အပိုင်း ၁၇၉ (Extra-5)
Viewers 26k

Part 179 Extra(5)


ဝမ်စီစီက နောက်အနည်းငယ်ရောက်သည့်နေရာမှာ ရပ်နေခြင်း​ဖြစ်ပြီး အင်မတန်ကို ခေါင်းရှင်းနေကာ ချက်ချင်း တံခါးကို ပိတ်ရပ်၍အော်လိုက်သည်။


"စာအိတ်နီတွေကို ဂရုမစိုက်ကြနဲ့...သူတို့ဝင်ခွင့်မပေးနဲ့ဟေး..."


သတို့သမီးအရံများ တန်းကာ အသိဝင်လာပြီး အလျင်စလို နေရာပြန်ယူကာ တံခါးကို ပိတ်ရပ်ရင်း ဒေါသတကြီး ရယ်လိုက်ကြ၏။


"နင်တို့ကောင်တွေ လွန်လွန်းသွားပြီ..."


"ငါတို့သူတို့ကို လွယ်လွယ်နဲ့ ဝင်ခွင့်မပြုဘူးဟေး"


"ဟုတ်တယ်...လာစမ်းပါ... သတို့သားအရံတွေ ဒိုက်ထိုးရမယ်...သတို့သားက သတို့သမီးကို ချစ်စကား အလုံး500ပြောရမယ်...ပြီးရင်သတို့သားအရံတွေက သူပြောပြီးတဲ့အထိ လုပ်ရမယ်...ငါတို့ကျေနပ်တဲ့အချိန်ကျရင် ဝင်လို့ရပြီ..."


"မှန်တယ် မှန်တယ် မှန်တယ်... ဒီလိုဖြစ်နေရမှာ..."


ကျန်းယဲ့က ညဉ်းလေသည်။

"မင်းတို့က ရည်ရွယ်ချက်ရှိရှိနဲ့ ငါတို့ကို ခက်ခဲအောင်လုပ်နေတာပဲ"

"နင်တို့ကောင်တွေကို ခက်ခဲအောင်လုပ်ရုံတင်လေ...ဘယ်သူက နင်တို့ကို တရားလွန်ပြီး တန်းပြေးဝင်ဖို့ကြိုးစားခိုင်းလို့လဲ"


"မြန်မြန်... ကျန်းယဲ့ ဦးဆာင်ပြီးလုပ်လိုက်တော့..."


"ဟားဟားဟား ဟုတ်တယ်... မြန်မြန်လုပ်..."


ချီကျန်းကျန်း အခန်းထဲမှာထိုင်နေပြီး ယပ်တောင်ဝိုင်းလေးကိုကိုင်ကာ သူတို့၏ရယ်မောသံများကို

နားထောင်ရင်း မပြုံးမိဘဲမနေနိုင်ခဲ့။


ကျန်းယဲ့နှင့်တခြားသူများက နာနာခံခံဖြင့် လုပ်ငန်းစလိုက်ကြပြီး ဝမ်ယွီကိုအော်လိုက်၏။

"မင်းမြန်မြန်လုပ်ရမယ်"


ဝမ်ယွီ ခေါင်းခဲနေပြီး မနေနိုင်စွာဖြင့် မျက်ခုံးကိုပွတ်ကာ ပြောလိုက်သည်။

"စဥ်းစားပါရစေဦးကွာ..."


"စဥ်းစားမနေနဲ့...ငါက ငါးခါတောင်ပြီးသွားပြီ မြန်မြန်..."


ကျန်းယဲ့က ဟောက်လိုက်၏။


ဝမ်ယွီ အသက်ပြင်းပြင်းရှူလိုက်သည်။ သူကြားလေးထဲမှ ကြည့်လိုက်ရာတွင် အနီရောင်ကိုသာ မြင်ရပြီး ချီကျန်းကျန်းကို မြင်ရပေမဲ့ သူ့နှလုံးသားထဲတွင် သူမဘယ်နေရာမှာရှိနေမှန်း သိပေသည်။ ရလဒ်တစ်ခုအနေဖြင့် သူ့နှလုံးသားက သူမကိုမြင်ရဖို့ မျှော်မှန်းတောင့်တကာ ဆန္ဒတွေစောလာပြီး တဒိန်းဒိန်းခုန်ပေါက်လာ၏။


ခဏအကြာတွင် သူ၏နှုတ်ခမ်းများ ဖွင့်ဟလာပြီး မျက်လုံးများက အခန်းထဲဆီသို့ကြည့်ကာ ချီကျန်းကျန်းကို ကြည့်နေသလိုမျိုး လေးလေးနက်နက်ပြောလိုက်သည်။


