အပိုင်း ၁၇၈ (Extra-4)
Viewers 26k

Part 178 Extra (4)


မဂ်လာပွဲမတိုင်မီ မဂ်လာဓာတ်ပုံများရိုက်ရမည့်အချိန်ရောက်လာခဲ့လေသည်။ 


ချီကျန်းကျန်းအနေဖြင့် ဝမ်ယွီ စိတ်လှုပ်ရှားနေသေးပြီး မသက်မသာဖြစ်မှာစိုးမိ၏။


သို့ပေမဲ့ လက်တွေ့၌ သူတို့အမှန်တကယ် ပုံများစရိုက်ချိန်တွင် သူ့မှာစိတ်ဖိအားရှိမနေတော့ချေ။


လက်ထပ်မှတ်ပုံရရှိခြင်း၏အဓိပ္ပါယ်က ကွဲပြားလေသည်။


သူက ကင်မရာနှင့်ညှိယူနိုင်ပြီး အထူးသဖြင့် ဓာတ်ပုံဆရာက သူ့အား ချီကျန်းကျန်းကို ကြည့်ခိုင်းချိန်တွင် ထိုနင့်နင့်နဲနဲချစ်မြတ်နိုးသည့်အကြည့်က ရိုက်ခဲ့သမျှထဲတွင် သဘာဝအကျဆုံးနှင့် အလှပဆုံးဓာတ်ပုံများဖြစ်ချေ၏။


ဝမ်ယွီက ချီကျန်းကျန်းအတွက် ဝတ်စုံတစ်ဒါဇင်ကျော်ကို မှာယူခဲ့သည်။ ချီကျန်းကျန်းကသာ အဝတ်အစားလဲရမှာ ဒုက္ခများသည်ဟု မတွေးပါလျှင် သူက ပို၍ပင် များများဝယ်ဦးမည်ဖြစ်၏။


တစ်ဒါဇင်ကျော်သော ဝတ်စုံများနှင့်အတူ စတိုင်အမျိုးမျိုးဖြင့် ကိုယ်ပိုင်ဂျက်လေယာဥ်တစ်စီးနှင့် နှစ်ယောက်သား ဓာတ်ပုံရိုက်ဖို့အတွက်တင်ကို နိုင်ငံတဝန်းနှင့် နိုင်ငံခြားသို့ လူးလာခေါက်တုံ့ ပျံသန်းပြေးလွှားခဲ့ကြသည်။

.

ပထမနှစ်ရက်က အတော်ပင်စိတ်ဝင်စားစရာကောင်းခဲ့ပြီး သူတို့တစ်နေရာကိုသွားလျှင် ဓာတ်ပုံရိုက်ရုံတင်မကဘဲ ဒေသတဝိုက်မှာ အနည်းနှင့်အများ ပျော်ပါးခဲ့ကြသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် ချီကျန်းကျန်း မလှုပ်နိုင်မကိုင်နိုင်ဖြစ်သွားပြီး နည်းနည်းမှ မလှုပ်ရှားချင်တော့ပေ။


ဝမ်ယွီက ဓာတ်ပုံတွေကိုကြည့်နေ၏။


သူ တစ်ခုစီတိုင်းကို  အတော်လေးကျေနပ်နေပြီး မျက်နှာထက်တွင် အပြုံးရိပ်တစ်ခုရှိနေလေသည်။ 

.

"ယွီယွီ... မနက်ဖြန်တစ်ရက်ပဲ ကျန်တော့တာမလား"


ချီကျန်းကျန်းက သူ့ကို မျှော်လင့်ချက်များပြည့်နေသည့် မျက်နှာလေးဖြင့် ကြည့်လိုက်၏။


ဝမ်ယွီ လှည့်၍ သူ့ကိုဖက်လိုက်ပြီး လက်လှမ်းကာ ဖြင့် သူမအား အသီးတစ်စိတ်ကျွေးလိုက်ရင်း သူ့အသံကနူးညံ့နေခဲ့သည်။


"ဟင်း...မနက်ဖြန်က နောက်ဆုံးရက်ပဲ...အနာဂတ်ကျရင် ကိုယ်တို့ နှစ်တိုင်း တစ်အုပ်စီရိုက်ကျမယ်...အဲ့ဒါမှ ကိုယ်တို့အသက်ကြီးလာတဲ့အခါကျ နောက်ပေါက်လေးတွေကို နေတိုင်းကြည့်ခိုင်းဖို့ ဓာတ်ပုံတွေအများကြီး အများကြီးရှိနေမှာ"


သူက တစ်ပုံဆွဲထုတ်လိုက်ပြီး သူတို့ တောအုပ်ထဲမှာရိုက်ထားသည့်ပုံဖြစ်လေသည်။ 


"အရမ်းလှတာပဲ "


