Chapter 13
Viewers 364

📽️Chapter 13

အခြေအနေ : ခါးနာခြင်း 



ရန်ရှူ ရုတ်တရက် ဝမ်းနည်းသွားလေသည်။

"ကံဆိုးချင်တော့ ငါတို့နှစ်ယောက်က မသင့်တော်ဘူး... ငါတို့က တစ်ဖက်လူရဲ့ နှလုံးသားက အနက်ရှိုင်းဆုံးနေရာကို မရောက်နိုင်ခဲ့ကြဘူး... ငါတို့က အဆုံးထိ လက်မတွဲနိုင်ဖို့ ကံပါလာတာပဲ…" 


"စိတ်ဝိညာဉ်ရဲ့ အနက်ဆုံးအပိုင်းက တကယ့်ကို ပရိယာယ်များလွန်းပါတယ်... ဒါပေမယ့် ကိုယ်ကတော့ မင်းရဲ့ အနက်ဆုံးထိ ရောက်ဖူးသားပဲ…" 


“…” ရန်ရှူက အရက်ကြောင့် ပျော့ခွေနေသဖြင့် တစ်ခဏတာ တွေးတောနေပြီးမှသာ အသိပြန်ဝင်လာခဲ့သည်။ 

"အနက်ဆုံးလို့ ဘယ်သူပြောလဲ... မင်းက အဲ့ဒီလောက်လည်း မရှည်ဘဲနဲ့…" 


"သြော်... ဒါဆို ပိုပြီးနက်အောင် သွားလို့ရတယ်ပေါ့... နောက်တစ်ကြိမ်မှ ကြိုးစားကြည့်လိုက်မယ်…" 


"နောက်တစ်ကြိမ်ဆိုတာ မရှိဘူး... မရဘူး…" 


"အိုး…" 


ရန်ရှူက စန့်ရှန်းအား စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်ပြီးနောက် စန့်ရှန်း၏ ဖုန်းထံ လက်လှမ်းလိုက်သည်။

"မင်းက ငါနဲ့ဆို အလုပ်အများဆုံး လူသား ဖြစ်နေတာပဲ...ငါ့ကို စကားပြောစမ်း…" 


"အစ်ကိုလျို့ဆီက စာဝင်လာလို့…"

ရန်ရှူက စန့်ရှန်း၏ဖုန်းကို ဆွဲယူလိုက်ပြီးနောက် အစ်ကိုလျို့ထံမှ စာကို တွေ့လိုက်ရသည်။ သူ ချက်ချင်းပင် အသံမက်ဆေချ့်မှတဆင့် စာပြန်လိုက်သည်။

"အစ်ကိုက တကယ် စိတ်ရှုပ်စရာကောင်းတာပဲ... သူက ကျွန်တော်နဲ့ အတူ ရှိနေတာတောင် အစ်ကို့ကို စာပြန်နေရသေးတယ်... လုပ်စရာ မရှိရင် အတင်းတုပ်နေလိုက်... ဟုတ်တယ် ဖုန်းချပြီ... သူ့ကို စာထပ်မပို့နဲ့တော့…" 


စာပို့ပြီးသွားသောအခါ ဖုန်းကို ပေါင်အောက်သို့ ဖိထားလိုက်သည်။ 


စန့်ရှန်းက ဆွဲမယူခဲပေ။ သူက အသက်ပြင်းပြင်းရှူကာ စိတ်ခံစားချက်များကို ချိန်ညှိလိုက်ပြီးနောက် အရက်မူးနေသော ရန်ရှူကို ဆက်ကြည့်နေလိုက်သည်။ 


စန့်ရှန်း၏ အာရုံအလုံးစုံက သူ့ထံသို့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ ရန်ရှူ စိတ်ကျေနပ်သွားလေသည်။ သူ ထိုင်ခုံပေါ်ထပ်မှီကာ မေးလိုက်သည်။

"ငါပြုံးရင် မလှဘူးလား…" 


"မင်းက ငိုနေရင်လည်း လှပါတယ်…" 


"နှာဘူးကောင်…" 


