Chapter 2
Viewers 365

📽️ Chapter 2



သူ့ကို ပိတ်ဆို့ထားသောကြောင့် ရန်ရှူမှာ အလွန်ရိုင်းသည်ဟု စုတျ့န်တျန့် ခံစားလိုက်ရသည့်အတွက် ရန်ရှူကို လူအများမှ ဆဲဆိုကြိမ်းမောင်းစေလိုခြင်းဖြစ်သည်။ သို့မှသာ ရန်ရှူထံတွင် ခက်ခဲသောအချိန်များ ဖြစ်လာစေမည်ပင်။


ထိုအရာမှာ သမားရိုးကျ အကျိုးနှင့်အပြစ်များအကြောင်း ဆွေးနွေးခြင်းတစ်ခုသာဖြစ်ခဲ့သော်လည်း သူ ပြိုင်မငြင်းနိုင်သည့်အတွက် ရန်ရှူမှ သူ့ကိုထိုးချခဲ့သည်။ 

ရန်ရှူဆိုရင်ရော ဒါကိုသည်းခံနိုင်မှာလား…


ရန်ရှူ၏အဖြေမှာ ထပ်မံ၍ သံသယဝင်ရန်ပင် မလိုအောင် စုတျန့်တျန့်ကိုသွားငြိစေသည့်အတွက် စုတျန့်တျန့်၏အမူအရာမှာ ရှက်ရွံ့နေသည့်ဟန် ပေါ်လာသည်။


စုတျန့်တျန့်မှာ လက်တလောအခြေအနေအပေါ် များစွာလိုက်လျောညီထွေလုပ်နိုင်သူ မဟုတ်သောကြောင့် လက်ရှိတွင် တုန့်ဆိုင်းစွာဖြင့်သာ ပြုံးနေနိုင်သည်။


တင်ဆက်သူမှာ စကားခေါင်းစဉ်ပြောင်းခါနီးအချိန်တွင် စုတျန့်တျန့် သတိပြန်ဝင်လာကာ ပြန်ပြောလိုက်သည်။

 â€œ ကျွန်တော်လည်း ဒီလိုပဲထင်ပါတယ်… စီနီယာရန်က အရမ်းထက်မြက်ပြီး သူ့ဖန်တွေကို ဦးဆောင်တဲ့နေရာမှာ တော်တယ်လေ...”


ထိုစကားမှာ ရန်ရှူမှ သူ၏ဖန်များကို တမင်တကာဦးဆောင်၍ စုတျန့်တျန့်ကိုမုန်းတီးစေသည့်ဟန် ပေါက်သွားခဲ့သည်။


သူက တကယ်ကြီးနောက်ဆုံးရယ်နိုင်တဲ့သူ ဖြစ်ချင်နေတာလား ဟမ့်…


ရန်ရှူ ငြင်းဆို‌လိုက်မည့်အချိန်၌ သူ၏မိုက်ကို တစ်စုံတစ်ယောက်မှ ပိတ်ထားကြောင်း သိလိုက်ရသည်။


ထိုအချိန်တွင် တင်ဆက်သူမှာ သူ၏နားထဲရှိနားကြပ်မှ ညွှန်ကြားချက်အချို့ကိုရလိုက်သောကြောင့် ခေါင်းစဉ်ကိုပြောင်းလဲလိုက်သည်။

“ ဒီတော့ မင်းတို့နှစ်ယောက် အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေကြတယ်ဆိုတာ အမှန်ပဲလား…”


ရန်ရှူ စမ်းကြည့်လိုက်ချိန်၌ သူ၏မိုက်မှာ နဂိုအခြေအနေသို့ ပြန်ရောက်သွားကြောင်း သိလိုက်ရသည်။ သို့သော်လည်း အစောပိုင်းမှ စကားခေါင်းစဉ်ကိုမူ သူပြန်သွား၍ မရနိုင်တော့ချေ။ အဆုံး၌ သူက နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း အစောပိုင်းကမှ ပြောခဲ့ပြီးပြီဖြစ်သည်။