ချီကျန်းကျန်း ဓာတ်ပုံကို ကြည့်ပြီး ကျေနပ်စွာ ေခါင်းညိတ်လိုက်၏။ အင်မတန် မျက်စိပသာဒရှိပြီး သူတို့နှစ်ဦးသည် တောနက်ကြထဲတွင် ရှင်သန်ကြသည့် နတ်သူငယ်များနှင့်တူပြီး သဘာဝတရား၏  လှပသော ရှုခင်းများက သူတို့အား ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာသည့် မသေမျိုးများသဖွယ်ဖြစ်စေ​သည်။ 


နှစ်ဦးသား လက်ချင်းယှက်ဖြာထားကြပြီး ဓာတ်ပုံကပင် သူတို့နှစ်ဦးကြားရှိ ချစ်ခြင်းမေတ္တာကို ပြသနိုင်နေ၏။


သူတို့ အိုမင်းလာသည့်အခါကျရင် ဒီဓာတ်ပုံတွေကို ပြန်ကြည့်၍ ရသည့်ဟူသောအတွေးက ချီကျန်းကျန်းကို ချက်ချင်းလက်ငင်း ခွန်အားတွေရှိလာစေသည်။


သူတို့သည့် ကမ္ဘာပေါ်ရှိ နေရာအနှံ့အပြားတွင် ခြေရာများချန်ထားခဲ့ကြပြီး တောင်တစ်ခု၏ ထိပ်တွင် အတူတူ သူတို့၏ချစ်သက်သေ သော့ခလောက်များကို ချိတ်ဆွဲခဲ့ကြ၏။


နေရာများပေါင်းမြောက်စွာမှာ လက်ချင်းတွဲလျက် မရေမတွက်နိုင်သော ဓာတ်ပုံလှလှလေးများရိုက်ခဲ့ကြပြီး သူတို့ပြန်ရောက်လာချိန်တွင် ဓာတ်ပုံအယ်လ်ဘမ် ဆယ်ခုရှိသာရှိသေးသည်။


မှန်သည်ပင်၊ ဤသည်က ဝမ်ယွီ၏ဓာတ်ပုံလေးဖျတ်ဖို့ကို တွန်ဆုတ်နေမှုနှင့်လည်း ဆိုင်သည်ပင်။ 


"ငါးလေး ကျွန်မတို့ အခုကနေစပြီး နှစ်တိုင်း ဓာတ်ပုံတွေရိုက်ကြမှာလား"

(ယှီ=ငါး)


"ဒါပေါ့"


"ကောင်းတယ်... ဒါဆို ကျွန်မတို့ အသက်ကြီး သွားတဲ့အခါကျ သေချာပေါက် ဓာတ်ပုံတွေအပြည့်နဲ့အခန်းကြီးတစ်ခုဖြစ်အောင်ထိ စုနိုင်မှာပဲ"


"ကိုယ် အန်ကယ်လီနဲ့ အန်တီလီကို ပြခန်းတစ်ခုစီစဥ်ဖို့ပြောပြီးပြီ..အခုကနေစပြီး နှစ်တိုင်း နှစ်အလိုက် ကိုယ်တို့ အဲ့ထဲကို ဓာတ်ပုံအယ်လဘမ်တွေ ပေါင်းထည့်ကြမယ်လေ"


"အိုင်း...ကောင်းလိုက်တာ... ကျွန်မတို့ အယ်လ်ဘမ်ပေါ်မှာ ဒီနှစ်ရဲ့အမှတ်တရအနေနဲ့ စာတချို့ရေးရဦးမယ်လေနော်"


"အိုခေ...ကိုယ် မင်းစကားကိုနားထောင်ပါ့မယ်"


ချီကျန်းကျန်း၏မျက်လုံးများက ရယ်ရွှင်မှုများနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ဝမ်ယွီ၏မျက်လုံးများက သူမအား အသဲတုန်အောင် ချစ်မြတ်နိုးမှုများဖြင့် ကြည့်နေခဲ့၏။ 


နှစ်ဦးသား တစ်ဦးကိုတစ်ဦ မှီလျက် ဓာတ်ပုံအယ်လ်ဘမ်များကို လှန်လောကာ အိမ်ထဲတွင် မျက်စိဖမ်းစားစရာအဖြစ်  ပြသထားမည့် ပုံတွေကို ရွေးချယ်နေကြသည်။


လေထုအငွေ့အသက်များသည်ကား သာယာအေးချမ်းနေခဲ့၏။


.....