စန့်ရှန်းကာ ကားပြတင်း၏ အပြင်ဘက်ကို ကြည့်လိုက်ပြီးနောက် ရန်ရှူအား ပြောလိုက်သည်။

"မင်းအိမ်ရောက်ပြီ အပေါ်ထိ လိုက်ပို့ပေးရဦးမလား…" 


"ငါ့အိမ်လား... ငါ့အိမ်နားမှာ ပါပါရာဇီတွေ ချောင်းနေမှာ... မင်းအိမ်ကို ခေါ်သွားပေးလို့ မရဘူးလား ကောင်းကျိုး တစ်စက်မှ မပေးတဲ့ အမှိုက်တွေ…" 


"အင်းပါ... ဒါဆို ကိုယ့်အိမ်ကို ခေါ်သွားပေးမယ်…" 


ကားစက်ပြန်နှိုးလာသည်။ 


ရန်ရှူက ကားပေါ်တွင် ထိုင်နေရင်း သုန်မှုန်နေလေသည်။ 


စန့်ရှန်းက အလွန် ပဟေဠိဖြစ်နေဟန်ဖြင့် သူ့အား ကြည့်နေခဲ့သည်။ 


အဆုံးတွင် ရန်ရှူမှာ ထပ်ပြီး တင်းမထားနိုင်တော့ဘဲ စန့်ရှန်း၏ လက်မောင်းကို ရိုက်ချလိုက်သည်။

"မင်း ငါ့ကို မချော့ဘူးလား…" 


"အာ... မင်းက ဘာကို စိတ်ဆိုးနေတာလဲ…"


ရန်ရှူ ချက်ချင်း အော်ဟစ်လိုက်လေသည်။

"မင်းက ငါဘာလို့ စိတ်ဆိုးလဲ ဆိုတာတောင် မသိဘူးလား... ငါလည်း မသိဘူး…" 


"..." 

စန့်ရှန်း တွေးကြည့်ပြီးပြောလိုက်သည်။

"တောင်းပန်ပါတယ်... နောက်ဆို ကိုယ့်အိမ်ကို တန်းခေါ်သွားပေးမယ်နော်…" 


"ဒါ မဟုတ်ဘူး…" 


စန့်ရှန်း ထပ်မေးကြည့်လိုက်သည်။

"ဒါဆိုရင် နောက်တစ်ကြိမ်ကျ ကိုယ် နည်းနည်းလောက် ပိုနက်အောင် လုပ်ပေးရမလား... မင်းရဲ့အနက်ကို ကိုယ်အထင်မှားမိသွားတယ်…" 


"နောက်တစ်ကြိမ်ဆိုတာမရှိဘူးလို့ ပြောထားတယ်လေ…"


"အိုး... ဒါဆို မင်းနဲ့ အတူရှိနေရင် ဖုန်းမကြည့်တော့ဘူး…" 


"ဟုတ်ပြီ…" 


စန့်ရှန်းတစ်ယောက် စိတ်သက်သာရာရဟန်ဖြင့် သပ်ပြင်းချလိုက်သည်။ 

ကံကောင်းလို့ တတိယအကြိမ်ကျမှ ဒီတစ်ခေါက် မှန်သွားပါလား... 


ကားက စန့်ရှန်း၏ အိမ်ရှိရာသို့ မောင်းဝင်လာပြီး ရန်ရှူကို ကားထဲမှ ကူထုတ်ပေးလိုက်သည်။


ရန်ရှူ၏ ခြေထောက်များက တလွန့်လွန့် ဖြစ်နေပြီး မြေပေါ် ချလိုက်သည့်အချိန်တိုင်း ယိုင်သွားလေသည်။ သူက သေသေချာချာ မရပ်နိုင်သဖြင့် စန့်ရှန်းအပေါ် အလုံးစုံ မှီတွယ်ထားရလေသည်။ 


သူ ဓါတ်လှေကားထဲသို့ ဝင်သောအခါ ရူးချင်ယောင်ဆောင်ကာ စန့်ရှန်း၏ ရင်ခွင်ထဲ ပစ်ဝင်လိုက်ပြီးနောက် အနောက်တိုင်းဝတ်စုံပေါ်မှ ပွတ်သပ်နေခဲ့သည်။

"အား... ရင်ဘတ်ကြွက်သားတွေ မိုက်လိုက်တာ..." 


