Chapter 10
Viewers 372

📽️Chapter 10



ပြိုင်ပွဲနေ့တွင် ပရိုဂရမ်အဖွဲ့က ရန်ရှူအတွက် အဝတ်အစား ပွပွချောင်ချောင်များ စီစဥ်ပေးလေသည်။ 


အကတွင် သူ၏ လှုပ်ရှားမှုများက ပွင့်လင်း၍ တိုက်ရိုက်ဆန်သည်။ အဝတ်အစားလဲပြီးနောက် ကင်မရာ မရှိသော နေရာတွင် ကကွက်အချို့ကို ပြန်လုပ်ကြည့်ခဲ့သည်။ ချက်ချင်းဆိုသလို မျက်လုံးလှိမ့်လိုက်ပြီးနောက် သူ့ရင်ဘတ်ကို ထိုးပြလိုက်သည်။

"ဒါပြင်ပေး... မဟုတ်ရင် ကတဲ့အခါရင်ဘတ်ပေါ်က နံရိုးတွေအကုန် ပေါ်နေတော့မှာပဲ…" 


လက်ထောက်လေးက ချက်ချင်းနားလည်သွားပြီးနောက် ပြောလိုက်သည်။

"နားလည်ပါပြီ…" 


ရန်ရှူက ပိန်သွယ်သော ကိုယ်ခန္ဓာရှိပြီး အင်္ကျီတံဆိပ်များမှ ငှားရမ်းထားသော အဝတ်အစားများစွာက သူ့ကို ပွသည့်ပုံပေါက်စေသဖြင့် ရန်ရှူ၏ လက်ထောက်က တစ်နှစ်ပတ်လုံး အပ်ချုပ်ကိရိယာများ သယ်သွားရလေသည်။ 


အပ်နှင့် အပ်ချည်များ ကြယ်သီးများ စသဖြင့်ပင်။


အင်္ကျီနှင့် ဘောင်းဘီများချွတ်ပြီးနောက် လက်ထောက်လေးက ၎င်းတို့ကို စိတ်အေးလက်အေး ချုပ်လေတော့သည်။ 


လက်ထောက်လေး၏ အချုပ်အလုပ်က အတော်လေး ကောင်းသည်။ အသေတပ်ထားသော ကြယ်သီးများပင် ပြောင်းထားပြီး အဝတ်များထက်၌ ခြေရာလက်ရာပင် မကျန်စေခဲ့ပေ။ 


သူက ကိုယ်ပိုင်အဝတ်အစားများ ဝတ်လိုက်ပြီး ဘေးတွင် ထိုင်လိုက်သည်။ ရန်ရှူက ဖုန်းထုတ်ကာ မဲပေးရမည့် ပလပ်ဖောင်းအား တစ်ခဏမျှ စကန်ဖတ်လိုက်ပြီးနောက် မဲအရေအတွက်ကို အကြမ်းဖျဥ်း ကြည့်လိုက်လေသည်။ 


လျန်ကျွင်းဖန်မှာ စွမ်းဆောင်ရည်ရှိသော အဆိုတော် တစ်ယောက် ဖြစ်သော်ငြား သူ၏ မျက်နှာကမူ ထင်းထွက်နေခြင်းမရှိပေ။ အနုပညာလောကတွင် ထိုကဲ့သို့သော ရုပ်ရည်မျိုးက ရွက်ကြမ်းရေကျိုဆန်လှသဖြင့် မည်သူကမှ သူ့အား အမှန်တကယ် မှတ်မိပေးနိုင်ကြမည် မဟုတ်ပေ။ 


ထိုအပြင် သူက တီဗီဒရာမာများ၏ အဖွင့်တေးများကိုသာ ဆိုဖူးသဖြင့် အဆိုတော်အဖြစ်လည်း ကျော်ကြားလှသည် မဟုတ်ပေ။ 


လူတိုင်းက သူ့သီချင်းများကို ရင်းနှီးနေပါသော်ငြား ယခင်က မည်သည့်ရသစုံရှိုးတွင်မှ မပါဝင်ဖူးသဖြင့် ပရိသတ်များစွာက သူ့အား မှတ်မိနေခြင်း မရှိကြပေ။ ထိုအချက်များ အားလုံးကို ပေါင်းစပ်လိုက်ပါက အဆိုကောင်းသည့်တိုင် မဲစာရင်း၏ အောက်ဆုံးနေရာသို့ တန်း၍ ပို့ပေးလိုက်ကြလေသည်။ 