"ချီကျန်းကျန်း... မင်းနဲ့ဆုံတွေ့ခွင့်ပေးတဲ့အတွက် ကံကြမ္မာကို ကျေးဇူးတင်ပါတယ်... မင်းက ကောင်းကင်ဘုံကချီးမြင့်တဲ့ အဖိုးတန်ဆုံးသောလက်ဆောင်လေးပါ...မင်းက ကိုယ့်မှာရှိရှိသမျှ  အရာရာတိုင်းထက် ပိုအရေးကြီးပါတယ်...ကိုယ်မင်းကိုလည်း ကျေးဇူးတင်ချင်တယ်...ဒီကမ္ဘာကြီးထဲကိုရောက်လာတဲ့အတွက်  ကျေးဇူးတင်ပါတယ်... ဒီကမ္ဘာကြီးမှာ နေဖို့ဆန္ဒရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်...မင်းရဲ့လက်ကျန်ဘဝသက်တမ်းကို ကိုယ်ဘေးနားမှာနေပြီး ကိုနဲ့အတူကုန်ဆုံးဖို့ ဆန္ဒရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်...ကိုယ်တို့တည်ကြားရမဲ့ကတိကို ကိုယ်အမြဲတမ်း မှတ်မိနေမှာပါ...ကိုယ်ရဲ့ဘဝကို ကိုယ်တို့ကြိုတင်သတ်မှတ်ထားတာနဲ့အညီ ကုန်ဆုံးချင်တယ်...ဒီတစ်ဘဝလုံး ပြောင်းလဲသွားမှာမဟုတ်ဘူး"


စာလုံးရေ 500ဖြစ်ကာ ဘယ်သူကမှသူ့ကို အသေးစိတ်ရေမပေးခဲ့ပါချေ။

(E/T–အဲ့ဒါက တရုတ်စာလုံးရေ 500ခန့်ရှိပါတယ်တဲ့)


အမှန်တွင် သူပြောပြီးသည့်နောက် သတို့သမီးအရံတွေ အကုန်လုံး အံ့အားသင့်သွားကြကုန်သည်။


လူတိုင်းက ဝမ်ယွီ၏စရိုက်ကို အနည်းနှင့်အများတော့ သိကြသည်ပင်။ သူက တည်ကြည်လေးနက်လွန်းသဖြင့် ဘယ်သူမှ သူ့စကားထဲတွင် ချဲ့ကားမှုတွေပါသည်ဟု သံသယမရှိကြပါချေ။ သူတို့အကုန်လုံးသည် သူကပြောလျှင် ပြောသည့်အတိုင်း တကယ်ဆိုလိုမှန်းသိကြ၏။


အချစ်စကား အလုံး500ထဲတွင် သူကလ"အချစ်"ဟုလည်း မခေါ်ခဲ့သလို "ချီကျန်းကျန်း"ဟုသာ နူးညံ့ကြင်နာစွာခေါ်ခဲ့ပြီး "ကိုယ်မင်းကိုချစ်တယ်"ဟု တစ်ခွန်းမှပင် မပါသော်ငြား စာကြောင်းတိုင်းက အချစ်တွေနှင့် ပြည့်နှက်နေပုံရကာ စာလုံးတိုင်းက နူးညံ့သိမ်မွေ့နေခဲ့သည်။


ဤသည်က အရာရာတိုင်းကို ပိုင်စိုးထားသည့်ယောကျာ်းဖြစ်ပြီး ထိုကဲ့သို့ ဂရုမထားတတ်သည့် ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း သူက တစ်ဦးတစ်ယောက်အတွက်သာ နူးညံ့ကြင်နာတတ်ကာ တစ်ဦးတစ်ယောက်အတွက်သာ အရာရာတိုင်းကို ပုံအောပေးထားလေ၏။ သူက ထိုတစ်ဦးတစ်ယောက်ကို နှလုံးသားထဲတွင် ထည့်ထားပြီး သူမအား သူ့အသက်ထက်ပင်တန်ဖိုးထားလေသည်။


သူတို့ထဲက ဘယ်သူမှ မလှုပ်ရှားမိကြ။


သတို့သမီးအရံများသည် အကုန်လုံး တစ်ကိုယ်တည်း သမားတွေဖြစ်ကြပြီး သတို့သမီးအရံလုပ်ရသည်ကို ပျော်နေခဲ့ကြသည်။ တစ်ဦးက ချီကျန်းကျန်းနှင့် သူငယ်ချင်းဖြစ်ဖို့ဖြစ်ကာ တခြားတစ်ဦးက ချီကျန်းကျန်းနှင့် ဝမ်ယွီတို့၏မဂ်လာပွဲမှာ ကြည်နူးစရာအငွေ့အသက်တချို့ကို အလကားမလိုချင်သူဖြစ်လေသည်။