ရန်ရှူ ထိုအရာကို မဖော်ပြဘဲ တင်ဆက်သူထံပြုံးပြလိုက်သည်။

“ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ငါ အခုတလော လေ့လာနေတာလေး တစ်ခုတော့ရှိတယ်…”


ရန်ရှူမှ လိုလိုလားလားပူးပေါင်းပေးချင်သည့်ပုံ ပေါ်နေသောကြောင့် တင်ဆက်သူမှ အမြန်မေးလာသည်။

 â€œ ဘာများပါလိမ့်… အခုပဲ တိုက်ရိုက်ပြလိုက်လို့ရော ရရဲ့လား…”


ရန်ရှူမှာ ထိန်းချုပ်ရန်ခက်ခဲလှသည်။ ထိုသခင်လေးမှာ အမြဲလိုပင် ကဒ်များကစားရန် ကျန်နေတတ်သည်။


ထိုသူမှာ အထိန်းအကွပ်လွန်နေသူပင်။


ထို့အပြင် မည်သူကမှလည်း သူ့ကို မထိန်းချုပ်နိုင်ပေ။


သူ၏ဂုဏ်သတင်းမှာ လူသိများကာ ကျယ်ပြန့်လှသည်။


ရန်ရှူ : “ အချက်အလက်အရဆိုရင်တော့ ဒီဟာက ဘာမှမဟုတ်တဲ့ စတန့်ပြကွက်တစ်ခုပါပဲ…”


တင်ဆက်သူ : “ ကျွန်တော် ဒါကို အရင်က ဆွေးနွေးပွဲမှာ ကြားခဲ့သေးတယ်… တကယ်ပဲလား…”


“ ဟုတ်တယ်…”

ရန်ရှူ အားရပါးရရယ်ကာ စုတျန့်တျန့်ဘက်သို့လှည့်၍ ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။

“ ဘူး...”


တင်ဆက်သူမှာ ထိတ်လန့်သွားရသည်။


စုတျန့်တျန့်၏မျက်နှာမှာမူ ချက်ချင်းဆိုသလို မဲမှောင်သွားရလေပြီ။


[ ဘာအဓိပ္ပါယ်လဲ... ငါတော့နားမလည်ဘူး…]


[ သူ အချက်အလက်တွေကို ပြောနေတာ‌လေ… အချက်အလက်တွေကိုပဲ…]


[ ဟားဟားဟားဟား ရှူရှူကတော့ ရှူရှူပါပဲလေ… သူက ဆိုးတဲ့နေရာမှာ တော်တယ်‌ဆိုပေမယ့် ငါ ဒါကို အရမ်းသဘောကျတယ်….]


[ ချီးပဲ ရန်ရှူ အရမ်းလွန်သွားပြီ…]


[ * ရန်ရှူ… * ပရိုဂရမ်အဖွဲ့… နင်တို့တွေက တျန့်တျန့်ကို ပစ်မှတ်ထားနေကြတာပဲ…]


ဖန်အဖွဲ့နှစ်ဖွဲ့မှာ စတင်၍ အချင်းချင်းဆုတ်ဖြဲနေကြသည်။


ပရိုဂရမ်ရိုက်ကူးပြီးချိန်တွင် ရန်ရှူ၏အဝတ်လဲခန်းက ကန်ဖွင့်ခံလိုက်ရသည်။


“ ရန်ရှူ ခင်ဗျား ဘာတွေသောက်ပြဿနာရှာနေတာလဲ…”

ကမ္ဘာပေါ်တွင် အချိုမြိန်ဆုံးသော ကိတ်မုန့်လေးတစ်ခုဖြစ်ရမည့် စုတျန့်တျန့်မှာ ထိုအချိန်တွင် အလွန်ဒေါသထွက်နေခဲ့သောကြောင့် သူ၏လက်ထောက်ပင် မတားဆီးနိုင်ဘဲ ရန်ရှူနှင့် ရန်သတ်မိမလိုဖြစ်နေရသည်။


“ အိုး စုလျန်ပါလား ဘာကိစ္စရှိလို့လား...”