ကခုန်ခြင်းက သူ၏ ကျွမ်းကျင်ရာ မဟုတ်သဖြင့် ဤအကျော့မှာ နောက်ထပ် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပြန်သည်။ ယင်းက အခြေအနေများမှာ အလွန်အကျွံ ခက်ခဲနေကြောင်း သက်သေပြနေခြင်းပင်။ ထိုအခိုက် လက်ထောက်လေးက အဝတ်အစားများကို ရန်ရှူထံ ပြန်ပေးလာပြီး အဝတ်အစားများနှင့် ဘောင်းဘီ ဘေးနှစ်ဖက်လုံးတွင် ကြယ်သီးသေးသေးလေးများ တပ်ပေးထားလေသည်။ 


အဝတ်အစား ဝတ်ပြီးသွားသောအခါ လက်ထောက်လေးက ထိုင်ချလိုက်ပြီး အင်္ကျီနှင့် ဘောင်းဘီများတွင် သားရေကွင်းများ ချိတ်ပေးလိုက်သည်။ ထို့နောက် သားရေကွင်းကို အပ်ချည်ဖြင့် တွဲပေးလိုက်ပြန်သည်။ 


ရန်ရှူ ထပ်ဝတ်ကြည့်လိုက်သောအခါ အဝတ်များမှာ ထပ်ပြီး မမြှောက်တက်လာတော့ပေ။ သူ အလွန်အမင်း ကျေနပ်သွားရှာလေသည်။ 


စင်ပေါ်သို့ မတက်မီ ရန်ရှူက လျန်ကျွင်းဖန်၏ ဘေးတွင် ရပ်၍ ကျောပုတ်ပေးလိုက်သည်။

"စိတ်မလှုပ်ရှားနဲ့…" 


"ဒီစင်ကြီးကို မင်းရဲ့ အတိတ်ဆိုးကြီး ဖြစ်မလာဖို့ပဲ ဆုတောင်းနေရတာပါပဲ…" 


"မဟုတ်ဘူး... ငါ့ရဲ့ အတိတ်ဆိုးတွေက ငါ့ဖိနပ်ကို လှန်လှောပြီး ပစ်လိုက်တာနဲ့ အမြဲတမ်း ရှိနေတာပဲ…" 


"ဟားဟားဟား…"

လျန်ကျွင်းဖန် အရယ်မရပ်နိုင်တော့ပေ။ ကံအားလျော်စွာဖြင့် သူ့မိုက်က ပိတ်ထားပြီးသား ဖြစ်နေခဲ့လေသည်။ 


မဟုတ်လျှင် ပရိတ်သတ်များက မြင်းဟီသံကြီးကို သေချာပေါက် ကြားရပေတော့မည်။ 


တင်ဆက်သူ၏ ညွှန်ပြမှုအောက်တွင် နှစ်ယောက်သားက စင်ပေါ်သို့ တက်လာကြပြီး ဖျော်ဖြေမှုကို အဆုံးသတ်ခဲ့ကြသည်။  


လျန်ကျွင်းဖန်က အရည်အချင်းများ လိုအပ်နေသေးသော်လည်း ပြောစမှတ်တွင်ရလောက်အောင်ပင် သူတတ်နိုင်သမျှ ရေကုန်ရေခမ်း ကြိုးစား ဖျော်ဖြေနိုင်ခဲ့သည်။ 


ရန်ရှူ၏ စတိတ်စင်ဖျော်ဖြေမှုများက အမြဲတစေ အပြစ်အနာအဆာမရှိ ပြီးပြည့်စုံခဲ့ပြီး စင်မြင့်ထက်တွင် အတောက်ပဆုံး ကြယ်လေးတစ်လုံး ဖြစ်ခဲ့သည်။ 


တိုက်ရိုက်ထုတ်လွှင့်မှုကို အပြီးသတ်ပြီးနောက် ရန်ရှူက နောက်ထပ် အလုပ်တစ်ခုပြီးသွားပြီဟု ရေရွတ်ရင်း ကျေနပ်အားရနေခဲ့သည်။ အခြားသူများအား နှုတ်ဆက်စကား ပြောပြီးနောက် ရိုက်ကူးရေးနေရာမှ ထွက်လာခဲ့သည်။ 


