Chapter 18
Viewers 359

📽️Chapter 18

အခြေအနေ: ထိန်းသိမ်းထားခြင်း



စန့်ရှန်းက ရန်ရှူ၏ တိတ်ဆိတ်နေမှုကို ဂရုမထားဘဲ ကြောင်ဝါလေး၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရှုနေ၏။ ကြောင်လေးကို ပွတ်သပ်ပေးပြီးနောက် ရန်ရှူအား ပြောလိုက်သည်။

"ကြည့်ရတာ အချိန်ခဏလောက်တော့ သင်းကွပ်လို့ ရဦးမှာမဟုတ်ဘူး…" 


"ဘာလို့လဲ…" 


"ကိုယ်ဝန်ရှိနေပြီ... နည်းနည်းတောင် ကြာနေပြီ…" 


ရန်ရှူ ချက်ချင်းထိုင်ချလိုက်သောအခါ စန့်ရှန်းက သူ့လက်ကောက်ဝတ်ကို ကိုင်ကာ ကြည့်ရမည့်နေရာကို လမ်းညွှန်ပေးလိုက်သည်။ 


"ဗိုက်လေးကို ကြည့်လိုက်... အရမ်းနူးညံ့ပြီသိသိသာသာကြီးနေတာ... ဒါကို ထပ်ကြည့်လိုက်... ပန်းရောင်ပြောင်းသွားပြီး ပိုကြီးနေတယ်…" 


ရန်ရှူ ချက်ချင်း အကြည့်လွှဲလိုက်သည်။

"ဒါက အမ'လေးလေ... ငါ့လို ယောကျ်ားလေးတစ်ယောက် ကြည့်ဖို့ မသင့်တော်ဘူးလားလို့…" 


"ဟုတ်ပါပြီကွာ... မင်းက တကယ့်ကို အမျိုးကောင်းတရား စောင့်ထိန်းသူပါလား…" 


"ပါးစပ်ပိတ်ထားစမ်း မင်းသဝန်တိုမှာ ကြောက်လို့ မဟုတ်ပါဘူးနော်..."


စန့်ရှန်းက ကြောင်ဝါလေး၏ ခန္ဓာကိုယ်ကို ဆက်လက်စစ်ဆေးနေပြီးနောက် ပြောလိုက်သည်။

"အဆင်ပြေတယ်... အရေပြားရောဂါတွေ မရှိဘူး... အသန့်ကြိုက်တဲ့ကြောင်လေးပဲ ဖြစ်ရမယ်... ဆေးရုံပို့ပေးဖို့အတွက် ငါ့လက်ထောက်ကို ဆက်သွယ်ထားလိုက်မယ်…" 


လက်တွဲဖော် အဖမ်းခံထားရသည်ကို မြင်လိုက်ရသည်ကြောင့် ဖြစ်မည်။ ရဲရင့်လှသော အနက်နှင့် အဖြူစပ် နွားတစ်ကောင်ကဲ့သို့ အကွက်များနှင့် ကြောင်လေးသည်လည်း ပြတင်းပေါက်ဘောင်ပေါ်သို့ ခုန်တက်လာခဲ့သည်။ ရန်ရှူ ဖမ်းတော့မည်အပြု စန့်ရှန်းက တားမြစ်လာသည်။

"မာန်ဖီနေတဲ့အချိန် သွားမထိနဲ့…" 


“အိုး…”

နှစ်ယောက်သား ခဏစောင့်လိုက်ကြသည်။ အဖြူအနက်စပ်ကြောင်လေးက အန္တာရာယ်မရှိကြောင်း သေချာသိသွားပြီးနောက် အနည်းငယ် ငြိမ်ကျသွားခဲ့သည်။ စန့်ရှန်းက သူ့အဝတ်များဖြင့် နွားအကွက်ကြောင်လေးကို အုပ်၍ ဖမ်းလိုက်သည်။ 


စန့်ရှန်းက ကြောင်လေး၏ ခန္ဓာကိုယ်ကို ဦးဆုံးစစ်ဆေးကြည့်လိုက်ပြီးမှ ရန်ရှူအား ပြောလိုက်သည်။ 