ရန်ရှုမှာမူ အတင်းအကြပ်ဝင်ရောက်လာသော စုတျန့်တျန့်အပေါ် အံ့ဩနေခြင်းမရှိချေ။ ထိုင်ခုံပေါ်တွင် အေးအေးလူလူထိုင်နေခဲ့ပြီး သူ၏နှုတ်‌ခမ်းထောင့်များမှာ ကော့တက်နေခဲ့ကာ အနည်းငယ် နတ်ဆိုးဆန်ဆန် ပြုံးနေသည်။


သူ ပြုံးလိုက်ချိန်၌ နှုတ်ခမ်းထောင့်များမှာ ယခုလေးတင်မှ ကော့တက်သွားခဲ့ပြီး ရန်ရှူ၏အပြုံးမှာ အလွန်ကူးစက်နိုင်စွမ်းရှိသည်။ သို့သော်လည်း လက်ရှိအချိန်၌ ဖုံးကွယ်၍မရသော သရော်ဟန်အချို့ ပါဝင်နေခဲ့သည်။


စုလျန်…

ဤသည်မှာ စုတျန့်တျန့် ပွဲဦးမထွက်မီအချိန်မှ အမည်ပင်။


“ ခင်ဗျားပဲ သင့်မြတ်နေတာကိုပြမယ်လို့ ကတိပေးထားတာမဟုတ်ဘူးလား…”

စုတျန့်တျန့်မှ အော်ဟစ်၍ မေးလာသည်။ သူ စိတ်လွတ်သွားသည်မှာ သိသာလှ၏။


“ ငါက ရှိုးမှာပါဝင်ပေးမယ်လို့ပဲ ကတိပေးထားတာလေ… ဖျော်ဖြေမှုမှာ ပူးပေါင်းပေးပါမယ်လို့ ကတိပေးထားတာ‌မဟုတ်ဘူး… ဒါမှမဟုတ် ငါက သဘောတူညီချက်ကို ချိူးဖောက်ခဲ့တယ်ဆိုတာ သက်သေပြဖို့ မင်းဘက်ကစာချုပ်ကိုထုတ်လာလိုက်လေ…”


ဤသို့သောအရာမျိုးမှ နှုတ်ကတိသာဖြစ်လေရာ စာချုပ်မရှိနိုင်ပေ။


စုတျန့်တျန့် လွန်စွာဒေါသထွက်ရသောကြောင့် ရန်ရှူအားအော်ဆဲလိုက်ချင်သော်လည်း အဆုံး၌ သူ မလုပ်နိုင်ခဲ့ချေ။


သူအနေနှင့် စကားကြမ်းကြမ်းတမ်းတမ်းများသာ ပြောနိုင်ခဲ့သည်။

“ ရန်ရှူ ခင်ဗျားက စွန့်ပစ်ခံရပြီးနေပြီ… ဒီနေ့ ကျွန်တော့်ကို ဖိနှိပ်‌လိုက်ရုံလေးနဲ့ အရင်ကနာမည်ကျော်ခဲ့တဲ့ရက်တွေ ပြန်သွားနိုင်မယ်လို့ တကယ်ကြီးထင်နေတာလား…ဒီအတိုင်း စောင့်ကြည့်လိုက်စမ်းပါ…နောက်နှစ်နှစ်အတွင်း ခင်ဗျား အရမ်းကို သနားစရာကောင်းသွားစေရမယ်…”


စုတျန့်တျန့် ကျိန်ဆဲလိုက်ပြီးသည်နှင့် စင်တစ်ခုကို ကန်ထုတ်လိုက်သည်။ ၎င်းမှာ ဘမ်းခနဲအသံမြည်လျက် လဲကျသွားခဲ့ကာ ပစ္စည်းများနေရာအနှံ့ ပြန့်ကြဲသွားရသည်။


ထို့နောက် စုတျန့်တျန့်က တံခါးကိုကန်ကာ ပြန်ထွက်သွားခဲ့သည်။


ရန်ရှူ၏လက်ထောက်လေးမှ ကပျာကယာပြေးလာကာ ပြန့်ကြဲနေသည့်ပစ္စည်းများကို ရှင်းလင်းလိုက်ပြီး သတိထား၍ မေးလိုက်သည် 


