Part 186 (extra -12)
အတွင်းရေးမှူးနင်ကတော့ အရမ်းကို ကျိုးကြောင်းဆက်စပ်နေနိုင်တုန်းဖြစ်သည်။အခုလိုအချိန်မှာ သူမက တည်ငြိမ်စွာပြောလာလေသည်
‘‘ဘော့စ်က သူ့ဟန်းနီးမွန်းခရီးပြီးမှ အလုပ်ကိုပြန်လာမှာ၊ ငါတို့တွေဒီရက်ပိုင်းအတောအတွင်းမှာတော့ အားလပ်ရက်ယူလို့ရမှာမဟုတ်ဘူး ’’
ကျန်းယဲ့ :‘‘。。。အဟွတ် ’’ သူကပါးစပ်အပြည့်နဲ့ သွေးအန်လုနီးပါးဖြစ်သွားတော့သည်။
အထူးလက်ထောက်ကောင်းကလည်း ညည်းညူလိုက်ကာ ကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်တော့သည် ။
လွတ်လပ်ပြီး ပျော်ရွှင်နေကြတဲ့ ဘော့စ်တိုင်းဘော့စ်တိုင်းရဲ့နောက်မှာ မောပန်းလို့သေတော့မယ် လက်အောက်ငယ်သားတအုပ်စုစီရှိကြပေသည်။
ဝမ်ယွီနဲ့ ချီကျန်းကျန်းက တကယ်ဘဲ ဟန်းနီးမွန်းခရီး သွားကြမှာဖြစ်သည်။
သွားမှာထက်တောင်ပိုတယ်၊သူတို့က ဘယ်သွားမလဲဆိုတာကိုပါ ရွေးထားပြီးသားဖြစ်ပေသည် ။အဲ့ဒါက လှပတဲ့ကျွန်းလေးတစ်ခုကိုဖြစ်သည်။
ချီကျန်းကျန်းက အမြဲတမ်းပင်လယ်ကို သဘောကျနေခဲ့တာဖြစ်သည်။သေချာပေါက်ကို ဝမ်ယွီက သူမကိုလည်ပတ်ဖို့ ခနလောက်ခေါ်သွားပေးရမှာပေါ့
ကုမ္ပဏီကိစ္စတွေက လက်ထပ်ပွဲမတိုင်မီကတည်းက ဖြေရှင်းထားပြီးသားဖြစ်သည်။အဲ့ဒါကြောင့် လက်ထပ်ပြီးတဲ့ဒုတိယမြောက်နေ့တွင် ဝမ်ယွီက အိပ်ပျော်နေဆဲဖြစ်သော ချီကျန်းကျန်းကို လေယာဉ်ပေါ်သို့ချီသွားလိုက်လေသည်။ဘာလို့ဆို သူမက တညလုံးအလုပ်ကြိုးစားနေခဲ့ရလို့ဖြစ်သည်။
သူမက တချိန်လုံး အိပ်တဝက်နိုးတဝက်ဖြစ်နေလေသည်။
ဝမ်ယွီက သူ့ခေါင်းကိုငုံ့ကာ သူမကိုနမ်းလိုက်လေသည်။သူမကမနှိုးဘဲနဲ့ သူကပျော်ပျော်ရွှင်ရွှင်ဘဲ ပင်လယ်ဘေးနားက အပန်းဖြေနေရာကို သွားလိုက်တော့သည်။
အဲ့ဒါကြောင့် ချီကျန်းကျန်းအိပ်ရာပေါ်ကနိုးလာပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ အဲ့ဒါကရင်းနှီးနေတဲ့ ကြင်စဦးမောင်နှံရဲ့အိပ်ခန်းဟုတ်မနေဘဲ。。。
ပင်လယ်ကလည်း မျက်စိဖြင့်မြင်နိုင်သမျှအဝေးဆုံးထိကို တည်ရှိနေပေသည်။
အခန်းထဲမှာက မျက်နှာကျက်ကနေကြမ်းပြင်အထိရှည်သော ပြတင်းပေါက်များရှိကာ အဲ့ဒီကနေလှမ်းကြည့်လိုက်လျှင် အဆုံးမရှိသောပင်လယ်ကို မြင်နေရပေသည်။
ချီကျန်းကျန်းက မျက်တောင်ခတ်လိုက်ကာ သူမခေါင်းကိုကုတ်လိုက်လေသည်။