သို့သော်ငြား ဟိုတယ်သို့ ပြန်ရောက်ရောက်ချင်း ရေချိုးပြီးသည်နှင့် ဖုန်းကိုင်ရင်း မူးဝေလာလေတော့သည်။


သူ အစ်ကိုလျို့ထံမှ မက်ဆေချ့်အား ကြည့်လိုက်သည်: [ ဝေ့ပေါ် ဖွင့်မကြည့်နဲ့... ]


အစ်ကိုလျို့: [ တခြားအကောင့်သုံးပြီး ဝေ့ပေါ်မှာ ပိုစ့်မတင်နဲ့နော်... ]


အစ်ကိုလျို့: [ ထားလိုက်ပါတော့... ဖန်တွေကိုသာ မဆူလိုက်နဲ့... ]


သူ ဝေ့ပေါ်သို့ အလျင်အမြန် ဝင်လိုက်ပြီး သူ၏ ကိုယ်ပိုင်အကောင့်ဆီသို့ ဝင်ကြည့်လိုက်သည်။ 


ဖြစ်ပျက်နေသော အရာများကို ကြည့်ရန်အတွက် သတင်း စာမျက်နှာအား ကြည့်လိုက်လေသည်။ သူမျှော်မှန်းထားသလို ချီးကျူး မြှောက်ပင့်ခံရခြင်းမျိုး မရှိဘဲ မျက်နှာပြင်တစ်ခုလုံး သားရေကွင်းလေးများဖြင့် ပြည့်နေခဲ့လေသည်၊။ 


ဒီသားရေကွင်းတွေကို screenshotရိုက်ထားတဲ့ ပုံတွေထဲမှာ သူ့မျက်နှာချောချောလေးကို တွေ့တောင် မတွေ့ရဘူး... 


ဘာလို့လဲ... 


ဒါဘာအဓိပ္ပါယ်လဲ... 


ထိုဓါတ်ပုံများကို ကြည့်ပြီးနောက် စိတ်ရှုပ်ထွေးသွားရလေတော့သည်။ 


[ရန်ရှူဆိုသည်မှာလည်း အမျိုးကောင်းတရားတွေကို လိုက်နာတာမျိုး မရှိပါဘူးဆိုပြီး ဗြဟ္မစရိယကျင့်စဥ် ချိန်းကွင်းတွေကိုတော့ တပ်ချင်နေတယ်…] 


"ချီးလိုပဲ…"

ရန်ရှူက ထိုဆောင်းပါးကို ကြည့်ပြီးနောက် ဆဲရေးလိုက်သည်။

"ငါက အရွယ်ရောက်ပြီး မကြာခင်မှာပဲ တွဲခုတ်ခဲ့တာနော်... တွဲနေတုန်းကဆို တစ်ညကို ငါးကြိမ်လောက် မှောက်လိုက်လှန်လိုက် ခံခဲ့ရတာ…" 


တစ်ခဏအကြာ တိတ်ဆိတ်သွားပြီးနောက် သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။

"ဒါတွေ ထုတ်ပြောနေလို့ ဘာအကျိုး ရှိမှာလဲ... အဆုံးကျတော့ အကြိမ်တိုင်း ငါပဲ အော်ညည်းခဲ့ရတာကို..." 


သူ့အား အင်တာဗျူးထားသည့် ဗီဒီယိုအတိုလေးအား နှိပ်ကြည့်လိုက်ရာ ခပ်ရှက်ရှက် ပြုံးနေသည့် သူ့မျက်နှာ ပေါ်ထွက်လာသည်။

"ငါ့မှာ ဘယ်လို အမျိုးကောင်းတရားတွေ ရှိမှာလဲ... ငါက အမျိုးကောင်းတရားတွေကို မလိုက်နာနိုင်ပါဘူး... မင်းတို့ ဦးလေး(ရှူရှူ) ပျံသန်းနိုင်တယ်ဆိုတာ သူလုပ်နိုင်လို့ပဲ... ငါ့မှာ လက်တွေ့မကျတဲ့ စိတ်ကူးစိတ်သန်းတွေ မရှိဘူး…" 