သူအနေနှင့် နောက်ကျသောကြောင့် ရန်ရှူထံမှ ကြိမ်းမောင်းခံရမည်ကို ကြောက်ရွံ့နေသည့်အတွက် စကားမပြောမီ မိနစ်အနည်းငယ်ခန့် စဉ်းစားလိုက်ရသည်။


“ အစ်ကိုရန်… ဘာလို့ ဒီလိုလုပ်တာလဲ… ကုမ္ပဏီမှာက သူ့ကိုထောက်ပံ့တဲ့လူတွေရှိနေတာလေ… ဘာလို့သူ့ကိုသွားထိရတာလဲ…”


စုတျန့်တျန့်နှင့် ကုမ္ပဏီအမှုဆောင်တို့၏ ဆက်ဆံရေးမှာ အလွန်ခိုင်မာကြောင်း သဘာဝကျစွာပင် ရန်ရှူ‌သိနေခဲ့ပြီး သူ၏စာချုပ်တွင်လည်း နှစ်နှစ်သာ ကျန်ရှိနေသောကြောင့် လွယ်ကူသည့်ပစ်မှတ်တစ်ခု ဖြစ်လာနိုင်သည်။


လတ်တလောတွင် သူ၏ကျော်ကြားမှုနှုန်းမှာ အမှန်တကယ်ကို ဆုတ်ယုတ်လာခဲ့ပေသည်။ အကယ်၍သာ ကောင်းကောင်းဖျော်ဖြေနိုင်မည်ဆိုပါက အပေါ်ယံဆက်ဆံရေးကို ဆက်ထိန်းထားနိုင်မည်ဖြစ်သော်လည်း သူ၏ဖျော်ဖြေမှုသာ မကောင်းခဲ့ပါက မည်သည့်ခံစားချက်မှ ကျန်ရစ်ခဲ့ကြမည်မဟုတ်ပေ။


သို့တိုင်အောင် သူက ပူးပေါင်းရန်ဆန္ဒမရှိနေဆဲပင်။


“ ငါ့ရဲ့ဖန်တွေက သူ့ဖန်တွေကို ကြိမ်းမောင်းဖို့အတွက် မိုးလင်းတဲ့အထိ နေပေးခဲ့ကြတာ…ငါ့အတွက် သက်သေတွေစုပြီး အရာအားလုံးကို ရှင်းလင်းပေးခဲ့သေးတယ်….ဒါပေမယ့် အဆုံးကျ ငါကသူနဲ့အသာလေးပြန်တည့်ပေးလိုက်ရမှာလား…ငါသာ သူတို့တွေကြိုးစားပေးခဲ့တဲ့ ခက်ခက်ခဲခဲလုပ်ပေးခဲ့တဲ့အရာတွေကို ဒီအတိုင်းပစ်ချလိုက်မယ်ဆိုရင် ဖန်တွေဘယ်လိုခံစားရမယ်လို့ မင်းထင်လဲ… သူတို့က ငါ့ကိုအိုင်ဒေါအဖြစ်မှတ်ယူကြတယ်ဆိုရင် ငါကလည်း သူတို့ရဲ့ကြိုးစားမှုအတွက် အလေးအနက်ထားပေးသင့်တယ်လေ…”


လက်ထောက်မှ မေးနေသည်ကို ရပ်တန့်လိုက်ပြီး တိတ်တဆိတ်သာ ဆက်လက်ရှင်းလင်းလိုက်သည်။


တစ်ဖက်တွင်မူ စုတျန့်တျန့်က သူ့အဝတ်လဲခန်းစီသို့ ဒေါသတကြီးပြန်ရောက်လာပြီး ပစ္စည်းများကို ပေါက်ခွဲပစ်နေသောကြောင့် ရလဒ်အနေဖြင့် သူ၏အဝတ်လဲခန်းမှာ ရှုပ်ပွသွားခဲ့ရသည်။


