Part 181 (extra 7)
ချီယန်နဲ့ တင်းရိကျွင်းတို့က ဧည့်ခန်းထဲတွင်ထိုင်နေကြလေသည်။သူတို့နှစ်ယောက်လုံးက ပျော်ပွဲသဘင်ဆင်နွှဲသော ဝတ်စုံများကိုဝတ်ဆင်ထားကြပေသည်။ဝမ်ယွီက ချီကျန်းကျန်းကို ချီထုတ်လာခဲ့ပြီးနောက် သူတို့နှစ်ယောက်က သူတို့ကိုဂုဏ်ပြုချီးမြှောက်လာတော့သည်။
ဒီနေ့ကနေစပြီးတော့ ဝမ်ယွီကချီကျန်းကျန်းနောက်လိုက်ကာ သူတို့ကို ‘အဖေနဲ့အမေ ’ဟုခေါ်ရပေမည် ။
ချီကျန်းကျန်းနဲ့ ချီမိသားစုကြားကဆက်ဆံရေးကသာမာန်သာဖြစ်သည်။ ဝမ်ယွီနဲ့ ချီမိသားစုက ဒါကိုကောင်းကောင်းသိပေသည်၊သူတို့က ဆွေမျိုးတွေအဖြစ်သာ ပြုမူဆက်ဆံလို့ရပေသည်။သူတို့အတိတ်က လွဲချော်ခဲ့တာတွေအတွက် ပြန်ပြင်ဆင်ဖို့နဲ့ ကယ်တင်ဖို့ကမဖြစ်နိုင်တော့ပေ။
သို့သော်လည်း သူတို့က ချီကျန်းကျန်းခန္ဓာကိုယ်ရဲ့ မိဘတွေဖြစ်ကြပေသည်။သူတို့ကိုလေးစားသင့်ပေသည်။ဒါကလည်း သူတို့ဘာလို့ချီမိသားစုအိမ်ကနေ သတို့သမီးလာခေါ်ရတာလဲဆိုတာရဲ့ အကြောင်းရင်းပင်ဖြစ်သည်။
ချီကျန်းကျန်းက သူတို့ကို အဖေ၊အမေ လို့ခေါ်လိုက်တဲ့အခါ ဝမ်ယွီကလည်းနောက်မှ လိုက်ခေါ်လာခဲ့ပေသည်
‘‘အဖေ၊အမေ ’’
သူတို့နှစ်ယောက်လုံးရဲ့ မျက်လုံးတွေက နီရဲလာတော့သည်။သူတို့က အလျင်အမြန်ဘဲ အိတ်နီတွေထုတ်လိုက်ကာ ဝမ်ယွီဆီကို ပေးလိုက်၏။
ချီယန်ရဲ့ မျက်လုံးတွေက စိုစွတ်နေလေသည်။သူကပါးစပ်ကိုဖွင့်လာပေမယ့် ဘာမှမပြောနိုင်ခဲ့ပေ။
တင်းရိကျွင်းမျက်ရည်တွေကတော့ လိမ့်ကျလာ နေပြီတောင်ဖြစ်သည်။သူမက အလျင်အမြန်ဘဲ မျက်ရည်သုတ်လိုက်ကာ အပြုံးတစ်ခုနှင့်ပြောလာတော့သည်
‘‘ငါ့ကိုကြည့်ကြပါအုံး၊ အရမ်းပျော်လွန်းလို့ ငိုတောင်ငိုနေမိရတယ်လို့ ’’
ခနလောက်ရပ်သွားပြီးနောက် သူမက ချီကျန်းကျန်းကို ထလာဖို့ကူညီလိုက်ကာ ဆို့နင့်နေသောအသံဖြင့် ပြောလာလေသည်
‘‘ကျန်းကျန်း。。。သမီးအနာဂတ်မှာ ပျော်ရွှင်ပြီး ကျန်းမာတဲ့ဘဝမျိုးမှာ နေနိုင်ပါစေလို့ အမေမျှော်လင့်ပါတယ် ’’
ထိုသို့ပြောပြီးနောက် သူမက ပုလဲလုံးကြိုးပြတ်ကျလာသကဲ့သို့ပင် မျက်ရည်များကျလာတော့သည်၊ သူမကိုယ်သူမ ထိန်းမထားနိုင်တော့ပေ။
ဘယ်အချိန်က စတင်လာခဲ့တာလဲတော့ သူမလဲမသိတော့ပေ။ဒါပေမယ့် သူမက သူမသမီးကို အရမ်းဘဲစိတ်မကျေမနပ်ဖြစ်ခဲ့လေသည်။သူမက ဆိုးရွားတဲ့စိတ်ထားရှိကာ အန်းချင်ယုအပေါ်မှာဆို ဘယ်ရှုထောင့်ကမဆိုကြားဝင်နှောင့်ယှက်တတ်လေသည်ဟု သူမခံစားရပေသည်။သူမက ဘာကိုမှမကြောက်ရွံ့တတ်ဘူးလို့လည်း ခံစားမိပေသည်။
