Chapter 9
Viewers 1k

📽️Chapter 9

အခြေအနေ : အလေးပေးချင်တယ် 



ထိုအခိုက်တွင် ကျောက်ရှင်းရွေ့က ငိုကြွေးနေဆဲဖြစ်ပြီး ရန်ရှူက သူမအား ရုတ်တရက် လှမ်းပြောလိုက်သည်ကို ကြားသောအခါ တုန်ယင်သွားလေသည်။ 


ရန်ရှူထပ်ပြောလိုက်သည်။

"အခုပဲ လမ်းခွဲလိုက်... မင်း သူ့ကို ပြောလိုက်တော့…" 


"ရှူရှူ..." 


"ငါက တချို့နေရာတွေမှာ ကျွမ်းကျင်တယ်ဆိုတာ မင်းသိတယ်မလား... ဒါပြီးရင် ငါ မင်းနဲ့ စကားကောင်းကောင်း ပြောပေးမယ်... မင်းသေချာပေါက် စိတ်ရွှင်လန်းသွားမှာ…" 


ရန်ရှူ၏ ဖန်များအနေဖြင့် ရန်ရှူ မည်မျှ အပေါက်ဆိုးသည်ကို မသိစရာအကြောင်း မရှိပေ။ 


သူမက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... အခုပဲ လမ်းခွဲလိုက်မယ်" 


ပြောပြီးနောက် သူမက ထိုလူအား ပြောလိုက်သည်။ "လမ်းခွဲကြမယ်... နောက်ဆို ငါ့ကို ထပ်ပြီး မဆက်သွယ်နဲ့တော့…" 


ထိုယောကျ်ားက ကျောက်ရှင်းရွေ့အား မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

"မင်းက ပြည်သူချစ်တဲ့ စတားတစ်ယောက်လို ဟန်များပြနေတာလား... ကောင်းပြီလေ... ယုံချင်ယုံ မယုံချင်နေ... ငါမင်းကို ဖော်ထုတ်ပြမယ်... မင်းက သာမန်ပြည်သူတွေကို ဒီလိုမျိုး အနိုင်ကျင့်ပြီး ငါ့ကို ဒူးထောက်ခိုင်းထားတယ်... ဒါက ပုဂ္ဂိုလ်ရေး စော်ကားမှုပဲ... ငါ မင်းကို ဖော်ထုတ်ပြမယ်…" 


ရန်ရှူက ထိုစကားကို ကြားသောအခါ လှောင်ရယ်လိုက်လေသည်။ 


ထို့နောက် စန့်ရှန်းမှ ထိုလူ၏ ဆံပင်ကိုဆွဲကာ ခေါင်းမော့စေသည်ကို ကြည့်နေခဲ့သည်။ 


စန့်ရှန်းက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

"ကြိုးစားကြည့်လိုက်လေ... ဒါပေမယ့် သူ့ကို ဆန့်ကျင်ပြီးသွားရင် မင်းဘာတွေ ဖြစ်လာမလဲဆိုတာကို တွေးကြည့်လိုက်ပေါ့…" 


ထိုလူက စန့်ရှန်းကို မော့ကြည့်လိုက်သည်။ 


စန့်ရှန်း၏ သတ်မလိုဖြတ်မလို အကြည့်စူးစူးကြောင့် တစ်ကိုယ်လုံး အေးစက်လာပြီး အသက်ရှူသံများပင် မတည်မငြိမ် ဖြစ်လာလေသည်။ 


စန့်ရှန်းက သူ့အား တဖြည်းဖြည်း လွှတ်ပေးလိုက်သည်။ ထို့နောက် ဖုန်းထုတ်ကာ မျက်နှာပြင်ထက်တွင် တတောက်တောက် ခေါက်လိုက်သည်။ 


တစ်ခဏအကြာ လူအချို့ ဝင်လာသည်။ 


စန့်ရှန်းက ထိုလူကို ညွှန်ပြလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒီလူက မိန်းကလေးတွေအပေါ် လက်ပါခဲ့တယ်... သူ့ကို နှောင့်ယှက်ရမလားဆိုပြီး ကောင်မလေးကို အဆက်မပြတ် ပါးရိုက်ခဲ့သေးတာ…" 