နောက်ပိုင်းတွင် သူကနေသည့် ဗီဒီယို ပါလာသော်ငြား နောက်ခံအသံမှာ "အမျိုးကောင်းတရားတွေ မစောင့်ထိန်းပါဘူးဆိုတဲ့ တချို့လူတွေ ပျံသန်းတဲ့အခါ ခါးမှာ ကြက်ပေါင်ကွင်းတွေ ချိတ်ထားရရှာတယ်" ဟူ၍ ဖြစ်နေသည်။ 


ရန်ရှူက အောက်သို့ ဆက်ဆွဲချကြည့်လိုက်ရာလုပ်စရာမရှိ လုပ်စရာ ကြံဖန်ရှာနေကြသူများရှိနေကြသည်ကို တွေ့လိုက်ရသည်။ ထိုသူက သူ၏ အစောပိုင်းကာလ စတိတ်စင် ဖျော်ဖြေမှုများအပြင် ရုပ်ရှင်နှင့် တီဗီဒရာမာများမှ ဇာတ်ကွက်အချိူ့ကို ဖြတ်ညှပ်ကပ်လုပ်ထားသည်။ 


သူက ဗိုက်ကြွက်သားများ မပေါ်စေရန်အတွက် ကြက်ပေါင်ကွင်းလေးများဖြင့် တွဲချိတ်ဝတ်ဆင်လေ့ရှိပေသည်။ အနမ်းခန်းများကလည်း နေရာမကျလေရာ နှစ်ပေါင်းများစွာတိုင် ဤလောကအတွင်း ကောလဟာလ ချစ်သူကောင်မလေးဟူ၍ပင် မမရှိခဲ့ပေ။


ရန်ရှူက ဖုန်းကို ကော်ဖီစားပွဲထက်သို့ ပစ်လွှင့်လိုက်သည်။ သူ ဆိုဖာပေါ်တွင် ထိုင်၍ ခြေမြှောက်ကာ မပျော်မရွှင်ဖြင့် လှုပ်ယမ်းနေလေသည်။ 


သူ့ကောင်လေးက သဝန်တိုတတ်သဖြင့် အစောပိုင်းကာလများက ထိုသို့ ဖြစ်ခဲ့ရသည်။ 


ထိုသူ သဝန်တိုတိုင်း ခံရသူမှာလည်း သူသာပင်။ သူ့ကောင်လေးအတွက် အကြိမ်အတော်များများဖြင့် သူ့ကိုယ်သူ ကျေနပ်စေရန်မှာ ပျော့သေးသည်ဟု ဆိုရပေမည်။ တဖြည်းဖြည်းဖြင့် သူသည်လည်း ထိုအကျင့်ရလာခဲ့သည်။ 


ယင်းကပင် သူ့အား တွေးတောမိသွားစေသည်။ 


ဘာလို့များ သူနဲ့ လမ်းခွဲတာ နှစ်နှစ် ရှိခဲ့တာတောင် နောက်ထပ် တစ်ယောက်ယောက် ရှာဖို့ မတွေးမိခဲ့ပါလိမ့်... 


ငါက ရှေးရိုးစွဲသူ ဖြစ်နေလို့ ငါ့ရဲ့ ရည်းစားဟောင်း သဝန်တိုမှာကို ကြောက်မိနေတာလား... 


ငါ လက်လွှတ်သင့်နေပြီ... ကမ္ဘာပေါ်မှာ အမျိုးသားတွေ အမျိုးသမီးတွေ အများကြီးပဲလေ... သစ်ပင်တစ်ပင်တည်းမှာပဲ ကပ်တွယ်မနေသင့်တော့ဘူး... 


ပထမတွင် ရန်ရှူက ကြက်ပေါင်ကွင်းကိစ္စကို ဂရုမစိုက်မိတော့သဖြင့် တူမကြီးများကိုသာ ပြဿနာရှာခွင့် ပြုလိုက်လေသသည်။ 


သူက ဘဝအကြောင်း တွေးနေရုံသာ။ 


ရလဒ်အနေဖြင့် သူငယ်ချင်းတစ်ယောက်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့လေသည်။ 