မဂ်လာပွဲကို အင်မတန် ကောင်းမွန်လှသည့် နေ့ကောင်းနေ့မြတ်တွင် ကျင်းပခဲ့၏။ မဂ်လာပွဲသည် ဝမ်ယွီက စီစဥ်ပြီး ကျန်းယဲ့၏အကူအညီနှင့် အလွန်အမင်း ကြီးကျယ် ခမ်းနားခဲ့လေသည်။


တက်ရောက်သည့် ဧည့်သည်အရေအတွက်ကလည်း အလွန်များပြားခဲ့၏။


မှန်သည်ပင်၊ ဖိတ်ကြားလွှာမပါသည့် ဧည့်သည်များကို ဝင်ခွင်မပြုခဲ့ပဲ ဝမ်ယွီ၏မျက်နှာကောင်းကို ရချင်သူများက ဖိတ်ကြားလွှာရသည့်သူများနောက်မှ ကပ်လိုက်လာကြသည်။


ဤမဂ်လာဆောင်ကား ကောင်းချီးများကိုသာလက်ခံပြီး လက်ဖွဲ့လက်မခံပါချေ။


ကျင်းပရာနေရာ၏အပြင်၌ အုပ်အုပ်သဲသဲဖြစ် နေ၏။ 


ထိုအချိန်တွင် ချီကျန်းကျန်းက ကြီးမားသည့် အနီရောင်မဂ်လာဝတ်စုံကို ဝတ်ဆင်ထားပြီး ချီမိသားစု၏အခန်းထဲတွင် ထိုင်နေသည်။


မဂ်လာဝတ်စုံကို ဆုပန်းထိုးနှင့် ပြုလုပ်ထား၏။ လပေါင်းများစွာကြိုမှာထားခဲ့ပြီး ဆုပန်းထိုး အကျော်အမော်တစ်ဦးက လက်ပန်းထိုးထားခြင်းဖြစ်ကာ ခမ်းနားတင့်တယ်လှ၏။

(E/T–ဆုပန်းထိုး တနည်းအားဖြင့် ဆုကျိုးပန်းထိုးဟာ တရုတ်ပန်းထိုးပညာ၏အဓိက ရိုးရာစတိုင်လေးခုထဲက တစ်ခုပါ)


ချီကျန်းကျန်းက မိတ်ကပ်လိမ်းခြယ်ပြီးနေပြီဖြစ်ကာ အနည်းငယ်စိတ်လှုပ်ရှားနေ၏။


သူမမှာ သူငယ်ချင်းအများကြီးမရှိသဖြင့် သတို့သမီးအရံများသည် သူမ၏အသိုင်းအဝိုင်းထဲမှ သူမအထင်အမြင်ကောင်းရှိသောမိန်းကလေးများကို ဖိတ်ကြားထားခြင်း ဖြစ်လေသည်။


သူမ ဝမ်စီစီအတွက်လည်း တစ်နေရာသီးသန့်ချန်ထားခဲ့၏။ 


ဝမ်ယွီနှင့် ဝမ်မိသားစုတို့က သွေးသားတော်စပ်သော်ငြား ဘာခံစားချက်မှ မရှိကြောင်း လူသိများလေသည်။ သူမ သတို့သမီးအရံဖြစ်လာခြင်းမှာ ချီကျန်းကျန်း၏သူငယ်ချင်းဖြစ်နေသောကြောင့်ပင်။


ဝမ်စီစီကလည်း အပြေးပြန်လာခဲ့၏။


ခရမ်းရောင် သတို့သမီးအရံဝတ်စုံကို ဝတ်ဆင်ထားသူ ဝမ်စီစီက ချီကျန်းကျန်းကိုကြည့်ကာ မနေနိုင်ဘဲ ပြောမိလိုက်လေသည်။


"နင်ငါ့ကို သတို့သမီးအရံ ဖိတ်မယ်လို့ ငါတကယ်ထင်မထားဘူး..."


"ငါကနင့်ကို ငါ့သူငယ်ချင်းလို့ အမြဲတမ်းသဘောထားတာပါနော်"

ချီကျန်းကျန်းက ပြောလိုက်၏။ 


ခဏလောက် ရပ်နေပြီနောက် သူမက စပ်ဖြီးဖြီးလုပ်လေသည်။


"ပြီးတော့ ဒီလို့နေ့ထူးနေ့မြတ်မျိုးမှာ ငါနင့်ကို ဘာလို့ ကြွားဖို့မရှာရမှာလဲ"


ဝမ်စီစီ:"..."