လူအချို့က ထိုလူအား အလျင်အမြန် ဖမ်းချုပ်လိုက်ပြီးနောက် သူ့ပါးစပ်အား အုပ်လိုက်ကြသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ ထိုလူမှာ ဆေးရုံခန်းထဲမှ အတင်းအကြပ် ခေါ်ဆောင်သွားခံခဲ့ရသည်။ 


ယိုယိုက ဖြစ်စဥ်တစ်ခုလုံးကို မျက်လုံးများ ပြူးကျယ်လျက် ကြောင်အကာ ငေးကြည့်နေခဲ့သည်။ ညသန်းခေါင်တွင် အားအင်အပြည့် ထွက်လာသည့် ဇီးကွက်လေးတစ်ကောင်လိုပင် သူမ၏ ပါးစပ်များက ခပ်ကျယ်ကျယ် ဟနေခဲ့လေသည်။ သူမက တောင့်ခံထားနေရသည့်အလား အသံတစ်ခုပြုချင်နေပါသော်လည်း စိတ်ထဲတွင်သာ "အိုး"ဟု ပြောနေခဲ့သည်။


ရန်ရှူက ထိုင်ခုံသို့ ပြန်သွားထိုင်လိုက်ကာ ဆွယ်တာလက်များကို ခေါက်တင်လိုက်ပြီးနောက် ပြောလာခဲ့သည်။

"မရသေးဘူး... ငါမင်းကို စကားနည်းနည်းလောက်နဲ့ ထပ်ဆူရဦးမယ်…" 


စန့်ရှန်းက ထွက်သွားရန် အလျင်လိုမနေဘဲ နံရံကို မှီရပ်ကာ ရန်ရှူ ဆူပူနေသည်ကို စိတ်ရှည်လက်ရှည် စောင့်ပေးနေခဲ့သည်။ ယင်းနှင့် ပတ်သက်၍ မည်သည်ကိုမှ မှားယွင်းသည်ဟု မထင်ပေ။ 


ရက်စက်လှသော ရန်ရှူလေးက ချစ်စရာကောင်းလှသည်ဟုပင် တွေးမိနေသည်။ 


ထိုစဥ် ကျောက်ရှင်းရွေ့က ဆူပူခံရပြီးနောက် ခါးသီးစွာဖြင့် ငိုကြွေးလေတော့သည်။ 


ယိုယိုလည်း အသိပြန်ဝင်လာသည်။ သူမသည်လည်း ဆီနှင့် ဗန်နီဂါများ ထပ်ထည့်ကာ ကျောက်ရှင်းရွေ့အား အတူတကွ ဆူပူလေတော့သည်။ 


နာရီဝက်ခန့် ဆူပူပြီးနောက် ရန်ရှူနှင့် စန့်ရှန်းတို့က လူနာခန်းထဲမှ အတူတူ ထွက်လာခဲ့ကြသည်။ 


စန့်ရှန်းက ရန်ရှူအပေါ် ကုတ်အင်္ကျီ ထပ်ပေးကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။

"ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်…" 


ရန်ရှူက စဥ်းပင်မစဥ်းစားဘဲ ငြင်းဆိုလိုက်သည်။

"မလိုပါဘူး…"


"ဒါဆို မင်းအတွက် ရေနွေးတစ်ခွက် သွားယူခိုင်းလိုက်မယ်လေ…" 


ရန်ရှူက ဆက်ပြီး ငြင်းမနေတော့ဘဲ စန့်ရှန်းအား သူ့ကားဆီသို့ ခေါ်လာခဲ့သည်။ 


စန့်ရှန်းက ရန်ရှူ၏ ပြိုင်ကားလေးအား တစ်ခဏမျှ ကြည့်နေခဲ့သည်။ ထို့နောက် ကားတံခါးကို ဖွင့်ကာ မဝံ့မရဲ ဝင်ကြည့်လိုက်သော်ငြား ကံမကောင်းစွာဖြင့် ခြေတစ်ချောင်းသာ ဆန့်လေသည်။  


