အပိုင်း ၁၈၄ (Extra-10)
Viewers 26k

Part 184 (extra -10)


အတိတ်မှာတုန်းက သူမကဝမ်မိသားစုရဲ့ ဝမ်းကွဲဖြစ်ခဲ့ပေသည်။အန်းချင်ယုက အမြဲတမ်းသူမရဲ့ဘဝမလွယ်ကူဘူးလို့ ခံစားနေခဲ့ရတာဖြစ်သည်။သူမရဲ့မိသားစုက သူမကိုဆွဲချနေကာ တင်း နဲ့ အန်းမိသားစုတွေကလည်း ကျဆင်းလာပြီဖြစ်သည်။သူမအနေဖြင့် တင်းမိသားစုနဲ့ အန်းမိသားစုကိုဘဲ မှီခိုပြီးတော့ အထက်တန်းလွှာတွေကြားထဲကို တိုးဝင်နိုင်မှာမဟုတ်ပေ။


သူမက မကြာခနဆိုသလို ချီမိသားစုဆီကိုသွားခဲ့လေသည်။ချီမိသားစုက အရမ်းကောင်းနေပေမယ့် အဆုံးမှာတော့ သူမရဲ့မျိုးရိုးနာမည်က ချီမဟုတ်နေခဲ့ပေ။


ဒါပေမယ့် အခုမှပြန်စဉ်းစားမိလိုက်ရင် အဲ့ဒီအချိန်တွေတုန်းက သူမကအရမ်းကိုပျော်ခဲ့ရတာဖြစ်သည်။


ချီကျန်းကျန်းက တကယ့်ကိုတုံးအပြီး အရူးလုပ်ဖို့လွယ်ပေသည်။တင်းရိကျွင်းက သူမကိုနက်နက်ရှိုင်းရှိုင်းချစ်ကာ ချီယန်ကလည်း အိမ်တွင်းရေးကိစ္စများကို ဂရုမစိုက်ပေ။ချီကျိုးချန်ကလည်း ငယ်သေးကာ ချီကျန်းကျန်းနဲ့ ဆက်ဆံရေးကောင်းမရှိပေ。。。


သူမရဲ့မျိုးရိုးက ချီမဟုတ်တာကလွဲလို့ သူမကကောင်းမွန်တဲ့ဘဝမှာနေထိုင်ခဲ့ရပေသည်။


ဒါပေမယ့် သူမက မကျေနပ်သေးတာကြောင့် လူမှုဆက်ဆံရေးလှေကားမှာ ပိုပြီးမြင့်မားတဲ့နေရာကို တက်ချင်ခဲ့လေသည်။သူမကိုယ်သူမ ဟန်ဆောင်ကာ ဝမ်ရိရန်ကိုမြူဆွယ်ပြီး ချီကျန်းကျန်းကိုလည်းဖိအားပေးခဲ့တော့သည်။တဆင့်ပြီးတဆင့် သူမဘဝကိုဒီလိုအခြေအနေထိရောက်အောင် လမ်းဖောက်ခဲ့ပေသည်။


အခုသူမ အများကြီးခံစားနေရပေမယ့် သူမ မသေချင်သေးပေ။ဘယ်သူကများ သေချင်မှာတဲ့လဲ ၊သူတို့ဘဝက ဘယ်လိုဘဲဆိုးရွားနေပါစေ ဘယ်သူမှမသေချင်‌ကြပေ။


ဒါ့အပြင် သူမချီကျန်းကျန်းအကြောင်းတွေးလိုက်မိတဲ့အခါ သူမက ကောင်းမွန်တဲ့ ဘဝမှာနေနေရပြီဖြစ်သည်။သူမျှော်လင့်ထားခဲ့သမျှ အရာအားလုံးကို သူမကရရှိသွားလေသည်။သူမနှလုံးသားက ဒေါသတွေ၊မနာလိုမှုတွေနဲ့ ပြည့်နေကာ တနေ့ကျရင် သူမလည်း ချီကျန်းကျန်းထက်သာတဲ့ ဘဝမှာ ပြန်နေရပေလိမ့်မည်ဟု မျှော်လင့်ထားလေသည် ။


အရင်တုန်းက ချီကျန်းကျန်းသေမလိုဖြစ်တုန်းက အန်းချင်ယုက အရမ်းပျော်လွန်းလို့ သူမအိမ်တွင်တောင် မီးရှူးမီးပန်းများဖောက်ချင်ခဲ့ပေသည်။


မမျှော်လင့်စွာဘဲ သူတို့က ချီကျန်းကျန်းပြန်သတိရလာပြီဆိုတဲ့ သတင်းကိုရလိုက်တော့‌သည်။


