို နူးနူးညံ့ညံ့ ကတိတွေပေးနေပြီး သူမလက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့သည်။
သူမ၏အမျိုးသားဖြစ်သူက ချမ်းသာနေဖို့၊ချောမောနေဖို့ သူမဘမတောင်းဆိုပေမဲ့ သူက အနည်းဆုံးတော့ အသဲနှလုံး ပါရပေမည်။
အမျိုးသမီးက မတ်တပ်ရပ်ကာ အမျိုးသားကိုပြောလိုက်၏။
"နင်အဲ့လောက်ကြည့်ချင်နေရင်လည်း ဒီမှာပဲ ကြည့်နေခဲ့လိုက်...ငါတိုက တစ်ယောက်နဲ့တစ်ယောက် မလိုက်ဖက်ဘူးလို့ငါထင်တယ်...ပြဿနာကို စောစောတွေ့ရလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်... ငါတို့က မှတ်ပုံတင်မရသေးဘူးဆိုတော့ ဒုက္ခမများတော့ဘူးပေါ့"
ထို့သို့ပြောပြီးနောက် အမျိုးသမီးက လှည့်ကာထွက်သွားလေသည်။
အမျိုးသားဖြစ်သူ အနည်းငယ်မခံမရပ်နိုင်ဖြစ်သွားပြီး မပြောဘဲမနေနိုင်ခဲ့။
"မင်း မင်း...နောင်တမရနဲ့..."
အမျိုးသမီးက ပြန်လည်းလှည့်မလာသလို နောင်တလည်းမရပါချေ။
ငါ*ိုးတဲ့မှ...သူက လက်မထပ်ချင်ဘူးပေါ့...ဒီတိုင်းလက်ထပ်ဖို့လူတောင် မရှာနိုင်ဘဲနဲ့များ...
ထုံးတမ်းအစဥ်အလာတွေတောင် လုပ်မပြီးသေးခင်တွင် အတွဲကပြတ်သွားလေသည်။
ဝမ်ယွီနောက်မှာပဲ ထိုင်နေကြသည့် တခြားစုံတွဲက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။
အမျိုးသမီးက တံတွေးမျိုချလိုက်သည်။
"ယောကျာ်း... "
အမျိုးသားက အလျင်စလို သူမကိုဖက်လိုက်ပြီး သူ့အသံက တောင့်တင်းနေ၏။
"ဘေဘီ...ကိုကကြည့်ရုံပဲကြည့်တာပါကွာ...မိန်းကလေးကလည်းလှသလို ယောကျာ်းလေးကလည်းချောတော့ ကြည့်ကောင်းပြီး အရမ်းမျက်စိပသာဒဖြစ်နေလို့ပါဘေဘီရာ...တစ်ချက်ပဲကြည့်မိတာပါ...တကယ် တကယ် ကို့နှလုံးသားထဲမှာ ဘေဘီကသာအလှဆုံးပဲ..."
အမျိုးသမီးက မှီလိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြောလေသည်။
"ဝူး ဝူး...အဲ့ဒီယောကျာ်းက အရမ်း အရမ်း အရမ်းချောတာပဲ...ဘေဘီ ဓာတ်ပုံရိုက်ဖို့မေ့သွားပြီ..."
အမျိုးသား၏မျက်နှာက မဲမှောင်သွာပြီး နှုတ်ခမ်းဆူလိုက်၏။
"မိန်းမ...သူက ကို့ထက်ပိုချောလား"
အမျိုးသမီး:"...ယောကျာ်း... ဘေဘီ့ကိုမမေးပါနဲ့...ဘေဘီ ယောကျာ်းကို မညာနိုင်ဘူး"
အမျိုးသား:"အော်ငို-"
အမျိုးသမီးဖြစ်သူက အမောတကောပြောလိုက်သည်။
"ဒါပေမဲ့ ဘေဘီက ယောကျာ်းကိုပဲချစ်တာ..."
အမျိုးသား:"အိုခေ...ကိုဘေဘီ့ကို ခွင်လွတ်လိုက်မယ်...ကိုလည်း ဘေဘီ့ကို ချစ်တယ်နော်..."
"ကျိုးမီ..."
