Part 189 (extra - 15)
ဟုတ်ပါပြီ၊တကယ်တော့အဖေက ကျွန်တော့်အပေါ်ကိုအရမ်းကောင်းပါတယ်၊ဒီတိုင်းသူက နည်းနည်းစည်းကမ်းကြီးပြီးတော့ အမြဲတမ်းကျွန်တော့်ကိုဆန့်ကျင်နေတာလေးတခုဘဲ။
ဟူးးးအခုအမေက ဘာများလုပ်နေမလဲမသိဘူး၊မေမေ့ကိုလွမ်းလိုက်တာ။
ဝမ်နျန်က အဲ့ဒါကိုဂရုတစိုက်ပြန်စစ်လိုက်ကာ
အလေးအနက်နဲ့မတ်တပ်ရပ်လာပြီး စင်မြင့်ပေါ်မှာရှိနေတဲ့ဆရာမဆီကိုလျှောက်လာတော့တယ်။
သူကအရမ်းကိုတည်ငြိမ်နေပြီး တည်တင်းနေတဲ့မျက်နှာလေးရှိပေသည်။သူက အရမ်းကိုနူးညံ့သိမ်မွေ့နေပြီး ကြည့်လို့ကောင်းပေသည်။ဒါပေမယ့် သူက ကျီစယ်တတ်သောကလေးလိုဖြစ်သည်။သူမျက်နှာပေါ်တွင် ‘ကျွန်တော်ကအရွယ်ရောက်နေပြီ’ ‘ကျွန်တော်ကလေးမဟုတ်တော့ဘူး ’ ဟူသောစာသားကိုရေးတင်ထားသလို ပုံစံမျိုးက လူတွေကိုမတတ်နိုင်ဘဲ ရယ်မိအောင်လုပ်နေတော့သည်
ဝမ်နျန်က ဘယ်လောက်ဘဲထက်မြက်နေပါစေ၊သူကအခုမှ ခြောက်နှစ်အရွယ်ကလေးများတက်ရသော ဒုတိယတန်းတွင် အနည်းငယ်ပုနေပေသည်။ဒါကြောင့်မို့လို့ သူကရှေ့ဆုံးတန်းတွင်သာ ထိုင်ရသည်။
ဒါကြောင့်မို့လို့ သူကခြေလှမ်းအနည်းငယ်နဲ့တင် ဆရာမဆီကိုရောက်သွားကာ ဒိုင်ယာရီစာအုပ်ကိုပေးလိုက်လေသည်။
သူ့ရဲ့ ဘာသာစကားဆရာမက တကယ့်ကိုအကူအညီမဲ့နေကာ ဒီကလေးကိုချစ်မြတ်နိုးပေသည်။ဘယ်ဆရာမကများ ထက်မြက်တဲ့ကလေးကို သဘောမကျဘဲနေမှာလဲ။ဒါပေမယ့်တခါတရံမှာ သူကအရမ်းထက်မြက်နေလွန်းလို့ လူတွေကို ဘာပြောရမှန်းမသိအောင်လုပ်နိုင်ပေသည်၊အဲ့ဒါကတကယ်ကို အကူအညီမဲ့ရပေသည်။
‘‘ရှောင်နျန်နျန် အိမ်စာကိုအတန်းပြီးမှဘဲ လုပ်ဖို့ ဆရာမက မပြောလိုက်ဘူးလား၊အတန်းပြီးမှသာ အိမ်စာထပ်လို့ရမယ်နော် ’’
ဘာသာစကားဆရာမက မျက်တောင်ခတ်လိုက်လေသည်။
ဝမ်နျန်က မျက်မှောင်ကြုတ်သွားကာ ပြောလာလေသည်။
‘‘ဒါပေမယ့်ကျွန်တော်က အတန်းစောစောဆင်းပြီး အိမ်ပြန်ချင်တယ်လေ ’’
‘‘မရဘူးနော်၊ ရှောင်နျန်နျန် ပြန်ထိုင်ပြီး စာခနဖတ်နေလိုက်၊ သားစောစောအတန်းဆင်းလို့မရဘူး’’
သေချာပေါက်ကို ဆရာမကသဘောမတူပေ။
ဒုတိယတန်းကလေးဆိုတာက အရမ်းငယ်နေတုန်းဘဲဖြစ်ကာ ဒီကျောင်းက အကောင်းဆုံးနိုင်ငံတကာ အဆင့်မီကျောင်းလည်းဖြစ်ပေသည်။
သေချာပေါက်ကို သူတို့အနေဖြင့် ကလေးတွေရဲ့လုံခြုံမှုအတွက် အာရုံစိုက်ပေးဖို့ လိုအပ်ပေသည်။
ကလေးတွေကို အတန်းလွှတ်ပြီး သူတို့ရဲ့မိဘမဟုတ်ရင် နာနီတွေလက်ထဲပြန်ပို့ပြီးကာမှ သူတို့စိတ်ချနိုင်တာဖြစ်သည်။