အန်းချင်ယုက အမုန်းတရားများနှင့် အံ့ကြိတ်လိုက်လေသည်။မိုးကောင်းကင်က တကယ်ကို တရားမမျှတတာဘဲ。。


ဝမ်ရိရန်က ဘာမှပြောမလာဘဲ ဗီလာရှိနေတဲ့နေရာကို ဆက်ကြည့်နေတာကို မြင်လိုက်ရတဲ့အခါမှာတော့ အန်းချင်ယုက ထက်ရှနေသောအသံဖြင့် ဆက်ပြောလာတော့သည်


‘‘ရှင်အမြဲတမ်းဒီကိုလာချင်ခဲ့ပေမယ့် ဗီလာထဲကိုတောင် မဝင်နိုင်ဘူးလို့ ရှင်မမျှော်လင့်ထားခဲ့ဘူးမလား ဝမ်ယွီနဲ့ ချီကျန်းကျန်းကို တွေ့ဖို့မပြောနဲ့ ရှင်အနေနဲ့ သူတို့အနားကိုကပ်ဖို့တောင်ဖြစ်နိုင်မှာမဟုတ်ဘူး ’’


တခနကြာပြီးနောက် ဝမ်ရိရန်က ဆေးလိပ်မီးညှိလိုက်ကာ အက်ရှနေသောအသံဖြင့်ပြောလာတော့သည် ‘‘ငါကလည်း သူမကိုမမြင်ချင်နေပါဘူး ၊ မင်းကရော。。 ငါကဒီကိုလာချင်လို့ဆိုရင် မင်းကရောဘာလို့လိုက်လာတာလဲ မင်းသိတဲ့လူတယောက်ယောက်နဲ့ တွေ့သွားမှာမကြောက်ဘူးလား ’’


သူ့စကားရဲ့ အဆုံးတွင် သူ့အသံက ‌ပြက်ရယ်ပြုမှုများနှင့် ပြည့်နေလေသည်။


ရှင်းလင်းစွာပင် သူက သူမကိုကောင်းကောင်းသိပေသည်။


အန်းချင်ယုက နင်သွားတော့သည်။တခနလောက် သူမကဘယ်လိုငြင်းဆန်ရမလည်းမသိတော့ပေ။


ဟုတ်သားဘဲ၊သူမက ဘာလို့သူ့နောက်လိုက်လာမိပါလိမ့်。。。

 

သူမကဒီကိုလာလျှင် သူမသိခဲ့ဖူးသောလူများနှင့် တွေ့နိုင်ခြေများပေသည်။သူမ၏ အခုလိုသနားစရာကောင်းနေသောပုံစံက သူတို့ကမြင်သွားနိုင်ပေသည်။အဲ့ဒါက သူမ မဖြစ်စေချင်ဆုံးသောအရာဖြစ်သည်။


ဒါဆိုရင် သူမဘာလို့ဒီကိုလာခဲ့တာလဲ


အန်းချင်ယု မသိတော့ပေ။


သူမအသံက တိတ်ကျသွားကာ ဝမ်ရိရန်လည်းအတူတူပင်ဖြစ်သည်။


သူတို့နှစ်ယောက်က ဘာမှမပြောလာတော့ဘဲ ထောင့်နားတွင်သာ တိတ်တဆိတ်ရပ်နေကြတော့သည်။


ဒီနေ့မှာ အပြင်ဘက်တွင်မတ်တပ်ရပ်နေကြတဲ့ လူအတော်များများ ရှိပေသည်။သူတို့တွေက ဖိတ်ကြားခြင်းမခံရတဲ့ ဘေးမှပွဲကြည့်သူတွေ ဖြစ်ပေမယ့် ပျော်စရာတွေကြည့်ချင်လို့ လာခဲ့သူများဖြစ်ကာ သတင်းထောက်များလည်းပါပေသည်။သူတို့အကုန်လုံးက ဗီလာအပြင်ဘက်တွင်ရှိနေကြလေသည်။


ဗီလာကအရမ်းကြီးသောကြောင့် အပြင်ဘက်ကနေ သူတို့ကဘာမှမကြားရပေ။


အန်းချင်ယုနဲ့ ဝမ်ရိရန်တို့က သူတို့ဘယ်လောက်တောင်စောင့်နေခဲ့မိလည်းဆိုတာ မသိတော့ပေ။သူတို့ကဗီလာကိုရောက်လာတဲ့အထိ စောင့်နေခဲ့ကြပေသည်။မင်္ဂလာကားက မောင်းထွက်လာကာ ဧည့်သည်များကလည်း တယောက်ပြီးတယောက် သူတို့လက်ထဲတွင် လက်ဆောင်များကိုင်ကာ ထွက်လာခဲ့ကြလေသည်။