မိတ်ကပ်ပြင်ပေးသူမှ သူမ၏ တန်ဖိုးကြီးအလှကုန်များ ကြမ်းပြင်ပေါ်သို့ ချခွဲခံနေရသည့်အတွက် စိတ်ပျက်လက်ပျက်နှင့် မျက်လုံးများပြူးကျယ်နေခဲ့သည်။ သူမ စိတ်ဆိုးသည်ထက်ပင် ကျော်နေရသော်လည်း စောဒကမတက်ရဲချေ။


စုတျန့်တျန့်၏လက်ထောက်က ဘေးနားမှ နားချလိုက်ရသည်။

“ ငါတို့အခု ရှိုးအဖွဲ့မှာပဲ ရှိနေသေးတာလေ…လျှောက်ဖွမနေပါနဲ့တော့…”


“ ငါ့အစ်ကိုက ရှိုးအဖွဲ့ကိုကိုင်တွယ်ထားပြီးသား… ပြီးတော့ သူတို့ကလည်း ငါတို့နှစ်ယောက်ကိုဖိတ်နိုင်ဖို့အတွက် အများကြီးလိုက်လျောပေးရတယ်လေ… ဒီအတိုင်းပဲ ရန်ရှူက မပူးပေါင်းပေးတာကိုတော့ မထင်ထားခဲ့မိဘူး…သူက အရူးလား… ငါ့ကိုစော်ကားလို့ ဘာပြန်ရမှာမလို့လဲ…”


စုတျန့်တျန့်၏အစ်ကိုမှာ ကုမ္ပဏီ၏အကြီးတန်း အမှုဆောင်တစ်ယောက်ဖြစ်သောကြောင့် စုတျန့်တျန့်ထံတွင် အရင်းအမြစ်များစွာရှိကာ ဖျော်ဖြေရေးနယ်ပယ်၌ အခိုင်အမာခြေကုပ်ယူနိုင်ခဲ့သည်။


ထိုမျှသာမက စုတျန့်တျန့်မှာ အလွန်လည်း မောက်မာလှ၏။


လက်ထောက်မှ ရုတ်တရက်ထပြောလာသည်။

“ကြည့်ရတာ ရန်ရှူမှာလည်း ကူနေတဲ့သူရှိပုံပဲ…”


“ သူ့ကိုဘယ်သူက ကူမှာတဲ့လဲ…”

စုတျန့်တျန့် နှာခေါင်းရှုံ့လိုက်သည်။


”ငါ ကုမ္ပဏီရောက်နေတာ နှစ်နှစ်ရှိပြီ သူ့ကိုကူညီတဲ့သူဆိုလို့ တစ်ယောက်မှမမြင်ဖူးသေးဘူး…လွန်ခဲ့တဲ့နှစ်နှစ်အတွင်း သူ့ရဲ့ကျော်ကြားမှုက ကျသည်ထက်ကျလာတာ…ကောင်းတယ် သူက အာဏာမဲ့နေတာမလား…တင်းနစ်ဆော့နေကြ အတန်းဖော်ဟောင်းတစ်ယောက်ရှိတယ်ဆိုပေမယ့် သူ့အတန်းဖော်က ဘယ်လောက်တော်တော် ဖျော်ဖြေရေးနယ်ပယ်ထိတော့ လက်တံရှည်မှာတဲ့လား…”


“ ပြီးတော့…”

စုတျန့်တျန့်၏လက်ထောက်က ကုမ္ပဏီထဲသို့ ဆွဲသွင်းခံရသူဖြစ်သောကြောင့် စုတျန့်တျန့်နှင့်အတူတူ ကုမ္ပဏီသို့ရောက်ခဲ့သည်မှာ နှစ်နှစ်သာရှိသေးသည်။ ထို့အပြင် သူက ရန်ရှူထံတွင် အရင်းအမြစ်ကောင်းများရှိသည်ကို မမြင်ခဲ့ဖူးပေ။


စုတျန့်တျန့် သူ့အစ်ကိုစီသို့ စာပို့လိုက်သည်ကို မြင်နေရသော်လည်း လက်ထောက်မှ ဆက်လက်နားချလိုက်သည်။

