Part 182 extra - 8
ကားတန်းကြီးက အိမ်ရာဆီကိုရောက်လာတဲ့အချိန်မှာ ဧည့်သည်အတော်များများက ရောက်နေကြပြီဖြစ်သည်။
ချီကျန်းကျန်းက သူမရဲ့လက်ထပ်ဝတ်စုံကိုလဲလိုက်လေသည်။သူမက ချီယန်လက်ကိုတွဲကာ သူတို့ရှေ့မှာရပ်နေတဲ့ ဝမ်ယွီဆီသို့လျှောက်သွားတော့သည်။
သူမလျှောက်လာတဲ့ လမ်းကြောင်းက တောက်ပနေသော နှင်းဆီတို့ဖြင့် ဖုံးလွှမ်းနေလေသည်။
ဒီလက်ထပ်ပွဲတွင် နှင်းဆီပန်းစုစုပေါင်း 99,999ပွင့်ရှိပေသည်။ပိုလည်းမပိုသလို လျော့လည်းမလျော့နေပေ။
ဝမ်ယွီက သူမကို နှင်းဆီပန်း99,999ပွင့် အကြောင်းပြောပြဖူးလေသည်။အဲ့ဒီအခါမှသာ သူဝယ်လာပြီး သူမ မတွေ့လိုက်ရတဲ့ နှင်းဆီပန်းစည်းရဲ့နောက်ကွယ်မှာ ဒီလိုဇာတ်လမ်းမျိုးရှိနေခဲ့တယ်ဆိုတာ သိလိုက်ရပေသည်။
ဝမ်ယွီက ပန်းဆိုင်ရှင်ကို နှင်းဆီပန်း99,999ပွင့် ထုတ်ပေးဖို့ပြောလိုက်တာကို ကြားလိုက်ရတဲ့အခါ ချီကျန်းကျန်းက မတတ်နိုင်ဘဲရီလိုက်မိတော့သည်။
လူအများစုက သူတို့လက်ထပ်ကြတဲ့အခါ ငိုမိကြပေမယ့် ချီကျန်းကျန်းကတော့ အဲ့လိုမဟုတ်ပေ။
သူမကချီယန်ရဲ့လက်ကိုကိုင်ကာ လျှောက်လာတဲ့အချိန်တွင် စိတ်လှုပ်ရှားသလို မခံစားရသလို ငိုလည်းမငိုမိပေ။သူမက အဝေးမှာရှိနေတဲ့ အဲ့ဒီယောက်ျားကိုသာ ကြည့်နေတာ သူမမျက်လုံးထဲတွင် သူတစ်ယောက်တည်းသာ ရှိနေသလိုပင်ဖြစ်သည်။
သူမက တကယ်ကိုကံကောင်းပေသည်။
ဒီကမ္ဘာကိုရောက်လာပြီးတော့ ဒီလူနဲ့ချစ်ကျွမ်းဝင်နိုင်ခဲ့ပေသည်။သူမတယောက်ကိုသာ မျက်လုံးထဲရှိနေပေးသော ယောက်ျားနှင့်ချစ်ကျွမ်းဝင်နိုင်ခဲ့လေသည်။
လက်စွပ်လဲလှယ်ကာ နမ်းနေတဲ့အချိန်တွေ အားလုံးမှာ သူတို့ကတချိန်လုံး ပြုံးနေခဲ့ကြပေသည်။
ဘယ်သူမှ သူတို့ရဲ့ခံစားချက်တွေကို သံသယမဝင်နိုင်တော့ပေ။
လက်ထပ်ပွဲအခမ်းအနားက ဘယ်လိုဘဲ ခမ်းနားကြီးကျယ်နေပါစေ လုပ်ငန်းစဉ်တွေကတော့ အကြမ်းဖျင်းအားဖြင့် တူတူပင်ဖြစ်ပေသည်။
ဒါပေမယ့် စင်မြင့်ပေါ်ကစုံတွဲက အရမ်းကိုထင်ရှားထူးချွန်နေတာကြောင့် ဘယ်သူကမှ သူတို့ကို အကြည့်မလွှဲနိုင်ကြပေ။