တင်းရိကျွင်းက သူမနဲ့ချီယန်တို့ရဲ့ပထမဆုံးကလေးအဖြစ် ချီကျန်းကျန်းကို ရလာတုန်းက သူတို့အရမ်းပျော်ခဲ့ကြတာကို မေ့သွားပုံပေါ်လေသည်။ကလေးမွေးလာပြီးနောက် သူတို့ကပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ကြပေသည်။
ချီယန်ကတောင်ပြောလာသေးပေသည်၊
‘ဒါက သူတို့မျက်လုံးထဲက ပန်းသီးလေး ’ဆိုပြီးတော့ပင်ဖြစ်သည်။
ချီကျန်းကျန်းက သူတို့မျက်လုံးထဲက ပန်းသီးလေးဆိုပေမယ့်လည်း သူမကိုအမြဲတမ်း သူတို့လက်ထဲတွင် ထည့်မသိမ်းနိုင်ခဲ့ပေ။
ဘယ်အချိန်ကစပြီး ဒီလိုတွေပြောင်းလဲသွားခဲ့ရတာလဲ
တင်းရိကျွင်းက ရှင်းရှင်းလင်းလင်းမမှတ်မိနိုင်တော့ပေ။သူမဘယ်အချိန်မှာ သူမရဲ့အမှားတွေကို စတင်ပြီးသဘောပေါက်လာခဲ့တာလဲဆိုတာကိုလည်း သူမမှတ်မိတော့ချေ။ချီယန်လဲ သူမလိုပင်ဖြစ်နေမှာဟုတွေးလိုက်မိပေသည်
တခါတလေမှာ သူကရုတ်တရက်ပြောလိမ့်မည်
‘‘မင်းဒါကို ကျန်းကျန်းကိုပေးလိုက် ’’
ထိုသို့ပြောပြီးနောက် သူက သူမဆီသို့မပေးလိုက်ဘဲ သူမအခန်းထဲမှာသာထည့်လိုက်လေသည်။သူတို့တွေက သူမရဲ့အခန်းကိုအမြဲတမ်းထိန်းသိမ်းထားခဲ့ကြပေသည်။အိမ်ကို ဧည့်သည်တွေရောက်လာရင်တောင် သူမရဲ့အခန်းထဲမှာနေဖို့ ဘယ်သူ့ကိုမှခွင့်မပြုနိုင်ပေ။
အခုချိန်တွင် သူတို့က သူမကိုအရမ်းစိုးရိမ်နေကြလေသည်။
သူမကို အရမ်းလွမ်းနေကြသည်။
ဒါပေမယ့် နောက်ကျသွားပြီဖြစ်သည်။သူမက သူတို့ရဲ့ဂရုစိုက်မှုကို ထပ်ပြီးမလိုတော့ချေ။
ချီကျန်းကျန်းရဲ့ ဘဝကအပ်ချည်ကြိုးလေးလို ပြောင်းလဲနေတဲ့အချိန်မှာ သူတို့က အသည်းကွဲနေခဲ့ရပေသည်။
တခါတလေမှာ သူတို့တွေးကြည့်မိလေ ပိုပြီးတော့တောင် မယုံကြည်နိုင်စရာကောင်းတယ်လို့ ခံစားလိုက်မိသည်။သူတို့သမီးက ဆေးရုံပေါ်မှာ သတိ မေ့နေတာတောင် ဘာလို့သူတို့ အကျိုးကျေးဇူးနဲ့ ပတ်သက်တာကိုဘဲ ကျိုးကြောင်းစပ်ဆက် စဉ်းစားနေနိုင်ခဲ့ရတာလဲ ။
အခုတော့ ချီကျန်းကျန်းက သူတို့ရှေ့တွင်ရပ်နေပေသည်။သူမက အနီရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတာ မိဘတွေကို ကျိုးနွံစွာ နှုတ်ဆက်နေလေသည်။
သူမက ဝမ်ယွီကိုလက်ထပ်တော့မည်ဖြစ်ကာ မိသားစုတစ်ခုရှိလာတော့မည် ။မိသားစုဝင်တစ်ယောက်ဖြစ်လာတော့ပေမည်။အခုကစပြီး သူမက သူတို့နဲ့ ပိုဝေးကွာလာတော့မှာဖြစ်ပေသည် ။