စန့်ရှန်း: “…” 


စန့်ရှန်းအတွက် ရန်ရှူ၏ အလေးချိန်နှင့် ခန္ဓာကိုယ်ပုံစံကို ကောင်းကောင်း ထိန်းထားနိုင်သည်။ ရန်ရှူကို အသာလေး ထိန်းပေးထားနိုင်ပြီး ဆန္ဒရှိပါက ပွေ့ချီ၍ပင် သယ်နိုင်သေးသည်။ 


အရက်မူးနေသော ရန်ရှူမှာ အမှန်ပင် မရိုးသားလှပေ။ နှစ်ယောက်သား တံခါးကို ဖြတ်ဝင်လာသည်နှင့် ရန်ရှူက သူ့ရင်ဘတ်ပေါ် ရိုက်ချလိုက်သည်။ 


ထိုခံစားချက်ကို သဘောကျနေသည်ကြောင့် ဖြစ်မည်။ ရန်ရှူက ကျီစယ်လိုဟန်ဖြင့် ရယ်မောလိုက်သည်။ သို့သော်လည်း လက်လွှဲလိုက်သည့်အရှိန်ကြောင့် သူ့ခန္ဓာကိုယ်က နောက်မှ ဗီရိုအပေါ် လဲကျသွားလေသည်။ ကံအားလျော်စွာဖြင့် စန့်ရှန်းက သူ့အား လက်တစ်ဖက်တည်းဖြင့် ဖမ်းလိုက်ပြီး အိမ်ထဲသို့ သယ်ပေးသွားလိုက်သည်။ 


သူက ရန်ရှူအား အခန်းထဲသို့ ပို့ပေးလိုက်ပြီးနောက် အိပ်ရာပေါ်သို့ ချပေးလိုက်သည်။ ထသွားထလာ အဝတ်များ ဝတ်ထားသူကို ကြည့်လိုက်ပြီးနောက် ထိုပုံစံနှင့် အိပ်လျှင် မသက်မသာ မဖြစ်လောက်ဟု တွေးလိုက်သဖြင့် သူ့အား ပြောလိုက်လေသည်။

"အရင်ဆုံး အနားယူလိုက်ဦး... ကိုယ့်မှာ လုပ်စရာ အလုပ်တွေ ရှိသေးတယ်…" 


ရန်ရှူက သူ့အင်္ကျီအနားစကို ကိုင်၍ သူ့အား ဆွဲထားသည်။ ထို့နေက် စားမတတ် ဝါးမတတ် မျက်လုံးများဖြင့် ကြည့်လာခဲ့သည်။

"မင်းက ထွက်သွားချင်နေတာလား…" 


"အင်း... ကိုယ့်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်…" 


"စန့်ရှန်း... ငါဒီမှာ ရှိနေတာလေ.. အောက်မှာ ကုတင်လည်း ရှိနေတာကို သောက်ကျိုးနည်း ထွက်သွားချင်နေတယ်ပေါ့…"

ရန်ရှူက မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ 


စန့်ရှန်းက အင်္ကျီစကို ဆွဲထားသည့် ရန်ရှူ၏ လက်များအား တစ်ချောင်းချင်း ဆွဲခွာလိုက်ပြီးနောက် ပြောလိုက်သည်။ 

"နောက်တစ်ကြိမ်ဆိုတာ မရှိဘူးဆို…" 


"ငါက မရဘူးလို့ ပြောပေမယ့် ခွင့်ပြုပေးထားတယ်လေ…" 


ရန်ရှူ စန့်ရှန်းအား လွှတ်ပေးပြီးနောက် ခေါင်းအုံးတစ်ခုကို ဆွဲယူကာ စန့်ရှန်းအား ပစ်ပေါက်လိုက်သည်။ 


"ကိုယ် မင်းစကား နားထောင်မယ်…"

စန့်ရှန်းက ပြောပြီးနောက် ခြေနှစ်လှမ်း နောက်ဆုတ်သွားပြီး အခန်းထဲမှ ထွက်သွားမည့်ဟန် ပြုသည်။ 