ရန်ရှူက လက်ပိုက်ထားရင်း စန့်ရှန်းတစ်ယောက် ထိုင်ခုံအား အကျယ်ဆုံးနေရာရရန်အတွက် ညှိယူနေသည်ကို ကြည့်နေခဲ့သည်။ အဆုံးတွင် ကားထဲသို့ ဝင်လို့ရသွားသော်ငြား ဘောလုံးလေးလို ကွေးထားရသည်။ 


စန့်ရှန်းက ရွစိရွစိ ဖြစ်နေသော သစ်တော်သီးလုံးလေးကဲ့သို့ ကားထဲတွင် ဝင်ထိုင်နေပြီး အချိန်အတော်ကြာမှ သူ့ခေါင်းကို မော့ကာ မေးလာသည်။

"ကိုယ့်ကားနဲ့ပဲ သွားလို့ရမလား…" 


ရန်ရှူက မပြုံးမိအောင် ထိန်းထားရသော်လည်း တစ်နေရာရာသို့ အကြည့်လွှဲလိုက်ကာ ထပ်ပြီး မထိန်းထားနိုင်တော့ပေ။


"ဖူး..."

ရန်ရှူ နေနိုင်ဘဲ ရယ်ချမိလိုက်သည်။ စန့်ရှန်းက ရန်ရှူ၏ ပြိုင်ကားလေးထဲမှ တိတ်တဆိတ် ထွက်ကာ လေပြင်းပြင်း မှုတ်ထုတ်လိုက်သည်။


"ကိုယ့်ကားက ဟိုဘက်မှာ…"


"ငါ့ဘာသာ ငါပဲ ကားမောင်းသွားမယ်... မင်းကို မလိုဘူး…"

ရန်ရှူက ပြောနေရင်း ကားထဲကို ဝင်ကာ ကားထိုင်ခုံကို မူလအတိုင်း ပြန်ညှိလိုက်ပြီးနောက် ကား ပြတင်းပေါက်ကို ဖွင့်၍ စန့်ရှန်းအား ပြောလိုက်သည်။

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်…" 


"ခဏလေးပါ... ရေနွေးက မကြာခင် ရောက်တော့မယ်…" 


"မလိုပါဘူး... မင်းဘာသာမင်းပဲ သောက်လိုက်…"

ရန်ရှူက ကားမှန်ကို ပြန်ပိတ်လိုက်ပြီးနောက် စန့်ရှန်းကို ချန်၍ ထွက်ခွာသွားလေသည်။ 


ရန်ရှူ အိမ်သို့ ပြန်မောင်းလာခဲ့သည်။ အိမ်ထဲသို့ ဝင်လာသောအခါ ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်မိသည်။ သူ့မျက်လုံးများကို မှေးကျဥ်း၍ နာရီ ကြည့်လိုက်သောအခါ မနက် ငါးနာရီ ဆယ့်ခုနစ်မိနစ်ပင် ရှိနေပြီဖြစ်သည်။ 


သူ့မျက်လုံးများကို မှိတ်လိုက်သည်နှင့် ပင်ပန်းမှုကြောင့် ဆိုဖာပေါ်တွင်ပင် အိပ်ပျော်သွားခဲ့လေသည်။ 


မျက်လုံး ပြန်ဖွင့်လိုက်သောခါ နေ့လည် နှစ်နာရီပင် ရှိနေသည်။ သူ့ဖုန်းကို ကြည့်လိုက်သောအခါ အစ်ကိုလျို့က ယနေ့အတွက် အတန်းများ ဖျက်သိမ်းထားပြီဖြစ်၍ တစ်နေ့တာလုံး စိတ်အေးလက်အေး အနားယူနိုင်ကြောင်း စာပို့ထားသည်ကို တွေ့လိုက်ရသည်။ 