(E/T–အတော်များမျာပိုသိကြတာက “啾咪^.<”လို့ပါ။ မျက်စိမှိတ်ပြခြင်းနှင့် အသံတိတ်"ငါမင်းကိုချစ်တယ်"ဟူသောလက်ဟန် တို့လိုမျိုး ကိုယ်ဟန်ပြဘာသာစကားပါဝင်ပါတယ်)
ချီကျန်းကျန်းနှင့် ဝမ်ယွီတို့သည် စုံတွဲသစ်များ၏မှတ်ကျောက်များဖြစ်လာကြောင်း မသိကြသေးဘဲ ကြည့်ရသည်မှာ စုံတွဲတစ်တွဲကတော့ စာမေးပွဲအောင်ပုံမရပေ။
ယခုအခါ၌ နှစ်ယောက်သား ဓာတ်ပုံရိုက်မည့်နေရာသို့သွားကြလေသည်။
ဝမ်ယွီက ထိုနေရာတွင် ထိုင်နေပြီး အင်မတန်စိတ်လှုပ်ရှားနေ၍ တစ်ကိုယ်လုံးတောင့်တင်းနေကာ သူနဖူးတွင်ပင် သိသိသာသာကို ချွေးတွေစို့နေ၏။
"လူချောလေး...နည်းနည်းလောက်ပြုံပါဦးဝေ့..."
ဓာတ်ပုံရိုက်နေသည့် ဝန်ထမ်းကပြောလိုက်သည်။
ဝမ်ယွီက ချီကျန်းကျန်း၏ လက်ကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားပြီး မတ်မတ်ကြီးထိုင်နေရင်း သူ့နှုတ်ခမ်းထောင့်စွန်းများကို ဆွဲဆန့်လိုက်သော်လည်း အတော်လေးတောင့်တောင့်ကြီးဖြစ်နေသည်။
"မင်းကို အတင်းအကြပ် ဖိအားအပေးခံရတာတော့မဟုတ်ဘူးမလား...ဘာလို့ပြန်ပြီး မစဥ်းစားတာလဲ...ပြီးမှပြန်လာပါ့လား"
သူကအတော်လေး တောင့်တင်းနေ၍ဖြစ်မည်၊ဝန်ထမ်းတစ်ယောက်က မနေနိုင်ဘဲ ထပြောလာ၏။
.
ထိုစကားများထွက်လာသည်နှင့် ဝမ်ယွီ၏မျက်လုံးများက စားတော့မလိုဝါးတော့မလိုဖြစ်လာပြီး သူထိုလူအား ရက်ရက်စက်စက် စိုက်ကြည့်လိုက်သည်။
"ကျွန်တော်က ဓာတ်ပုံရိုက်နေတာ...အခု..."
သူ ထိုစကားလုံးအနည်းငယ်ကို လည်ချောင်းထဲက ညစ်ထုတ်လိုက်၏။
သူ့ဘေးရှိ ချီကျန်းကျန်းက ရုတ်တရတ် ထပြောလိုက်လေသည်။
"ယောကျာ်းရေ ...ချစ်တယ်နော်... "
ဝမ်ယွီ အံ့အားသင့်သွား၏။
ချက်ချင်းပင် သူပါးစပ်က ပြုံးဖြီးလာပြီး အရူးတစ်ယောက်လိုမျိူး ပြုံးနေလေသည်။
အိုခေ...သူကလက်မထပ်ချင်တာမဟုတ်ကြောင်း ဝန်ထမ်း နားလည်သွား၏။
အရမ်းတွေ လက်ထပ်ချင်လွန်း၍ အစစ်အမှန်မဟုတ်ဘူးဟု ခံစားရပြီး စိတ်လှုပ်ရှားလွန်း၍ ဘယ်လိုတုံ့ပြန်ရမလဲမသိတော့လောက်အောင် ဖြစ်သွားသည်ပင်။
ဘယ်သို့ ဘယ်ပုံပင် ရူးရူးနှမ်းနှမ်းပြုံးနေသည်ကို လျစ်လျူရှုကာဖြင့် ဓာတ်ပုံကတော့ ရိုက်ပြီးလေပြီ။
....