ရန်ရှူက အူယားဖားယား ဆင်းလာခဲ့သည်။

"စန့်ရှန်း... မင်းအသက် နှစ်ဆယ့်ခုနစ်နှစ်တောင် ရှိနေပြီ... မင်းလည်း မထိန်းထားနိုင်တော့ဘူးမလား... မင်းငါနဲ့ လုပ်ခဲ့တုန်းကဆို ဘယ်လောက်တောင် အရိုင်းဆန်လိုက်လဲ... ရေတွင်းတူးသမားလို တစ်ညလုံး အလုပ်ကြိုးစားခဲ့တာလေ... မရပ်မနားနဲ့... ဆယ်ကျော်သက်တွေက မင်းလိုမျိုး ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြလို့ မင်းမလုပ်နိုင်တော့တာလား... နည်းလမ်းတစ်ခုလောက်တောင် မရှိဘူးလား…"


အရက်မူးနေသော အရိုင်းတုံးလေးတစ်ယောက်အတွက် စန့်ရှန်းသည်ပင် လက်နှစ်ဖက်လုံး သုံး၍ ရန်ရှူတစ်ကိုယ်လုံး အိပ်ရာပေါ် ပြန်တင်ပေးရန် လိုနေခဲ့သည်။ 

"မင်း မူးနေပြီ…" 


"မမူးဘူး... ငါက ရန်ရှူ... ငါမူးနေရင် မင်းက စန့်ရှန်း မဟုတ်ဘူးလား…" 


"ကိုယ်က စန့်ရှန်း... ဒါပေမယ့် မင်းက ရန်ရှူ ဖြစ်စရာ မလိုပါဘူး…" 


"ချီးလိုပဲ…"

ရန်ရှူ မာန်ဖီကာ အိပ်ယာကို ခပ်ပြင်းပြင်း ပုတ်လိုက်သည်။ 

"အခု ငါ့ကို လာလုပ်တော့…" 


ပြောပြီးနောက် အိပ်ရာပေါ်လှဲချလိုက်လေသည်။ 


စန့်ရှန်းက သူ့လက်ကို မြှောက်၍ မျက်ခုံးနှစ်ဖက်ကြား နေရာကို ကုတ်လိုက်သည်။ 


ငါ ဘာလို့ ဒီလိုဟာမျိုးကို ကြိုက်ခဲ့ပါလိမ့်... 


ပြီးတော့ ဆယ်နှစ်တောင် ချစ်ခဲ့ရသေးတယ်... 


—————


စာရေးသူမှာ ပြောစရာ ရှိပါတယ်:


ဒါ သာမန်ကိစ္စလေးပါ... နှစ်ယောက်သားကြားက ဆက်ဆံရေးရဲ့ အရှိန်အဟုန်က... နှေးပြီး ကောင်းမွန်ပါတယ်...


—————


ရန်ရှူတစ်ယောက် နေရာတကျ လှဲလျောင်းနေသည်ကို တွေ့သောအခါ စန့်ရှန်းက အခြေအနေကို အခွင့်ကောင်းယူ၍ စောင်ကို သေသေချာချာ ခြုံပေးလိုက်သည်။ 


စန့်ရှန်း၏ အပြုအမူကို မြင်သောအခါ ရန်ရှူ အလွန် မကျေမနပ် ဖြစ်သွားလေသည်။ ရလဒ်အနေဖြင့် စန့်ရှန်း၏ အဝတ်အစားများကို ပြန်ဆွဲထားလိုက်သည်။

"စန့်ရှန်း... မင်းယောကျာ်းရော ဟုတ်သေးရဲ့လား…" 


စန့်ရှန်းက သူ့အား စိတ်ရှည်လက်ရှည် နှစ်သိမ့်ပေးလာ၏။ 

"ဟေး... ပြဿနာ မရှာနဲ့တော့... ကိုယ် အခု မင်းကို ထိလိုက်ရင် မနက်ဖြန်ကျ ကိုယ့်ကို ရှောင်နေတော့မှာမလား…" 


"မဟုတ်ဘူး…" 


"မင်းအရက်မူးနေတဲ့အချိန် ပေးတဲ့ကတိတွေက တစ်ခုမှ မယုံရဘူး... ကောင်းပြီ... သွားအိပ်တော့…" 