ခနကြာပြီးနောက် သူမကအိပ်ရာပေါ်မှခုန်ထွက်လိုက်တော့သည်。。。
‘‘အားးအားး ကျွန်မတို့ကမ်းခြေကိုရောက်နေတာလား ’’
ဝမ်ယွီက ဝရံတာမှာထိုင်နေတာဖြစ်သည်။သူမအသံကိုကြားပြီးနောက် သူကချက်ချင်းပင် အပြုံးတစ်ခုနှင့်လမ်းလျှောက်လာတော့သည်
‘‘မင်းနိုးလာပြီလား တခုခုစားရအောင် ’’
သူပြောပြီးတာနဲ့ တယောက်ယောက်ကို စားစရာလာပို့ပေးဖို့အတွက် ဘဲလ်တီးဖို့လုပ်လိုက်လေသည်။
ချီကျန်းကျန်းက ချက်ချင်းဘဲအပြင်ဘက်ကိုပြေးထွက်လာကာ ဝရံတာဘောင်ပေါ်မှီလိုက်လေသည်။သူမမျက်လုံးက အိပ်မက်မက်နေသလားလို့ထင်နေရအောင် ပြူးကျယ်နေတော့သည်။သူမက ဆက်တိုက်ကိုအံ့အားတကြီးပြောနေတော့သည်
‘‘ကျွန်မတို့က တကယ်ဘဲ ဒီလောက်မြန်မြန်ရောက်လာတာဘဲ၊ ရှင်ကဘာလို့ကျွန်မကိုမနှိုးလိုက်ရတာလဲ၊ ဒီကိုအိပ်ပျော်နေတုန်းရောက်လာရတယ်လို့ ’’
ဝမ်ယွီက သူမကြမ်းပြင်ပေါ်မှာခြေဗလာရဲ့ ရပ်နေတာကိုတွေ့လိုက်ရတဲ့အခါ သူ့မျက်နှာက သဘောမတူညီမှုတွေနဲ့ ပြည့်သွားတော့သည်။သူကရောက်လာကာ သူမကိုသယ်လိုက်လေသည်။
‘‘ဖိနပ်စီးလေ၊ပင်လယ်လေက အရမ်းကိုစိုစွတ်နေတာကို အရင်ဆုံးတခုခုစားလိုက်အုံး။ကိုယ်တို့တွေဒီမှာ ခနလောက်နေကြမှာ၊မင်းကစားဖို့ အချိန်တွေအများကြီးရှိပါသေးတယ် အလျင်မလိုနဲ့လေ ’’
သူမကချီခံလိုက်ရတာတောင်မှ နောက်ပြန်လှည့်ဖို့ကို မထိန်းလိုက်နိုင်ပေ။
နက်ရှိုင်းတဲ့ပင်လယ်ကြီးက သူမလိုပင်လယ်ကို တခါမှမမြင်ဖူးတဲ့လူအတွက်တော့ အရမ်းကိုသွေးဆောင်မှုတွေနဲ့ ပြည့်နှက်နေတော့သည် ။
အဲ့ဒါကြောင့် ချီကျန်းကျန်းက ဝရံတာမှာဘဲမနက်စာကိုစားလိုက်လေသည်။
သူတို့နေတဲ့နေရာက ဝရံတာနှစ်ခုရှိကာ အရမ်းကိုကြီးမားပြီးတော့ လက်ရာမြောက်လှပေသည် ။
ချီကျန်းကျန်းက ထိုင်ခုံလေးတွေပါနေတဲ့ ဝရံတာကိုအရမ်းသဘောကျနေပေသည်။သူမမျက်နှာက စိတ်လှုပ်ရှားမှုတွေနဲ့သာ ပြည့်နှက်နေတော့သည်။
တချိန်လုံးမှာတော့ ဝမ်ယွီက သူမကိုမြတ်နိုးစွာဘဲကြည့်နေလေသည်။
မနက်စာစားပြီးတဲ့အချိန်အထိ ချီကျန်းကျန်းရဲ့စိတ်ဝိဉာဉ်တွေက တက်ကြွနေတုန်းပင်ဖြစ်သည်။သူမက ဝမ်ယွီရဲ့လည်ပင်းကို လက်နှစ်ဖက်လုံးနဲ့ သိုင်းဖက်လိုက်ကာ သူ့အပေါ်ကိုမှီလိုက်လေသည်။သူမက ကလူမြူဆွယ်နေသောအသံဖြင့်ပြောလာလေသည်
