Part 187 (extra -13)
ဝမ်ယွီရဲ့ အရပ်က အာရှသားတွေကြားထဲမှာ ထင်ရှားပေသည်။သူ့ရှေ့မှာရှိနေတဲ့ ဥရောပသားလေးကတောင် မော့ကြည့်လိုက်ရပေသည်။
သို့သော်လည်း ဒီကောင်လေးကသိသာစွာပင် သူရှူံးနိမ့်သွားတာကို ဝန်ခံဖို့ဆန္ဒမရှိပေ။သူ့မျက်လုံးတွေက ချီကျန်းကျန်းဆီမှရွေ့သွားကာ ဝမ်ယွီကိုကြည့်လိုက်လေသည်။သူက အနည်းငယ်မခံမရပ်နိုင်ဖြစ်သလိုခံစားလိုက်ရတော့သည်。。。
‘‘အိုးးကောင်မလေးရယ် မင်းတကယ်ဘဲကိုယ့်ကိုမစဉ်းစားပေးတော့ဘူးလား ၊ကိုယ်ကတော့ မင်းဘေးနားမှာရှိနေတဲ့လူက မင်းနဲ့တကယ်ကိုမထိုက်တန်ဘူးလို့ ကိုယ်ခံစားနေမိတယ် ။မင်းကအရမ်းငယ်သေးပုံပေါက်နေပေမယ့် သူကတော့အရမ်းအိုနေပြီလေ ’’
ဖြစ်နိုင်တာကတော့ ဒီဥရောပသားလေးအတွက် အာရှရဲ့အမျိုးသားတွေနဲ့ အမျိုးသမီးတွေအပေါ်မှာ ကွဲပြားတဲ့အလှအပဆိုင်ရာစံနှုန်းတွေရှိပုံရပေသည်။
ဝမ်ယွီရဲ့မျက်ခုံးတွေကထက်ရှနေကာ သူ့မျက်နှာအသွင်အပြင်ကလည်း နက်ရှိုင်းနေပေသည်။သူက နတ်ဘုရားတပါးလိုပင်ဖြစ်ကာ သေချာပေါက်ကို အိုနေတယ်လို့မထင်ရပေ။သို့သော်လည်း ဒီဥရောပသားလေးရဲ့ရှေ့မှာတော့သူက。。。အိုနေပေသည်။
ဒါပေါ့ အဲ့ဒါကဒီကောင်လေးက ချီကျန်းကျန်းကိုကြိုက်နေလို့ အလိုလိုနေရင်းပင် ဝမ်ယွီကိုမကောင်းတဲ့အမြင်ဖြင့် စစ်ကြည့်လိုက်တာဖြစ်နိုင်ပေသည်။
ပြီးတော့ သူကအဲ့ဒါကိုလုံလောက်သွားပြီလို့ မထင်သေးပေ။သူကဆက်ပြောလာလေသည်။
‘‘ကိုယ့်ရဲ့နတ်ဘုရားမလေးရယ်၊ ကိုယ်ကဒီနှစ်မှ18ပြည့်တာလေ ကိုယ့်ခန္ဓာကိုယ်ကသန်မာနေတုန်းဘဲရှိသေးတာ။ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်က သေချာပေါက်ကို ဒီလူအိုကြီးထက် ပိုသာလာမှာ၊
ကျေးဇူးပြုပြီး ကိုယ့်ကိုစဉ်းစားပေးလေ ဟုတ်ပြီလား ’’
သူက မျက်စိတောင်မှိတ်ပြလိုက်ကာ ဆွဲဆောင်မှုဓာတ်တွေထုတ်လွှတ်လာတော့သည်။
ဝမ်ယွီက အံကြိတ်လာတော့သည်။
အရမ်းကောင်းတယ်။
သူက ဒီလိုကောင်သေးသေးလေးကြောင့် အောင်အောင်မြင်မြင်ကို ဒေါသထွက်သွားရပြီဖြစ်သည်။
ဝမ်ယွီက ဘာအဓိပ္ပါယ်မရှိတာကိုမှ ပြောမလာတာဘဲ သူကဒီတိုင်းသာရိုက်ပစ်ချင်လာတာကိုသာ တွေ့လိုက်ရတာကြောင့်。。
ချီကျန်းကျန်းက သူ့ကိုဆွဲလိုက်ကာ ရှေ့သို့တိုးလိုက်လေသည်။အဲ့ဒီနောက် သူမလက်ပေါ်က လက်စွပ်ကို ခါရမ်းပြလိုက်တော့သည်။