စန့်ရှန်းက မစ္စတာဖန်းအား အသိပေးထားခြင်း ဖြစ်မည်ဟု ခန့်မှန်းရပေသည်။ 


ရုတ်တရက်ဆိုသလို စိတ်ဝင်တစား ဖြစ်သွားရသဖြင့် စန့်ရှန်း၏ ပရိုဖိုင်ကို နှိပ်ကြည့်လိုက်ပြီးနောက် သူတို့၏ စကားပြောခန်းကို စစ်ဆေးကာ ထို့နောက်တွင် စန့်ရှန်း၏ သူငယ်ချင်း အသိုင်းအဝိုင်းကို ကြည့်လိုက်သည်။  


သူ၏ သူငယ်ချင်းအသိုင်းအဝိုင်းက အလွတ် ဖြစ်နေပြီး သူစပိုင်လုပ်နိုင်မည့် သတင်းတစ်ခုမှ ရှိမနေခဲ့ပေ။ 


သူ၏ သူငယ်ချင်းအသိုင်းအဝိုင်းနေရာမှ နောက်ခံနေရာတွင် ခွေးသုံးကောင် ဖြစ်နေသည်။ ထိုခွေးသုံးကောင်ပုံကို ဆွဲကြည့်လိုက်ပြီးနောက် "ကျွတ်"ဟု ဆိုလိုက်သည်။ 


ဒီခွေးတွေက ငါ့နေရာကို ယူသွားပြီ... 


စန့်ရှန်း၏ သီးသန့်Wechatအကောင့်တွင် သူငယ်ချင်းများနှင့် မိသားစုဝင်များသာ အပ်ထားသဖြင့် ယခင်က သူတို့ ချစ်ကျွမ်းဝင်စဥ်အချိန်တွင်ပင် ဂရုတစိုက် ရှိခဲ့ကြပြီး ကောင်းကောင်းဖုံးကွယ်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်ငြား စန့်ရှန်း၏ သူငယ်ချင်းအသိုင်းအဝိုင်းနေရာတွင်မူ ရန်ရှူ၏ ဓါတ်ပုံကို လွတ်လွတ်လပ်လပ်ထားနိုင်ခဲ့သည်။ 


ယနေ့တွင် သူက ခွေးသုံးကောင်ဖြင့် အစားထိုးခံလိုက်ရလေသည်။ ဒေါသတကြီးဖြင့် ဖုန်းကို လွှင့်ပစ်ကာ ဆိုဖာပေါ်တွင် ထပ်မှိန်းနေလိုက်သည်။ 


တွေးလေလေ ပိုပြီး ဒေါသထွက်လာရလေလေပဲ... 


ချက်ချင်းဆိုသလို ဖုန်းကို ပြန်ယူကာ စန့်ရှန်းအား သူငယ်ချင်းနေရာမှ ဖျက်ပစ်လိုက်လေသည်။ 


စန့်ရှန်းက ဖုန်းကိုင်ထားရင်း ရန်ရှူနှင့် စကားပြောခန်းအား အချိန်အတော်ကြာ ကြည့်နေခဲ့သည်။ 


ရန်ရှူ၏ စရိုက်အရ အတင်းအာရုံစိုက်ပြနေလျှင် ရန်ရှူက သူ့အား တမင်တကာဆန့်ကျင်၍ လစ်လျူရှုနေပေလိမ့်မည်။ 


သို့သော်ငြား သူနှင့် အဆက်အဆံ မရှိပါက ထိုသူ့ဘက်က မနေနိုင်ဘဲ တဖြည်းဖြည်း အညံ့ခံလာပေလိမ့်မည်။ 


အဆုံးတွင် သူ့စိတ်ကို ပြင်ဆင်ပြီးနောက် စာပို့၍ မေးလိုက်သည်။

"မင်း ဘယ်လိုဒရာမာမျိုးမှာ သရုပ်ဆောင်ချင်လဲ... ကိုယ်ရှာပေးမယ်လေ…" 


စာရောက်သွားသော်ငြား မကြာမီ အနီရောင် သင်္ကေတတစ်ခုကို တွေ့လိုက်ရသည်။ 


သူငယ်ချင်းအဖြစ်မှ ပယ်ဖျက်ခံလိုက်ရလေသည်။ 


စန့်ရှန်း: “…” 

ရန်ရှူရေ... မင်းတော်ပါတယ်ကွာ... 