“ ကုမ္ပဏီကလည်း ဒီရက်ပိုင်းတိုးတက်လာတာနော်…ဥက္ကဌအသစ်လည်း ရောက်လာဦးမှာ…လတ်တလော ဥက္ကဌအသစ်ကို မစော်ကားမိဖို့အတွက် ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်…”


“ ဟား…” 

စုတျန့်တျန့်မှာမူ လက်ထောက်၏သတိပေးခြင်းကို များစွာတွေးမနေခဲ့ပေ။

“ အဲ့ဒီသူဌေးမိသားစုက နေရာတိုင်းမှာ ကုမ္ပဏီတွေလျောက်ဝယ်နေတာပဲဟာ… ဖျော်ဖြေရေးနယ်ပယ်ထဲ ရောက်လာတယ်ဆိုတာလည်း ပိုက်ဆံရှာဖို့ပဲလေ…တကယ်တမ်းပြောရရင် သူတို့က ဒီသောက်တလွဲတွေကို နားမလည်ပါဘူး…နောက်ကျ ငါ့အစ်ကိုရဲ့စကားကိုပဲ နားထောင်လိုက်ကြမှာ… ငါမှန်းတောင်မှန်းရဲသေးတယ်.. နောက်နှစ်နည်းနည်းလောက်နေရင် အဲ့ဒီဥက္ကဌအသစ်ကို ငါတို့မြင်ရတော့မှာမဟုတ်ဘူး… သူက ကုမ္ပဏီကို အလုပ်လာလုပ်မှာ မဟုတ်ဘူးလေ…”


လက်ထောက်မှ ပြုံးလျက် စုတျန့်တျန့်၏ခန့်မှန်းချက်ကို မငြင်းပယ်ခဲ့ချေ။


ကိစ္စမှာ ထိုသို့ဖြစ်မလာမည်ကိုမူ သူစိုးရိမ်နေမိသည်။


စုတျန့်တျန့်မှာမူ အစ်ကိုဖြစ်သူဆီမှ ပြန်စာရလာသောကြောင့် အလွန်ကျေနပ်နေပြီး သူ၏လက်စားချေခြင်းမှာ စီစဉ်ပြီးပြီဖြစ်သည့်အတွက် ပျော်ရွှင်ကြည်နူးနေသည်။

ငါ ပြောနိုင်တယ်.. ရန်ရှူကတော့ သွားပြီပဲ…


စုတျန့်တျန့်က ဖုန်းကိုစားပွဲပေါ်တင်ထားလိုက်ပြီး မှန်ကြည့်ကာ ဆံပင်ဖြောင့်နေခဲ့သည်။ သူ၏စိတ်အခြေအနေမှာမူ တည်ငြိမ်သွားပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်

 â€œ ပိုင်ရှင်အသစ်ရဲ့နာမည်က ဘယ်သူလဲ… ငါတွေ့ရင်တော့ နှုတ်ဆက်ရမယ်လေ…”


“  သူ့မျိုးရိုးနာမည်က စုန့်တဲ့…”


“ဒီလိုမျိုးရိုးနာမည်က အတော်လေးတော့ ရှားသားပဲ…”  

စုတျန့်တျန့်က အေးအေးလူလူပင် ပြန်ပြောလိုက်သည်။


*****


“ ငါက သူတို့နဲ့ ဘာပြောရမှာလဲ…”


ရန်ရှူ လက်တစ်ဖက်မှ ကြောင်စာဘူးကို မွှေစက်နှင့်မွှေနေရင်းဖြင့် ဖုန်းကိုပုခုံးဖြင့်ညှပ်ကာ နားနားကပ်၍ပြောလိုက်သည်။ သင့်တော်သောရေပမာဏထည့်ပြီး ကျွမ်းကျင်စွာ မွှေလိုက်ကာ တည့်တည့်ပြန်မရပ်လိုက်ခင် ကြောင်စာကို ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။