မိနစ်နှစ်ဆယ်အကြာ ဖုန်းဆက်သွယ်ပြီးနောက် ပထမဆုံး ကြားလိုက်ရသည့်အရာမှာ "အမျိုးကောင်းတရား ဦးဆောင်လမ်းပြသူကြီးရေ" ဖြစ်ပြီး ဖုန်းတစ်ဖက်မှ အေးတိအေးစက် အမျိုးသမီးလေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြိုးစားဖုံးကွယ်ထားသော လှောကင်ပြောင်ရိပ်များလည်း ရှိနေပေသည်။ 


"အန်တီစု…"

ရန်ရှူ အော်လိုက်သည်။

"အန်တီစုကပါ ရယ်နေတာလား…" 


အန်တီစုက အဒေါ်တစ်ယောက် မဟုတ်လေဘဲ သူမ၏ အမည် စုအန်းရီမှ သူမကို ခပ်မြန်မြန် နာမည်ခေါ်လိုက်သည့်အခါ အန်တီစုဟူသော စကားလုံး ထွက်ပေါ်လာပေမည်။ အချိန်ကြာသည်နှင့်အမျှ သူမ၏ မိတ်ဆွေများက ထိုသို့သာ ခေါ်ကြလေတော့သည်။

[T/N အန်တီ_အားရီ] 


စုအန်းရီ သက်ပြင်းချလိုက်သည်။

"မတတ်နိုင်ဘူးလေ... ဝေ့ပေါ်ကို ဖွင့်ကြည့်တော့ hot searchမှာ ပေါ်နေတာ တွေ့တာပဲ…" 


"အခု hot searchမှာ ရောက်နေပြီလား... headlineတင် မကဘူး... hot searchမှာပါ ရောက်နေပြီပေါ့လေ... တော်တော်အားယားနေကြတာပဲ…"


"ဟုတ်တယ်... အစက ငါတို့ ဝယ်မလို့လေ... ဒါပေမဲါ မဂ္ဂဇင်းစာအုပ် အသစ် ထုတ်ဝေတော့မှဆိုတော ငါတစ်ချက် ကြည့်ပြီး မနက်ဖြန်မှ ဝယ်ဖို့ ဆုံးဖြတ်ထားတယ်…" 


စုအန်းရီက လက်ရှိတွင် နိုင်ငံတကာ မဂ္ဂဇင်းတစ်ခု၏ အယ်ဒီတာချုပ် ဖြစ်ပြီး သူမကိုယ်တိုင် ဦးဆောင်နိုင်သည့် သန်မာသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ 


သူပွဲဦးထွက်စဥ်ကတည်းက ရှစ်နှစ်တာကာလအတွင်း သူမ၏ မဂ္ဂဇင်း၌ သုံးကြိမ်တိုင် ပါဖူးခဲ့သည်။ စုအန်းရီထံမှ တိတ်တဆိတ် အကူအညီ မရဖူးပါဟု ပြောလျှင် အလိမ်အညာ တစ်ခုသာ ဖြစ်ပေလိမ့်မည်။ 


“ငါ့ကို ဒါလေး ပြောဖို့ ခေါ်လိုက်တာလား…"

ရန်ရှူက ထရပ်ကာ ပြင်သစ်စတိုင် ပြတင်းမှန်ကြီးထံ လျှောက်သွား၍ မြို့၏ ညရှုခင်းကို ကြည့်လိုက်သည်။ 


"နင်တို့ ပြန်တည့်သွားကြပြီလား…"

သူမက လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရန်ရှူအား ဘလော့ထားခဲ့သည့် မိတ်ဆွေများထဲမှ တစ်ယောက် ဖြစ်ပြီး အသေးစိတ်အကြောင်းအရာကိုမူ အမှန်တကယ် မသိ သေပေ။ 


"အခုထိတော့ မဟုတ်သေးဘူး…" 


"အ... အခုထိ မဟုတ်သေးဘူးလား…"

စုအန်းရီက အဓိက အချက်ကို အလျင်အမြန် ရှာတွေ့သွားလေသည်။


'ဒါက သူတို့တွေ ပြန်တော့ တည့်သွားကြမယ်... အခုတော့ မဟုတ်သေးဘူးဆိုတဲ့ သဘောပေါ့လေ' 


"..." 