အဆက်မပြတ်ပင် ဓာတ်ပုံရိုက်နေကြသော လူများလည်း ရှိနေကြသည်။


တစ်စုံတစ်ခုကို ခံစားလိုက်မိသလိုဘဲ ရုတ်တရက်ပင် အန်းချင်ယုနဲ့ ဝမ်ရိရန်တို့က ကားတွေထဲက တစီးကိုကြည့်လိုက်မိကြလေသည် ။


သူတို့က ဝေးလံနေသောနေရာတွင် ရပ်နေပေမယ့်လဲ ကားကဒီဘက်ကိုဦးတည်လာနေပေသည်။


လူတွေအများကြီးရှိနေတာကြောင့် ကားက အရမ်းမြန်မြန်မမောင်းနိုင်ဘဲရှိကာ ကားမှန်ကလည်းတဝက်ပွင့်နေပေသည်။


ချီကျန်းကျန်းက အနီရောင်တရုတ်ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပြီး သူမခေါင်းပေါ်တွင် သရဖူတခုရှိနေလေသည်။သူမအသားအရေက နှင်းကဲ့သို့ဖွေးဆွတ်နေကာ သူမရဲ့အသွင်အပြင်က လွန်စွာပင်လှပနေပေသည်။သူမရဲ့ ဘေးတိုက်မျက်နှာထားတစ်ခုနဲ့တင် လူတွေကို သူမဆီမှအကြည့်မလွှဲနေနိုင်အောင် လုပ်နိုင်ပေသည်။


ဝမ်ယွီက သူမဘေးတွင်ထိုင်နေလေသည်။သူဘာပြောလိုက်မှန်းတော့မသိပေမယ့် ချီကျန်းကျန်းက ပြုံးလာတော့သည်။


အဲ့ဒီနောက် သူမကအပြုံးတစ်ခုနှင့် ကားမှန်အပြင်ဘက်ကိုကြည့်လိုက်လေသည်။


အန်းချင်ယုအစတုန်းက တွေးထားတာက ဒီနေ့ချီကျန်းကျန်းကိုတွေ့မိလို့ရှိရင် သူမကအရူးတယောက်လိုဘဲ အပြေးသွားလိုက်တာတို့ ၊မဟုတ်ရင် ဝမ်ရိရန်ကဝမ်ယွီဆီကို သွားလိုက်တာမျိုးပေါ့。。。。


ဒါပေမယ့် လက်တွေ့မှာတော့ သူတို့တကယ်ဘဲချီကျန်းကျန်းကိုတွေ့လိုက်ရပေသည်။ ချီကျန်းကျန်းက ကြည့်လာတဲ့အခါ သတိမမူမိဘဲ သူတို့ခြေထောက်တွေကိုရွှေ့လိုက်ကာ ပုန်းကွယ်ချင်နေကြပေသည်။


သို့သော်လည်း ချီကျန်းကျန်းက ရှူခင်းကိုကြည့်လိုက်တဲ့အတိုင်း သူတို့ကိုတချက်ကြည့်လိုက်လေသည်။သူမက အပြင်ဘက်ကအရာတွေကို ဂရုမစိုက်လာပေ။အဲ့ဒီနောက် သူမအကြည့်တွေကိုဖယ်လိုက်ကာ ဝမ်ယွီဘက်သို့လှည့်သွားတော့သည်။ သူတို့နှစ်ယောက်က ပြုံးနေကြကာ တစုံတခုအကြောင်းပြောနေကြပုံပေါ်လေသည်။


ကားက မောင်းထွက်သွားပြီဖြစ်ကာ ကားမှန်ကလည်းပိတ်သွားပေသည်။


အန်းချင်ယုနဲ့ ဝမ်ရိရန်တို့က ကြမ်းပြင်ပေါ်မှာ အမြစ်တည်နေသကဲ့သို့ပင် ကြောင်အစွာ ရပ်နေကြတော့သည်။


ချီကျန်းကျန်းက。。。。တကယ်ဘဲသူတို့ကို မမှတ်မိတော့ပေ။


ဖြစ်နိုင်တာက သူမရင်ထဲမှာ သူတို့ကပုံရိပ်ကြီးကြီးချန်ထားခဲ့ပေမယ့်လည်း အခုတော့သူတို့က စိတ်ဒုက္ခရောက်နေကြတာ သူတို့နဲ့ထိုက်တန်တာကို ခံစားနေရပေသည်။ဒါကြောင့် သူတို့ဆီကို သူမရဲ့အမုန်းတရားတွေနဲ့ နာကျည်းမှုတွေကို ဆက်ထိန်းသိမ်းထားဖို့ မလိုအပ်တော့တာဖြစ်နိုင်ပေသည်။