သတို့သားနဲ့သတို့သမီးတို့က လက်ထပ်ပွဲလုပ်ငန်းစဉ်တွေက ပြီးလုနီးပါးဖြစ်နေတာကြောင့် စင်ပေါ်ကဆင်းလာမလို့လုပ်ကြတဲ့အခါမှာ တင်ဆက်သူက မိုက်ခရိုဖုန်းကို သတို့သားထံလှမ်းပေးလာလေသည် ။
စင်အောက်က လူတွေကအနည်းငယ်ကြောင်သွားကြတော့သည်။
ဝမ်ယွီနဲ့အတူတူ စင်ပေါ်ကဆင်းမလို့လုပ်နေတဲ့ ချီကျန်းကျန်းတောင်မှ ကြောင်သွားကာ ဝမ်ယွီကိုအကြည့်ဗလာနဲ့ကြည့်လာတော့သည်။
ရှင်ဘာများပြောချင်သေးလို့လဲ
ဒီနေရာနဲ့တင် လုံလောက်နေပြီမဟုတ်ဘူးလား
ဝမ်ယွီက ဘာလို့အရင်တုန်းက သူမကိုမပြောဖူးတာပါလိမ့်。。。
ဝမ်ယွီက မိုက်ကိုယူလိုက်ကာ ချီကျန်းကျန်းလက်ကို တင်းကြပ်စွာဆုပ်ကိုင်လိုက်လေသည်။အဲ့ဒီနောက်သူက ပွဲကြည့်ပရိသတ်တွေနဲ့ ကင်မရာကို ကြည်လင်နေသောမျက်လုံးများဖြင့်ကြည့်လာကာ သူ့အသံတွင် အပြုံးရိပ်များထင်းနေလေသည်။
‘‘ဒီနေ့မှာ ကျွန်တော်ကြေငြာချင်တာ တခုရှိပါတယ်၊အဲ့ဒါကတော့ ဒီနေ့ကနေစပြီးတော့ ကျွန်တော့်အမည်အောက်က ပိုင်ဆိုင်မှုတွေအားလုံးကို ချီကျန်းကျန်းဆီကို လွှဲပြောင်းပေးသွားမှာပါ၊ ဒီနေ့ကနေစပြီးတော့ ကျွန်တော်က ကျွန်တော့်ဇနီးအတွက်ဘဲ အလုပ်လုပ်သွားမှာပါ ’’
အောက်မှာရှိနေတဲ့လူတွေအားလုံးက ကြောင်သွားကြတော့သည်။
အဲ့ဒါကသူတို့နားတွေကို မယုံနိုင်သကဲ့သို့ပင် ဖြစ်နေလေသည်။
လက်ထပ်တယ်ဆိုတာက အလေးထားအပ်တဲ့အရာဖြစ်ပေသည်။အာဏာနဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့ ယောက်ျားတွေ ပုံမှန်အားဖြင့် လက်ထပ်ဖို့ကို သတိပြုရပေမည်။အဲ့ဒါက သူတို့မိသားစုတစ်ခုကိုထူထောင်လိုက်သလိုဖြစ်ရုံတင်မက အနာဂတ်မှာသူတို့ရဲ့ ပိုင်ဆိုင်မှုတဝက်ကို ခွဲဝေပေးလိုက်ရမည့် အဓိပ္ပါယ်လည်းရောက်ပေသည်။
အဲ့ဒါကြောင့် ချမ်းသာတဲ့မိသာစုက ယောက်ျားအများစုက သူတို့လက်ထပ်တဲ့အခါ မင်္ဂလာပွဲမတိုင်မှာ သဘောတူညီချက်မျိုးစုံချုပ်ဆိုကြတဲ့ အကြောင်းရင်းပင်ဖြစ်သည် ။
ဒါကြောင့်လည်း ယောက်ျားအများစုက သူတို့မှာမယားငယ်တွေရှိနေရင်တောင်မှ သူတို့ဇနီးတွေကို မကွာရှင်းရဲတာဖြစ်ပေသည်။
ဝမ်ယွီက ချီကျန်းကျန်းကိုအရမ်းချစ်တယ်ဆိုတာ လူတိုင်းသိကြလေသည်။