"မအိပ်ချင်ဘူး... မအိပ်ချင်ဘူး... မအိပ်ချင်ဘူးလို့…"

ရန်ရှူက လွှတ်ပေးရန် ငြင်းဆန်နေပြီး စန့်ရှန်း၏ လည်ပင်းကို ဆွဲဖက်လိုက်သည်။ 


စန့်ရှန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ့ကို တွန်းထုတ်၍ ပြောလိုက်သည်။

"ခြေအိတ်တွေ ကူချွတ်ပေးမယ်…" 


"မင်း အားကုန်နေပြီမလား... ရွှေ့... ခြေထောက်သုတ်ပေးမယ်…"

စန့်ရှန်း ပြောပြီးသွားသောအခါ တဘက်တစ်ထည် ယူရန် ရေချိုးခန်းထဲသို့ လှည့်ထွက်သွားခဲ့သည်။ 


ရန်ရှူက ထကာ စန့်ရှန်းနောက် လိုက်သွားချင်ပါသော်လည်း ကံမကောင်းစွာဖြင့် သူ့ခန္ဓာကိုယ်က အားနည်းနေလေရာ အိပ်ရာပေါ်မှာသာ ဟိုလှိမ့်သည်လှိမ့် လုပ်နိုင်လေသည်။ 


ထိုအခိုက်တွင် စန့်ရှန်း ပြန်ထွက်လာပြီး ကုတင်အစွန်းတွင် ထိုင်ကာ ရန်ရှူ၏ ဒူးခေါင်းကို ကိုင်၍ ခြေထောက်များကို သုတ်ပေးလိုက်သည်။ 


ရန်ရှူ၏ ခြေထောက်လေးများက သွယ်လျပြီး အသားအရည်မှာလည်း အလွန်အမင်း ဖြူဖွေးနေသည်။ တစ်နှစ်ပတ်လုံး အကလေ့ကျင့်ခဲ့သော်လည်း ခြေဖဝါးလေးများက ခြွင်းချက်မရှိ ချောမွတ်ကာ လှပနေသည်။ သူတို့ ချစ်ခဲ့ကြစဥ်အခါကလည်း ရန်ရှူ၏ ခြေထောက်လေးကို ဆွဲယူကာ လွှတ်မပေးချင်အောင်ထိ ဖြစ်ခဲ့ရပေသည်။ 


ရန်ရှူက အိပ်ရာထက်တွင် လှဲလျောင်းနေပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသော်လည်း ပါးစပ်ကမူ ထက်ရှနေဆဲ ဖြစ်သည်။

"စန့်ရှန်း... ငါ ရေချိုးချင်တယ်…" 


"မချိုးနဲ့တော့…" 


"ဘာလို့ မချိုးရမှာလဲ…" 


"ရေချိုးတာက..." 

ကိုယ် မကူညီပေးနိုင်လောက်ဘူး... 


ရန်ရှူက အိပ်ရာပေါ်တွင် လှဲလျောင်းနေရင်း အော်လိုက်သည်။

"စန့်ရှန်း…" 


"အင်း ကိုယ်ရှိတယ်…" 


“လူယုတ်မာ အနံ့ဆိုးတဲ့ အရူး…" 


စန့်ရှန်း : “…” 


စန့်ရှန်း ထရပ်ကာ တဘက်ကို ရေချိုးခန်းထဲသို့ ပြန်ထားရန် ပြင်လိုက်သော်လည်း ရန်ရှူက အပြေးထလာပြီး သူ့အား အရမ်းကာရောလာဆွဲသည်ကို တွေ့လိုက်ရသည်။ 

"စကားလေးနည်းနည်း ပြောလိုက်တာကို စိတ်ဆိုးသွားတာလား... မင်းက သွားဖို့ပဲ လုပ်နေတယ်... အရင်တုန်းကဆို ဒီလို မဟုတ်ပါဘူး…" 


"ကိုယ် မင်းကို တဘက်နဲ့ သုတ်ပေးတာလေ... ဒါကို ပြန်သွားထားမလို့ပါ…" 

 

" မင်းက တဘတ်ကို ဘယ်လိုသွားထားရမယ်ဆိုတာတော့ သိတယိပေါ့… ငါနဲ့ လမ်းခွဲတဲ့နေ့တုန်းကဆို မင်း ငါ့ဆီတောင် မလာဘူး…"