‘‘ယွီယွီ ကျွန်မစားလို့ပြီးသွားပြီ၊ ကမ်းခြေမှာခနလောက်ဆော့ဖို့ သွားရအောင်လေ’’
‘‘ကောင်းပြီလေ၊ ကိုယ်မင်းပြောတာနားထောင်မယ် ’’
ဝမ်ယွီက သဘာဝကျစွာဘဲ သူမကိုသဘောတူလိုက်လေသည်။
သူမက လှပတဲ့ဂါဝန်ရှည်ကြီးနဲ့ ဦးထုပ်ကိုဝတ်လိုက်ကာ ဝမ်ယွီလက်ကိုတွဲပြီး ကမ်းခြေဆီသို့ထွက်လာတော့သည် ။
သူတို့ကမ်းခြေကိုသွားမယ်ဆိုမှတော့ သဘာဝကျကျဘဲ ဝမ်ယွီက လူများသောကမ်းခြေမျိုးကိုရွေးချယ်လို့မရသလို့ လူသိပ်မရှိသောကမ်းခြေမျိုးကိုလည်း ရွေးချယ်လို့မရပေ။သူတို့ရောက်နေတဲ့နေရာက လူအရမ်းမထူထပ်ပေမယ့်လည်း ကမ်းခြေပေါ်မှာအပန်းဖြေနေသော လူတချို့တော့ရှိကြပေသည် ။
ရေလွှာလှိုင်းစီးသူတွေ၊ လှေစီးသူတွေနဲ့ အခြားအရာအားလုံးရှိနေကြပေသည် ။
ကမ်းခြေကလုပ်ပေးထားတဲ့ ကျောမှီထိုင်ခုံတွေလည်းရှိပေသည်။သိသာစွာပင် အဲ့ဒါက လူတွေထိုင်ပြီး အနားယူဖို့အတွက် အရမ်းကိုအဆင်ပြေစေလေသည်။
သူမရဲ့အတိတ်ဘဝမှာတုန်းက ချီကျန်းကျန်းကလုံးဝကို ကုန်းပိုင်းကျသောနေရာတွင် နေထိုင်ခဲ့ရပေသည်။သူမပင်လယ်ကိုဘယ်လောက်ဘဲကြိုက်နေပါစေ သူမနေတဲ့နေရာဖြစ်ဖြစ်၊သွားတဲ့ တက္ကသိုလ်ဘဲဖြစ်ဖြစ် ကုန်းတွင်းပိုင်းဖြစ်နေတာကြောင့် ပင်လယ်မရှိပေ။
ဘွဲ့ယူဖို့အချိန်မတိုင်မီတုန်းက သူမက ဆောင်းရာသီနဲ့ နွေရာသီအားလပ်ရက်တွေအတွက်အလုပ်ရှုပ်နေခဲ့တာဖြစ်သည်။ဘွဲ့ရပြီးနောက်မှာတော့ သူမကအလုပ်တခုကိုလက်မှတ်ထိုးလိုက်ကာ အလုပ်လုပ်ဖို့သွားရတော့သည်။ကမ်းခြေကိုသွားဖို့အတွက် သူမမှာ ဘယ်တော့မှအချိန်မရခဲ့ပေ။အဲ့ဒီနောက်မှာတော့ သူမဒီကိုရောက်လာခဲ့တာဖြစ်သည်။
ပင်လယ်ကိုပထမဆုံးမြင်ဖူးတဲ့အတွက် ချီကျန်းကျန်းက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြေးလွှားနေတော့သည် ။
ဝမ်ယွီကသူမနောက်မှာရှိနေကာ မျက်နှာတွင်အပြုံးများအပြည့်နဲ့ ကြည့်နေတော့သည်။
ချီကျန်းကျန်းက နောက်ကိုလှည့်လာလေသည်
‘‘ယွီယွီ မြန်မြန်လာလေ ’’
သူမအသံက ပေါ့ပါးနေကာ ရွှင်လန်းတက်ကြွနေပေသည်။
‘‘လာပြီ ’’ ဝမ်ယွီက သူ့ခြေလှမ်းတွေကိုမြန်လိုက်တော့သည်။
သူတို့ဟန်းနီးမွန်းရဲ့ ပထမဆုံးနေ့တွင် ချီကျန်းကျန်းက ကမ်းခြေပေါ််မှာ ပျော်ပျော်ရွှင်ရွှင်ကစားခဲ့လေသည် ။