‘‘ကောင်လေးရေ၊ ငါကမင်းထက်အများကြီးအသက်ကြီးတယ်နော်။ပြီးတော့ ဒီလူကငါ့ယောက်ျားပါ ၊ငါတို့ကအခုမှလက်ထပ်ပြီးကာစ ကြင်စဦးမောင်နှံတွေ ဒီကိုဟန်းနီးမွန်းခရီးအတွက်ရောက်လာကြတာပါ ’’
ကောင်လေးက ရှော့ရသွားတော့သည်။
သူက ချီကျန်းကျန်းလက်ပေါ်က လက်စွပ်ကိုကြောင်အစွာကြည့်လိုက်လေသည်။သူတကယ်မထင်ထားမိတာက。。ဒီလိုငယ်ရွယ်တဲ့ကောင်မလေး၊သူမြင်မြင်ချင်းချစ်မိသွားရတဲ့ နတ်ဘုရားမလေးက လက်ထပ်ပြီးသွားပြီတဲ့။
‘‘Oh god ’’ ကောင်လေးက သတိမမူမိဘဲ ဝိုးတဝါးရေရွတ်လိုက်တော့သည်။
ဝမ်ယွီက သူ့ကိုအေးစက်စွာကြည့်လိုက်လေသည်
‘‘ဒါကြောင့်မို့လို့ ကျေးဇူးပြုပြီး လိမ္မာပါးနပ်စွာနဲ့ ထွက်သွားလိုက်ပါတော့၊ ကောင်ငယ်လေး မင်းကအခုမှအပြည့်အစုံတောင်အရွယ်ရောက်လာသေးတာမဟုတ်ဘူး လူတွေကိုမင်းကိုရိုက်ချင်လာအောင်မလုပ်စမ်းနဲ့ ’’
ကောင်လေးက သိသာစွာပင် ထိတ်လန့်သွားတော့သည်။သူက ဝမ်ယွီရဲ့ထေ့ငေါ့ပြောဆိုမှုတွေကို ဂရုမစိုက်နိုင်ပေ။သူက သူ့ရဲ့မြီးကောင်ပေါက်အချစ်ကကျရှူံးသွားတာကိုပင် ကြေကွဲဝမ်းနည်းနေကာ ချီကျန်းကျန်းကိုဘဲ မယုံကြည်နိုင်မှုတွေနဲ့ကြည့်နေတော့သည်။
အဲ့ဒီနောက်သူက ခေါင်းခါလိုက်ကာ ဘာစကားမှမပြောလာတော့ဘဲ တွေဝေစွာထွက်သွားတော့သည်။
ဝမ်ယွီက ဒေါသတကြီးဖြစ်နေလေသည် ။
သူကအံကြိတ်နေပေသည်။ချီကျန်းကျန်းက ဘာမှပြောမလာဘဲ သူ့နောက်ကနေ သူမပါးစပ်ကိုဖုံးကာ ကြိတ်ရယ်လိုက်တော့သည် ။
ဝမ်ယွီက လှည့်လာကာ သူမကိုကြည့်လာလေသည်။သူကဘာမှမပြောလာပေမယ့် သူ့မျက်နှာကတော့ ပြောနေပုံပေါ်ပေသည်။
‘‘ကိုယ်မပျော်နေဘူး ’’
ချီကျန်းကျန်း :‘‘အိုက်ယားး စိတ်ဆိုးမနေပါနဲ့တော့၊ ယွီယွီ ရှင့်ကိုရှင်ဂရုစိုက်ရမယ်လေ။အမြဲတမ်း တောင့်တင်းနေတဲ့မျက်နှာမျိုးခြပ်မထားနဲ့လေ၊ မဟုတ်လို့ကတော့ အနာဂတ်မှာ ကျွန်မက ကောင်လေးငယ်ငယ်လေးနဲ့ လိုက်ပြေးသွားတော့မှာ’’
ဝမ်ယွီက အံကြိတ်လာတော့သည် ။
အဲ့ဒီနောက်သူက ချီကျန်းကျန်းကို သူ့လက်မောင်းထဲဆွဲယူလိုက်ကာ အံကြိတ်ရင်းပြောလာလေသည်
‘‘အိုးးအဲ့ဒီလိုလား ၊ဒါဆိုရင် ကိုယ့်ခန္ဓာကိုယ်က မင်းလေးကိုကျေနပ်အောင်လုပ်ပေးဖို့အတွက် မလုံလောက်သေးဘူးလို့ တွေးနေတာလား ’’
