Part 188 (extra- 14)
ကျွန်တော့်နာမည်က ဝမ်နျန်ပါ၊ ကျွန်တော်က ယောက်ျားလေးဖြစ်ပြီး ဒီနှစ်ထဲမှာ အသက်ခြောက်နှစ်ပြည့်မှာပါ။
ကျွန်တော့အဖေက နာမည်ကြီးထင်ရှားတဲ့ ဝမ်ယွီဖြစ်ပြီး ကျွန်တော့်အမေကလည်း နာမည်ကြီးတဲ့ ချီကျန်းကျန်းပါ။
ကျွန်တော့်နာမည်ကို ချစ်လှစွာသော မေမေကပေးထားတာလေ။သေချာပေါက်ကို ဒါကကျွန်တော့်အတွက်ကို ကောင်းတဲ့အရာပေါ့၊နောက်ဆုံးမှာတော့ ကျွန်တော့်အဖေရဲ့ စံနှုန်းတွေနဲ့ ကျွန်တော့်အပေါ်မှာထားတဲ့ သနားညှာတာမှုပမာဏလေးနဲ့ဆိုရင် သူကျွန်တော့်နာမည်ကိုပေးလာနိုင်တာက。。。
ဝမ်အိုက်ကျန်းတဲ့။
ကျွန်တော်ကတော့ တချိန်လုံး 'ကင်ဆာ' လို့အခေါ်မခံချင်ပါဘူး၊အဲ့အတွက်ကြောင့် မေမေက ကျွန်တော့်နာမည်ကိုပေးလာတာကို အရမ်းဝမ်းသာမိတယ်။
ကျွန်တော့်မိသားစုမှာ ညီမလေးတယောက်ရှိလာပြီလေ၊အဲ့အတွက်ကြောင့် အဖေက အရမ်းစိတ်လှုပ်ရှားနေတာ၊ သူကအခုဆိုရင် ဆေးရုံက မေမေ့ဘေးနားမှာတချိန်လုံးကပ်နေတော့တာဘဲ၊ မေမေ့ကိုစောင့်ကြည့်ဖို့အတွက်နဲ့ အလုပ်တွေကိုတောင်ဖျက်လိုက်တယ်။
အန်ကယ်ကျန်းကတော့ပြောပါတယ်၊ ကျွန်တော့်အဖေက တာဝန်ယူမှုမရှိဆုံး ဘော့စ်ဆိုပြီးတော့ပေါ့။
ဒါပေမယ့် ကံကောင်းစွာနဲ့ဘဲ နတ်ဘုရားက ဖေဖေ့ကို ကောင်းကောင်းဆက်ဆံပေးပုံရတယ်၊ သူဘယ်လောက်ဘဲ အလုပ်လစ်နေပါစေ အသက်မွေးဝမ်းကြောင်းကိုတော့ လုံးဝမထိခိုက်လာဘူး။ အဲ့ဒီအစား သူကသူ့အရည်အချင်းတွေကို သုံးပြီးယွီတင်းကို ပိုကြီးမားလာတဲ့ စီးပွားရေးဘုရင်နေရာထိပါဆွဲတင်လိုက်သေးတယ်။ ဘယ်သူမှ သူတို့ကိုလာမယှဉ်နိုင်တော့ဘူး။
ကျွန်တော့်အမေက တဖြည်းဖြည်းနဲ့ အချမ်းသာဆုံးလူဖြစ်လာတော့တာဘဲ။
မတတ်နိုင်ဘူးလေ၊ ဘယ်သူကများ ကျွန်တော့်အဖေကို အရမ်းဆင်းဆင်းရဲရဲနေဖို့ ပြောထားလို့လဲ ၊မိသားစုပိုင်ဆိုင်မှုတွေအားလုံးက ကျွန်တော့်အမေလက်ထဲမှာဘဲ။
ကျွန်တော်လည်းဘဲ ချစ်ရတဲ့အမေကိုစိတ်ပူတာပေါ့ ၊ ကျွန်တော်က အမေ့ကိုတွေ့ဖို့ဆေးရုံကို မသွားနိုင်ဘူးလေ။ကိုယ်ဝန်ဆောင်တာနဲ့ ကလေးမွေးတာက တကယ်ကိုအရမ်းခက်ခဲတာ၊ မေမေကတော့ တကယ့်ကိုမိုက်တာဘဲ။
ဒါပေမယ့် အခုချိန်မှာ ကျွန်တော်က ဘာလို့ဒီမှာထိုင်ပြီး ဒိုင်ယာရီရေးနေရတာလဲ
ဘာလို့လဲဆိုတော့ ကျောင်းမပြီးသေးလို့လေ။
အဲ့ဒါကြောင့်မို့ တခါတလေမှာ ကျွန်တော်ကကျောင်းသွားရတာကို အရမ်းမုန်းတာဘဲ၊အဲ့ဒါက အရမ်းပျင်းဖို့ကောင်းတယ်。。
