အပိုင်း ၁၈၅ (Extra-11)
Viewers 26k

Part 185 (extra -11)


လက်ထပ်ပွဲက အရမ်းကိုသက်ဝင်စည်ကားခဲ့ပေသည်။


အဲ့ဒါက ဗီလာကနေ ဝမ်ကျန်းအိမ်ရာအထိပင်ဖြစ်သည်။


ဒါပေမယ့် သတို့သမီးနဲ့ သတို့သားအတွက်ကတော့ ပျော်ရွှင်စရာကောင်းပေမယ့်လည်း ပင်ပန်းရပေသည်။


ပုံမှန်အတိုင်းဆို ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်‌

တွေနဲ့ အစီအစဉ်တချို့ရှိနေသေးပေသည်။ချီကျန်းကျန်းက အရမ်းပင်ပန်းနေတာကို ဝမ်ယွီမြင်လိုက်ရတဲ့အခါမှာတော့ သူက ကျန်းယဲ့နဲ့ အခြားသူတွေကို မောင်းထုတ်လိုက်တော့သည်။


ဘယ်လိုဘဲဖြစ်ဖြစ် အရေးကြီးတဲ့ ထုံးတမ်းစဉ်လာတွေက ပြီးသွားပြီလေ ။


မပြန်ရသေးတဲ့ ဧည့်သည်တွေအတွက်ကိုတော့ သဘာဝကျစွာဘဲ ကျန်းယဲ့၊ဝမ်စီစီနဲ့ ချီကျိုးချန်တို့က ‌တာဝန်ယူလိုက်ရတော့သည်။


ကြင်စဦးမောင်နှံအခန်းရဲ့ အပြင်အဆင်တွေက အတော်လေးကို ပျော်ရွှင်မြူးတူးဖွယ်ကောင်းနေပေသည်။


သူတို့နေနေကျဖြစ်တဲ့ ဒီအခန်းက ဒီနေ့မှာအထူးတလည်ကို ကွာခြားနေတော့သည် ။အခန်းထဲမှာ အနီရောင်စောင်တွေနဲ့ အိပ်ရာခင်းတွေအပြင် ကြင်စဦးမောင်နှံအတွက် မင်္ဂလာရှိသော အသုံးအဆောင်များကိုပါ ထည့်သွင်းထားလေသည်။


ချီကျန်းကျန်းက အိပ်ရာပေါ်မှာထိုင်လိုက်ကာ သမင်မျက်လုံးအသီးကို စားရန်လုပ်လိုက်လေသည် ။


ဝမ်ယွီက တံခါးပိတ်လိုက်ပြီးနောက် ဒါကိုမြင်လိုက်ရတဲ့အခါ မတတ်နိုင်ဘဲရယ်လိုက်တော့သည် ‘‘ဗိုက်ဆာနေပြီလား ’’


ချီကျန်းကျန်းက ခေါင်းညိတ်လိုက်လေသည်

‘‘အင်း နည်းနည်း ’’


ဝမ်ယွီက ဧည့်သည်တွေကို ဧည့်ခံဖို့အတွက်နဲ့ ကိုယ့်ကိုကိုယ် ဒုက္ခခံတဲ့ လူမျိုးမဟုတ်ပေ။အဲ့ဒါကြောင့် သူတို့ကနေ့လည်ထဲက စားပြီးသားဖြစ်ပေသည်။ဒါပေမယ့် အဲ့အချိန်မှာ ချီကျန်းကျန်းက မစားနိုင်‌တာကြောင့် သူကနည်းနည်းဘဲစားလိုက်လေသည်။အခုသူက ဗိုက်ပြန်ဆာလာတာဖြစ်သည်။


‘‘ဒါဆိုရင်လည်း ခနလောက်စောင့် ၊ကိုယ်မီးဖိုချောင်သွားပြီး စားဖို့ဘာရှိမလဲကြည့်လိုက်အုံးမယ် ’’

ဝမ်ယွီက ပြောနေရင်းနဲ့ အပြင်ထပ်ထွက်ဖို့ လုပ်လိုက်လေသည်။


ချီကျန်းကျန်းက စားပွဲကိုလက်ညိုးထိုးပြလိုက်လေသည်

‘‘ဟေးး ဒီမှာ စေးကပ်ကပ် ဆန်မုန့်လုံး တစ်ပန်းကန်ရှိနေတာဘဲ မဟုတ်ဘူးလား ။ခုနတုန်းက ယောင်းမဝမ် ယူလာခဲ့တာကျွန်မမြင်လိုက်တယ်၊ အဲ့ဒါကအခုထိ ‌အငွေ့ထွက်နေတုန်းဘဲ အဲ့ဒါဘဲစားရအောင်လေ ’’