ဒါပေမယ့် သူကဒီလိုမျိုးကိစ္စအထိ လုပ်ရဲလိမ့်မယ်လို့ ဘယ်သူမှမတွေးထားခဲ့ကြပေ။
သူရူးသွားတာလား
ဟုတ်တယ်၊ သူတို့က ‘လုပ်ရဲတယ်’ဆိုတဲ့စကားလုံးကိုသုံးခဲ့ကြပေသည်။
လက်ထပ်တယ်ဆိုတာ အလေးအနက်ထားရမည့်အရာဖြစ်ပေသည်။ဒါပေမယ့် ယနေ့ခေတ်လို ကွာရှင်းကြေးက အရမ်းမြင့်နေသော အချိန်မျိုးကိုအသာထားလိုက်ရင်တောင်မှ ရှေးခေတ်တုန်းကလိုအချိန်မျိုးတွင် ကွာရှင်းမှုတွေရှိခဲ့ပေသည်။
ယနေ့ခေတ်တွင် ကွာရှင်းတာက ထင်ရှားသောအရာတစ်ခုဖြစ်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။လူတွေက မကွာရှင်းထားကြရင်တောင် တယောက်ကိုတယောက်စိတ်ထဲမှာ ရှိမနေကြတော့တဲ့ စုံတွဲတွေအများကြီးရှိနေတုန်းပင်ဖြစ်သည်။
ဝမ်ယွီက ဒီလိုရွေးချယ်မှုကို ပြုလုပ်ခဲ့လေသည်။
အနာဂတ်မှာ ချီကျန်းကျန်းက သူနဲ့သဘောထားမတိုက်ဆိုင်မှုတွေရှိလာခဲ့ရင် ဘယ်လိုလုပ်မှာလဲ။
ယွီတင်းရဲ့ ကြွယ်ဝချမ်းသာမှုတွေက ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်သလဲ။
ဒီစီးပွားရေး အင်ပါယာကြီးက စပြီးတော့ ပုံစံပေါ်နေပြီဖြစ်သည်။တကယ့်အင်ပါယာစစ်စစ်ဖြစ်လာဖို့အတွက် အချိန်တခုသာလိုပေတော့သည်။ဘယ်သူမှ ဒါကိုလှုပ်ခါနိုင်တော့မှာမဟုတ်ဘူး။
ဝမ်ယွီက သူ့အမည်အောက်မှာရှိနေတဲ့ အရာအားလုံးကိုချီကျန်းကျန်းအမည်အောက်ကို လွှဲပြောင်းချင်နေပေသည်။တကယ်လို့ သူတို့ကကျန်တဲ့ ဘဝတစ်လျှောက်လုံးစိတ်တူကိုယ်တူဖြစ်နေရင်တော့ ကောင်းတာပေါ့ ။ဒါပေမယ့် ချီကျန်းကျန်းက အခြားအတွေးမျိုးရှိလာခဲ့ရင် အဲ့ဒါကဝမ်ယွီကို လှုပ်ခါစေလိမ့်မည်။အဲ့ဒါက သူ့ရဲ့အခြေခံအုတ်မြစ်ကိုတောင် လှုပ်ခါသွားစေနိုင်ပေသည် ။
ဒါဆိုရင်。。。。
သူကဘယ်လိုလုပ်ပြီး လုပ်ရဲရတာလဲ
မြင်ကွင်းတစ်ခုလုံးက တိတ်ဆိတ်သွားတော့သည်။
ချီကျန်းကျန်းတောင်မှ အချိန်အကြာကြီး ကြောင်အသွားပြီးနောက်မှ အက်ရှနေသောအသံဖြင့်ပြောလာတော့သည်။
‘‘ယှီယှီ。。。。’’
သူကဒီလိုလုပ်လာလိမ့်မယ်လို့ သူမမသိခဲ့ပေ။
ဒါပေမယ့် ချီကျန်းကျန်းက သူဘာကြောင့်ဒီလိုလုပ်လာတာလဲဆိုတာ သိပေသည်။