အခုတောင် သူတို့တွေက အတော်လေးကို အနေစိမ်းနေကြပြီးသား ဖြစ်ပေသည်။
တင်းရိကျွင်းက သူတို့ရဲ့ဆက်ဆံရေးကိုဘပြန်ပြင်ဆင်ချင်ကာ ချီကျန်းကျန်းနဲ့ပြန်ရင်းနှီးချင်ပေသည်။ဒါပေမယ့် သူမရှေ့က သတို့သမီးကိုကြည့်လိုက်တဲ့အခါမှာတော့ရုတ်တရက်ဘဲ သူမအဲ့လိုမစဉ်းစားနိုင်တော့ပေ။
ချီကျန်းကျန်းက အချိန်နှောင်းမှပေးလာတဲ့ သူတို့ရဲ့အချစ်တွေနဲ့ သူမကို လျော်ကြေးပေးတာမျိုးကို မလိုအပ်တော့ချေ။
ဒီလိုလျော်ကြေးပေးတာနဲ့ ပြန်ပေးဆပ်တာမျိုးက သူတို့ကိုသူတို့ ခံစားရသက်သာလာအောင်သာ ဖြစ်နေပေသည်။ဒီလိုလုပ်လိုက်မှသာ သူတို့ရင်ထဲမှာ အပြစ်ရှိသလိုမျိုးခံစားမနေရတော့မှာဖြစ်သည်။
ဒဏ်ရာက ဖြစ်ပြီးသွားပေသည်။တကယ်လို့ ဒဏ်ရာကိုပျောက်အောင်ကုလိုက်နိုင်တယ်ဆိုရင်တောင် အမာရွတ်ကတော့ ကျန်နေခဲ့မှာဖြစ်ပေသည်။
သူတို့က ဒါကိုပြင်ဆင်ပေးလာဖို့ မလိုအပ်တော့ချေ။သူမက တကယ်ဘဲ ဒါကိုမလိုအပ်တော့ပေ။သူတို့က。。。ဒီအပြစ်ရှိသလိုခံစားနေရတဲ့စိတ်ကို ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရပေမည်။
သူတို့ဘဝ တစ်လျှောက်လုံးဆိုရင်တောင်မှ သူမပျော်ပျော်ရွှင်ရွှင်နဲ့ လုံခြုံနေသရွေ့ အဲ့ဒါက အဆင်ပြေလေသည်။
‘‘ကျေးဇူးတင်ပါတယ် ’’
ချီကျန်းကျန်းက ပြုံးပြလာတော့သည် ။
ဝမ်ယွီက အိတ်အနီတွေကို သူ့နောက်က သတို့သားအရံကို လှမ်းပေးလိုက်လေသည်။အဲ့ဒီနောက်မှာတော့ သူကချီကျန်းကျန်းကိုချီကာ ချီမိသားစုဆီမှ ထွက်လာခဲ့တော့သည်။
ချီယန်၊တင်းရိကျွင်းနဲ့ ချီကျိုးချန်တို့က နောက်မှနှစ်လှမ်းလောက်လိုက်လာကြပေသည်။သူမထွက်သွားတာကို သူတို့ကဝမ်းနည်းစွာကြည့်နေကာ သူတို့မျက်လုံးတွေက နီရဲနေလေသည် ။
ချီကျန်းကျန်းက ပြန်လှည့်မကြည့်လာခဲ့ပေ။
ဒါပေါ့ ၊သူတို့က အပြစ်ရှိသလိုခံစားနေရတယ်ဆိုတာ သူမသိပေသည်။
ဒါပေမယ့် ဘာလုပ်နိုင်မှာလဲ
အဲ့ဒါက တူညီတဲ့စကားပင်ဖြစ်နေမှာဖြစ်သည်။သူမက မူလကိုယ်ပိုင်ရှင်မဟုတ်တော့ပေ။သူမမှာ မူလပိုင်ရှင်ကိုယ်စား သူတို့ကိုခွင့်လွှတ်ပေးနိုင်တဲ့ အခွင့်အရေးမရှိပေ။
သူတို့ရဲ့တောင်းပန်မှုတွေနဲ့ သူတို့လိုချင်နေတဲ့ ခွင့်လွှတ်မှုတွေက မူလကိုယ်ပိုင်ရှင်ကို ရှာတွေ့နိုင်တဲ့အထိ နှစ်တရာလောက်စောင့်သင့်ပေသည်။အဲ့ဒီအခါမှသာ သူတို့ရဲ့တကယ့်သမီးရင်းကို လူကိုယ်တိုင်တွေ့ကာ မေးနိုင်ပေလိမ့်မည်။
ကားတန်းကြီးက အိမ်ရာမှထွက်လာခဲ့တော့သည်။
