Part 180 (extra - 6)
‘‘သောက်ကျိုးနည်း... ’’
ဒါကနားထောင်ရတာက အရမ်းကိုစိတ်မချမ်းမြေ့စရာဘဲနော်
စာသားတလုံးလေးမှ ကီးမမှန်နေဘူး
သီချင်းဟောင်းတစ်ခုဖြစ်တဲ့ ‘The most romantic things’ ကိုဝမ်ယွီက လူကြားထဲမှာ ဆိုလာခဲ့လေသည်။
ဒီလိုဆိုရင်တောင်မှ သူ့အနေဖြင့် စာသားတွေကို မမှတ်မိနိုင်သေးပေ။သူ့အတွက် သီချင်းတစ်ပုဒ်ဆိုဖို့ဆိုတာ အရမ်းကိုခက်ခဲပေသည်။
အခန်းထဲမှာတော့ ချီကျန်းကျန်းက မတတ်နိုင်ဘဲ သူမပါးစပ်ကိုအုပ်ကာ ရီမိတော့သည်။
ကြည့်ရတာ ဝမ်ယွီက တကယ်ကိုသီချင်းမဆိုတတ်ဘူးနဲ့တူတယ်၊ သူကသီချင်းနားထောင်ရတာလည်းမကြိုက်ဘူးဆိုတာအမှန်ဘဲ။ဒီသီချင်းက သူတို့လက်ထပ်ဓာတ်ပုံတွေ သွားရိုက်တုန်းက
သူ့အတွက်ဆိုပြလာခဲ့တာဖြစ်တယ်၊ သူကနားထောင်ရတာကြိုက်တာကြောင့် ချီကျန်းကျန်းကလည်း ဆက်ပြီးဆိုပြလာခဲ့လေသည်။
သူ မမျှော်လင့်ထားတာက ဒီလောက်အကြိမ်တွေအများကြီးနားထောင်ထားတာတောင်မှ သူကစာသားတွေကိုဘဲ မှတ်မိနေပြီး ကီးတော့မမှတ်မိနေဘူး
ဝမ်စီစီက သူမနားကိုပိတ်ချင်လာတော့သည်။ဝမ်ယွီက သီချင်းဆိုလို့မပြီးသေးခင်မှာဘဲ သူမကပြောလာတော့သည်
‘‘ကောင်းပြီ၊ ကောင်းပြီ ရှင်အောင်သွားပြီ ’’
-ကျေးဇူးပြုပြီး သီချင်းဆက်မဆိုပါနဲ့တော့
သူမကဝမ်ယွီအတွက် လမ်းဖယ်ပေးလိုက်လေသည်။ကျန်းယဲ့နဲ့ အခြားသူတွေက ချက်ချင်းဘဲသတိဝင်လာကြကာ ချက်ချင်းပင် ဝမ်ယွီကိုအခန်းထဲသို့ လိုက်ပို့ကြတော့သည်။
အခန်းထဲမှာတော့ ကြီးမားတဲ့အိပ်ရာကြီးက ပါးလွှာသော ဇာပါးဖြင့် ဖုံးကွယ်ခံထားရလေသည်။ဇာလွှာနောက်တွင် လူတစ်ယောက်ထိုင်နေတာကို မြင်နိုင်ပေသည်။သူမကမျက်နှာကိုဖုံးကွယ်ဖို့ သူမလက်ထဲတွင် ယပ်တောင်ဝိုင်းတစ်ခုကို ကိုင်ထားလေသည်။
ကျန်းယဲ့နဲ့ အခြားသူတွေက စိတ်လှုပ်ရှားလာကြတော့သည်။နောက်ဆုံးတွင် သူတို့ကသတို့သမီးကို မြင်လိုက်ရပြီဖြစ်ကာ သူတို့တာဝန်ကိုပြီးမြောက်သွားလေသည်။
ကျန်းယဲ့က ချက်ချင်းဘဲ ဝမ်ယွီကို ရှေ့သို့တွန်းလိုက်ကာ ‘‘မြန်မြန် သတို့သမီးကိုခေါ်လိုက်လေ၊ မင်းတို့စီးဖို့အတွက် မော်တော်ကားတန်းကြီးက ရှေ့မှာစောင့်နေပြီ ’’