ဝမ်ယွီက ကြောင်သွားပြီးနောက် သူ့နှုတ်ခမ်းထောင့်များ မြင့်တက်လာတော့သည်။သူက ရယ်ချင်လာပေမယ့် ပြန်ထိန်းလိုက်လေသည်။သူက လျှောက်လာကာ ဆန်မုန့်လုံးပန်းကန်ကို ယူလိုက်ပြီးနောက် ချီကျန်းကျန်းကို ကမ်းပေးလာတော့သည်။


ထို့နောက်က ဇွန်းကိုယူလိုက်ကာ ပြောလာလေသည်

‘‘‌ဒါဆိုရင်လည်း ကိုယ်မင်းကိုခွံ့ကျွေးမယ် ’’


ချီကျန်းကျန်းက ဘာမှသိပ်မတွေးနေတော့ပေ။

စေးကပ်ကပ်ဆန်မုန့်လုံးတွေက သိပ်မပူတော့တဲ့အတွက် သူမက တကိုက်ထဲနှင့်ပင် ဆန်မုန့်လုံးတခုလုံးကို စားပစ်လိုက်လေသည်။


အဲ့ဒီနောက် သူမအမူအရာက တဖြည်းဖြည်းထူးဆန်းလာတော့သည်။သူမက မျက်မှောင်ကြုတ်လိုက်ကာ ပါးစပ်ထဲကဆန်မုန့်လုံးကို ကိုင်လိုက်လေသည်။သူမအသံက အနည်းငယ် လုံးထွေးနေပေသည်

‘‘ဒါကမပြုတ်ထားဘူး ’’ မပြုတ်ထား。。。


သူမအသံက ရုတ်တရက်ပင် ရပ်သွားတော့သည်။သူမက ပြုံးနေသောဝမ်ယွီကို ကြည့်လိုက်ပြီးနောက် တောင့်တင်းသွားလေသည်။


အားးးးးးး


ချီကျန်းကျန်းက သူမကိုယ်သူမ အိပ်ရာနဲ့သာ ရိုက်ပစ်ချင်တော့သည်။


ဘယ်လိုလုပ်ပြီး သူမမေ့သွားရတာလဲ


ဒါက တရုတ်ရိုးရာပုံစံနဲ့ လက်ထပ်တဲ့ဇာတ်ကားတွေမှာဆို ထင်ရှားတဲ့ဇာတ်ကွက်ဘဲမဟုတ်ဘူးလား။


ဒီတကြိမ်လုပ်တဲ့ သူတို့လက်ထပ်ပွဲမှာ တရုတ်ရိုးရာဓလေ့တချို့ကိုပါ ပေါင်းစပ်ထားတာဖြစ်သည်။သူမက လက်ထပ်ပြီးတော့ တကယ်ကိုတုံးအသွားတော့သည်။ဒါကိုတောင် မေ့သွားရတယ်လို့。。。


ဝမ်ယွီရဲ့အပြုံးက အရမ်းကိုတောက်ပနေတော့သည်။သူက သူမကိုအလေးအနက်စိုက်ကြည့်လာပြီးနောက် မေးတောင်မေးလာသေးလေသည်။


‘‘မင်းမွေးပေးမှာလား မမွေးပေးဘူးလား ’’


ချီကျန်းကျန်းက သူ့ကိုစိုက်ကြည့်လိုက်ကာ ဘာမှ‌မပြောလာပေ။သူမက ဆန်မုန့်လုံးကိုထွေးထုတ်လိုက်တော့သည်။


ဝမ်ယွီက အဖြေကိုဂရုမစိုက်နေတော့ပေ။သူက ဆန်မုန့်လုံးကို ယူလိုက်ကာ တံခါးဆီသို့ တောက်ပနေသော အပြုံးတစ်ခုဖြင့် လျှောက်သွားလိုက်တော့သည်။


。。。。


‘‘မွေးပေးမယ်’’