ရန်ရှူ သူ ပြောလိုက်သည့်စကားကို နားလည်သွားသောအခါ မျက်နှာလေးက အလွန်အမင်း သနားစရာ ကောင်းသွားသည်။ ချက်ချင်းပင် ငိုချတော့မည့်အလားပင်။ သူ့အပြုအမှုကြောင့် စန့်ရှန်းက အတွင်းရော အပြင်ပါ အမှိုက်ကောင် ဖြစ်သွားသည့်ဟန်ပင်။ ရန်ရှူ၏ ရိုးသားသော ခံစားချက်များမှာ မှားယွင်းသည့်လူကို ပေးမိခဲ့သည်။ ဖြစ်ခဲ့ပုံမှာ သူ့ဘက်ကသာ အရူးအမူး ချစ်ခဲ့ရပြီး ဤဆက်ဆံရေးတွင် သူတစ်ယောက်တည်းကသာ အတည်ကြံခဲ့သည့်ပုံစံ အတိုင်းပင်။ 


ယောက်ျားတွေက အချစ်ဦးကို ရွေးမိကြရင် ယောကျ်ားတစ်ယောက်ဆိုရင်တောင် ပထမဆုံးအချစ်က ငတုံးလို ပြီးဆုံးသွားတာပဲ... 


စန့်ရှန်းမှာ တော်တော်လေး ကူကယ်ရာမဲ့နေသည်။ သူ ပြန်ဖြေလိုက်ပြီးနောက် ရန်ရှူ၏ ဝမ်းနည်းမှုများ ပျောက်ကွယ်သွားစေရန် လုပ်ဆောင်လိုက်သည်။

"ဒါပေမယ့် ကိုယ် အိမ်ရှေ့မှာ လာရပ်တိုင်း ခဲနဲ့ ပေါက်လွှတ်တာ မင်းပဲလေ…" 


"ငါ မင်းကို သေအောင် ရိုက်မိလို့လား... ဒါက သေစေနိုင်တဲ့အထိမှ မဟုတ်တာ ကိုယ့်ဘာသာ နည်းလမ်းရှာလေ…" 


"ဟုတ်ပါပြီ... ကိုယ့်အမှားပါ…"

စန့်ရှန်းမှာ တဘက်ကို ဘေးတွင် ပြန်ချထားလိုက်ရ၏။ သူက ရန်ရှူ၏ ကိုယ်လေးအနား ပြန်လျှောက်လာကာ အနေအထားကို ပြန်ပြင်ပေးလိုက်ပြီးနောက် စောင်နှင့် ထပ်ခြုံပေးလိုက်သည်။

"ကိုယ် မင်းနားမှာ ရှိနေပေးမယ်... မင်းအိပ်သွားမှ အလုပ်သွားလုပ်မယ်နော်…" 


စန့်ရှန်းက ခုတင်စွန်းတွင် ဝင်ထိုင်ကာ စောင်ကို စည်းချက်ကျကျ ပုတ်ပေးနေခဲ့ပြီး သူ့ကို ချော့သိပ်ပေးနေခဲ့သည်။ 


ရန်ရှူက စောင်အောက်တွင် လှဲနေရသော်လည်း မျက်လုံးများကို မှေးကျဥ်းကာ စန့်ရှန်းအား ဆက်ပြီး ဆူပူကြိမ်းမောင်းနေသည်။

"မင်း ငါ့ကို ကလေးလို ထင်နေလို့ ဒီလိုချော့သိပ်နေရတာလား…" 


"မင်း အရက်မူးတဲ့ အချိန်တိုင်း ဒီလိုချော့သိပ်နေကျပဲလေ... အခုထိ အဲ့ဒီအရွယ်ကနေ မကြီးလာသေးဘူးလို့ပဲ ကိုယ်ထင်တယ်…" 


ရန်ရှူက ယခင်က ပြောခဲ့သော စကားစကိုပင် ပြန်ဆွဲထုတ်လာခဲ့သည်။

"စန့်ရှန်း... မင်း ငါ့ကို မထိချင်တာ အိမ်မှာ ပစ္စည်းအစုံလိုက် မရှိလို့မလား…" 


"မတိတ်သေးဘူးလား... ဒီအပြုအမူအတွက် ပြန်ပေးဆပ်ချင်လို့လား…"


ရန်ရှူက ထိုမေးခွန်းကို လုံးလုံးလျားလျား လစ်လျူရှုထားလိုက်ပြီး ထိုအစား သူ့နာမည်ကို ခေါ်လိုက်သည်။

"စန့်ရှန်း..." 