ဝမ်ယွီက မလှုပ်လာဘဲ လုံးဝသေချာစွာပြောလာလေသည်။
‘‘သူက ကျန်းကျန်းမဟုတ်ဘူး ’’
‘‘ဟမ်。。。’’ ကျန်းယဲ့က ကြောင်သွားတော့သည်။
ဝမ်ယွီက လှည့်လာပြီး ဝမ်စီစီကိုကြည့်လိုက်လေသည်။
‘‘ကျန်းကျန်း ဘယ်မှာလဲ ’’
မတတ်နိုင်ဘဲ သူ့အသံက အနည်းငယ်အလျင်လိုနေပုံပေါက်နေပေသည်။သိသာစွာပင် သူကထိတ်လန့်နေလေသည်။
ဝမ်စီစီနဲ့ အခြားသူများကလည်း ကြောင်အသွားကြတော့သည်။ဒါပေါ့ အိပ်ရာပေါ်မှာထိုင်နေတဲ့သူက ချီကျန်းကျန်းမဟုတ်ဘူးဆိုတာ သူတို့သိပေသည်။တပုံစံထဲတူညီဖို့အတွက် သူတို့ကချီကျန်းကျန်းနဲ့ အတော်လေးတူနေတဲ့ လူကိုတောင်ရွေးခဲ့တာဖြစ်သည်။
ပုံမှန်အားဖြင့် သတို့သားက သတို့သမီးကိုခေါ်ဖို့အတွက် အလျင်လိုနေမှာဖြစ်လို့ သူက အရှေ့ကိုအလောတကြီးသွားပေလိမ့်မည် ။အဲ့ဒီလူက မျက်နှာကိုဖုံးထားတာကြောင့် ဝမ်ယွီသာသိသွားရင် ဘယ်လိုဖြစ်မလဲဆိုတာ သိချင်နေမိသည်။
သူမလုံးဝမမျှော်လင့်ထားမိတာက ဝမ်ယွီကအခန်းထဲဝင်လာပြီး ဇာပိတ်ကျဲတစ်ခုခြားနေတာတောင်မှ သူမကိုမှတ်မိနိုင်သေးတာကိုပင်ဖြစ်သည်။
သူက ဘယ်လိုတောင်ရင်းနှီးပြီး ဂရုစိုက်တတ်တာလဲ。。。。
‘‘ဒါဆိုရင်လည်း နင့်ဘာသာနင်ရှာဖို့လိုတယ် ’’
သူတို့ကို အခန်းထဲအလွယ်တကူပေးဝင်လိုက်ရမှတော့ သေချာပေါက်ကို သူတို့ဆီတွင် အရန်အစီအစဉ်ရှိနေရပေမည် ။
ဝမ်ယွီရဲ့ အကြည့်က အခန်းထဲဖြတ်ပြေးသွားပေမယ့် ဘယ်သူ့ကိုမှသူမမြင်ပေ။
‘‘အဟွတ် အဟွတ် ’’
တစုံတယောက်က အသံပြုလာလေသည်။
အဲ့ဒါက ချီကျန်းကျန်းဖြစ်သည်။
ဝမ်ယွီရဲ့ မျက်လုံးများက တောက်ပလာကာ သူကအလျင်အမြန်ဘဲ တစ်နေရာသို့လမ်းလျှောက်သွားတော့သည်။
အဲ့နေရာတွင် ကိုယ်လုံးပေါ်မှန်ရှိနေကာ အဝတ်များကိုလည်း ချိတ်ထားလေသည်။အဲ့ဒါကအတော်လေး ရှုပ်ပွနေကာ တချက်ကြည့်လိုက်ရုံနဲ့တင် တယောက်ယောက်ပုန်းနေနိုင်တယ်လို့ ဘယ်သူမှထင်မှာမဟုတ်ပေ။
သေချာပေါက်ပင် လူအများစုက သူတို့ သတို့သမီးကို ဝှက်ထားမယ်လို့ ဘယ်တော့ကမှမတွေးခဲ့ဖူးကြပေ။