"ကြောင်သန်းလေး နည်းနည်းတော့ ရှိပေမယ့် ကံကောင်းလို့ မပြင်းထန်ပါဘူး... ခန္ဓာကိုယ်ပေါ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ ရှိနေတယ်... မိတ်လိုက်တဲ့ကာလအတွင်း တခြားအထီးတွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်မယ်... ဒါမှမဟုတ်ရင် တခြားကြောင်တွေနဲ့ အစာလုရင်း ရလာတာပဲ... သင်းကွပ်တာ ပိုကောင်းမယ်... ဒါက သူတို့ရဲ့ သက်တမ်းကို ပိုရှည်လာစေလိမ့်မယ်... ဆေးရုံပို့ပြီး သင်းကွပ်ပြီးမှ မင်းဆီ ပြန်ပို့ပေးမယ်လေ... ကြောင်ဝါလေးကတော့ မွေးတဲ့အချိန်အထိ စောင့်ဖို့ လိုသေးတယ်…" 


"ကြောင်တွေအကြောင်း တော်တော်လေး နားလည်နေတာပဲ…"

ရန်ရှူက စန့်ရှန်း၏ ကျွမ်းကျင်နေသော ပုံစံကို ကြည့်ကာ ရေရွတ်လိုက်သည်။ 


"အင်း... ကိုယ်အရင်က လေလွင့်ခွေးလေးတစ်ကောင် မွေးဖူးတယ်... ကိုယ် ခေါ်လာပြီးတော့ ဆရာဝန်က ပြောခဲ့တာ သူက အနည်းဆုံး သုံးခါလောက် ကလေးမွေးဖူးပြီးသွားပြီတဲ့... သူက ဗိုက်ဆာလွန်းလို့ အမြဲတမ်း ပိန်လှီနေတာ... ဒါကြောင့်ပဲ ကိုယ့်အိမ်မှာ နေခဲ့တာတောင် ကမ္ဘာပေါ်က စောစောစီးစီး ထွက်ခွာသွားရတာလေ... သင်းကွပ်တာက တခြားကြောင်လေးတွေကို နာကျင်စေတာကနေ ကာကွယ်ပေးနိုင်တယ်…" 


"မင်းပြောတဲ့ အကောင်က ချီဟွားဟွား လေလွင့်ခွေးလေးလား…"

ရန်ရှူ မျက်ခုံးပင့်လိုက်သည်။ 


"အင်း…" 


ရန်ရှူ ထိုခွေးလေးကို မှတ်မိသွားပြီးနောက် နက်ရှိုင်းနေသော မှတ်ဥာဏ်များထဲမှ တစ်စုံတစ်ခု ဖောက်ထွက်လာ၏။ အဓိကအချက်မှာ စန့်ရှန်းက သူ့အား ချီဟွားဟွား၏ ပုံကို ပြခဲ့ဖူးပြီး ရန်ရှူကို ထိုခွေးနှင့် တူသည်ဟု ပြောခဲ့သည်ကြောင့်ပင်။ 


လမ်းခွဲရသည့်အကြောင်းအရင်းမှာလည်း စန့်ရှန်းက သူ့အား အစားထိုးအနေနှင့် အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။ စန့်ရှန်းက သူ့ကို အမှန်တကယ်မကြိုက်သော်လည်း သူက စန့်ရှန်း၏ လရောင်ဖြူခွေးလေးနှင့် တူနေသည်ကြောင့်ပင်။  


စန့်ရှန်းက ရန်ရှူကြောင့် ရှင်းမပြနိုင်အောင်ပင် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး အလွန် ဒေါသထွက်သွားလေသည်။ သူက ရက်ရှူကို ရက်အတော်ကြာ အိပ်ရာပေါ်ဖိထားခဲ့ပြီး ဒေါသမပြေနိုင် ဖြစ်ခဲ့ရသေးသည်။ 


ရန်ရှူက စာရင်းဟောင်းများ ပြန်တူးထုတ်လာခဲ့သည်။ 

"မင်းက ဘယ်လို လူသားဆန်ရမလဲ ဆိုတာ မသိဘူး... ငါ့ကိုတောင် ခွေးနဲ့ တူတယ်လို့ ပြောထွက်ခဲ့သေးတယ်လေ…" 


"တကယ် တူတာကို…" 