အခုသူတို့က အရမ်းအရမ်းကိုစိတ်သောကရောက်စွာ နေနေရသော်လည်း ဝမ်ယွီရောချီကျန်းကျန်းကပါ သူတို့ကိုဂရုမစိုက်တော့ပေ။


ဝမ်ယွီက ဒီလိုဖြစ်စေတဲ့ အဓိကတရားခံဆိုရင်တောင်မှပေါ့。。。


ဒီလိုအလေးမထားဘဲနဲ့ လျစ်လျူရှုတာမျိုးက ဝမ်ယွီနဲ့ ချီကျန်းကျန်းတို့မုန်းနေကြတာထက်ပင် ပိုနာကျင်ရပေသည်။


အန်းချင်ယုက ဖြည်းဖြည်းချင်း ကြမ်းပြင်ပေါ်မှာဆောင့်ကြောင့်ထိုင်လိုက်ကာ သူမမျက်နှာကို ဖုံးထားလိုက်လေသည်။


ချီကျန်းကျန်းက အရင်ကနဲ့ တူတူဘဲဖြစ်နေတုန်းဖြစ်သည်။မဟုတ်ဘူး၊ သူမကအရင်ကထက်တောင်ပိုလှလာပေသည်။သူမက တစုံတယောက်ရဲ့ လက်ထဲမှာရှိနေတဲ့ လွတ်လပ်ပြီးတော့ ပျော်ရွှင်နေတဲ့ ပုလဲလုံးလေးလိုပင်ဖြစ်သည်။


သူမက ချီမိသားစုရဲ့ သမီးအကြီးဆုံးဖြစ်ခဲ့တုန်းကတောင် အခုလောက်ထိ သူမမပျော်ရွှင်ခဲ့ရပေ။


သူမက ပိုပိုပြီးတောင် ကောင်းကောင်းနေထိုင်နေရပေသည်။


အန်းချင်ယုရင်ထဲတွက် ဝိုးတိုးဝါးတား အဖြေတစ်ခုရှိသွားခဲ့လေပြီဖြစ်သည်။သူမက ဘာလို့ဝမ်ရိရန်နဲ့ လိုက်လာခဲ့မိတာလဲ


အမှန်တကယ်တော့ သူမက ချီကျန်းကျန်းကို တချက်ကြည့်ချင်လို့သာဖြစ်သည်။တကယ်လို့ သူမထင်ထားသလောက် ချီကျန်းကျန်းက ပျော်ပျော်ရွှင်ရွှင် မနေရဘူးဆိုရင် အကောင်းဆုံးဘဲဆိုပြီးတော့လို့ မျှော်လင့်ထားခဲ့မိလို့ဖြစ်သည်。。。


ဒါပေမယ့် လက်တွေ့မှာတော့ ချီကျန်းကျန်းက သူမထင်ထားတာထက်တောင် ပိုပြီးကောင်းကောင်းမွန်မွန် နေနေရပေသည်။


ဝမ်ရိရန်က ဘာမှမပြောလာပေ။သူက ကားထွက်သွားရာဘက်ကိုလှမ်းကြည့်နေပြီး အချိန်အတော်ကြာတဲ့အထိ ဘာမှပြောမလာတော့ပေ။


ခနကြာပြီးနောက် သူကကားထဲကိုဝင်လိုက်တော့သည်။အဲ့ဒါက အရမ်းအရမ်းကိုပုံမှန်ဆန်လွန်းတဲ့ တလက်ကိုင်ကားပင်ဖြစ်သည်။သူဝမ်အိမ်မှာရှိတုန်းကဆို သူတို့စားသောက်စရာတွေဝယ်ဖို့ လုပ်တဲ့ကား‌ကတောင် ဒီထက်အများကြီးပိုကောင်းပေသည်။


အတိတ်တုန်းကဆို သူ့အနေဖြင့် ဒီလိုကားထဲကိုဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။ဒါပေမယ့် အခုမှာတော့ ဒါကတောင် ရဖို့မလွယ်ကူတော့တဲ့ အရာတစ်ခုဖြစ်နေခဲ့ပြီဖြစ်သည်။


သူက အန်းချင်ယုကိုကြည့်လိုက်ကာ ခနလောက်စောင့်လိုက်လေသည်။သူမက မလှုပ်လာတဲ့အတွက် သူလည်းစိတ်အနှောင့်ယှက်ခံပြီး ပြောမနေတော့ပေ။သူက ကားစက်နှိုးလိုက်ကာ ထွက်သွားတော့သည်။


အန်းချင်ယုက အသံကိုကြားလိုက်ပြီးနောက် သူမပုခုံးများက တုန်ရင်သွားလေသည်။


xxxxxx