"အင်း... ကိုယ်ရှိတယ်…" 


"အရင်က ငါပြောခဲ့တာတွေက နည်းနည်း လွန်ပေမယ့် နှစ်နှစ်တောင် ရှိသွားပြီလေ... ငါကတော့ ထပ်ပြီး လုပ်နိုင်သေးတယ်လို့ ထင်တယ်... ငါက အခုထိ သွားရည်ယိုစရာ ဒိုးနတ်လေးတစ်ခု ဖြစ်နေတုန်းပဲ... မင်းမလာရင် နောင်တရသွားလိမ့်မယ်နော်…" 


“…”

စန့်ရှန်းက နှုတ်ခမ်းများကို တင်းတင်းစေ့ကာ မရယ်မိအောင် ကြိုးစားလိုက်ရ၏။ ထိုသို့မဟုတ်လျှင် ရန်ရှူ ကြားသွားပါက အချိန်အတော်ကြာသည်အထိ မဆုံးနိုင်အောင် အဆူခံရပေတော့မည်။ 


စန့်ရှန်းက ရန်ရှူ၏ ကိုယ်လေးကို ပုတ်ပေးလိုက်သည်။ ရန်ရှူ၏ မျက်တောင်များ တဖြည်းဖြည်း စင်းကျလာသည်ကိုလည်း ကြည့်နေခဲ့သည်။ အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်လာသည့်အခါ မရပ်မနား ပြောဆိုခဲ့သော ပါးစပ်လေးသည်လည်း ပိတ်ကျသွားလေသည်။ အဆုံးတွင် သူ အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။ 


စန့်ရှန်းက ရန်ရှူကို ငုံ့ကြည့်လိုက်ပြီး ရန်ရှူ၏ နှုတ်ခမ်းထောင့်လေးများကို လက်မဖြင့် ပွတ်ကာ တီးတိုးပြောလိုက်သည်။

"လှတယ်…" 


ထို့နောက် နံရံမှ မီးအိမ်လေးကို ပိတ်ပေးလိုက်သည်။ စန့်ရှန်းက အခန်းထဲမှ ဂရုတစိုက် ထွက်လိုက်ပြီး အလုပ်ဆက်လုပ်ရန် ရုံးခန်းထဲသို့ သွားခဲ့လေသည်။ 


စာရွက်စာတမ်းများကို လှန်လှောကြည့်ရှုနေရင်း ရန်ရှူ၏ ခေါင်းမာပုံလေးကို စဥ်းစားမိသောအခါ နှုတ်ခမ်းထောင့်လေးများ ကော့တက်လာခဲ့လေသည်။ 


*****


မနက်စောစောအချိန်တွင် ဖြစ်သည်။ 


ရန်ရှူက အခန်းထဲမှ အပြေးအလွှား ထွက်လာခဲ့သည်။ သူက မီးဖိုခန်းထဲတွင် ကော်ဖီဖျော်နေသည့် စန့်ရှန်းအား တွေ့သောအခါ အော်ဟစ်လိုက်လေသည်၊

"စန့်ရှန်း... မင်းက အရှက်မရှိလိုက်တာ... တစ်ဖက်လူ အားနည်းနေတာကို အခွင့်ကောင်းယူတယ်ပေါ့လေ... ငါ အရက်မူးနေတဲ့အချိန်ကို ဘယ်လိုတောင် တိုက်ခိုက်ရဲရတာလဲ... အရှက်မရှိတဲ့ကောင်... မင်းက တောကောင်လို မျက်နှာကြီး ရှိနေပြီ... မင်းရဲ့ မကောင်းမှုတွေကို ဖော်ထုတ်ပြီး မင်းမိသားစုရဲ့ စတော့ရှယ်ယာစျေးတွေ ကျအောင် လုပ်ပစ်မယ်... မင်းလုပ်ရပ်တွေအတွက် အပြစ်ခံရတာပဲ... စန့်မိသားစုက ဒေဝါလီ ခံရမှာ…" 