“ငါက ချီဟွားဟွား မဟုတ်ဘူး…”


“မင်းက ချီဟွားဟွားလေးပါပဲ... အရမ်း စိုးရိမ်တကြီး ဖြစ်နေတာလေ…" 


ရန်ရှူက စန့်ရှန်းကို မကျေမနပ် ကြည့်လိုက်သသည်။ "ကောင်းပြီလေ... ကြောင်ဖမ်းမိပြီဆိုတော့ ပြန်လို့ရပြီ…" 


"ဒါဆို ကိုယ့်ကို နှင်နေတာလား…" 


"မဟုတ်ရင်ရော... အိပ်ရာကိုလည်း ကြည့်လိုက်ပါဦး... မိနစ်နည်းနည်းလောက်နေရင် ပြိုကျသွားလောက်တယ်…" 


စန့်ရှန်းက ရန်ရှူ့အခန်းထဲမှ အိပ်ရာကို ပြန်ကြည့်လိုက်သည်။ ယင်းက အမှန်ပင် သေးငယ်လွန်းလှသည်။ 


စန့်ရှန်းက အပြုံးတစ်ဝက်ဖြင့် မေးလိုက်သည်။

"ဘာလဲ... ကိုယ်တို့က အိပ်ရုံပဲ အိပ်မှာလေ... ဆွေ့ဟို့ယွီနဲ့ ဟို့မော့တို့ ကုတင်ပြိုကျတာက အိပ်ရာပေါ်မှာ ရန်ဖြစ်ကြတာမို့လေ... ကိုယ်ကတော့ မင်းနဲ့ ရန်မဖြစ်ပါဘူး…" 


ရန်ရှူ: “…” 


စန့်ရှန်းက သူ့အနားသို့ ရုတ်တရက် တိုးကပ်လာပြီး အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"ရန်ရှူ... မင်း ဘာတွေ မျှော်လင့်နေတာလဲ…" 


သူအသံက နားကို ကုတ်ခြစ်နေသည်အလား နူးညံ့ကာ ညှို့ဓာတ်ပါနေသည်။ 


ရန်ရှူ ပျာယာခတ်သွားသည်။ 


ရန်ရှူ စန့်ရှန်းအား ဒေါသတကြီးဖြင့် ချက်ချင်းတွန်းထုတ်လိုက်သည်။

"မင်းကို မကြာခင် တွေ့ဖို့ စောင့်နေမယ်…" 


စန့်ရှန်းက ဆက်မမေးတော့ဘဲ ကြောင်နှစ်ကောင်ကို လက်ထောက်ထံ လွှဲပေးလိုက်သည်။ 


လက်ထောက်က လေထိုးသေတ္တာလေးကို ထုတ်ကာ ကြောင်များကို ထည့်လိုက်ပြီးနောက် တိရိစ္ဆာန်ဆေးရုံသို့ တန်းသွားလိုက်သည်။ 


အခန်းထဲသို့ ပြန်လာသောအခါ စန့်ရှန်းက တခြားကိစ္စများ ပြောလာသည်။

"မင်းအိမ်ထဲကို ကြောင်စာကျွေးဖို့ ဝင်တုန်းက အိမ်ထဲမှာ ဆီးခွက်တွေ့လိုက်တယ်... အပေါ်မှာ စာတွေ ရေးထားသလိုပဲ…" 


လူအများစု၏ ရေချိုးခန်းများ၌ အိမ်သာခွက်များသာ ပါတတ်ကြသည်။ သို့သော်ငြား ရန်ရှူ၏ ရေချိုးခန်းကမူ အနုစိတ်လှသည်။ အမှန်မှာ မတ်တပ်ရပ် ပေါက်၍ရသော ဆီးခွက်ထဲတွင် စန့်ရှန်းတစ်ချက်တည်း မြင်နိုင်သည့် တစ်စုံတစ်ခု ရှိနေခဲ့သည်။ 


“သြော်... မင်းနာမည် ရေးထားတာလေ... တည့်တည့်ပေါက်ဖို့ လေ့ကျင့်တဲ့နေရာမှာ မင်းနာမည်ကို သုံးထားတာ... မင်းကို တွေးမိတိုင်း သေးပေါက်လိုက်တာပဲ…" 