လှိုင်းစီးဖို့အတွက်ကတော့ ရေတောင်မကူးတတ်တဲ့သူမလိုလူအတွက်တော့ မကြိုးစားရဲပေ။
ဒါပေမယ့် သူမကတကယ်ကိုကစားချင်နေပေသည်။ဒါကြောင့်ဝမ်ယွီက ဒီနေ့အတွက်နားလိုက်ကာ မနက်ဖြန်ကစပြီး ရေကူးဖို့သင်ပေးလာမယ်လို့ ပြောလာလေသည် ။
ချီကျန်းကျန်းက အားအင်အပြည့်ရှိနေတာကြောင့် သေချာပေါက်ကို သူမကမနားဘဲ ကမ်းခြေပေါ်မှာ လျှောက်ကစားနေတော့သည်။
ဒီကမ်းခြေက အရမ်းကိုသန့်ရှင်းတာကြောင့် သဘာဝကျစွာပင် ချီကျန်းကျန်းက ကောင်းမွန်တဲ့အချိန်တခုကိုရခဲ့လေသည်။
‘‘ယွီယွီ ကျွန်မ အုန်းရည်သောက်ချင်တယ် ’’
ချီကျန်းကျန်းက အပြေးလာပြီး သူထိုင်နေတဲ့ဘေးက ကျောမှီခုံမှာထိုင်လိုက်ကာ စိတ်အားထက်သန်စွာပြောလာတော့သည် ။
ဝမ်ယွီကပြုံးလိုက်ကာ သူမခေါင်းကိုညင်သာစွာပုတ်ပေးလိုက်လေသည်။သူက သူမကိုချီလိုက်ကာ ထိုင်ခုံပေါ်တင်ပေးလိုက်ကာ အုန်းသီးရောင်းသောနေရာဆီသို့ လျှောက်သွားတော့သည်။
သူပြန်ရောက်တဲ့အချိန်မှာ ဆံပင်ရွှေရောင်နဲ့ မျက်လုံးပြာတွေရှိတဲ့ ကောင်လေးတစ်ယောက်က ချီကျန်းကျန်းရှေ့မှာ ရပ်နေတာကိုတွေ့လိုက်ရပေသည်။
အဲ့ဒီကောင်လေးက အရမ်းငယ်သေးပုံပေါ်လေသည်။သူက အခုမှလူပျိုဖြစ်စကာ ဖြစ်လောက်သည်။သူက အနည်းငယ်မရင့်ကျက်သေးပေမယ့် အရမ်းကိုနူးညံ့သိမ်မွေ့နေကာ ကြည့်ကောင်းပေသည်။
သူက ချက်ချင်းဘဲ မျက်မှောင်ကြုတ်သွားတော့သည်။
သူအနားရောက်လာတဲ့အခါ ဝမ်ယွီက အဲ့ကောင်လေး အင်္ဂလိပ်လိုပြောနေတာကို ကြားလိုက်ရပေသည်
‘‘အလှလေး မင်းတကယ်ဘဲ ကိုယ့်ကိုနာမည်ပြောပြလို့မရဘူးလား၊ ကိုယ်မင်းကိုအရမ်းသဘောကျတယ်။အလှအပမှာ ဘာစည်းမျဉ်းများကန့်သတ်မထားဘူး၊ အခုလေးတင် ကိုယ်မင်းကိုမြင်လိုက်ရတဲ့အချိန်မှာဘဲ ကိုယ့်ကိုအချစ်နတ်ဘုရားက မြှားနဲ့ပစ်သွားလိုက်ပြီလို့ ကိုယ်ထင်လိုက်တာ。。。 ’’
ချီကျန်းကျန်းက ဘာမှမပြောလာပေ ။
ရွှေရောင်ဆံပင်နဲ့ ကောင်လေးရဲ့နောက်က ဝမ်ယွီကပြောလာတော့သည်။
‘‘ကိုယ်တောင်းပန်ပါတယ်၊ ဒါပေမယ့် မဖြစ်နိုင်ဘူး’’
သူကအလျင်အမြန်ဘဲ လမ်းလျှောက်လာကာ သူ့မျက်ခုံးတွေက တင်းကြပ်စွာမျက်မှောင်ကြုတ်နေပေသည်။သူက ချီကျန်းကျန်းဘေးမှာရပ်လိုက်ကာ ရွှေရောင်ဆံပင်နဲ့ မျက်လုံးပြာတွေရှိတဲ့ ကောင်လေးကို ငုံ့ကြည့်လိုက်လေသည်။
xxxxx