ဝမ်နျန်က ဒါကိုမျှော်လင့်ထားပြီးသားဖြစ်သည်။သူကသက်ပြင်းချလိုက်ကာ ထိုင်ခုံဆီသို့ပြန်သွားတော့သည်။
သူသက်ပြင်းချလိုက်တာကို မြင်လိုက်ရတဲ့အခါ ဘာသာစကားဆရာမက မတတ်နိုင်ဘဲ ပြုံးမိသွားတော့သည်။
အဲ့ဒီနောက် သူမကခေါင်းငုံ့လိုက်ကာ ဒိုင်ယာရီကိုကြည့်လိုက်လေသည်။သူမပိုပြီးဖတ်လေ သူမရဲ့အမူအရာက ပိုပြီးစိတ်ရှုပ်ထွေးလာတော့သည်။
ဝမ်နျန်က တကယ်ကိုထက်မြက်ပေသည်။အခြားကလေးတွေက ကြိုးစားပမ်းစားနဲ့ စာလုံး၂၀၀လောက်ကိုရေးနေရပြီး စာလုံးမှားတွေနဲ့ pinyinမှားတွေရှိနေတဲ့အချိန်မှာ သူကစာလုံးအများကြီးကိုရေးပြီးသွားပြီဖြစ်သည်။
သို့သော်လည်း ဒီ ‘လေကြောရှည်ပြီးတော့ အဓိပ္ပါယ်မရှိတဲ့ အိမ်စာတွေကိုပေးတတ်တယ်’
ဆိုတာကိုတော့ ဘာသာစကားဆရာမက ဘာပြောရမလဲမသိတော့ပေ။
သူက အခုမှ ငယ်ရွယ်တဲ့သူငယ်ချင်းလေးဘဲရှိသေးတာ သူမကဘယ်လိုလုပ်ပြီး တွက်ကပ်နေရမှာတဲ့လဲ
ပြီးတော့ သူကချီကျန်းကျန်းနဲ့ ဝမ်ယွီတို့ရဲ့သားလေ。。。
ဝမ်ယွီနဲ့ ချီကျန်းကျန်းတို့ရဲ့သားဖြစ်တာကြောင့် သူကကျောင်းစရောက်လာကတည်းက အာရုံစိုက်မှုအများအပြားကို ရရှိနေတာဖြစ်သည်။သူကြီးထွားလာမယ့်ဖြစ်စဉ်တွင်သေချာပေါက်ကို ဖိအားအများစုကပါရှိနေမှာဖြစ်သည်။
ဒါပေမယ့် သူမဖတ်လေလေ ဆရာမရဲ့နှလုံးသားက နူးညံ့လာတော့သည်။
သူမတကယ်ဘဲ ဒီကလေးကိုသဘောကျပေသည်။သူမအနေဖြင့် ဒီလိုဉာဏ်ကောင်းတဲ့ ကလေးမျိုးကို တခါမှမမြင်ခဲ့ဖူးပေ။ဒါပေမယ့်လည်း ဒီကလေးက ထိန်းချုပ်ဖို့နည်းနည်းခက်ခဲပေသည်၊ အဲ့ဒါကသူမကိုခေါင်းကိုက်စေသည်။
အခုသူမက နောက်ဆုံးအပိုဒ်ကိုဖတ်လိုက်တဲ့အခါ သူဒီနေ့အတန်းစောစောဆင်းချင်တာက ဆေးရုံမှာသူ့အမေကို သွားတွေ့ချင်လို့ဆိုတာကို သိလိုက်ရတယ်။သူမလည်း မတတ်နိုင်ဘဲ ရင်ထဲထိသွားတော့သည်။
တကယ်လို့ဒီကလေးသာ သူမကလေးဆိုရင် ဘယ်လိုတောင်ထောက်ထားညှာတာတတ်လိုက်မလဲ
ဘာသာစကားဆရာမက ဒိုင်ယာရီကိုချလိုက်ပြီး ထရပ်လိုက်ကာ ဝမ်နျန်ဆီသို့လျှောက်လာတော့သည်။သူမက ခါးကွေးလိုက်ကာ တိုးတိုးပြောလာလေသည်။
‘‘နျန်နျန်၊ သားရဲ့နာနီကအပြင်မှာရောက်နေပြီလား တကယ်လို့သူမသာရောက်နေပြီဆိုရင် ဆရာမကသားကိုခြွင်းချက်ထားပြီး ကျောင်းစောစောပေးဆင်းမယ်လေ ’’
‘‘နာနီကရောက်နေပြီ ’’
ဝမ်နျန်ရဲ့မျက်လုံးများက တောက်ပလာတော့သည်။