အရင်တုန်းက ဝမ်ယွီရဲ့ကုမ္ပဏီက အမျိုးသမီးမန်နေဂျာတစ်ယောက်က အလုပ်ထုတ်ခံလိုက်ရပေသည်။သူမက ဒါရိုက်တာဝူရဲ့ သမီးဖြစ်သည်။အဲ့ဒီနောက်ပိုင်း ဝမ်ယွီက ချီကျန်းကျန်းနဲ့လက်ထပ်ပွဲအတွက် ပြင်ဆင်နေတဲ့အချိန်မှာ သူမက ထပ်ရောက်လာခဲ့ပေသည်။သူမဘယ်လိုဝင်လာလဲ ဘယ်သူမှမသိလိုက်ပေ ။
ချီကျန်းကျန်းက ရုံးမှာရှိမနေတာကို အခွင့်ကောင်းယူပြီးတော့ သူမက မျက်နှာပြောင်
တိုက်ကာ ဝမ်ယွီကိုမြူဆွယ်လေတော့သည်။
ဒီလိုချမ်းသာ ခန့်ညားပြီးတော့ သူ့ချစ်သူအပေါ်အရမ်းချစ်တတ်တဲ့ ယောက်ျားမျိုးကိုမိန်းကလေး ဘယ်နှစ်ယောက်ကများ မနာလိုအားကျနေပြီး အရယူချင်နေမလဲဆိုတာ ဘယ်သူကသိနိုင်ပါမတဲ့လဲ။
မန်နေဂျာဝူက ပထမဆုံးလူလည်းမဟုတ်သလို နောက်ဆုံးလူလည်းမဟုတ်ပေ။
သေချာပေါက် ဝမ်ယွီကမောင်းထုတ်လိုက်တာပေါ့ ၊ဒါပေမယ့် ချီကျန်းကျန်းက သက်ပြင်းချနေဆဲဖြစ်ကာ သူ့မျက်နှာကိုဆွဲညစ်လာတော့သည်။
‘‘ရှင်က တကယ့်ကိုထူးချွန်တဲ့ယောက်ျားဘဲ၊ ချမ်းသာပြီးတော့ ခန့်ညားတယ်။အနာဂတ်မှာ ကျွန်မတို့ လက်ထပ်လိုက်ရင်တောင် ရှင့်ဘေးနားမှာ မိန်းကလေးမျိုးစုံ ဝိုင်းနေအုံးမှာ ကျွန်မကြောက်ရတယ် ။ယွီယွီ。。。ရှင့်နှလုံးသားကိုပြောင်းလဲလိုက်လို့မရဘူးနော် ’’
သူမ ဒီအတိုင်းသက်ပြင်းချနေတာဖြစ်သည်။သူမက သူ့ကိုစိုက်ကြည့်နေတာကိုက ခြိမ်းခြောက်နေသည့် ပုံစံမျိုးမဟုတ်ပေ။
ဝမ်ယွီက သူမကိုသစ္စာဖောက်မှာ မဟုတ်ဘူးဆိုတာ သူမနှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာအထိယုံကြည်ပေသည်။
အဲ့ဒီအချိန်တုန်းက ဝမ်ယွီက ဘာမှပြောမလာခဲ့ပေ။သူက အတွေးများနေပုံသာ ပေါက်နေခဲ့ပေသည်။ချီကျန်းကျန်းက သူ့ကိုစိတ်မပူသောကြောင့် သူကဒီကိစ္စကိုထပ်ပြောမလာတော့ပေ။
သူမဘယ်တော့မှမတွေးထားခဲ့မိတာက ဝမ်ယွီက သူ့ပိုင်ဆိုင်မှုတွေအားလုံးကို သူမဆီကိုလွှဲပေးလိမ့်မယ်ဆိုတာပါဘဲ။