‘‘ချီကျန်းကျန်း နင်သစ္စာဖောက် ’’
ဝမ်စီစီက အံကြိတ်လိုက်ကာ သူမအသံထဲတွင် အကူအညီမဲ့မှုများပါနေလေသည် ။
ချီကျန်းကျန်းက ဝမ်ယွီရှာတွေ့နိုင်ဖို့အတွက် တမင်တကာပင် အသံပေးပြီးဖော်ထုတ်လာသည်မှာ သိသာလှပေသည်။
ဝမ်ယွီက ထိုနေရာသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။ သူက သူ့အဝတ်တွေကိုမလိုက်ကာ မှန်ကိုတဖက်သို့ရွှေ့လိုက်လေသည်။ချီကျန်းကျန်းက သူမလက်ထဲတွင် ယပ်တောင်ဝိုင်းတစ်ခုကို ကိုင်ထားကာ ခွေးခြေထိုင်ခုံပေါ်တွင်ထိုင်နေလေသည်။သူမမျက်နှာက ပွင့်လန်းနေသာ မက်မွန်သီးကဲ့သို့ ဝမ်ယွီကို တောက်ပစွာပြုံးပြနေပေသည်။
အဲ့ဒီအချိန်တွင် ဝမ်ယွီရဲ့စိတ်တွေက ဗလာဖြစ်သွားတော့သည်။သူမြင်နိုင်သမျှအရာအားလုံးက ဒီမိန်းကလေးသူ့ကို ပြုံးပြနေတာဘဲဖြစ်ပေသည်။
သူမက အရမ်းလှနေတာကြောင့် မူးဝေသွားလုနီးပါးပင်ဖြစ်နေပေသည်။သူ့နှလုံးသားကညအရိုင်းဆန်စွာ ခုန်ပေါက်နေကာ သူ့စိတ်တွေက လွတ်ထွက်သွားတော့မလိုပင်ဖြစ်နေပေသည် ။
သူကပါးစပ်ဖွင့်လာပြီး သတိလက်လွတ်နဲ့ တီးတိုးဆိုလာလေသည်
‘‘ကျန်းကျန်း。。。’’
ချီကျန်းကျန်းက သူ့ကိုကြင်နာစွာ ကြည့်လာပေသည်။
ဝမ်ယွီက တဖြည်းဖြည်းဆောင့်ကြောင့်ထိုင်လာကာ ဒူးတဖက်ထောက်လိုက်လေသည်။သူက သူမလက်ကိုဂရုတစိုက်ဆွဲယူလိုက်ကာ
‘‘ကိုယ်မင်းကို ခေါ်ဖို့ရောက်လာတာ。。 ’’
ထိုသို့ပြောပြီးနောက် ဝမ်ယွီက သူမကိုချီလိုက်ကာ အပြင်ခေါ်ထုတ်ဖို့လုပ်လာတော့သည်။
‘‘ဟိတ်。。ဟိတ် အဲ့ဒါဘာလုပ်နေတာလဲ နင်ကအခုထိ သတို့သမီးဖိနပ်တောင်မရှာတွေ့သေးဘူးလေ ဘယ်လိုလုပ်ပြီး အဲ့လိုလွယ်လွယ်ခေါ်ထုတ်သွားလို့ရမလဲ ’’
ဝမ်စီစီက သူ့ကိုတားလာတော့သည်။
နောက်ဆုံးမှာမှ သူမအနေနဲ့ ဝမ်ယွီကိုခက်ခဲအောင်လုပ်ဖို့ အခွင့်အရေးရလာတာလေ။ဘယ်လိုလုပ်ပြီး ဒီအတိုင်းလွှတ်ပေးလိုက်ရမှာလဲ
ကျန်းယဲ့က အလျင်စလိုဘဲ ရှေ့သို့ထွက်လာပြီး သူမလက်ထဲကို အနီရောင်အိတ်တွေအများကြီး ထိုးထည့်လာတော့သည်။သူက မျက်စိမှိတ်ပြလာကာ ပြောလာလေသည်။