အဲ့ဒီနောက် သူကအလျင်အမြန်ဘဲ ခုန်ဆင်းလိုက်ကာ ဆရာမဘေးမှာရပ်လိုက်လေသည်။
ဘာသာစကားဆရာမက ခေါင်းရမ်းလိုက်ကာ ဝမ်နျန်ကိုအပြင်လိုက်ပို့ပေးလာတော့သည်။
အရေးအသားစာသင်ချိန်က ပြီးဖို့အနည်းငယ်လိုနေသေးပေမယ့် ဝမ်နျန်ကတော့ သိသာစွာဘဲ အကုန်ပြီးသွားပြီဖြစ်သည်။သူမကသူ့ကို ကျောင်းဂိတ်ဝသို့ခေါ်လာလိုက်ကာ မျိုးရိုးနာမည်ဝမ်နဲ့ကလေးထိန်းက အမှန်တကယ်ဘဲစောင့်နေတာကို တွေ့လိုက်ရလေသည်။သူမက ဝမ်နျန်ကိုကလေးထိန်းလက်ထဲသို့ ထည့်ပေးလိုက်တော့သည်။
‘‘ကျေးဇူးတင်ပါတယ် ဆရာမ ၊ ဘိုင်ဘိုင် ’’
ဝမ်နျန်က ပေါ့ပါးသောအသံနှင့်ကျေးဇူးတင်လာကာ ခေါင်းညွတ်လာလေသည်။
ဆရာမလည်း လက်ပြန်ပြကာ ဝမ်နျန်ကိုနှုတ်ဆက်လိုက်တော့သည်။
အဲ့ဒီနောက်မှာတော့ ဝမ်နျန်က အန်တီဝမ်နဲ့အတူ ဆေးရုံသို့သွားတော့သည်။
ချီကျန်းကျန်းက လမ်းလျှောက်ထွက်နေကာ ဝမ်ယွီက စိတ်လှုပ်ရှားစွာနဲ့ သူမကိုဘေးမှထောက်ပံ့ပေးနေလေသည်။
သူမက နည်းနည်းလောက်ဆွံ့အသွားတော့သည်
‘‘ရှင်က အရမ်းကြီးဂရုစိုက်လွန်နေတာမဟုတ်ဘူးလား ’’
သူမက အသက်ကြီးနေတာလည်းမဟုတ်၊ အခုမှကိုယ်ဝန်ဆောင်ဖူးတာလည်းမဟုတ်ပေ။သူမ ဝမ်နျန်ကိုမွေးတုန်းကဆို ဘာအခက်အခဲမှ မကြုံခဲ့ရပေ။သေချာပေါက် ဒီတကြိမ်မှာလည်းဘာအခက်အခဲမှရှိမှာမဟုတ်ပေ။
ဝမ်ယွီက အခုထိစိတ်လှုပ်ရှားနေဆဲဖြစ်သည်မှာ သိသာလှပေသည်။သူ့နဖူးပေါ်က ချွေးတွေကိုသုတ်လိုက်ကာ နှုတ်ခမ်းစေ့လိုက်လေသည်။
‘‘ကိုယ်က စိတ်လှုပ်ရှားနေတာမဟုတ်ပါဘူး ဒါကမင်းရဲ့ဒုတိယမြောက်ကလေးဆိုတော့ သေချာပေါက် ကောင်းကောင်းမွန်မွန်ဘဲပြီးသွားမှာ ’’
တကယ်လို့ သူကသာပြောနေတုန်း အသံတွေမတုန်နေဘူးဆိုရင် ချီကျန်းကျန်းက ယုံမိတော့မှာပါ။
‘‘ယွီယွီ စိတ်မပူပါနဲ့ ကျွန်မတို့ရဲ့ကတိကို တသက်လုံးတည်သွားမယ်လို့ ကတိပေးထားတာဘဲ
သေချာပေါက် ကျွန်မက ကတိဖျက်မှာမဟုတ်ဘူး၊ မကြာခင်မှာ ကျွန်မက မီးဖွားခန်းထဲဝင်သွားပြီးရင် ကလေးနဲ့တူတူ အကောင်းအတိုင်းပြန်ထွက်ခဲ့မယ်နော် ၊သေချာပေါက် ကျွန်မကဘေးကင်းပြီးတော့ ဒေါင်ဒေါင်မြည်နေမှာ ’’
ချီကျန်းကျန်းအသံက သူ့ကိုနှစ်သိမ့်ပေးနေရင်းနဲ့ အပြုံးရိပ်များ ပါနေလေသည်။
‘‘ကောင်းပါပြီ。。’’ ဝမ်ယွီက သူမကိုကြည့်လိုက်ကာ သဘောတူလိုက်တော့သည်။
ခနကြာပြီးနောက် သူကအက်ရှနေသောအသံဖြင့်ပြောလာလေသည်
‘‘တကယ်ပါ နောက်တခါထပ်ပြီး မင်း ကလေး မမွေးပေးရတော့ဘူးနော် ဟုတ်ပြီလား’’
xxxxxx