ဖုန်းကို ပြန်ချလိုက်ပြီးနောက် ကုလားထိုင်ထက်တွင် ထိုင်ကာ ငေးငိုင်မိသွားသည်။ အဆုံးတွင် ထိန်းမထားနိုင်တော့ဘဲ ရှန်းကျွင့်ကျင်းအား မေးမိသွားသည်။

"ရန်ရှူက ဘာလို့ ပြတ်သားနိုင်ရတာလဲ…" 


နှစ်နှစ်တောင် ရှိသွားပြီ... 


သူတို့၏ ခါးသီးနေသော သူငယ်ချင်းများထဲမှ တစ်ယောက် ဖြစ်သည့် ရှန်းကျွင့်ကျင်းမှာ ရန်ရှူနှင့် စန့်ရှန်းတို့ အကြိမ်ရှစ်ရာမက လမ်းခွဲကြသည်ကို ကြည့်ခဲ့ရသည်။ 


ထိုအခိုက်တွင် ရှန်းကျွင့်ကျင်းမှာ ငါးကန်လှလှလေးကို စူးစိုက်ကြည့်နေရင်း ပျော်ရွှင်သွားလေသည်။

"ဖြစ်နိုင်တာ... သူက မင်းနဲ့ ထပ်ပြီး လမ်းခွဲဖို့ မစောင့်နိုင်တော့တာ ဖြစ်မယ်…" 


“…” 


ဒါက မလိုအပ်ဘူးလေ...


………. 


ရန်ရှူ့အဖွဲ့အတွက် စန့်ရှန်း၏ ထုတ်ပြန်မှု အသစ်မှာ ရန်ရှူက ရှိုးတစ်ခုတွင် ဧည့်သည်တစ်ယောက်အား ကူညီပေးရန် ဖြစ်သည်။ 


ယုတ္တိကျကျပြောရလျှင် ထိုအလုပ်က တဲ့တိုးဆန်သင့်ပေသည်။ 


ရန်ရှူက ရိုက်ကူးရေးတည်နေရာသို့လာကာ အခြားသော ပြိုင်ပွဲဝင်များနှင့် ရက်အနည်းငယ် အစမ်းလေ့ကျင့်ပြီးနောက် လေ့ကျင့်ရေးကာလအတွင်း နည်းနည်းချင်းစီ ရိုက်ကူးပြီး စင်ပေါ်တွင် တန်း၍ ဖျော်ဖြေရန်သာ လိုအပ်သည်။ 


ထိုဧည့်သည်အား နောက်ပိုင်းတွင် အဆင့်ကောင်းရရန် ကူညီနိုင်မနိုင် သို့မဟုတ် ထိုဧည့်သည်က ချောချောမွေ့မွေ့ အဆင့်တက်သွားနိုင်မည်လား ဟူသည်ကိုကား ဂရုစိုက်စရာ မလိုပေ။ 


သေချာပေါက်တွင် ထိုဧည့်သည်အား အကူအညီအချို့ ပေးနိုင်လျှင် ပိုကောင်းလေရာ ရန်ရှူတစ်ယောက် နှစ်ရက်ခန့်အထိ စိတ်ကောင်းဝင်နေရသည်။ သို့သော်ငြား ထိုမျှပင်။ သူက ပါသည်ဆိုရုံမျှသာ ပါရမည် ဖြစ်သည်။ 


ထိုကဲ့သို့သော ရိုးရှင်းလှသည့် လက်ထောက်နေရာမှ ပါဝင်မှုသည်ပင် ရန်ရှူအား တိုက်ရိုက်ထုတ်လွှင့်မှု၌ headline တွင် ပါဝင်စေခဲ့လေသည်။ 


ရန်ရှူမှာ စိတ်မပါလက်မပါဖြင့် ပြောဆိုနေရသည်။ 


သို့သော်ငြား သူက စန့်ရှန်းအား ထိုheadline ဖယ်ပေးရန်အတွက် ပြောချင်နေခဲ့သည်။ 


သူက စန့်ရှန်းနှင့် စကားမပြောချင်သဖြင့် အောင့်သက်သက်နှင့်သာ သည်းခံထားရလေသည်။ 


သို့သော်လည်း ထိုအကြောင်းကြောင့်ပင်...  