‘‘စီစီ သူတို့ကိုခက်ခဲအောင် မလုပ်ပါနဲ့တော့၊သူတို့ကို ကြည့်လိုက်ပါအုံး အခုချိန်မှာ သူတို့အချင်းချင်းဘဲ မျက်လုံးထဲမှာ ရှိနေတော့တာ ။သူတို့ကို မျက်နှာသာပေးတဲ့အနေနဲ့ နင်ဖိနပ်တွေကို ဘယ်မှာဖွက်ထားခဲ့လဲဆိုတာကို ထုတ်ပြလိုက်တော့လေ ’’
ဝမ်စီစီက အနီရောင်တွေကိုယူလိုက်ပေမယ့်လည်း စိတ်မလှုပ်ရှားသွားပေ
‘‘နင်တို့ဘာသာ ရှာကြည့်ကြ ’’
ဒါကြောင့် သတို့သားအရံတွေလည်း လှုပ်ရှားလာကြကာ အခန်းထဲမှာစတင်ရှာဖွေလာတော့သည်။
ဖိနပ်တွေက အရမ်းနက်နက်ရှိုင်းရှိုင်းကို ဖွက်ထားခံရတာ ရှာဖို့အရမ်းခက်ခဲလေသည်။
‘‘ငါတို့ကို ခက်ခဲအောင်မလုပ်ပါနဲ့ ၊မျက်နှာသာလေး ပေးပါအုံး၊ဟုတ်ပြီလား ’’
သတို့သားအရံတွေက သတို့သမီးအရံတွေကို ကမန်းကတန်းပင် အိတ်အနီတွေပေးလာကြတော့သည်
ဒါပေမယ့် သတို့သမီးအရံတွေက အကြင်နာတရားကင်းမဲ့စွာဘဲ ပြောလာလေသည်။
‘‘တစ်ခုက ကောင်းကင်ပေါ်မှာရှိပြီး တခုကမြေကြီးပေါ်မှာ ’’
လူတိုင်းကမော့ကြည့်လိုက်ကြလေသည်။သေချာပေါက်ပင် မျက်နှာကျက်ပေါ်တွင် ဘာမှရှိမနေချေ။သူတို့က ကြမ်းပြင်ပေါ်တွင်လည်း ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြလေသည်။ ကုတင်အောက်မှာဖြစ်ဖြစ် စားပွဲအောက်မှာဘဲဖြစ်ဖြစ် ဘယ်နေရာမှာမှ ရှာမတွေ့ကြပေ။
အတွင်းရေးမှူးနင်က လူတွေအားလုံးထဲတွင် ဂရုတစိုက်အရှိဆုံးဖြစ်ပေသည်။သူမက သတို့သမီးအရံများကို အကြည့်ကိုသတိထားမိသွားကာ သူမမျက်လုံးများတောက်ပလာတော့သည်။
‘‘မီးအလင်းတွေ ၊ မီးအလင်းတွေကိုတချက်ကြည့်လိုက် ’’
ကျန်းယဲ့က ခွေးခြေခုံကိုယူလာတော့သည်။အရပ်ရှည်တဲ့ သတို့သားအရံကအပေါ်တက်လိုက်ကာ မျက်နှာကျက်ပေါ်က အလင်းကိုဖယ်ပြီးနောက်မှ ဖိနပ်တဖက်ကိုတွေ့လိုက်ရပေသည်။
‘‘ဒါကအရမ်းကိုရက်စက်တာဘဲ၊ အရမ်းရက်စက်တယ် ’’
‘‘အဲ့လိုဖွက်တာက တော်တော်လေးကိုနက်ရှိုင်းတာဘဲ ၊ဖိနပ်ဘယ်မှာလဲဆိုတာ ငါတို့တောင်မသိနိုင်ဘူး ’’
‘‘ချီးးး မင်းတို့ကဖွက်တာ အတော်လေး တော်ကြတာဘဲ၊ဘယ်လိုလုပ်ပြီးအဲ့မှာထားလိုက်ကြတာလဲ ’’