ထည့်ပြီးသွားသည်နှင့် ဗီဒိုအပေါ်မှ ကြောင်နက်လေးတစ်ကောင်ခုန်ဆင်းလာကာ တဖြည်းဖြည်းမလျှောက်လာခင် အကြောအနည်းငယ်ဆန့်လိုက်ပြီး ပန်းကန်လုံးမှ သံဘူးကြောင်စာကို လာစားခဲ့သည်။


၎င်း၏ခန္ဓာကိုယ်မှာ အသံမထွက်စေဘဲ လမ်းလျှောက်နေသကဲ့သို့ ပေါ့ပါးနေကာ အမှောင်ယံညမှ နတ်သူငယ်တစ်ယောက်သဖွယ် ရှိနေခဲ့သည်။


ရန်ရှူက ကြောင်နက်လေးအစာစားနေသည်ကို ကြည့်လိုက်ပြီးနောက် ဖုန်းကို လက်ဖြင့်ပြန်ကိုင်ကာ စကားဆက်ပြောလိုက်သည်

 â€œ သူတို့သာ ကျွန်တော့်အမြင်ကို ဂရုစိုက်နေသေးသရွေ့ ကျွန်တော်ဒေါသထွက်လာအောင် လုပ်မှာမဟုတ်ဘူးလေ…အခု ခင်ဗျားက ကုမ္ပဏီမှာ သူတို့ကိုသွားရှာစေချင်တာလား… သူတို့ကိုသွားတောင်းပန်ပေးရမယ်ပေါ့လေ…”


“ အိုး ဒီဟာက လက်တွေ့ဖြစ်နေတာပဲလေ… မင်းကနာမည်ကြီးတော့တာမဟုတ်ဘူး… အဖွဲ့သားတွေကလည်း မင်းကိုသူတို့ပရောဂျက်တွေအတွက် သုံးပေးတော့မှာမဟုတ်ဘူး…ဒါကြောင့်ပဲ မင်းက ကောင်းကောင်းနာခံလိုက်သင့်တာလေ…”

အစ်ကိုလျို့မှ ကူကယ်ရာမဲ့နေသည့်အသံဖြင့် ပြောလာသည်။


“ ဟင့်အင်း ကျွန်တော်သာ ဖျော်ဖြေရေးနယ်ပယ်ထဲကနေ ရုတ်တရက်ထွက်ချလိုက်လို့ကတော့ ပွက်လောရိုက်သွားမှာပဲ…”


ရန်ရှု အမှန်တကယ်ကို ဂရုစိုက်မနေပေ။


သူ ကျော်ကြားခဲ့ဖူးသည်။ တောက်ပခဲ့ဖူးသည်။ ပြောင်မြောက်သောအလုပ်များရှိခဲ့ဖူးသည်။


ဆက်လက်နေရင်းဖြင့် ဒေါသထွက်နေရခြင်းထက် တင့်တယ်စွာထွက်လာခြင်းမှာ ပို၍ကောင်းမွန်ပေလိမ့်မည်။


အဆုံး၌ သူက ချမ်းသာပြီး ယုံကြည်မှုလည်းရှိသည်။


“ ကောင်းပြီ မင်းသူတို့ကိုပြောဖို့အတွက် ငါကူညီပေးမယ်…”

အစ်ကိုလျို့မှ သူ့ကိုအရှက်မခွဲတော့ဘဲ ထိုအစား အခြားသောအကြောင်းအရာများကို ပြောလာသည်။

“ လာမယ့်ရက်ပိုင်းအတွင်း ကုမ္ပဏီမှာ ပါတီတစ်ခုလုပ်လိမ့်မယ်…ကုမ္ပဏီရဲ့ပိုင်ရှင်အသစ်လည်း အဲ့ဒီမှာရှိမှာမလို့ မင်းကြိုက်တာလုပ်လို့ရတယ်…”


“ ဟုတ်ပြီ ကျွန်တော် ကောင်းကောင်းဝတ်ပြီး သွားတက်လိုက်မယ်…”