ငါ့ပုံရိပ်လေး လဲပြိုသွားရပြီဟ... 


*****


ရန်ရှူက လေ့ကျင့်ရေးအခန်း၏ ကြမ်းပြင်တွင် ခြေချိတ်ထိုင်နေပြီး လျန်ကျွင်းဖန် ကနေသည်ကို မဲမှောင်သော အမူအယာဖြင့် ကြည့်နေခဲ့သည်။ သူ့မျက်နှာကို ကူကယ်ရာမဲ့စွာဖြင့် ပွတ်လိုက်၏။ 


"ငါ မလာခင်က မင်းကို အကကောင်းလောက်မှာ မဟုတ်ဘူးလို့ တွေးခဲ့တာ…"

ရန်ရှူက သူ့မျက်နှာကို အုပ်လိုက်သဖြင့် လက်ချောင်းများကြားမှ ထွက်လာသော အသံအား ဝိုးတဝါး ဖြစ်သွားစေသည်။ 


လျန်ကျွင်းဖန်က ရန်ရှူထံ လျှောက်လာပြီး အလေးအနက် မေးလိုက်သည်။

"တအားကို ဆိုးနေတာလား…" 


"မင်း ကောင်းကောင်း ကနိုင်ဖို့ ကြိုးစားနေတယ်ဆိုတာကို ငါတွေ့နိုင်ပါတယ်... ဒါပေမယ့်လေ... မင်းကနေတဲ့ပုံက တစ်ယောက်ယောက်က မင်းလည်ပင်းကို စီးကရက်ဖင်နဲ့ ထိုးလိုက်တဲ့အတိုင်းပဲ…" 


လျန်ကျွင်းဖန်က ထိုဖော်ပြချက်ကို ကြားသောအခါ ဒေါသမထွက်သွားဘဲ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ 


လျန်ကျွင်းဖန်မှာ မူလက အဆိုတော်တစ်ယောက် ဖြစ်ပြီး သီချင်းဆိုပြိုင်ပွဲပရိုဂရမ်အား ပါဝင်ယှဥ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ 


ကံမကောင်းစွာဖြင့် ယခင် မဲပေးစနစ်၌ မဲအနည်းဆုံး ရရှိခဲ့လေရာ နောက်ဆုံးကျန်သည့် သီချင်းကိုသာ ရွေးခဲ့ရသည်။ အခြားသော ဧည့်သည်များက တမင်တကာ လုပ်ခြင်း ဟုတ်မဟုတ် မသိရသော်လည်း အကသီချင်းတစ်ပုဒ်သာ သူ့အတွက် ကျန်ခဲ့လေတော့သည်။ 


အဆိုတော်တစ်ယောက်က အတင်းအဓမ္မ အကသမား ဖြစ်လာခဲ့လေသည်။  


"ကျွန်တော်သာ အဆိုးဆုံးအကြိမ် မဟုတ်ခဲ့ရင် မင်းကို ဒီနေရာခေါ်ထားဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး…"

လျန်ကျွင်းဖန်က စိတ်ရင်းဖြင့် ပြန်ဖြေလာပြီး အသံအနေအထားတွင်လည်း ကူကယ်ရာမဲ့မှူများ ပြည့်နေခဲ့သည်။ 


ကုမ္ပဏီက အလုပ်တစ်ခု စီစဥ်ထားသော်လည်း လျန်ကျွင်းဖန်ကသာ ရန်ရှူအား ဖိတ်ချင်စိတ် မရှိပါက ထိုအလုပ်သည်လည်း ရန်ရှူထံသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။ 


ရန်ရှူ၏ ကျော်ကြားမှုက လွန်ခဲ့သည့် နှစ်နှစ်အတွင်း နိမ့်ကျသွားခဲ့သည့်တိုင် အိုင်ဒေါတစ်ယောက်အနေဖြင့် အကအရည်အချင်းကိုကား မေးခွန်းထုတ်စရာ မရှိပပေ။ 