သတို့သမီးအရံတွေက ဘာမှမလှုပ်ရှားလာပေ။
သတို့သားအရံတွေက ကြမ်းပြင်ပေါ်တွင်ခြေပစ်လက်ပစ်ထိုင်နေကြကာ တချက်ကြည့်နိုင်ဖို့အတွက် ကြမ်းပြင်ပေါ်က ကြွေပြားတွေကိုတောင်ခွာနိုင်ဖို့ ဆုတောင်းနေကြပေသည်။
အခြားတဖက်တွင်တော့ ချီကျန်းကျန်းနဲ့ဝမ်ယွီက。。。
သူတို့ကတယောက်မျက်နှာတယောက် ကြည့်နေကြလေသည် ။ချီကျန်းကျန်းကထိုင်နေတဲ့အချိန်မှာ ဝမ်ယွီကဒူးတဖက်ထောက်နေလေသည်။သူတို့က လက်ကိုင်ထားကြကာ အချင်းချင်းသာမျက်လုံးထဲရှိနေကြပေသည်။သူတို့က သေချာပေါက် ဘာစကားမှပြောမနေပေမယ့်ဘသူတို့ကိုကြည့်လိုက်ရင် သူတို့ကစကားလုံးပေါင်းထောင်ချီ ပြောပြီးကြပြီလို့ ခံစားနေရပေသည်။
-အဲ့ဒါက သူတို့ကိုမကြားစေချင်တဲ့ ကိုယ်ရေးကိုယ်တာ စကားလုံးတွေလိုပင်ဖြစ်သည်။
ဝမ်စီစီက အကြိမ်အနည်းငယ်ကြည့်လာကာ သူမသွားများပါ အနည်းငယ်ကျိန်းလာသလို ခံစားလိုက်ရလေသည်။အဲ့ဒီနောက်မှာတော့ သတို့သားအရံတွေက ကုတင်အောက်မှာ တိတ်နဲ့ကပ်ထားတဲ့ ဖိနပ်နောက်တဖက်ကိုရှာတွေ့သွားကြတော့သည်။
‘‘သတို့သားရေ သတို့သမီးကိုခေါ်သွားပါတော့’’
ဝမ်ယွီကမလှုပ်လာပေ။သူက ချီကျန်းကျန်းကိုမိန်းမောစွာ ကြည့်နေတုန်းပင်ဖြစ်သည်။
ချီကျန်းကျန်းက အနည်းငယ်ရှက်သွားလေသည်။သူမက သူ့ကိုအားနှင့်ဆွဲလိုက်ကာ စိုက်ကြည့်လာတော့သည်။
ဝမ်ယွီက ထရပ်လိုက်ကာ ကွေးလိုက်ပြီး သူမကိုအလျားလိုက်ပွေ့ချီလိုက်တော့သည်။အဲ့ဒီနောက် သူကခေါင်းငုံ့လိုက်ကာ သူမနားဆီသို့ တစ်စုံတစ်ခုကို တီးတိုးဆိုလိုက်လေသည် ။
ချီကျန်းကျန်းရဲ့မျက်နှာက အနီရောင်ပြောင်းလာတော့သည်။သူမက လက်သီးဆုပ်လိုက်ကာ သူ့ကို ခပ်ဖွဖွနှစ်ချက်ထိုးလိုက်လေသည်။
သူပြောလိုက်တာက。。。
‘‘မင်းကအရမ်းလှတာဘဲ၊ကိုယ်တကယ်ဘဲ ကိုယ်တို့လက်ထပ်တာကို မြန်မြန်လေး အထမြောက်စေချင်ပြီ ’’
ပရောပရည်လုပ်နေတဲ့ သူ့မျက်လုံးထဲကအကြည့်တွေက လျှံထွက်လာတော့မလိုပင်ဖြစ်နေလေသည်။
ချီကျန်းကျန်းက ရှက်သွေးဖြာသွားတော့သည်။
xxxxx