စန့်ရှန်းက သူ့ကို တစ်ခဏမျှ ကြည့်လာခဲ့သည်။ သူ့လက်များက လှုပ်ရှားနေဆဲ ဖြစ်ပြီး မေးရုံသာ မေးလာခဲ့၏။ 

"မနက်စာအတွက် ပေါင်မုန့်မီးကင်ဆိုရင်ရော အဆင်ပြေလား... ကိုယ် ဒါပဲ လုပ်တတ်လို့…" 


"စကားလမ်းကြောင်း မလွှဲနဲ့... ကုမ္ပဏီကို ဝယ်တာလည်း ငါ့ကြောင့်ပဲမလား... မင်းလို ခွေးကောင်ကိုတော့ မနိုင်တော့ဘူး... ငါမူးနေတဲ့အချိန်မှာတောင် လုပ်ခဲ့သေးတယ်…"

ရန်ရှူမှာ စန့်ရှန်း သူ့အဝတ်အစားများကို ညွှန်ပြလာချိန်၌ အသေအကြေ ဆူဆဲနေခဲ့လေသည်။ 


သူ့အဝတ်များကို ငုံ့ကြည့်လိုက်သည်။ တွန့်ကြေနေသော်လည်း ထိုအဝတ်အစားများဖြင့် ညအိပ်ခဲ့သည်မှာ အလွန် သိသာနေခဲ့ပေသည်။ 


သို့သော်လည်း ယင်းကို ဂရုမစိုက်ဘဲ လည်ပင်းတောင့်နေသည့်အလား လည်ပင်းနောက်ကျောကို ပွတ်ကာ ပြန်ဖြေလိုက်သည်။

"မင်းက လုပ်ပြီးသွားတော့ ငါ့အဝတ်တွေ ပြန်ဝတ်ပေးထားလိုက်တယ်ပေါ့... တော်တော်လေး ဥာဏ်ကောင်းတာပဲ…" 


"ကိုယ် မင်းကို မထိခဲ့ပါဘူး…"

စန့်ရှန်းက ပြောလိုက်ပြီးနောက် သူသောက်ရန် ကော်ဖီတစ်ခွက် ယူပေးလိုက်သည်။  


"ငါ့ကို မထိရင် ဘာလို့ ငါ့ခါး နာနေရတာလဲ…" 


ရန်ရှူမှာ သူအိပ်ရာနိုးလာပြီးနောက် ခါးက ကျိုးလုနီးပါး နာကျင်နေသည်ကို တွေ့လိုက်ရသည်။ 


စန့်ရှန်းက သူ့ကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် တစ်ခုခုကို အမှတ်ရသွားသည့်အလား တီးတိုးရယ်မောလိုက်သည်။ သူ့ဖုန်းကို ထုတ်၍ ပစ်ပေးလိုက်လေသည်။ "ဗီဒီယိုကို ကိုယ့်ဘာသာ ကြည့်လိုက်…" 


"မင်းက ဗီဒီယိုတောင် ရိုက်ထားသေးတာလား... မင်းငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား... မင်း..." 


ရန်ရှူက မကျေမနပ် ပြောရန် ပြင်လိုက်သော်လည်း ဗီဒီယို ပွင့်လာခဲ့သည်။ 


ဗီဒီယိုထဲတွင် သူက ယိုင်တိုင်တိုင် လမ်းလျှောက်နေပြီး ဗီဒီယိုရိုက်နေသူကို လက်ညှိုးငေါက်ငေါက် ထိုးနေသည်။ 


"မင်း ငါ့ကို ကူညီစရာ မလိုဘူး…"

အော်ဟစ်နေသည့် သူ့အသံကိုသူ ပြန်ကြားနေရလေသည်။ 


ရန်ရှူမှာ ဗီဒီယိုထဲရှိ သူနှင့် တူနေသူမှာ အရိုက်ခံရသင့်သည်ဟု သေချာပြောနိုင်လေတော့သည်။



📽️