အထူးသဖြင့် ကျောင်းမှာဆိုရင် တုံးအနေကြတဲ့ အတန်းဖော်တအုပ်နဲ့ လေကြောရှည်ပြီး အဓိပ္ပါယ်မရှိတဲ့ အိမ်စာတွေပေးတတ်တဲ့ ဆရာမကလည်းရှိနေသေးတယ်လေ။
ကျွန်တော်ကတော့ဖြင့် ဒိုင်ယာရီရေးနေရတဲ့ အဓိပ္ပါယ်ကို နားမလည်တော့ပါဘူး
အဲ့ဒါက ကလေးတွေကြီးထွားစေပြီး အသက်ကြီးလာတဲ့အခါ ငယ်ငယ်ကအရူးထခဲ့တာတွေကို ပြန်ကြည့်ခိုင်းမလို့လား。。。
အကြောင်းပြချက်ကတော့ သူတို့အသက်ကြီးလာတဲ့အခါ ဒိုင်ယာရီက ရှိနေအုံးမှာလေ။
သူတို့ကသူ့ထက် အသက်နည်းနည်းကြီးပေမယ့် ကျွန်တော်ကတော့ သူတို့ကတကယ်တုံးအတယ်လို့ဘဲ ထင်မိတယ်။အဲ့ဒီထဲမှာ သန့်သန့်ရှင်းရှင်းမနေတတ်တဲ့ လူတချို့တောင်ရှိနေသေးတယ်၊ သူတို့အဝတ်တွေက ညစ်ပတ်နေတာဘဲ ကျွန်တော်တကယ်ဘဲ သူတို့ကိုမတွေ့ချင်တော့ဘူး
အခုချိန်မှာတော့ ကျွန်တော်ဘာလို့ ကျောင်းကိုလာရတယ်ဆိုတာကို ပြောပြမယ်နော်
ကျွန်တော့်အဖေက အရမ်းကိုအင်အားကြီးပြီး ကျွန်တော်နဲ့ အချင်းချင်းရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းချစ်ကြပေမယ့်လည်း ကျွန်တော်တို့အချင်းချင်းမုန်းနေကြတဲ့ အချိန်တွေလည်းရှိတယ်။
အထူးသဖြင့် အဲ့ဒါကမေမေနဲ့ ပတ်သက်လာပြီဆိုရင်ပေါ့။
အဖေက ကျွန်တော့်ကိုဆို မျက်စိရှုပ်စရာလို့တွေးနေတာ၊ အဲ့ဒါကတော့ အမေက ကျွန်တော့်ကိုအရမ်းဂရုစိုက်ပြီး သူ့ကိုလျစ်လျူရှုထားလို့တဲ့လေ။
ကျွန်တော်လည်းဘဲ အရမ်းကိုဒေါသထွက်သွားတာပေါ့၊ သူကကျွန်တော့်ရဲ့အဖေလေ အဲ့ဒါကိုမေမေ့နားလျှောက်ကပ်နေတယ်။ကျွန်တော်အသက်သုံးနှစ်တောင် မရှိတုန်းကဆို သူက မေမေနဲ့ကျွန်တော်တူတူအိပ်ဖို့ စပြီးခွင့်မပြုတော့ဘူး။
ကျွန်တော်က လက်ရွေးစင်ပညာရေးစနစ်ကိုရခဲ့တာ၊နေ့တိုင်းနေ့တိုင်း အိမ်ကနေအတန်းတက်ရုံဘဲ။မေမေက အိမ်မှာရှိနေရင် ကျွန်တော့်ကို ဂရုစိုက်ပေးတယ်။တကယ်လို့ အဖေကအလုပ်သွားရင် အိမ်မှာ မေမေနဲ့ကျွန်တော်ဘဲ ကျန်နေခဲ့ရော၊အရမ်းပျော်တာဘဲ။
ဒါပေမယ့် အဖေကတကယ့်ကို စိတ်ရှုပ်ဖို့ကောင်းတာဘဲ၊ သူက မေမေ့ကို အလေးအနက်ကြီးပြောလာတော့တာဘဲ ကျွန်တော်ရဲ့ ပင်ကိုယ်စရိုက်က ကောင်းမနေဘူး၊အဲ့ဒါက လူတွေနဲ့ ပေါင်းသင်းဖို့ကို မကြိုက်ဘူး၊ပြီးတော့ ကျီစယ်တတ်တဲ့ကလေးတဲ့။ သူက ကျွန်တော်ကျောင်းသွားပြီး စာသင်သင့်တယ်၊သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံပြီး ပင်ကိုယ်စရိုက်ကိုပြောင်းလဲသင့်တယ်လို့ အကြံပေးလာတယ်လေ။