ချီကျန်းကျန်း :‘‘。。。ဟမ် ’’
ဝမ်ယွီ:‘‘ဒါဆိုရင်လည်း ကိုယ်တော့ ဒီညမှာ အလုပ်ကြိုးစားရတော့မှာဘဲ၊ သေချာပေါက်မင်းလေးကို စိတ်ကျေနပ်စေရမယ် ’’
ချီကျန်းကျန်းက ထိတ်လန့်သွားတော့သည်
‘‘မဟုတ်ဘူး၊မဟုတ်ဘူး ကျွန်မကအရမ်းကိုစိတ်ကျေနပ်နေပါပြီနော်၊ထပ်ပြီးတော့ သားရဲမဆန်နဲ့တော့ ’’
မနေ့ညက သူကသားရဲကြီးလိုပင်ဖြစ်သည်။ဒီနေ့မှာဆို သူမက လေယာဉ်စီးလာပြီး နေရာပြောင်းသွားမှန်းတောင်မသိလိုက်ဘူး၊အဲ့ဒါက အရမ်းကိုကြောက်ဖို့ကောင်းနေပြီ။
အလုပ်ပိုကြိုးစားမယ်တဲ့လား
ဒါဆိုရင် မနက်ဖြန်ကျ သူမက အိပ်ရာထဲကနေထွက်နိုင်ပါ့မလားတောင်မသိတော့ဘူး
ဝမ်ယွီက ပြုံးလာလေသည်။
ချီကျန်းကျန်း :‘‘တကယ်ပါဆို၊ကျွန်မကဒီအတိုင်းစလိုက်တာ၊ ရှင်က ခုနကကောင်လေးထက်အများကြီးပိုသာတယ်၊သူ့ထက်လည်း ပိုပြီးကြည့်ကောင်းတယ်၊ ဘယ်လိုနည်းနဲ့မဆို ရှင်ကသူ့အထက်သာတယ်နော် ။ကျွန်မက ဘယ်လူငယ်ကိုမှမရှာတော့ဘူး ယွီယွီ ရှင်ကလူငယ်ဘဲ’’
သူမမှာ ကောင်းကြောင်းပြောစရာတွေအများကြီးရှိနေသေးပေသည်။
ဝမ်ယွီက သူမလက်ကိုကိုင်လိုက်ကာ ပြုံးပြလာလေသည်
‘‘ဟိုတယ်ကိုပြန်ရအောင်ပါ၊ ကိုယ်အလုပ်ကြိုးစားဖို့လိုတယ်လေ ’’
ချီကျန်းကျန်း :‘‘。。。ကျွန်မတကယ်ကိုမှားသွားပါတယ်’’
ထိုသို့ပြောပြီးနောက် သူမလက်ကိုဆွဲထုတ်လိုက်ကာ ချက်ချင်းပင်ထွက်ပြေးသွားတော့သည်။
ဘယ်လိုတောက်ဟာသလုပ်နေတာလဲ
တကယ်လို့သူမကိုသာ ဝမ်ယွီဖမ်းမိသွားရင် အိပ်ရာထဲကထွက်နိုင်တော့မယ်တဲ့လား ။
အဲ့ဒါပြီးသွားတဲ့နောက် ချီကျန်းကျန်းက ဝမ်ယွီနားကို သိပ်မကပ်ရဲတော့ပေ။ကံကောင်းစွာနဲ့ဘဲ ဝမ်ယွီကသူမနောက်ကိုဘဲလိုက်လာကာ ဟိုတယ်ကိုပြန်ခေါ်သွားချင်တဲ့အရိပ်အယောင်ပြမလာတော့ပေ။သူမခနလောက် စောင့်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင်စိတ်အေးသွားသလို ခံစားလိုက်ရတော့သည်။
သူမက ပါးစပ်အပြည့်နဲ့အုန်းရေကို နှစ်ခါလောက်သောက်လိုက်ကာ ထပ်မသောက်ချင်တော့ပေ။သူမက အဲ့ဒါကို ဝမ်ယွီရဲ့လက်ထဲမှာဘဲ ထားလိုက်လေသည်။
အဲ့ဒီနောက် သူမကကမ်းခြေပေါ်မှာ အရှေ့နဲ့အနောက်လျှောက်သွားနေကာ ခြေရာတစ်စီတစ်တန်းကြီးကို ချန်ထားခဲ့လေသည်။
နေဝင်လာတဲ့အခါမှာ ချီကျန်းကျန်းက ကမ်းခြေပေါ်မှာခနလောက် ဟိုလိုဒီလိုလိုက်လုပ်ပြီးနောက်