သူမ လက်ထပ်မှတ်ပုံတင်ကိုမြင်ရချိန်တွင် ချီကျန်းကျန်း အော်မရယ်မိဘဲမနေနိုင်ခဲ့။
အချိန်တခဏမျှ သူမ အထက်ရှိ ဝမ်ယွီ၏ ရူးကြောင်ကြောင်ပုံစံနှင့်ပတ်သတ်၍ ဘာပြောရမှန်းမသိဖြစ်သွာပြီး သူမ၏နှုတ်ခမ်းထောင့်စွန်းများက ပိုပိုကာ ကော့ညွတ်လာနေလေသည်။
ဝမ်ယွီလည်း လက်ထပ်မှတ်ပုံတင်ကိုကြည့်နေခဲ့ပြီး အဆုံးမတော့ ထိုဟာက သူ့ရဲ့မှတ်ပုံတင်ဖြစ်ပေသည် မဟုတ်ပါလော။
လက်ထပ်မှတ်ပုံတင်ကို မကြည့်ခင်တွင် သူ၏အမူအရာက စိတ်လှုပ်ရှားကာ မျှော်လင့်နေခဲ့သည်။ လက်ထပ်မှတ်ပုံတင်ကို မြင်လိုက်ရချိန်တွင် သူ သိသိသာသာကို အံ့အားသင့်သွားကာ ကြည့်ရသည်မှာ သူ၏ရူးကြောင်ကြောင်ပုံစံကြောင့် သူ့ကိုယ်သူ ရှော့ရသွားပုံရ၏။
"ယှီယှီ... ဟား ဟား ဟား ဟား..."
ချီကျန်းကျန်း သူ၏တုံ့ပြန်မှုကိုကြည့်နေရင်း နောက်ဆုံးတွင် အကျယ်ကြီး ရယ်ချမိလိုက်သည်။
ဝမ်ယွီ သူ့မျက်ခုံးမွှေးများကို ပွတ်သပ်ရင်း အနည်းငယ် ကူကယ်ရာမဲ့သွား၏။
"ကျန်းကျန်း "
သူမက ခေါင်းလှည့်၍ သူ့ကိုကြည့်လာကာ မျက်လုံးလေး ပေကလက်ပေလက်လုပ်နေပြီး သူမမျက်လုံးများထဲတွင် ကြိတ်ပြုံးလေးများရှိနေလေသည်။
"ကျွန်မတို့ ဒါနဲ့ပတ်သတ်ပြီးဘယ်လိုလုပ်ကြမလဲ ကဲ...ဒီပုံက ရှင်ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး ပါသွားတော့မှာနော်...ကွာရှင်းပြီးမှ ပြန်ပြီးလက်ထပ်ကြရင်ရော...ဓာတ်ပုံပြောင်းရအောင်လို့လေ"
သိသိသာသာကို သူ့ကို စနေခြင်းပင်။
သို့ပေမဲ့ ဝမ်ယွီက မျက်မှောင်ကြုတ်နေဆဲဖြစ်ပြီး
သူမကို စိုက်ကြည့်လာ၏။
"လျှောက်မပြောစမ်းနဲ့"
ဤသည်က လက်ထပ်မှတ်ပုံတင်တစ်ခုဖြစ်ပြီး သူနှင့်ချီကျန်းကျန်းတို့၏ လက်ထပ်မှတ်ပုံတင်ဖြစ်လေသည်။
ထိုအကြောင်းကို တွေးမိရင်း ဝမ်ယွီပြန်ပျော်လာ၏။
သူက လက်ဆန့်၍ ချီကျန်းကျန်းလက်ထဲက မှတ်ပုံတင်ကိုယူပြီး သူ၏လက်ထပ်မှတ်ပုံတင်နှင့် အတူတူထားလိုက်ပြီး ပြောလေသည်။
"ကိုယ်တို့ဒါကို သိမ်းထားရမယ်...ကိုယ်အရင်သိမ်းထားလိုက်မယ်နော်...ပြန်ရောက်ရင် လုံခြုံတဲ့နေရာမှာ သော့ခတ်ထားရအောင်"
"အိုခေ"
ချီကျန်းကျန်း သူ ထိုဟာကို အမြတ်တနိုးဖြစ်နေပုံကို ကြည့်လိုက်၏။ သူ အထက်ပါပုံများကို အမှတ်တရအဖြစ် ဓာတ်ပုံရိုက်ထားချင်သော်လည်း သည်းခံထားလိုက်သည်။
လက်ထပ်မှတ်ပုံတင်ကို သိမ်းဆည်းပြီးနောက်...