"ဒါဆို နင်တို့တွေ အဆင်ပြေကြပါစေ... ငါ မနှောင့်ယှက်တော့ဘူး…" 


"မဟုတ်သေးဘူးလေ…"

သို့သော်ငြား ရန်ရှူမှာ သူကိုယ်တိုင်ပင် ရှင်းမပြနိုင်ရသေးခင်မှာပင် ဖုန်းကျသွားလေပြီ။ 


သူ ရှင်းပြရန်အတွက် ဖုန်းပြန်မခေါ်လိုက်တော့ပေ။


အဆုံးတွင် ဖြေရှင်းချက်ဟူသည်မှာ အပေါ်ယံ ဖုံးဖိရုံသာ... 


—————


စန့်ရှန်းတစ်ယောက် ဖုန်းကို စားပွဲပေါ်တွင် တင်ကာ ရုံးခန်းထဲတွင် ထိုင်နေခဲ့သည်။ သူ့လက်ချောင်းများက စားပွဲခုံကို စည်းချက်ကျကျ ခေါက်နေပြီး ဖုန်းကိုလည်း အချိန်နှင့်အမျှ ကြည့်နေသည်။ သို့သော်ငြား ဆက်သွယ်စရာ နည်းလမ်း ရှိမနေပပေ။ 


ရှန်းကျွင့်ကျင်းက သူ၏ အမူအရာကို တွေ့သောအခါ စာရွက်စာတမ်းများ စီနေရင်းဖြင် ပြောလာသည်။

"သူ့ကို ရှာချင်ရင်လည်း သူ့ကိုသတိပေးဖို့အတွက် အစ်ကိုလျို့ကို မက်ဆေ့ချ်တစ်စောင်လောက် ပို့ခိုင်းလိုက်လေ…" 


"မျှော်လင့်ချက် မရှိဘူး…"

စန့်ရှန်း ပြန်ဖြေလိုက်သည်။


"ဒါဆို လုပ်စရာ မရှိရင် ဒါတွေ ဖြေရှင်းကြတာပေါ့…" 

ရှန်းကျွင့်ကျင်းက ဖိုင်အပုံလိုက်ကြီးကို ယူကာ စန့်ရှန်းရှေ့တွင် ထားပေးလိုက်သည်။ 


စန့်ရှန်းက မငြင်းဆိုလိုက်ပေ။ သူက ဖိုင်များကို စစ်ဆေးရန် ယူလိုက်ပါသော်လည်း ရှန်းကျွင့်ကျင်း၏ ရယ်သံကို ကြားလိုက်ရသည်။ 


သူ ရှန်းကျွင့်ကျင်းကို မျက်လုံးပင့်ကြည့်လိုက်ရာ သူ မေးလာသည့် စကားကို ကြားလိုက်ရသည်။

"ငါထင်တာ မင်း ရန်ရှူဆီ အရင်းအမြစ်တွေ ပေးနေတာကို တိတ်တဆိတ် ရပ်လိုက်ရင် သူလည်း ခဏလောက်တော့ ဖိနှိပ် ခံလိုက်ရမှာပေါ့... ပြီးရင် သူမင်းဆီ အကူအညီလာတောင်းလိမ့်မယ်ပေါ့...  ဒါပေမယ့် သူ မလုပ်ခဲ့ဘူးလေ... ဒါကြောင့် တစ်နှစ်ကျော်ကြာအောင် နားလိုက်ရတယ်... အလုပ်ပြန်လုပ်ပြီး သိပ်မကြာခင် တစ်ယောက်ယောက်ကို ဆူပူပြီးတော့ ခဏလောက် နာမည်ကြီးလာခဲ့တော့တာပဲ... နောက်ဆုံးဂိမ်းမှာဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှုက သူ့ကိုheadlineတွေ တန်းရအောင် လုပ်ပေးလိုက်တယ်... သူက တကယ်ပဲ မင်းရဲ့ အကူအညီကို တကယ်ပဲ မလိုအပ်လောက်ဘူး…" 


စန့်ရှန်း: “…” 


စန့်ရှန်းက ရန်ရှူအား တိတ်တဆိတ် ကူညီပေးချင်ခဲ့သည်။ သူ့အား ရှာမတွေ့သွားစေနိုင်ရန်အတွက် မိသားစုစီးပွားရေး အတော်များများကို အခွင့်ကောင်းယူခဲ့ရသည်။ 