ရန်ရှူက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်ပြီး ၎င်းနှင့် ပတ်သက်၍ မည်သည်ကိုမှ မှားယွင်းနေသည်ဟု မထင်မိပေ။ 


စန့်ရှန်း လက်မြှောက်ကာ မျက်ခုံးကို ပွတ်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။

"ကြည့်ရတာ ဒီနှစ်နှစ်အတွင်း မင်းကိုယ့်ကို အတော်လေး လွမ်းနေပုံပဲ…" 


"မင်း ဘာကိုပဲ စဥ်းစားထားထား ကိစ္စမရှိဘူး... အဓိကအချက်က မင်းနဲ့ ဖာခ့်ပစ်ချင်နေတာ…" 


စန့်ရှန်း ဒေါသတကြီး ရယ်မောလိုက်လေသည်။ 

သူ ရန်ရှူကို ချော့ရတာ ပင်ပန်းနေပြီ… ဒါကို ဖျက်ဆီးပစ်ရမယ်... ဒီကုတင်ကြီး ကျိုးပဲ့သွားအောင် လုပ်ပစ်ရမှာ...


စန့်ရှန်းနှင့် ရန်ရှူတို့ ညစာ အတူစားပြီးသွားသောအခါ ပြန်လည်ထွက်ခွာခဲ့ကြသည်။ 


ရန်ရှူက ညဘက်ရိုက်ကွက်များအတွက် မိတ်ကပ်ပြင်ရန် လိုအပ်သဖြင့် စန့်ရှန်းအား အဖော်မလုပ်ပေးနိုင်တော့ပေ။ 


ရန်ရှူ၏ အလုပ်အပေါ် သက်ရောက်မှုမရှိစေရန်အတွက် စန့်ရှန်းက ညအိပ်မနေတော့ဘဲ ပြန်သွားရန် ရွေးချယ်လိုက်သည်။ 


ပြန်သောအခါ စန့်ရှန်းက လည်စီးကို ချိန်ညှိကာ ရန်ရှူထံ ကိုင်းညွှတ်၍ ပြောလိုက်သည်။

"ရက်ပိုင်းအတွင်းမှာပဲ ကိုယ်မင်းကို သန့်ရှင်းဆေးကြောပေးမယ်…" 


"ကျွတ်စ်"

ရန်ရှူ မျက်စောင်းထိုးလိုက်သည်။

"ဘယ်သူက ဘယ်သူ့ကို သန့်ရှင်းဆေးကြောပေးမလဲ မသေချာဘူးနော်…" 


"ရက်နည်းနည်းလောက်ကျရင် မင်းရဲ့ စီနီယာအစ်ကိုနဲ့ ဆွေ့ဟို့ယွီတို့ ပြိုင်ပွဲက ဖိုင်နယ် ရောက်တော့မယ်... မင်းရဲ့ စီနီယာအစ်ကိုက ပွဲစဥ်အားလုံး ချန်ပီယံ ဖြစ်ဖို့ အလားအလာရှိနေတယ်... အချိန်ရှိရင် အာရုံစိုက်ထားလိုက်ဦး…"

စန့်ရှန်း ထွက်မသွားမီ သတိပေးခဲ့သည်။ 


နာမည်အရင်း ဟို့မော့ ဖြစ်သော စီနီယာအစ်ကိုမှာ ဆွေ့ဟို့ယွီ၏ တင်းနစ်နှစ်ဦးတွဲ ပါတနာ ဖြစ်သည်။ ဆွေ့ဟို့ယွီအတွက်မူ ရန်ရှူက သူနှင့် အတူကြီးပြင်းလာသူ ဖြစ်၍ နှစ်ဦးသား ဆက်ဆံရေးကောင်းကြသည်။ 


ဟို့မော့နှင် ဆွေ့ဟို့ယွီတို့သည်လည်း တွဲနေကြသူများ ဖြစ်ကာ သူတို့က ချစ်သူရည်းစားများ ဖြစ်ကြောင်း သူငယ်ချင်းများသာ သိကြလေသည်။ 


ရန်ရှူ ချက်ချင်း စိတ်တက်ကြွသွားသည်။

" ဒါဆို ငါ့ရဲ့အစ်ကိုယွီ တရုတ်ကို ပြန်လာတော့မှာပေါ့လေ…" 