အဲ့ဒီနောက်မှာတော့ သူ့အမေကလည်း တွေးကြည့်လိုက်ပြီးတော့ သဘောတူလာတော့တာဘဲ။
ဟုတ်ပါတယ်၊ကျွန်တော့်အဖေက အရမ်းကိုထက်မြက်တဲ့သူပါ။သူမှာက အမြဲတမ်း အမေ့ကိုဆွဲဆောင်ပြီးတော့ သူလိုချင်တဲ့အရာကိုရောက်အောင်လုပ်ဖို့ နည်းလမ်းမျိုးစုံရှိနေတတ်တယ်။
ဥပမာအားဖြင့် သူကကျွန်တော့်ကို ကျောင်းမှာ ဒုတိယတန်းကိုပို့လိုက်ပြီး တုံးအနေတဲ့ကလေးတစ်အုပ်နဲ့ တခန်းထဲထားလိုက်တော့တာဘဲ။
ကျွန်တော် အငယ်တန်းအဆင့် အထက်တန်းပညာဗဟုသုတတွေကိုတောင် လေ့လာပြီးသွားပြီလေ၊ အခုမှအဖေက ကျွန်တော့်ကိုရေးတတ်ဖတ်တတ်အောင် သင်ခိုင်းနေတယ်တဲ့လား ၊ဒါကသေချာပေါက်ကို အချိန်ဖြုန်းနေတာဘဲ။
လူတယောက်ရဲ့ဘဝက ဆယ်စုနှစ်အနည်းငယ်လောက်ဘဲ ကြာတာ၊ဒါကတော့ရိုးရိုးလေးကို အချိန်ဖြုန်းနေတာဘဲ။
အခုတော့၊ ကျွန်တော့်အမေကိုအရမ်းစိုးရိမ်နေပါတယ်။သူမမီးဖွားရက်ရောက်ဖို့ ရက်အနည်းငယ်လိုနေသေးပေမယ့်လည်း ဘယ်သူကများသိနိုင်မှာလဲ ၊ကျွန်တော့်ညီမငယ်လေးက ဒီလောကကြီးထဲကို စောပြီးရောက်လာလိမ့်မယ်လို့。。。
ကျွန်တော့်ညီမလေးရောက်လာမှုက တကယ့်ကိုမတော်တဆပဲ။ကောင်းပါပြီ၊ တကယ်တော့ ကျွန်တော်လည်း မတော်တဆရောက်လာတာဖြစ်သည်။
အမေကတော့ ဒါကိုစောင့်မျှော်နေပေမယ့် အဖေကတော့ ကလေးယူဖို့က အန္တရာယ်များတယ်လို့ ခံစားနေမိတယ်လေ၊အဲ့ဒါက သူတို့ရဲ့နှစ်ယောက်တည်း ကမ္ဘာကို နှောင့်ယှက်လာနိုင်သေးတာကို။
အတိတ်တုန်းကတော့ ကျွန်တော်က ကလေးမွေးရတာ ဘယ်လောက်ခက်ခဲလဲဆိုတာကို မသိခဲ့ပါဘူး ။အဲ့ဒါကြောင့် ကျွန်တော်က မတော်တဆရလာတယ်ဆိုတာ သိလိုက်ရပြီးတဲ့နောက်မှာတော့
အဖေ့ကို အမြဲတမ်းမုန်းနေခဲ့တာ။
ဒါပေမယ့်အခုတော့ ကျွန်တော်က ကလေးမွေးရတာခက်ခဲတယ်ဆိုတာသိသွားပါပြီ။ မေမေက ကျွန်တော့်ကိုမွေးဖို့ သူမအသက်ကိုစွန့်စားခဲ့တာတဲ့၊အခုလည်းသူက ညီမလေးကိုမွေးပေးဖို့ သူမအသက်ကိုစွန့်စားနေရပြန်ပြီ။
သူမက တကယ်ကို အရမ်းကောင်းတာဘဲ။
ကျွန်တော်လည်း အဖေ့ကိုနားလည်ပေးနိုင်ပါတယ်။သူက မေမေ့ကိုအရမ်းဂရုစိုက်နေတာလေ အဲ့ဒါကြောင့် သူကကြောက်ပြီး စိတ်လှုပ်ရှားနေတာပေါ့။သူက သေချာပေါက် ကျွန်တော့်ကိုမကြိုက်တာမဟုတ်ပေမယ့် မေမေနဲ့တော့ ယှဉ်လို့မရဘူးပေါ့
ညီမလေးက ဒီလောကထဲကိုရောက်လာတာမှာဖြစ်ပြီး အဖေက မေမေ့ကိုစိတ်ပူနေလေတယ်။သူက ညဘက်တွေဆို ကောင်းကောင်းအိပ်မရဘူး သူအလုပ်လုပ်နေရင်းနဲ့ အကြိမ်အနည်းငယ်လောက် စိတ်လွတ်သွားတာကို ကျွန်တော်မြင်လိုက်ရတယ်လေ။
xxxxxxx