သူတို့ ထိုစကားများကို ကြားရချိန်တွင် အားမကျမိဘဲ မနေနိုင်ခဲ့။ 


ဝမ်ယွီပြီးသွားချိန်တွင် အခန်းထဲ၌ ချီကျန်းကျန်း ပါးစပ်ကိုအုပ်ကာ ငိုမိသွားပြီး မိတ်ကပ်ပျက်မှာစိုး၍ ခေါင်းငုံ့လိုက်၏။


ခဏတာ ငြိမ်သက်သွားခဲ့သည်။


ဝမ်ယွီက မေးလိုက်၏။

"ဒါဆို ရပြီလား"


ထို့နောက်  သတို့သမီးအရံများ အသိပြန်ဝင်လာပြီး ချက်ချင်းပြောလိုက်ကြသည်။

"မရသေးဘူးပေါ့...လာလာ သတို့သား...ရှင်သေချာပေါက် ဒီနေ့ နည်းနည်းပဲသောက်လို့မရဘူး...ကျွန်မတို့ ရှင့်အတွက် ဝိုင်ထည့်ပေးမှာမဟုတ်ဘူးနော်...ဒါပေမဲ့ ရှင့်အတွက် ဘဝအရသာငါးမျိုးကို ပြင်ဆင်ပေးထားတယ်..."

(E/T-အရသာငါးခု五味, အမည်: ချို 甜, ချဥ် 酸, ခါး 苦, စပ်ပူ 辣, ငန် 鹹|咸.)


တစ်ယောက်ယောက်က ခွက်ငါးခွက်ပါသည့် ဗန်းကိုယူလာလေ၏။


အနံ့နှင်တင်ပင် ချို၊ချဥ်၊ခါး၊စပ်ပူနှင့်ငန်ကြောင်း ပြောနိုင်လေသည်။

(E/T–酸甜苦辣咸က ဘဝရဲ့ ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုများလို့လည်း အဓိပ္ပါယ်ရပါတယ်)


ကျန်းယဲ့နှင့် တခြားသူများက အခုလေးတင် ထလာပြီဖြစ်ကာ ချွေးတွေစိုရွှဲနေကြပြီး ထိုသည်ကိုမြင်ရာတွင် ဝိုင်းအော်ကြ ကုန်၏။


"မင်းတို့က အရမ်းရက်စက်တာပဲ...ဒီလောက်ခွက်အကြီးကြီးနဲ့..."


"နင်တို့လည်း ကူသောက်ပေးလို့ရတယ်နော်...ဘယ်လိုပဲဖြစ်ဖြစ် သတို့သားဘယ်လောက်သောက်သလဲဆိုတာက သူ သူ့ရဲ့သတို့သမီးအပေါ် ဘယ်လောက်စစ်မှန်သလဲဆိုတာကို သက်သေပြမှာပဲ...သတို့သမီးက အထဲကနေကြည့်လိုရတယ်...သတို့သားရေ ရှင် သတို့သမီးကို စိတ်ပျက်စေမှာလား"

သတို့သမီးအရံများက လှောင်ပြောင် ရယ်မောကာ ဟာသလုပ်နေကြသည်။


သို့ပေမဲ့ သူတို့ တကယ်ကြီး သတို့သားကို သူ့ဘာသူကုန်အောင်မသောက်စေချင်ကြပေ။


ဝမ်ယွီက အသက်ပြင်းပြင်းရှူကာ ကူကယ်ရာမဲ့စွာပြုံးလိုက်ပြန်၏။


ကျန်းယဲ့ ခွက်ကိုကြည့်ပြီး တံတွေးမြိုချလိုက်ကာ သေသေချာချာ ဆိုလေသည်။


"ဒီ...ဘယ်လိုပဲဖြစ်ဖြစ် ကျန်းကျန်းက မင်းရဲ့စိတ်ရင်းကို သေချာပေါက်သိမှာပါ...မဟုတ်ရင် ငါတို့ မင်းကို ကူသောက်ပေးရမလား"


တစ်ယောက်တစ်ခွက်က ဖြစ်နိုင်သေးသည်၊ အကယ်၍ ဝမ်ယွီသာ အကုန်လုံး သောက်ရပါလျှင် တော်တော်လေး ဒုက္ခရောက်သွားမည်ဟု သူထင်ပါ၏။


သို့ပေမဲ ဝမ်ယွိကတော့ သူတို့ကို ကူခိုင်းမည့်ပုံမရပေ။ ဤသည်က သူ၏ ကျန်းကျန်းအပေါ်ထားသည့် စိတ်ရင်းကို ကိုယ်စားမပြုသော်ငြား ယနေ့သည် သူတို့၏ မဂ်လာပွဲနေ့ဖြစ်သဖြင့် သူ လူတိုင်းကို လည်း သူ့ရဲစိတ်ရင်းကို ပြချင်လေသည်။