ဒါပေါ့ သူမက ဝမ်ယွီနဲ့ သူမရဲ့ကလေးလေးကို မွေးပေးချင်ပေသည်။


ကလေးတယောက်ရှိလာလိမ့်မယ်လို့ တွေးလိုက်မိတာနဲ့တင် သူမနဲ့ ဝမ်ယွီရဲ့ကလေးက ဒီကမ္ဘာပေါ်မှာ ရှိလာမှာဖြစ်သည်။အဲ့ဒါက ဝမ်ယွီနဲ့သူမကို လုံးဝကိုပေါင်းစပ်ပေးနိုင်တဲ့ ဖြစ်တည်မှုတခုဖြစ်လာမှာပင်ဖြစ်သည်။အဲ့ဒါက ဝမ်ယွီနဲ့ သူမနဲ့တူတဲ့ ကလေးသေးသေးလေး ဖြစ်လာလိမ့်ပေမည်။


သူမနှလုံးသားက နွေးထွေးသွားတော့သည်။


ဝမ်ယွီက သူမအဖြေကိုမကြားလိုက်ပေ။သူမကလည်း သူ့ကိုမကြားစေချင်ပေ။သူကျေနပ်ရောင့်ရဲသွားမှာကို စိုးရိမ်ပေသည် ။ 。。。


မကြာခင်မှာဘဲ ဝမ်ယွီက ဟင်းပွဲတွေကိုယူလာကာ စားပွဲပေါ်ကိုတင်လိုက်ပြီး ချီကျန်းကျန်းနှင့်အတူ စားလာတော့သည်။


သူတို့နှစ်ယောက်က သိသိသာသာကိုဗိုက်ဆာနေကြပေသည်။စားပွဲအပြည့်ရှိ‌တဲ့ ဟင်းပွဲတွေက အလျင်အမြန်ပင် ကုန်သွားတော့သည် ။


သူတို့စားလို့ပြီးသွားတဲ့အခါ ချီကျန်းကျန်းက သူမရဲ့ တူကိုချချလိုက်ချင်းမှာဘဲ ဝမ်ယွီက သူ့တူကိုချလိုက်ကာ သူမကိုစိတ်အားထက်သန်စွာ ကြည့်လာလေသည် ။


ချီကျန်းကျန်းက သူ့ကို ပဟေဌိဖြစ်နေသော အမူအရာဖြင့် ပြန်ကြည့်လိုက်လေသည်

‘‘ဘာဖြစ်လို့လဲ ’’


‘‘ချီကျန်းကျန်း ကိုယ်တို့လက်ထပ်ပွဲကို အထမြောက်အောင်လုပ်ဖို့ စဉ်းစားသင့်ပြီမဟုတ်ဘူးလား’’


‘‘。。。’’


သူကချက်ချင်းဘဲ ထရပ်လိုက်ပြီဖြစ်ကာ ချီကျန်းကျန်းကို သူ့လက်မောင်းထဲမှာ သယ်လိုက်လေသည်။


ချီကျန်းကျန်းက အံ့အားတကြီးပြောလာတော့သည်

‘‘ဟေးး ကျွန်မအခုထိရေမချိုးရသေးဘူးလေ၊ မိတ်ကပ်လည်းမဖျက်ရသေးဘူး ’’


‘‘ကိုယ်တို့ထပ်စောင့်နေလို့ မဖြစ်တော့ဘူး ၊ဒီညရဲ့ တစ်မိနစ်တိုင်းက ရွှေစင်တစ်ထောင်လောက်တန်ဖိုးရှိတယ်’’

ဝမ်ယွီက သူမကိုအိပ်ရာပေါ်တင်လိုက်ကာ ငုံ့ကြည့်လာလေသည်။သူ့မျက်လုံးတွေက အပြုံးတွေနဲ့ ပြည့်နေတော့သည်။

‘‘အခုကိုယ်က အရမ်းဆင်းရဲနေပြီ၊ ရွှေစင်တစ်ထောင်လောက်တောင် ဖြုန်းတီးလိုက်လို့မဖြစ်ဘူး ’’


ချီကျန်းကျန်း :‘‘。。。’’


သူမက ဝမ်ယွီရဲ့မျက်လုံးတွေကို ကြည့်လိုက်ကာ တံတွေးမြိုချလိုက်လေသည်။


‘‘ကျွန်မက ရှင့်မိသားစုပိုင်ဆိုင်မှုတွေကို မယူပါဘူး 。。。ရှင်က အရမ်းချမ်းသာနေတုန်းပါဘဲ ရွှေစင်တစ်ထောင်လောက်ကိုများ ရှင်မလိုနေပါဘူး。。。’’