ဒရိုင်ဘာကလွဲလို့ ကားထဲတွင် ချီကျန်းကျန်းနဲ့ဝမ်ယွီသာ ရှိနေပေသည်။
သူတို့နှစ်ယောက်က အချင်းချင်းကြည့်လိုက်ကြကာ ပြုံးလာကြလေသည်။သူတို့လက်တွေက တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထားကြကာ အနည်းငယ်တောင်ချွေးထွက်လာကြပေသည်။
ချီကျန်းကျန်းက ပြောလာလေသည်
‘‘ကျွန်မ နည်းနည်းပင်ပန်းနေတယ်。。。’’
သူမက မိတ်ကပ်ပြင်ဖို့အတွက် မနက်အစောကြီးထလာရကာ သူမရဲ့မင်္ဂလာဝတ်စုံနဲ့ ဆံပင်အပြင်အဆင်ကလည်း အရမ်းလေးပေသည်။
ဝမ်ယွီက သဘောတူညီစွာ ခေါင်းညိတ်လာလေသည်။သူလည်းဘဲ နည်းနည်းပင်ပန်းတယ်လို့ ခံစားနေရပေသည်။ဒါက အလုပ်လုပ်တာထက်တောင် ပိုပင်ပန်းသေးတယ်။ဒါပေမယ့် အံ့အားသင့်စရာကောင်းလောက်အောက်ကို သူ့ရဲ့အာရုံကြောတွေကအမြဲလိုလိုပင် အရမ်းကိုစိတ်လှုပ်ရှားနေပေသည်။အဲ့ဒါက သူ့တကိုယ်လုံးက ဆဲလ်တွေအားလုံးလောင်ကျွမ်းနေသကဲ့သို့ပင် ဖြစ်ပေသည်။
ဒီနေ့က ချီကျန်းကျန်းက ဝမ်ယွီနဲ့လက်ထပ်မယ်လို့ လူသိရှင်ကြား ကြေငြာထားတဲ့နေ့ဖြစ်ပေသည်။
‘‘ကိုယ့်ပုခုံးပေါ်မှီပြီး ခနလောက်နားချင်လား’’
ဝမ်ယွီက သူမကိုကြည့်လိုက်ကာ သူမပုခုံးတွေကို ပွတ်ပေးလိုက်လေသည်။
ချီကျန်းကျန်းက ခေါင်းခါလိုက်တော့သည်
‘‘ဟင့်အင်း ကျွန်မမိတ်ကပ်တွေပျက်သွားလို့မရဘူး ဒီနေ့ကတကယ့်ကို နေ့ရက်ကြီးလေ ၊ ဒီနေ့ရဲ့ ဗွီဒီယိုကို ကျွန်မဘဝ တစ်လျှောက်လုံးကြည့်သွားရမှာ ’’
သူမက လှနေဖို့လိုပေသည်။
သူတို့ရဲ့ကားထဲမှာတောင် ဝီရိယရှိရှိရိုက်ကူးနေတဲ့ ကင်မရာတစ်လုံးရှိနေပေသည် ။
ဝမ်ယွီက ရယ်မောလိုက် သည်
သူက သူမလက်ကိုတင်းကြပ်စွာ ကိုင်လိုက်ကာ အသက်ပြင်းပြင်းလေးရှူထုတ်လာတော့သည် ။
သူ့ရဲ့ မရပ်မနားလှုပ်ရှားနေသော နှလုံးသားကဘစိတ်အေးသွားသလိုပင် ဖြစ်သွားတော့သည်။သူ့ဆဲလ်တွေက ပုံမှန်အတိုင်းစိတ်လှုပ်ရှားနေဆဲဆိုပေမယ့် အရင်ကလိုစိတ်ကူးယဉ်ဆန်နေရသလို မဟုတ်တော့ပေ။
‘‘ကျန်းကျန်း ဒါကအရမ်းကောင်းတာဘဲ နောက်ဆုံးတော့ မင်းကိုယ့်ကိုလက်ထပ်လာခဲ့ပြီ’’
ချီကျန်းကျန်းက သူ့ကိုကြည့်လာကာ သူမပါးတွေကအနည်းငယ်နီရဲနေပေသည်
‘‘နောက်ဆုံးတော့ ရှင်ကလည်း ကျွန်မယောက်ျားဖြစ်လာခဲ့ပြီ。。。’’
အဲ့ဒါက အရမ်းကောင်းတယ်
သူမနှလုံးသားထဲမှာ တစုံတယောက်ရှိနေကာ အဲ့ဒီလူကလည်း သူမကို သူ့နှလုံးသားထဲမှာ ထည့်ထားပေးနေသည်မှာ ခံစားလို့အရမ်းကောင်းပေသည်
သူမက အရမ်းကိုကံကောင်းပေသည်။
xxxxx