သူ့လက်ကို ခါကာ ပြောလိုက်သည်။

"ဟုတ်သား... အစ်ကိုယွီ ပြန်လာတော့မယ်ဆိုတာ သိပြီးသားပဲဟာ…" 


"အင်း... ပြန်လာတော့မှာ…" 


စန့်ရှန်းမှာ ထိုစကားဝိုင်းပြီးနောက် ပြန်ပို့ခံလိုက်ရသည်။ ထို့နောက် ရန်ရှူ ရိုက်ကွင်းသို့ ရောက်ရောက်ချင်းပင် မုန့်ရှင်းယာက ရန်ရှူအနား ကပ်လာကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"အစ်ကိုရန်... အစ်ကို့ကုမ္ပဏီဘော့စ်က အရမ်းချောတာပဲနော်…" 


မုန့်ရှင်းယာက စန့်ရှန်း ရောက်ပြီး မကြာမီမှာပင် သတိပြုမိသွားခဲ့သည်။ အဓိကမှာ သူ၏ အရည်ရှည်ရှည်ပုံရိပ်ကြောင့် ဖြစ်သည်။ သူ့အဝတ်များမှာလည်း ဆွဲဆန့်ထားသော အဝတ်အစားများနှင့် တူနေပြီး ရုပ်ရည်မှာလည်း ပြောစရာပင်မလိုချေ။ သင်သာ စားသောက်နေထိုင်ရေးအတွက် မျက်နှာအပေါ် မှီခိုနေရပါက ထိုသူအား သတိမပြုမိရန် ခက်ခဲပေမည်။ 


ထပ်ပြီး စုံစမ်းမေးမြန်းပြီးသောအခါ စန့်ရှန်းမှာ ကျိကျိတက်ချမ်းသာသော မိသားစုကြီးတစ်ခု၏ ပထမဆုံး ဆက်ခံသူတစ်ယောက် ဖြစ်နေဆဲ ဖြစ်ကြောင်း တွေးမိသွားသည်။ ယင်းက ပို၍ပင် ထူးခြားပြောင်မြောက်နေသည်။ 


စန့်မိသားစုကို မိသားစုစီးပွားရေးတစ်ခု ဖြစ်သည်ဟု ဆိုနိုင်သော်ငြား အမှန်မှာ အတက်အလက်အများစုက စန့်မိသားစု၏ဆွေမျိုးများ ဖြစ်ကြပြီး သစ်ပင်ကြီးအောက်မှ အရိပ်ကို ခိုရန် အကောင်းဆုံးနေရာတစ်ခုသာ ဖြစ်သေးသည်။ 


စန့်မိသားစု၏ အစစ်အမှန် ဆက်ခံသူများမှာ စန့်ရှန်းဖခင်၏ မျိုးဆက်အထိ ဆင်းသက်လာခဲ့ကြသည်။ စန့်ရှန်းမှာ မစ္စတာစန့်၏ တစ်ဦးတည်းသော မြေးဖြစ်ပေသည်။  


"သာမန်လောက်ပါပဲ…"

ရန်ရှူက စန့်ရှန်း၏ မျက်နှာကို ကြည့်လိုက်ရာ ထုံထိုင်းသွားပြီး အချိန်အတော်ကြာသည်အထိ မည်သည်ကိုမှ မခံစားရတော့ကြောင်း တွေ့လိုက်ရသည်။ 


"သူ့မှာကောင်မလေး ရှိလား…" 

မုန့်ရှင်းယာက တမင်တကာ အသံနှိမ့်၍ မေးလိုက်သည်။ 


ထိုမေးခွန်းက ရန်ရှူအား သတိလက်လွတ် ဖြစ်သွားစေသော်ငြား သူ၏ လိင်စိတ်တိမ်းညွှတ်မှုကိုလည်း တိုက်ရိုက် ဖော်ထုတ်၍လည်း မရပေ။ ထိုသို့မဟုတ်လျှင် သူ့အတွက် ဆိုးကျိုးများ ရှိလာစေနိုင်သည်။ ထို့ကြောင့် မသိမသာ သတိပေးလိုက်သည်။