အော်ပြောလာတော့သည်။
‘‘ယွီယွီ မြန်မြန်လာပြီး တချက်ကြည့်ကြည့်၊ ကျွန်မကောင်းတာတခုခုရှာတွေ့ထားတယ် ’’
ဝမ်ယွီက သူမဆီလျှောက်လာကာ မေးလိုက်တော့သည်
‘‘ဘာမို့လို့လဲ ’’
‘‘ဒီမှာလေ၊ ဒီမှာရတနာတခုရှိနေတယ် ’’
ချီကျန်းကျန်းက အသံကရယ်ချင်စိတ်တွေနဲ့ ပြည့်နေပေသည်။
ဝမ်ယွီက သူမအနားကိုလျှောက်လာကာ ငုံ့ကြည့်လိုက်လေသည်။အဲ့ဒီနောက် သူကအနည်းငယ်ကြောင်အသွားတော့သည်။
ကမ်းခြေပေါ်တွင် ချီကျန်းကျန်းက အသည်းပုံတစ်ခုကိုဆွဲထားလေသည်။အသည်းပုံရဲ့အလယ်ထဲတွင် အစဉ်အတိုင်းရေးထားသော စာတစ်စုရှိနေကာအဲ့တာကတော့。。。
ယွီယွီ ရှင်ကကျွန်မရဲ့ရတနာလေးဘဲ ၊ကျွန်မရှင့်ကိုချစ်တယ်
ဝမ်ယွီက အကြည့်ဗလာနဲ့စိုက်ကြည့်နေမိတော့သည် ။
ချီကျန်းကျန်းက သူမပါးစပ်ကိုဖုံးကာ ကြိတ်ရယ်လိုက်လေသည်။ကြည့်ပါလား သူမကလူတွေကိုချော့တာ အရမ်းတော်ပါတယ်ဆိုနေမှ。。。
ရေလှိုင်းကလိမ့်လာလေသည်။မကြာခင်မှာဘဲ လှိုင်းတခုရိုက်သွားပြီးတဲ့နောက် စာလုံးတွေက နစ်မြုပ်သွားတော့သည်။နောက်ထပ်တခါလှိုင်းရိုက်ပြီးတဲ့ အခါမှတော့ ဘာမှမကျန်ခဲ့တော့ပေ။
သို့သော်လည်း ဝမ်ယွီက ကြောင်အစွာဆက်ကြည့်နေတုန်းပင်ဖြစ်သည်။
ချီကျန်းကျန်း :‘‘ယွီယွီ。。。’’
သူမက သူ့အနားကပ်လိုက်လေသည်။
ဝမ်ယွီက ရုတ်တရက်ဘဲ သူမလက်ကိုဆွဲပြီးလုပ်လာလေသည်။အဲ့ဒီနောက် သူက အက်ရှနေသောအသံဖြင့်ပြောလာတော့သည်。。
‘‘ကိုယ်ပျော်လို့ဝသွားပြီ၊ ဟိုတယ်ကိုပြန်ကြရအောင် ’’
ချီကျန်းကျန်း :‘‘。。’’ fuckဘဲ သူမသူ့ကိုချော့ပြီးပြီမဟုတ်ဘူးလားလို့
သူမကကြောင်သွားတော့သည်။
သူကအဲ့ဒါကသက်သေပြဖို့အတွက် အလုပ်ကြိုးစားဖို့မလိုပေ။
သူမကတကယ်ကို အရာအားလုံးကိုသိပေသည်။
မဟုတ်ဘူး၊တကယ်တော့ ချီကျန်းကျန်းက တကယ်တော့ အရာအားလုံးကိုမသိပေ။
သူမက ဝမ်ယွီကိုပိုပိုပြီးချော့ကာ ရင်ထဲထိအောင်လုပ်လေလေ၊ ဝမ်ယွီက သူမကိုအိပ်ရာထဲ ပိုဆွဲသွင်းချင်လေပင်ဖြစ်သည်။
နောက်ဆုံးမှာတော့ သူတို့ရဲ့ဟန်းနီးမွန်းက ကစားလိုက်၊အိပ်လိုက်နဲ့ဘဲ လှည့်ပတ်နေတော့သည်။
ဒီလအတောအတွင်းမှာ ချီကျန်းကျန်းက အရမ်းကိုပျော်ပျော်ကစားခဲ့ရကာ ဝမ်ယွီကလည်း အရမ်းပျော်ပျော်ရွှင်ရွှင်ကို အိပ်ခဲ့ရပေသည်။
xxxxx