ရန်ရှူ ကုမ္ပဏီအကြောင်း မမေးခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်ပြီး ၎င်းကိုဝယ်ယူတော့မည်ဖြစ်ကြောင်းကိုသာ ယောင်ဝါးဝါးကြားခဲ့ရဖူးသည်။ ထိုမျှသာမက သူ သေသေချာချာလည်း မမေးခဲ့ဖူးချေ။ ယခင်ပိုင်ရှင်၏အမည်ကိုပင် ရန်ရှူ မမေးဖူးခဲ့ပေ။


ဖုန်းချပြီးသည်နှင့် ရန်ရှူ တင်ပလ္လင်ခွေထိုင်ချလိုက်ပြီး လက်ခုပ်တီးကာ ကြောင်နက်လေးကိုလှမ်းခေါ်လိုက်သည်။

 â€œ သာ့ကော လာပြီးဖက်ပါဦး…”


ကြောင်နက်၏အမည်မှာ သာ့ကောဖြစ်ပြီး သူ့သူငယ်ချင်း၏ကြောင်ဖြစ်သည်။ သူတို့ နိုင်ငံခြားသို့ သွားရောက်ယှဉ်ပြိုင်နေကြရစဉ်အတွင်း သာ့ကောမှာ သူ့သူငယ်ချင်းများနှင့်အတူ နေရပေလိမ့်မည်။


အနှီကြောင်မှ သူ့ကိုအာရုံမစိုက်ချင်သည်မှာ နှမြောစရာပင်။


သူ၏ပန်းကန်လုံးကိုအပြောင်ရှင်းပြီးသည်နှင့် သာ့ကောမှ ရန်ရှူထံတစ်ချက်ကြည့်ကာ လေးတိလေကန်ဖြင့် ထွက်သွားခဲ့သည်။


ရန်ရှူ ဆိုဖာပေါ်တွင်သာ ထိုင်လိုက်ရသည်။ သူစောင်အောင်သို့ တိုးဝင်လိုက်ပြီးနောက် ဖုန်းကိုထုတ်ကာ ဝေ့ပေါ်ထဲသို့ဝင်လိုက်သည်။


သူ မဝင်နိုင်ခဲ့ချေ။


ဝေ့ပေါ်လျှို့ဝှက်နံပါတ်ကို ပြောင်းလဲလိုက်ပြီဖြစ်သည်။


ရန်ရှူ အကောင့်တုဖြင့်ဝင်ကြည့်လိုက်ရာ စစ်ပွဲဖြစ်နေသည့်ပုံပင်။


တူမကြီးများမှပြောနေကြသည်မှာ ရန်ရှူက ဒေါသကြီးသော်ငြား လူတိုင်းအပေါ် အကြောင်းအရင်းမရှိဘဲ လိုက်လံတိုက်ခိုက်နေသူ မဟုတ်ပေ။ အကယ်၍သာ သူ့ကိုမထိပါးခဲ့ပါက သူလည်း စုတျန့်တျန့်အပေါ် ဤသို့ဆက်ဆံမည်မဟုတ်ကြောင်း ပြောဆိုနေကြသည်။


စုတျန့်တျန့်၏ဖန်များဘက်မှာမူ ရန်ရှူက အရည်အချင်းမရှိဘဲ ရှိုးတွင် စုတျန့်တျန့်အား ပွင့်ပွင့်လင်းလင်းပစ်မှတ်ထား၍ စော်ကားခဲ့သည်။ ထိုသို့သော ဆိုးရွားသည့်အနုပညာရှင်မျိုးမှာ ဖျော်ဖြေရေးနယ်ပယ်တွင် မရှိနေသင့်ဟု ပြန်ပြောနေကြသည်။


စုတျန့်တျန့်၏ဖန်များမှာ အချို့သောလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ပြီး ခဏအကြာ၌ #ရန်ရှူဖျော်ဖြေရေးနယ်ပယ်ထဲကထွက်သွား ဟူသောခေါင်းစီးမှာ ရေပန်းစားလာကာ ရှာဖွေမှုစာရင်း၏ ထိပ်ဆုံးထိတက်လာခဲ့တော့သည်။



📽️