သူမက ဒေါသတကြီး ပြောလိုက်၏။


"ငါနင့်ကို မမြင်တာအတော်ကြာပေမဲ့ နင့်ပါးစပ်က အရမ်းကို အဆိပ်ပြင်းတုန်းပဲနော်"


ဝမ်စီစီ အများကြီး ပြောင်းလဲသွားခဲ့ပြီး သူမအနေဖြင့် ရင့်ကျက်သွားသည်၊ စိတ်သဘောထားက သီးသန့်ဆန်လာသည်၊ ဆံပင်တွေ တိုသွားသည်၊ထို့နောက် သူမက များစွာ  ပိုအရည်အချင်းရှိလာပြီး  အတွေ့အကြုံများလာခဲ့၏။ ကြည့်ရသည်မှာ သူမ အပြင်မှာ အတော်ကို ကောင်းကောင်းပြုမူခဲ့ပုံရသည်။


"ငါက အမြဲတမ်းဒီလိုပဲလေ"

ချီကျန်းကျန်း မှန်ကို ကောက်ကိုင်ပြီး သူမ၏ လက်ရာမြောက်လှသော မိတ်ကပ်ကို ကြည့်လိုက်၏။


ဝမ်စီစီက နူးညံ့စွာပြောလာခဲ့သည်။

"ကျန်းကျန်း... နင်က တကယ်ကို ကောင်းတာပဲ... ငါနင့်ကိုတွေ့ရတာ ပျော်တယ်...အရမ်းပျော်တယ် သိလား..."


ချက်ချင်းပင် သူမ အနည်းငယ်ရှက်သွားပြီး အကြည့်လွှဲသွားကာ သူမ၏ပါးပြင်များက ခပ်ဖျော့ဖျော့ နီရဲနေခဲ့၏။


"ဒါပေမဲ့ ငါနင့်ကိုပြောဦးမယ်...သူတို့က ဝမ်ယွီ့ကိုကြောက်နေကြတာ...ဒါမဲ့ငါကတော့မကြောက်ပါဘူး...ဒီနေ့ ငါသူ့ကို လွယ်လွယ်ကူကူ ဝင်ခွင့်ပြုမှာမဟုတ်ဘူး..."


ချီကျန်းကျန်း မှန်ကို ပြန်ချထားပြီး မပြောဘဲမနေနိုင်ခဲ့။

"သူ့ကို တအားကြီး ခက်ခဲအောင်မလုပ်ပါနဲ့ဟယ်..."


"ရော် ရော် ရော် ရော်...ဒါက ကာကွယ်ပေးနေတာလား"

တစ်စုံတစ်ယောက်က စလိုက်လေသည်။


ချီကျန်းကျန်း ရှက်ရွံ့စွာပြုံးလိုက်မိပြီး ရုတ်တရက် အခန်းထဲရှိ လူတိုင်း မရယ်ဘဲမနေနိုင်တော့။


အပြင်မှာတော့ ဝုန်းဒိုင်းကြဲနေ၏။


"သတို့သားရောက်ပါပြီ....."


တစ်ခါတည်း ဝမ်စီစီနှင့် တခြားသတို့သမီးအရံများ ဝိုင်းအုံလာပြီး တံခါးဝကို ပိတ်ကာရပ်လိုက်သည်။


ဝမ်ယွီက ချီကျန်းကျန်း၏ မဂ်လာဝတ်စုံနှင့်ဆင်တူ သတို့သားဝတ်စုံကို ဝတ်ဆင်ထားလေ၏။ ချီကျန်းကျန်း၏ ဝတ်စုံလောက် မထည်ဝါဘဲ ပြုပြင်ထားပြီး ပိုပေါ့ပါးလေသည်။


ကျန်းယဲ့နှင့် တခြားသတို့သားအရံများက သူ့နောက်မှလိုက်လာကြ၏။


"လာ လာ လာ...ငါတို့ကို မျက်နှာသာပေးပါဦး အမျိုးကောင်းသမီးတို့ရေ...လမ်းလေးဖယ်ပေးကြပါဦး..."


ကျန်းယဲ့က စာအိတ်နီတစ်ထပ်ကြီးကို ဆွဲထုတ်ပြီး သူမတို့အပေါ်ကို တိုက်ရိုက် လက်တစ်ဆုပ်စာ ကြဲချလိုက်သည်။


.

သူကမြန်လွန်းနေပြီး စာအိတ်နီတွေ အများကြီးရှိနေကာ ​တော်တော်များများ မြေကြီးပေါ်ကျသွား၏။


သတို့သမီးအရံများက ပိုက်ဆံပြတ်လပ်နေသူများမဟုတ်သော်လည်း ထိုအချိန်တွင် မသိစိတ်ဖြင့် စာအိတ်နီများကို လုမိကြတော့သည်။ လှုပ်ရှားမှုတွေ ဖရိုဖရဲဖြစ်ကုန်သည်နှင့် သူတို့က တံခါးကို ပိတ်မိနေခြင်းမရှိတော့ပဲ ကျန်းယဲ့နှင့် တခြားသူများက ဝမ်ယွီကို မ,ကာ ချက်ချင်းပြေးဝင်လေ၏။


xxxxxx