ရလဒ်တစ်ခုအနေဖြင့် ဝမ်ယွီ ခဏရပ်လိုက်ပြီး တစ်ခွက် ကောက်ယူကာ တစ်ကျိုက်တည်းသောက်လိုက်ပြီးနောက် တစ်ခွက်ပြီးတစ်ခွက်သောက်လေတော့၏။


အရသာက အတော်လေးကို ပြင်းသည့်အတွက် သူ့မျက်ခုံးတန်းများ ကြုံ့သွားခဲ့ပြီး အထူးသဖြင့် ချဥ်သည့်ဟာအရောက်တွင် ရှာလကာရည်နည်းနည်းများလွန်းသွား၍ဖြစ်မည်ထင်၊ ဝမ်ယွီ ထိုဟာကို သောက်ပြီးသည်နှင့် သူ့မျက်နှာက တန်းပြောင်းသွားလေသည်။

.

သူ့ဘေးရှိ ကျန်းယဲ့ လန့်သွားပုံရ၏။


မေမေရေ...အိမ်ထောင်ပြုရတာ အရမ်းကြောက်စရာကောင်းတာပဲ...သတို့သမီးအရံတွေက ကြောက်ဖို့ကောင်းလိုက်တာ...


"ဒါဆို ရပြီလား"

နောက်ဆုံးခွက်ကို အပြောင်ရှင်းပြီးနောက် ဝမ်ယွီက မေးလိုက်သည်။ 


သတို့သမီးအရံများ ရှော့ရပြီး အလွန်အမင်း အံအားသင့်သွားကြ ကုန်၏။


သူတို့က ဝမ်ယွီ ဤအတားအဆီးနှစ်ခုကို လှလှပပဖြတ်ကျော်နိုင်ခဲ့ကြောင်း ပြောလိုက်ရပြီး

ကျန်းယဲ့နှင့်တခြားသူများက သူ့တို့ဘေးမှာ စာအိတ်နီတွေ ကြမ်းကြမ်းတမ်းတမ်း ထိုးသိပ်ထည့်နေကြဆဲဖြစ်ကာ သတို့သမီးအရံတွေအကုန်လုံး က တစ်ယောက်နှင့်တစ်ယောက်ရှက်နေကြပြီး လမ်းဖယ်ပေးချင်နေကြသည်။


ဝမ်စီစီ ထိုနေရာတွင် မေးအနည်ငယ်မော့ကာ မတ်တပ်ရပ်နေပြီး ရုတ်တရက် ထပြောလိုက်၏။

"နောက်ဆုံး အတားအဆီး...သတို့သားက အချစ်သီချင်းဆိုရမယ်" 


ဝမ်ယွီ မျက်ခုံးတန်းများက ထူးထူးဆန်းဆန်းရေခွက်ငါးခွက်ကို သောက်ရတော့မည့်အချိန်ကထက် ပို၍ပင် ကြုံ့လာခဲ့သည်။


ဝမ်စီစီ ပျော်နေ၏။


သေချာတယ်... ချီကျန်းကျန်းမှာ သူ့ကိုခက်ခဲအောင်လုပ်ဖို့ အကြံကောင်းတစ်ခု ရှိတာပဲ...


ယခင်က ဝမ်ယွီသီချင်းဆိုသည်ကို ဘယ်သူမှ မကြားဖူးပါချေ၊ ချီကျန်းကျန်းတောင်မှပင် မကြားဖူးပေ။


"နင် သီချင်းမဆိုဘူးလား...ဒါဆို နင် သတို့သမီးကို ခေါ်သွားလို့မရဘူးပဲ..."

ဝမ်စီစီ မျက်ခုံးပင့်လိုက်သည်။

"သတို့သမီးက အကုန်လုံးကြားတယ်နော်..."

.

"ငါဆိုမယ်..ငါဆိုပါ့မယ်..."

ကျန်းယဲ့က အလျင်စလို ပြောလေ၏။


"မရဘူး...သတို့သား ကိုယ်တိုင်လုပ်ရမှာ"


ဝမ်ယွီ အသက်ပြင်းပြင်းရှူကာ ထိုနေရာတွင် တည်တည်ငြိမ် ရပ်နေပြီး သီချင်းဆိုခြင်းက သူ့အတွက် ကိစ္စကြီးမဟုတ်သလိုမျိုး သူ့အမူအရာက ပြန်လည်တည်ငြိမ်သွားလေသည်။


–ရှင်ဘုရင်က တကယ်ကို အရာရာမှာ တော်သလားကွယ်...


ထိုအခိုက်အတန့်တွင် ဝမ်ယွီက သူ့ပါးစပ်ကို ဖွင့်လိုက်၏။


လူတိုင်း အခန်းထဲရှိ ချီကျန်းကျန်းအပါအဝင် အကုန်လုံး ရှော့ရသွားကြကုန်သည်။


xxxxxx