"သူက လူကောင်း မဟုတ်ဘူး…" 


မုန့်ရှင်းယာ၏ မျက်လုံးများ ချက်ချင်းဝင်းလက်သွားလေသည်။

"ဒါဆို ပိုတောင် စိတ်လှုပ်ရှားသွားပြီ…" 


ရန်ရှူက အစဥ်အလာစကားကိုသာ တွန်းပို့လိုက်လေသည်။ 

"သူ့မိသားစုက သမီးတွေထက် သားကို ဦးစားပေးတယ်... မင်းကို ယောကျ်ားလေး မရခင်အထိ ကလေးမွေးခိုင်းလိမ့်မယ်…" 


“ရှစ်ယောက် ဆိုရင်ရော... သူတို့အားလုံး သူ့ရဲ့ မျိုးရိုးသာ ရမယ်ဆိုရင် ရှစ်ယောက်ဆိုလည်း မွေးနိုင်တယ်... သူ့မှာ ပိုက်ဆံရှိသလား ဆိုတာကို ဂရုမစိုက်ဘူး... အဓိက ကလေးရဲ့ မျိုးရိုးနာမည် စန့်ဆိုတာ လှတယ်လေ…" 


ရန်ရှူ ဒေါသတကြီး ရယ်မောလိုက်သည်။

"မင်း အလေးအနက် ထားပေးလို့မရဘူးလား…" 


"အလေးအနက်လား... လုပ်စမ်းပါ...Aအဆင့် လူတွေရဲ့ သုတ်ပိုးအရည်အသွေးက နိမ့်ကျတယ်ဆိုတာ မကြားဖူးဘူးလား... သူလည်း အမှားကင်းနေတာမျိုး မဖြစ်လောက်ဘူးလေ.... သူက မြုံနေတာ ဆိုရင်ရော... အဲ့ဒီအချိန်ကျ ကျွန်မရဲ့ ကလေး ခုနစ်ယောက် ရှစ်ယောက်က စန့်မိသားစုရဲ့ အမွေတွေ ခွဲယူနိုင်ကြမှာပဲ…" 


"မင်းပြောနေတဲ့ စကားတွေကိုရော နားလည်ရဲ့လား…" 


"ကျွန်မ သူ့ကို သွားနှုတ်ဆက်ချင်ပေမယ့် သူကျွန်မကို ကြည့်လိုက်တဲ့အချိန်ကျ တွန့်ဆုတ်မိသွားတယ်... သူက ဆက်ဆံရလွယ်တဲ့သူ ဟုတ်မဟုတ် မသိလို့ အစ်ကိုရန်ကို အရင်လာမေးတာ…" 


ရန်ရှူ တစ်ခဏမျှ တွေးလိုက်ပြီးနောက် အဆုံးတွင် ပြောလိုက်သည်။

"သူက မင်းအတွက် တကယ် မသင့်တော်ဘူး…"


"သိပါပြီ…"

မုန့်ရှင်းယာက အိုကေဟု ချက်ချင်း လက်ဟန် ပြလာသည်။ "အစ်ကိုရန်က ဒီလို ပြောလာမှတော့ သေချာပေါက် ကျွန်မနဲ့ အဆင်ပြေမယ့် တွဲဖက်မဟုတ်ဘူးဆိုတာ သိလိုက်ပါပြီ... ကျွန်မရဲ့ နှလုံးသားလေးကို ချက်ချင်း ချိတ်ပိတ်လိုက်ပြီးတော့ သူ့ကို မချစ်တော့ဘဲ နေလိုက်ပါ့မယ်... ကျေးဇူးပြုပြီး နားထောင်ပေးပါ…" 


"အင်းပါ... မင်းမှာ ကလေး ခုနစ်ယောက် ရှစ်ယောက် ရှိနေတဲ့ ကိစ္စသာ ပေါက်ကြားသွားလို့ကတော့ ငါတို့ရှိုးက headlineတွေ လုပ်နိုင်ပါဦးမလား…" 


"ဟားဟားဟား…"

မုန့်ရှင်းယာ အဆက်မပြတ် ရယ်နေသည်။ 

" ကျွန်မ ဒီအချိန်မှာ ကလေး ခုနစ်ယောက် ရှစ်ယောက် မွေးနိုင်ပါ့မလား…" 