ရန်ရှူ၏ ခွန်အားက သန်မာလွန်းလှသည့်အတွက် လျန်ကျွင်းဖန်ကလည်း ရန်ရှူလာသရွေ့ ဒီရေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု ခံစားရသည်။ 


ရန်ရှူက နောက်ဆုံးတွင် ထရပ်လာကာ တချိန်လုံး လာနေပေးခဲ့ပြီး သူကလည်း လူအများ၏ မျှော်လင့်ချက်အတိုင်း မရှင်သန်နိုင်ပါပေ။ 


သူက အက သရုပ်ပြမှုကို ကြည့်ရန် ဘေးသို့ ရွှေ့ပေးလိုက်သည်။ 


သူက လိုက်ကရသည့် အကများ၌ အမြဲတမ်း ကောင်းမွန်စွာ ပြသနိုင်သည်။ ယေဘုယျအားဖြင့် ပထမဆုံးအကြိမ်ကြည့်ပြီးသည်နှင့် အဓိကအချက်များကို မှတ်မိနိုင်ပြီး ဒုတိယအကြိမ်တွင် ခုန်ထွက်လာနိုင်ပေမည်။ 


ရန်ရှူက ဗီဒီယိုနှင့်အတူ လိုက်ကပြီးနောက် ဗီဒီယိုကို ပိတ်ကာ သီချင်းဖွင့်လိုက်ပြီး လေ့ကျင့်ရေးအခန်း၏ မှန်သားပြင်ရှေ့တွင် စည်းချက်တစ်ခုမှ မလွဲဘဲ လှုပ်ရှားမှုတစ်ခုမှ မေ့မသွားဘဲနှင့် ကပြလိုက်သည်။   


အဆုံးတွင် သူက ငယ်ကတည်းက အကလေ့ကျင့်ခဲ့သူ ဖြစ်ပြီး အခြေခံကောင်းကောင်းလည်း ရှိပေသည်။ ဤနှစ်များတွင်လည်း လေ့ကျင့်ရေးကို ရေသာမခိုခဲ့ဖူးသဖြင့် အမြဲလိုလို အသင့်ဖြစ်နေသည်။  


စည်းချက်နှင့် အညီ စီးမျောလိုက်ပါသွားရန် သူ့အတွက် အလွန် လွယ်ကူလှပေသည်။ 


သူကသည့်အခါ ထူးခြားကောင်းမွန်လှသော ခွန်အားနှင့် ဟန်ချက် ရှိနေပြီး ရှည်သွယ်သွယ် ပုံရိပ်လေးက သန်မာမှု၏ အာရုံခံစားမှုကို မဆုံးရှုံးသွားစေပေ။ သူ၏ ကကွက်များကို နှစ်သက်ဖွယ် ကောင်းစွာပင် တင်ဆက်သွားခဲ့ပြီး ကြည့်ရှုနေသူများအပေါ် စိတ်ခံစားချက်များ ထုတ်လွှင့်နေသည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။


"ဟေး…"

လျန်ကျွင်းဖန်က ကြည့်ပြီးနောက် လက်ခုပ်တီးလိုက်သည်။ 

"ပရော်ဖက်ရှင်နယ်တစ်ယောက် ဆိုတဲ့အတိုင်း အရမ်းကောင်းလွန်းတယ်…"


သူက လျန်ကျွင်းဖန်ဆီသို့ ရောက်လာပြီးနောက် လျန်ကျွင်းဖန်အား ကကွက်များကို နည်းနည်းချင်းစီ သင်ပေးနေခဲ့သည်။ 


လျန်ကျွင်းဖန်က ထူးကဲလှသော ကိုယ်ရည်ကိုယ်သွေး ရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်ရန် အကောင်းဆုံး ကြိုးစားပေးခဲ့သည်။ 


သူတို့က သုံးရက်ဆက်တိုက်လုံး မနက်ပိုင်း ရောက်သည်အထိ လေ့ကျင့်ခဲ့ကြသည်။ 



📽️