ကံအားလျော်စွာဖြင့် စန့်မိသားစုပိုင်ဆိုင်မှု၌ လက်ခွဲများစွာ ရှိလေရာ အမြဲတမ်းလိုလို အောင်မြင်စွာ ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပြီး ရန်ရှူအတွက် အရင်းအမြစ်များ စီစဥ်ပေးနိုင်ခဲ့သည်။ 


ရန်ရှူနှင့် လမ်းခွဲပြီးနောက် ထိုအရင်းအမြစ်များ ဆက်ပြီး မစီစဥ်ပေးနိုင်တော့သဖြင့် ရန်ရှူမှာ တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ရသည်။  


ရန်ရှူအတွက် သူ၏မွေးရက်၌ 'နာမည်ကျော်ကြားလာခြင်း' ဟူသော စကားလုံးနှစ်လုံး ရိုက်နှိပ်လိုက်သည့်အလား အလုပ်များ ပြန်လည်စတင်ရန် လွယ်ကူနေလိမ့်မည်ဟု မည်သူမှ မထင်ထားပေ။ 


စန့်ရှန်း တိတ်ဆိတ်သွားချိန်တွင် ရှန်းကျွင့်ကျင်းက ဖုန်းကို ကြည့်လိုက်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"ရန်ရှူက ဒီတစ်ကြိမ် သူ့ဖန်တွေရဲ့ ထင်ယောင်ထင်မှားအမြင်တွေ ပြိုကွဲသွားတာကို ကျော်လွှားချင်တယ်တဲ့... သူက နိုက်ကလပ်ကို သွားပြီး ဖန်တွေအတွက် ယောင်းမတစ်ယောက် ရှာပေးတော့မယ်လို့ ပြောတယ်... သူ့ဖန်တွေက သူ့ကို ဦးလေးလို့ ခေါ်ကြတာ... သူ့ကောင်မလေးဆို ဒေါ်လေး ဖြစ်ရမှာမလား…" 


ရှန်းကျွင့်ကျင်းက လျင်မြန်စွာ ထပ်ပေါင်းပြောလိုက်သည်။ 

"အိုး... ရည်းစားကောင်လေးပဲကို ယောင်းမလို့ အခိုင်အမာ ပြောနေတယ်... ရန်ရှူရဲ့ အကြိုက်က ခုတလော ပြောင်းသွားတာပဲ... ပြီးတော့ သူက အခု ငယ်တဲ့လူကိုပဲ ရှာချင်တာတဲ့... ညီအစ်ကိုရေ မင်းက ဒီအသက်ထက် ပိုငယ်လို့ မရတော့ဘူး…"


စန့်ရှန်း ချက်ချင်း ထရပ်လိုက်သည်။ သူက ဖိုင်များကို ပြန်ချကာ ရှန်းကျွင့်ကျင်း၏ ဖုန်းကို ဆွဲယူလိုက်လေသည်။ ရန်ရှူ ပို့ထားသော မက်ဆေချ့်ကို မြင်သောအခါ ဒေါသထွက်ရလွန်း၍ သွားများပင် ကြိမ်းလာလေတော့သည်။ 


ရန်ရှူက ဘယ်လိုတောင် လုပ်ရဲရတာလဲ... 


………. 


စာရေးသူမှာ ပြောစရာ ရှိပါတယ်: 


စန့်ရှန်းနဲ့ ရန်ရှူက အသက်အတူတူပါပဲ... ဒါပေမယ့် မွေးနေ့တွေအရ စန့်ရှန်းက ရန်ရှူထက် ဆယ်လပိုကြီးပါတယ်...

စန့်ရှန်းက  Capricorn ဖြစ်ပြီး ရန်ရှူက Scorpioပါ... အမျိုးကောင်းတရားတွေ အကြောင်း ပြောရရင် စန့်ရှန်းက ဦးဆောင်လမ်းပြသူကြီးပါ... သူ့ရဲ့ ရန်ရှူဘေဘီလေးက ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံးပေါ့...


[T/N - E tranမှာက Virtueဆိုပြီး သုံးထားလို့ အမျိုးကောင်းတရားလို့ ပြန်လိုက်တာပါ တကယ်တော့ စန့်ရှန်းက Gong၊ ရန်ရှူက shouဆိုတဲ့အကြောင်းကိုပဲ ပြောချင်တာပါ 😆]


📽️