“…” ရန်ရှူ တစ်ခုခု မှားနေကြောင်း သဘောပေါက်သွားလေသည်။

"မင်းမှာ တကယ်ကြီး ကလေးရှိနေတာတော့ မဟုတ်ပါဘူးနော်…" 


"အင်း... တစ်ယောက်ပဲ ရှိတာပါ... ဒီဖျော်ဖြေရေးလောကတစ်ခုလုံးမှာ  အစ်ကိုတစ်ယောက်ပဲ သိသေးတာနော်... တခြားသူတွေကို မပြောပြနဲ့... သူလေးက ယောကျ်ားလေးလေ... အရမ်းချောတာ... ဒီမှာ သူ့ပုံတွေ ကြည့်မလား…" 


မုန့်ရှင်းယာက ဖုန်းထုတ်ကာ ရန်ရှူထံ ကမ်းပေးလိုက်သည်။ 


ရန်ရှူမှာ အမှန်ပင် စိတ်လှုပ်ရှားနေခဲ့လေသည်။ ဖျော်ဖြေရေးလောကထဲတွင် ကလေးရှိသော ကောလဟာလများက ထူးခြားလှသည် မဟုတ်သော်လည်း ရုတ်တရက်ဆိုသလို သိခွင့်ရမည်တစ်ဦးတည်းသောသူ ဖြစ်လာရခြင်းက အတော်လေး စိတ်လှုပ်ရှားလာရစေသည်။ 


ရလဒ်အနေဖြင့် ဖုန်းကို ယူကြည့်လိုက်သောအခါ ဖုန်းမျက်နှာပြင်တွင် ရှေ့သို့မျက်နှာမူထားသည့် ကင်မရာကို ဖွင်ထားသဖြင့် သူ့ပုံသာ ပေါ်နေလေသည်။ 


သူ ချက်ချင်းဆိုသလို မုန့်ရှင်းယာကို စိုက်ကြည့်လိုက်ရာ မုန့်ရှင်းယာ၏ ခွက်ထိုးခွက်လန် ရယ်ချလိုက်သံကို ကြားလိုက်ရသည်။

"ဟားဟားဟား... ငါ့ရဲ့ ချစ်စရာကောင်ငယ်လေး... အမေ သားကို ချစ်တယ်နော်... ကလေးရှိဖို့က မဖြစ်နိုင်တာကြီးလေ... ကလေးမွေးရုံလောက်လေးနဲ့ လူချမ်းသာမိသားစုထဲကို မဝင်နိုင်ပါဘူးနော်…" 


သူ ဖုန်းကို မုန့်ရှင်းယာထံ ပစ်ပေးလိုက်ပြီးနောက် ကြိုးလွတ်သွားသောမြည်းကဲ့သို့ ခုန်ပေါက်ပြေးသွားသော သူမကို ကြည့်ကာ ကူကယ်ရာမဲ့စွာ မျက်ခုံးကြုံ့မိသွားလေသည်။ 


ရိုက်ကူးရေးအဖွဲ့က "ဥာဏ်ကောင်းထက်မြက်လှသူ" ဖြစ်သော သူ့ကို ဝမ်းတွင်းမည်း ဇာတ်လိုက်အဖြစ် သရုပ်ဆောင်စေပြီးနောက် "အမျိုးသမီး လူစွမ်းကောင်း" မုန့်ရှင်းယာအား အမြဲတစေ ငိုနေတတ်သည့် ကြာပန်းဖြူ ဇာတ်လိုက်မအဖြစ် သရုပ်ဆောင်စေခဲ့သည်။ 


ဒီဇာတ်ကားတော့ လမ်းဆုံးတော့မယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်... 


မကြာမီ သူ နားလည်သွားသည်မှာ...


ငါ ဘာလို့ စန့်ရှန်းရဲ့ အကျင်အတိုင်း လိုက်လုပ်မိနေတာလဲဟ... ငါလည်း မျက်မှောင်ကြုတ်နေမိပြီ... 


ထိုကဲ့သို့သော အရာမျိုးက အမှန်ပင် သိမ်မွေ့လွန်းလှသည်။  


📽️