ဝမ်ယွီ ချီကျန်းကျန်း၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ သူနားရွက်များ ခပ်ဖျော့ဖျော့ နီရဲနေပြီး သူ့နှလုံးသားက အနည်ငယ် အခုန်မြန်နေခဲ့၏။
"ကိုယ်တို့ လက်ထပ်ပြီးသွားပြီ...တရားဝင် အသိအမှတ်ပြုထားတဲ့လင်မယားဖြစ်သွားပြီနော်
"အာ...ဟုတ်တယ်လေ"
"ဒါဆို...မင်းကိုယ့်ကို ဘယ်လိုခေါ်သင့်လဲ"
ဝမ်ယွီ၏နားရွက်များက ပို၍ပင် နီရဲလာပေမဲ့ သူက သူမကို လေးလေးနက်နက်ကြည့်နေခဲ့သည်။
ချီကျန်းကျန်း ခဏမျှကြောင်အသွားခဲ့ပြီး ၎င်းနောက် ချက်ချင်း သူ့ဆီပစ်ဝင်ကာ သူ့အပေါ်ခုန်တက်၍ ဖက်ထားလိုက်၏။
"ယောကျာ်းးး... "
"ဟေး...ထပ်ပြောပါဦး"
ဝမ်ယွီ ထပ်၍ရူးကြောင်ကြောင် ရယ်မောပြန်သည်။
ချီကျန်းကျန်း: "ယောကျာ်းရေ...ကျားကျားရေ...လင်လင်ရေ"
ဝမ်ယွီက တဟီးဟီးရယ်နေဆဲဖြစ်ပြီး ချီကျန်းကျန်းကို ပြုတ်မကျအောင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။
ချီကျန်းကျန်း မျက်နှာလေးရဲလာသည်။
"ဆိုတော့ ရှင်ကရော ကျွန်မကို ဘယ်လိုခေါ်ရမှာလဲ"
"မိန်းမ... "
ဝမ်ယွီ၏မျက်နှာက နီရဲနေပေမဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အော်ခေါ်လိုက်၏။
ချီကျန်းကျန်းသည်လည်း အလားတူ ရူးကြောင်ကြောင် အပြုံးကို ပြုံးမိသွားခဲ့လေသည်။
သူတို့၏ အပြုံးက မည်သို့ပင် ရူးကြောင်ကြောင်ဖြစ်နေပါစေ၊ သူတို့ မည်မျှပင် ပျော်နေပါစေ ကိစ္စမရှိပါလေ။ လက်ထပ်မှတ်ပုံတင်ထုတ်ပြီးပြီဖြစ်ကာ သူတို့သည် နိုင်ငံတော်မှ အသိအမှတ်ပြုထားသည့် ဥပဒေ၏အကာအကွယ်အောက်တွင်ရှိသော ဇနီးမောင်နှံဖြစ်သွားလေပြီ။
ဝမ်ယွီက ချီကျန်းကျန်းကို ဆက်ပွေ့ထားပြီး ချီကျန်းကျန်းကလည်း သူမလက်များကို သူ့လည်ပင်းတွင် သိုင်းဖက်ကာ သူ့ကိုဖက်ထားခဲ့၏။
နှစ်ဦးသား ပွေ့ဖက်ရင်း ချိုသာ နူးညံ့သည််ချစ်စကားလှလှလေးများကို ပြောဆိုနေခဲ့ကြသည်။
"ယွီယွီ... ရှင်က ဓာတ်ပုံရိုက်တဲ့နေရာမှာ ညံ့တယ်လို့ ရှင်ပြောတယ်လေ...ကျွန်မတို့ မဂ်လာပွဲမှာဓာတ်ပုံရိုက်တဲ့အခါကျ ဘယ်လိုလုပ်ကြမလဲ "
"ကိုယ်အခု နည်းနည်းလောက် စိတ်လှုပ်ရှားနေရုံပါ...နောက်ကျ မဖြစ်တော့ဘူး "
"တကယ်လား"
"တကယ်.."
…
xxxxxx