သူမက ရှင်းမပြနိုင်လောက်အောင် သိမ့်သိမ့်တုန်သွားတော့သည်။ဒီညကတော့ လွယ်လွယ်နဲ့ပြီးမှာ မဟုတ်ဘူးလို့ သူမခံစားနေမိတယ်


‘‘ဆင်းရဲတယ်၊အရမ်းဆင်းရဲတာ ’’

ဝမ်ယွီက အရှေ့ကိုကိုင်းလာတော့သည်။သူရဲ့အသက်ရှူသံက သူမမျက်နှာကိုရိုက်မိနေကာ 

မပြတ်မသားသော လေသံဖြင့်ပြောလာတော့သည်

‘‘ပြီးတော့ ကိုယ်တို့က မိသားစုတွေလေ မင်းဟာ၊ကိုယ့်ဟာဆိုပြီးမရှိဘူး ’’


ကိုယ်ပိုင်တာက မင်းဟာဘဲ၊မင်းပိုင်တာကလည်း ကိုယ့်ဟာဘဲ ။


ချီကျန်းကျန်း :‘‘‌ဒါပေမယ့်လည်း。。。အမ်းးး’’


သူမက တခုခုပြောချင်နေပေမယ့် ဝမ်ယွီက သူမပါးစပ်ကိုဖုံးဖိလိုက်လေသည်။


အပြင်ဘက်တွင်တော့ မီးရှူးမီးပန်းအသံတွေက နေရာတိုင်းမှာရှိနေပေသည်။အခန်းထဲမှာတော့ နွေဦးရဲ့မြင်ကွင်းလေးလိုပင်ဖြစ်သည်။


ဝမ်ယွီက အဲ့ဒီရွှေများကို သူဘယ်လောက်မြတ်နိုးတန်ဖိုးထားကြောင်း လက်တွေ့လုပ်ဆောင်ချက်များနှင့် ချီကျန်းကျန်းကိုပြောပြနေပေသည်။သူက အချိန်တခနလေးကိုတောင်မှ ဖြုန်းတီးပစ်ဖို့ မရဲပေ။


အပြင်ဘက်တွင်တော့ ကျန်းယဲ့၊အတွင်းရေးမှူးနင်နဲ့ အထူးသဖြင့် လက်ထောက်ကောင်းတို့က နောက်ဆုံးတွင် မီးရှူးမီးပန်းများပြီးတာကို စောင့်နေရင်းဖြင့် ပစ်လဲကျလုနီးပါးပင်ဖြစ်နေတော့သည်။


မီးရှူးမီးပန်းကို အတူကြည့်ဖို့ပြောထားကြတဲ့ လူနှစ်ယောက်ကတော့ ကြင်စဦးအိပ်ရာပေါ်မှာ ပျော်မွေ့နေကြပြီဖြစ်သည်။ဧည့်သည်တွေကို ပြန်ပို့ပြီး၊ မီးပန်းတွေကို ပြင်ဆင်ပေးပြီးတဲ့နောက်မှာတော့ သူတို့ကလဲကျလုနီးပါးပင်ဖြစ်လာတော့သည်။


အမှန်တော့ ကျန်းယဲ့က ကြမ်းပြင်ပေါ်မှာလှဲချလိုက်ပြီတောင်ဖြစ်သည်။


အထူးလက်ထောက်ကောင်းက  စိတ်အေးသွားသလို သက်ပြင်းရှိုက်ထုတ်လိုက်တော့သည်။

‘‘နောက်ဆုံးတော့ ငါတို့တွေအကုန်ပြီးသွားပြီ’’


ကျန်းယဲ့ကလည်း ပြောလာလေသည်

‘‘အားးးးငါခနလောက်အားလပ်ရက်ယူလိုက်အုံးမှဘဲ၊ ဘော့စ်က ငါ့လက်ထဲမှာဆိုပေမယ့် ငါကအရမ်းပင်ပန်းလွန်းလို့ ငါ့ကိုယ်ငါခွေးသေတစ်ကောင်လို့တောင်တွေးမိလာပြီ ’’


ခနကြာပြီးနောက် သူကထပ်ပေါင်းထည့်လိုက်လေသည်

‘‘သေတော့မယ့် singleခွေးလေးလေ ’’


အထူးလက်ထောက်ကောင်းကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။


xxxxx