အခြားနည်းနဲ့ပြောရရင် အခုကနေစပြီးတော့ သူကသူမကိုသစ္စာဖောက်လာခဲ့ရင် သူမက သူ့ကိုအရာအားလုံးဆုံးရှူံးသွားအောင် လုပ်နိုင်လိုက်ပေသည်။ပြီးတော့ အခုချိန်မှာသူက ချီကျန်းကျန်းအတွက်ဘဲ အလုပ်လုပ်ပေးကာ သူ့အတွက် ဘာအကျိုးအမြတ်မှယူမှာမဟုတ်ဘူးဟု ကြေငြာလိုက်လေသည်။
ရိုးသားဖြောင့်မတ်တဲ့ ကိုယ်ကျင့်တရားမရှိတဲ့သူတွေက သူ့ကိုမြူဆွယ်ဖို့ လုပ်လာမှာကို စိုးရိမ်နေစရာမလိုတော့ပေ။
အရေးကြီးဆုံးက ချီကျန်းကျန်း စိတ်ချလက်ချနေနိုင်သွားတော့မှာဖြစ်သည်။
‘‘ကိုယ်မင်းကို ဘယ်တော့မှသစ္စာမဖောက်ဘူးလို့ ကိုယ့်ကိုကိုယ်ယုံတယ်၊ ကိုယ်မင်းကိုလည်း ယုံတယ် ’’
ဝမ်ယွီက ချီကျန်းကျန်းကိုကြည့်လိုက်ပြီး သူမကိုနူးညံ့စွာပြုံးပြလာလေသည်။
သူက မိုက်ကိုအဝေးကိုဆွဲဖယ်ပြီးပြောလာတာကြောင့် တဖက်ကလူတစ်ယောက်ကသာ ကြားရမှာဖြစ်ပေသည်။
သူ့ကိုလက်ထပ်လိုက်ရတာတင် သူမအတွက် ပျော်ရွှင်စရာဖြစ်နေပြီဖြစ်သည်။ဒီမနက်ခင်းတုန်းက သူ့ရဲ့ဝန်ခံလာမှုကြောင့် ချီကျန်းကျန်းက တချိန်လုံးပြုံးနေတာဖြစ်သည် ။အခုတော့ သူမမျက်လုံးများ နီရဲလာတော့သည်။
ဘာလို့လဲဆိုတော့ သူရဲ့ယုံကြည်ပေးမှုကြောင့်ပင်ဖြစ်သည်။
သူက ဘယ်လိုအခြေအနေမှာမဆို သူမကိုယုံကြည်ပေသည်။သူ့ကိုယ်သူယုံသကဲ့သို့ သူမကိုလည်းယုံပေသည်။ဘဝတစ်လျှောက်လုံး သူတို့ရဲ့ခံစားချက်တွေက ဘယ်တော့မှမပြောင်းလဲဘူးလို့လည်း သူယုံကြည်လေသည်။
ချီကျန်းကျန်းမျက်လုံးတွေက လေးနက်နေကာ သူမအသံက ဆို့နင့်နေလေသည်
‘‘ယွီယွီ ဒီလိုလုပ်ဖို့မလိုပါဘူး ဘာလို့လဲဆိုတော့ ကျွန်မလည်းရှင့်ကိုယုံတယ်လေ၊ ဒီလိုလုပ်ဖို့မလို。。。’’
ဝမ်ယွီက ပြန်မဖြေလာခဲ့ပေ။
ဒါပေမယ့်သူက စိတ်ပိုင်းဖြတ်ပြီးဖြစ်ကာ ပြန်ပြောင်းလဲမှာမဟုတ်သည်မှာ သိသာလှပေသည်။
ချီကျန်းကျန်းရဲ့မျက်လုံးတွေက နီရဲနေကာ သူမနှလုံးသားက ကိုက်ခဲနေလေသည်။သူက သူမအတွက်သေပေးနိုင်သည်၊သူမအတွက် အရာအားလုံးကို ပေးနိုင်ပြီးတော့ ပိုင်ဆိုင်မှုတွေ သူမကို လွှဲပြောင်းပေးနိုင်လေသည်。。。
ဒါက သူမရင်ထဲထိသွားအောင် လုပ်လိုက်နိုင်ပေမယ့် တချိန်ထဲမှာလည်း အပြစ်ရှိသလို ခံစားလိုက်ရပေသည်။
‘‘ယွီယွီ တကယ်အဲ့လိုလုပ်ဖို့မလိုပါဘူး၊ ငါသဘောမတူဘူး ’’
xxxxx